ေဟာင္ေကာင္ေရြးေကာက္ပြဲ ဒီမိုကေရစီအင္အားစု မဲအျပတ္ ႏိုင္ဖြယ္ရွိ

ေဟာင္ေကာင္ ေဒသႏၱရေရြးေကာက္ပြဲတြင္ တ႐ုတ္လုိလားသူတဦး ႐ႈံးနိမ့္သြားမႈအေပၚ ေအာင္ပြဲခံေနသည့္ ဒီမုိကေရစီအင္အားစုမ်ား။ (ႏုိဝင္ဘာ ၂၅၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္က ဒိစႀတိတ္ေကာင္စီ ေရြးေကာက္ပြဲေတြမွာေတာ့ ဒီမိုကေရစီလိုလားတဲ့ အင္အားစုေတြက အျပတ္အသတ္ အႏုိင္ရႏုိင္တဲ့ လကၡဏာေတြ ထြက္ေပၚလာေနပါတယ္။

တနလာၤေန႔အေစာပိုင္း ထြက္ေပၚလာတဲ့ မဲရလဒ္ေတြအရေတာ့ ဒိစႀတိတ္ေကာင္စီ ၁၈ ခုအတြက္ ေကာင္စီ၀င္ေနရာ အားလံုးနီးပါးကို ဒီမိုကေရစီ လိုလားသူ ကိုယ္စားလွယ္ေလာင္းေတြ အႏုိင္ရေနပါတယ္။

အခုအခ်ိန္ထိေတာ့ တ႐ုတ္အစိုးရကို လိုလားတဲ့ အစဥ္အလာ ႀကီးစိုးထားသူေတြက ၄၂ ေနရာ အႏုိင္ရထားၿပီး ဒီမိုကေရစီလိုလားသူေတြ ကိုယ္စားလွယ္ေတြက လက္ရွိအခ်ိန္ထိ ၂၇၈ ေနရာအႏုိင္နဲ႔ ဦးေဆာင္ေနပါတယ္။

ေဟာင္ေကာင္ ဒိစႀတိတ္ေကာင္စီ၀င္ ေနရာ ၄၅၂ ေနရာ ယွဥ္ၿပိဳင္ေနၾကတာ ျဖစ္ပါတယ္။ ဒီရလဒ္ အလားအလာအတိုင္း ဆက္ၿပီးရွိမယ္ဆိုရင္ေတာ့ ေဟာင္ေကာင္ရဲ႕ ႏုိင္ငံေရး အဆင့္ဆင့္တိုင္းမွာ ႀကီးစိုးထားတဲ့ တ႐ုတ္လိုလားတဲ့ အင္အားစုေတြကို သိသိသာသာ ဖယ္ထုတ္လုိက္သလို ျဖစ္လာမွာပါ။

ဒါဟာဆိုရင္ ေဟာင္ေကာင္က ၅ လ နီးပါးၾကာ ဒီမိုကေရစီေရး လႈပ္ရွားမႈအေပၚ လူထုေထာက္ခံမႈ ဆက္ၿပီး ရထားတယ္ဆိုတဲ့ သက္ေသတခုလည္း ျဖစ္ပါတယ္။

တစိတ္တပိုင္း ဒီမိုကေရစီ ႏုိင္ငံေရးစနစ္ က်င့္သံုးတဲ့ ေဟာင္ေကာင္ရဲ႕ အာဏာခ်ိန္ညႇိေရးမွာ အခု ဒိစႀတိတ္ေကာင္စီ ေရြးေကာက္ပြဲ ရလဒ္ေတြနဲ႔ သိသိသာသာ ေျပာင္းလဲသြားမွာေတာ့ မဟုတ္ပါဘူး။ ဒိစႀတိတ္ေကာင္စီ၀င္ေတြ အေနနဲ႔ ဥပေဒျပဳႏုိင္တဲ့ အာဏာ မရွိပါဘူး။

-----------------------------------

(Unicode)

ဟောင်ကောင်ရွေးကောက်ပွဲ ဒီမိုကရေစီအင်အားစု မဲအပြတ် နိုင်ဖွယ်ရှိ

ဟောင်ကောင်က ဒိစတြိတ်ကောင်စီ ရွေးကောက်ပွဲတွေမှာတော့ ဒီမိုကရေစီလိုလားတဲ့ အင်အားစုတွေက အပြတ်အသတ် အနိုင်ရနိုင်တဲ့ လက္ခဏာတွေ ထွက်ပေါ်လာနေပါတယ်။

တနလာၤနေ့အစောပိုင်း ထွက်ပေါ်လာတဲ့ မဲရလဒ်တွေအရတော့ ဒိစတြိတ်ကောင်စီ ၁၈ ခုအတွက် ကောင်စီဝင်နေရာ အားလုံးနီးပါးကို ဒီမိုကရေစီ လိုလားသူ ကိုယ်စားလှယ်လောင်းတွေ အနိုင်ရနေပါတယ်။

အခုအချိန်ထိတော့ တရုတ်အစိုးရကို လိုလားတဲ့ အစဉ်အလာ ကြီးစိုးထားသူတွေက ၄၂ နေရာ အနိုင်ရထားပြီး ဒီမိုကရေစီလိုလားသူတွေ ကိုယ်စားလှယ်တွေက လက်ရှိအချိန်ထိ ၂၇၈ နေရာအနိုင်နဲ့ ဦးဆောင်နေပါတယ်။

ဟောင်ကောင် ဒိစတြိတ်ကောင်စီဝင် နေရာ ၄၅၂ နေရာ ယှဉ်ပြိုင်နေကြတာ ဖြစ်ပါတယ်။ ဒီရလဒ် အလားအလာအတိုင်း ဆက်ပြီးရှိမယ်ဆိုရင်တော့ ဟောင်ကောင်ရဲ့ နိုင်ငံရေး အဆင့်ဆင့်တိုင်းမှာ ကြီးစိုးထားတဲ့ တရုတ်လိုလားတဲ့ အင်အားစုတွေကို သိသိသာသာ ဖယ်ထုတ်လိုက်သလို ဖြစ်လာမှာပါ။

ဒါဟာဆိုရင် ဟောင်ကောင်က ၅ လ နီးပါးကြာ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် လူထုထောက်ခံမှု ဆက်ပြီး ရထားတယ်ဆိုတဲ့ သက်သေတခုလည်း ဖြစ်ပါတယ်။

တစိတ်တပိုင်း ဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးတဲ့ ဟောင်ကောင်ရဲ့ အာဏာချိန်ညှိရေးမှာ အခု ဒိစတြိတ်ကောင်စီ ရွေးကောက်ပွဲ ရလဒ်တွေနဲ့ သိသိသာသာ ပြောင်းလဲသွားမှာတော့ မဟုတ်ပါဘူး။ ဒိစတြိတ်ကောင်စီဝင်တွေ အနေနဲ့ ဥပဒေပြုနိုင်တဲ့ အာဏာ မရှိပါဘူး။

 VOA Burmese
https://burmese.voanews.com
ေဟာင္ေကာင္ေရြးေကာက္ပြဲ ဒီမိုကေရစီအင္အားစု မဲအျပတ္ ႏိုင္ဖြယ္ရွိ ေဟာင္ေကာင္ေရြးေကာက္ပြဲ ဒီမိုကေရစီအင္အားစု မဲအျပတ္ ႏိုင္ဖြယ္ရွိ Reviewed by THITHTOOLWIN on 11:29 Rating: 5
Powered by Blogger.