ကန္သူေဌးႀကီး Michael Bloomberg သမၼတေရြးေကာက္ပြဲ ၀င္မည္

နယူးေယာက္ၿမိဳ႕ေတာ္ဝန္ေဟာင္း Michael Bloomberg. (ေဖေဖာ္ဝါရီ ၂၆၊ ၂၀၁၉)

(Zawgyi / Unicode)

နယူးေယာက္ၿမိဳ႕ေတာ္၀န္ေဟာင္း၊ ကမၻာ့အခ်မ္းသာဆံုး ပုဂၢိဳလ္တဦးလည္းျဖစ္တဲ့ အသက္ ၇၇ ႏွစ္အရြယ္ Michael Bloomberg က အေမရိကန္ သမၼတေရြးေကာက္ပြဲ ၀င္မယ္လို႔ တနဂၤေႏြေန႔မွာ တရား၀င္ ေၾကညာလိုက္ပါတယ္။

Donald Trump ကို အႏုိင္ယူႏုိင္ၿပီး အေမရိကကို ျပန္လည္တည္ေဆာက္ဖို႔ သမၼတေရြးေကာက္ပြဲ ၀င္ေရာက္တာျဖစ္ေၾကာင္း၊ စီးပြားေရး၊ အစိုးရနဲ႔ လူမႈအက်ိဳးေဆာင္အျဖစ္ ရင့္က်က္တဲ့ အေတြ႔အႀကံဳေတြက ေရြးေကာက္ပြဲကို ဦးေဆာင္ အႏိုင္ရမယ္လို႔ ယံုၾကည္ေၾကာင္း Bloomberg က တြစ္တာ လူမႈကြန္ရက္မွာ ေရးသားတာ ျဖစ္ပါတယ္။

ရီပတ္ဗလစ္ကန္ကေန တသီးပုဂၢလအျဖစ္ ေျပာင္းလဲခဲ့တဲ့ Bloomberg က ၂၀၁၆ ခုႏွစ္တုန္းက ဒီမိုကရက္ သမၼတေလာင္း Hillary Clinton ကို ေထာက္ခံခဲ့သူပါ။ အခုေတာ့ ၂၀၂၀ ဒီမိုကရက္ သမၼတေလာင္းျဖစ္ေရး ယွဥ္ၿပိဳင္ေနၾကတဲ့ ကိုယ္စားလွယ္ေလာင္း အမ်ားအျပားထဲမွာ တဦးအေနနဲ႔ ပါ၀င္မွာျဖစ္ပါတယ္။

အေမရိကန္စံေတာ္ခ်ိန္ အေစာဆံုး တနဂၤေႏြေန႔ကစလို႔ ႏုိင္ငံတ၀န္း ႐ုပ္သံလိုင္းေတြမွာ ေၾကာ္ျငာဖို႔အတြက္ သူ႔ရဲ႕ ေရြးေကာက္ပြဲ စည္း႐ုံးေရးအဖြဲ႔က ေဒၚလာ သန္း ၃၀ ေက်ာ္ အသံုးျပဳထားပါတယ္။

၂၀၀၂ ခုႏွစ္ကေန ၂၀၁၃ ခုႏွစ္အထိ နယူးေယာက္ ၿမိဳ႕ေတာ္၀န္အျဖစ္ တာ၀န္ထမ္းခဲ့တဲ့ Michael Bloomberg က နယူးေယာက္သားျဖစ္တဲ့ သမၼတ Donald Trump နဲ႔ အေၾကာင္းသိေတြ ျဖစ္ပါတယ္။ သမၼတ Trump ဟာ သူ႔ရဲ႕ စီးပြားေရး ေအာင္ျမင္မႈေတြကို ပံုႀကီးခ်ဲ႕လြန္းတဲ့ အႏၱရာယ္ႀကီးတဲ့ ဆြယ္တရားေဟာသူတဦးလို႔ Bloomberg က ပံုေဖာ္ထားတာပါ။

Michael Bloomberg ၿမိဳ႕ေတာ္၀န္တာ၀န္ယူစဥ္ ကာလက ခ်မွတ္ေဆာင္ရြက္ခဲ့တဲ့ အျငင္းပြားဖြယ္ ရပ္တန္႔ရွာေဖြေရး မူ၀ါဒနဲ႔ ပတ္သက္ၿပီးလည္း ၿပီးခဲ့တဲ့ သီတင္းပတ္တုန္းက ျပန္ၿပီး တရား၀င္ ေတာင္းပန္ခဲ့ပါတယ္။

လူမည္းေတြနဲ႔ စပိန္စကားေျပာ လက္တင္ႏြြယ္ဖြားေတြကို အမ်ားစု သက္ေရာက္ခဲ့တဲ့ ဒီမူ၀ါဒဟာဆိုရင္ ရဲေတြအေနနဲ႔ အရပ္သားေတြကို ရပ္တန္႔ခိုင္းၿပီး လက္နက္ရွာေဖြခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။

ဘီလ်ံနာ Bloomberg က လက္ရွိမွာ ဘ႑ာေရးဆိုင္ရာ အႀကံေပးခ်က္ေတြကို အေလးထား ေဖာ္ျပတဲ့ ႐ုပ္သံနဲ႔ ေရဒီယို၊ မဂၢဇင္းေတြ အပါအ၀င္ ဘ႑ာေရး၀န္ေဆာင္မႈ လုပ္ငန္းႀကီးကို ထူေထာင္ထားသူ ျဖစ္ပါတယ္။

---------------------------------

(Unicode)

ကန်သူဌေးကြီး Michael Bloomberg သမ္မတရွေးကောက်ပွဲ ဝင်မည်

နယူးယောက်မြို့တော်ဝန်ဟောင်း၊ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်တဦးလည်းဖြစ်တဲ့ အသက် ၇၇ နှစ်အရွယ် Michael Bloomberg က အမေရိကန် သမ္မတရွေးကောက်ပွဲ ဝင်မယ်လို့ တနင်္ဂနွေနေ့မှာ တရားဝင် ကြေညာလိုက်ပါတယ်။

Donald Trump ကို အနိုင်ယူနိုင်ပြီး အမေရိကကို ပြန်လည်တည်ဆောက်ဖို့ သမ္မတရွေးကောက်ပွဲ ဝင်ရောက်တာဖြစ်ကြောင်း၊ စီးပွားရေး၊ အစိုးရနဲ့ လူမှုအကျိုးဆောင်အဖြစ် ရင့်ကျက်တဲ့ အတွေ့အကြုံတွေက ရွေးကောက်ပွဲကို ဦးဆောင် အနိုင်ရမယ်လို့ ယုံကြည်ကြောင်း Bloomberg က တွစ်တာ လူမှုကွန်ရက်မှာ ရေးသားတာ ဖြစ်ပါတယ်။

ရီပတ်ဗလစ်ကန်ကနေ တသီးပုဂ္ဂလအဖြစ် ပြောင်းလဲခဲ့တဲ့ Bloomberg က ၂၀၁၆ ခုနှစ်တုန်းက ဒီမိုကရက် သမ္မတလောင်း Hillary Clinton ကို ထောက်ခံခဲ့သူပါ။ အခုတော့ ၂၀၂၀ ဒီမိုကရက် သမ္မတလောင်းဖြစ်ရေး ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း အများအပြားထဲမှာ တဦးအနေနဲ့ ပါဝင်မှာဖြစ်ပါတယ်။

အမေရိကန်စံတော်ချိန် အစောဆုံး တနင်္ဂနွေနေ့ကစလို့ နိုင်ငံတဝန်း ရုပ်သံလိုင်းတွေမှာ ကြော်ငြာဖို့အတွက် သူ့ရဲ့ ရွေးကောက်ပွဲ စည်းရုံးရေးအဖွဲ့က ဒေါ်လာ သန်း ၃၀ ကျော် အသုံးပြုထားပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ နယူးယောက် မြို့တော်ဝန်အဖြစ် တာဝန်ထမ်းခဲ့တဲ့ Michael Bloomberg က နယူးယောက်သားဖြစ်တဲ့ သမ္မတ Donald Trump နဲ့ အကြောင်းသိတွေ ဖြစ်ပါတယ်။ သမ္မတ Trump ဟာ သူ့ရဲ့ စီးပွားရေး အောင်မြင်မှုတွေကို ပုံကြီးချဲ့လွန်းတဲ့ အန္တရာယ်ကြီးတဲ့ ဆွယ်တရားဟောသူတဦးလို့ Bloomberg က ပုံဖော်ထားတာပါ။

Michael Bloomberg မြို့တော်ဝန်တာဝန်ယူစဉ် ကာလက ချမှတ်ဆောင်ရွက်ခဲ့တဲ့ အငြင်းပွားဖွယ် ရပ်တန့်ရှာဖွေရေး မူဝါဒနဲ့ ပတ်သက်ပြီးလည်း ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ပြန်ပြီး တရားဝင် တောင်းပန်ခဲ့ပါတယ်။

လူမည်းတွေနဲ့ စပိန်စကားပြော လက်တင်နွယ်ဖွားတွေကို အများစု သက်ရောက်ခဲ့တဲ့ ဒီမူဝါဒဟာဆိုရင် ရဲတွေအနေနဲ့ အရပ်သားတွေကို ရပ်တန့်ခိုင်းပြီး လက်နက်ရှာဖွေခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။

ဘီလျံနာ Bloomberg က လက်ရှိမှာ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးချက်တွေကို အလေးထား ဖော်ပြတဲ့ ရုပ်သံနဲ့ ရေဒီယို၊ မဂ္ဂဇင်းတွေ အပါအဝင် ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းကြီးကို ထူထောင်ထားသူ ဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ကန္သူေဌးႀကီး Michael Bloomberg သမၼတေရြးေကာက္ပြဲ ၀င္မည္ ကန္သူေဌးႀကီး Michael Bloomberg သမၼတေရြးေကာက္ပြဲ ၀င္မည္ Reviewed by THITHTOOLWIN on 11:27 Rating: 5
Powered by Blogger.