သီေပါၿမိဳ႕နယ္တြင္ ႏိုင္ငံျခားခရီးသြား ၂ဦး မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ

(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၂၆၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း သီေပါၿမိဳ႕နယ္ တြင္ ယေန႔ ညေန ၅နာရီ ၌ ႏိုင္ငံျခား ခရီးသြား အမ်ိဳးသား ၂ဦး မိုင္းနင္းမိကာ တဦး ေသဆုံးၿပီး ၊ တဦး ဒဏ္ရာရရွိေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ သီေပါၿမိဳ႕နယ္ ပန္ေညာင္ေက်း႐ြာ ႏွင့္ ကြန္ေဟာက္ေက်း႐ြာ ၾကားတြင္ ကမာၻလွည့္ ခရီးသြား၂ဦးသည္ ဆိုင္ကယ္ျဖင့္ သြားလာရင္း မိုင္းနင္းမိကာ တဦးေသဆုံးၿပီး ၊ တဦး ဒဏ္ရာရရွိေၾကာင္း နယ္စည္းမျခား ပရဟိတ (သီေပါ) မွ ကိုမ်ိဳး က သွ်မ္းသံေတာ္ဆင့္ သို႔ ေျပာသည္။

“ ႏိုင္ငံျခား သား ၂ဦး မိုင္းနင္းမိၿပီး အမ်ိဳးသားတဦးကေတာ့ ေသဆုံး၊ တဦးကေတာ့ ဒဏ္ရာရပါတယ္။ အခု သီေပါေဆး႐ုံေရာက္ပါၿပီ။ ဘယ္ႏိုင္ငံသားဆိုတာ ကေတာ့ ေသခ်ာမသိေသးဘူး” ဟု ကိုမ်ိဳး က ေျပာသည္။

ထိုႏိုင္ငံျခားသာ ၂ဦး သြားသည့္ ေနရာသည္ အႏၲရာယ္ဇုံ အျဖစ္သတ္မွတ္ထားကာ မည္သည့္ ဧည့္သည္ကို မွ ေပးမသြားေၾကာင္း သီေပါၿမိဳ႕ဧည့္လမ္းၫႊန္ တဦးျဖစ္သည့္ အစိုင္း က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ အဲ့လမ္းေတြက က်ေနာ္တို႔ ျပည္တြင္း ကလူေတာင္ သြားလို႔မရဘူး။ ဘယ္သူမွ သြားလို႔မရဘူး။ ပိတ္ထားတာ” ဟု အစိုင္း ကဆိုသည္။

ထို႔ျပင္ သီေပါၿမိဳ႕ သို႔ လာေရာက္ လည္ပတ္သည့္ ႏိုင္ငံျခားသား ခရီးသြား အမ်ားစုသည္ မိမိအစီစဥ္ျဖင့္သာ သြားေရာက္လည္ပတ္မႈ မ်ားေၾကာင္း၊ ျပည္တြင္း ဧည့္လမ္းၫႊန္ကို ေခၚဆိုမႈ နည္းေၾကာင္းလည္း ဧည့္လမ္းၫႊန္မ်ားက ေျပာဆိုသည္။

“တကယ္တမ္းေတာ့ ဧည့္လမ္းၫႊန္မပါဘဲနဲ႔ မသြားေစခ်င္ဘူး။ ဟိုတယ္မွာလည္း စာေတြကပ္ထားပါတယ္။ က်ေနာ္တို႔ သြားအိပ္တဲ့႐ြာေတြမွာလည္း စာေတြေရးကပ္ထားတယ္။ ဒါေပမယ့္ သူတို႔ က ေျပာလို႔မရဘူး။သြားေနၾကတာပါပဲ” ဟု အစိုင္း က ထပ္ေလာင္းေျပာသည္။

သီေပါၿမိဳ႕နယ္ အနီးပတ္ဝန္းက်င္တြင္ စစ္ပဋိပကၡမ်ား မၾကာခဏျဖစ္ပြားသည့္ေနရာျဖစ္သည့္ အတြက္ ခရီးသြားဧည့္သည္မ်ား သြားေရာက္လည္ပတ္ပါက သတိျဖင့္ သြားရန္လည္း လိုအပ္သည္။

ထိုေနရာ ပတ္ဝန္းက်င္တြင္ ေျမျမဳပ္မိုင္းမ်ား ရွိသျဖင့္ ခရီးသြား ဧည့္လမ္းၫႊန္မ်ား နယ္ေျမ ကြၽမ္းက်င္သူမ်ား ပါမွ သြားရန္လည္း သီေပါ ဧည္လမ္းၫႊန္မ်ားက ေျပာဆိုလိုက္သည္။

သွ်မ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ ႏွင့္ သီေပါၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္ ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္မ်ား လႈပ္ရွားသည့္ေနရာျဖစ္ၿပီး ေျမျမဳပ္မိုင္း မ်ားစြာ ရွိေၾကာင္းသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------------
(Unicode)⤵⤵⤵
သီပေါမြို့နယ်တွင် နိုင်ငံခြားခရီးသွား ၂ဦး မိုင်းနင်းမိ တဦးသေ၊ တဦး ဒဏ်ရာရ

သျှမ်းသံတော်ဆင့်၊နန်းဆိုင်နွမ်

နိုဝင်ဘာ ၂၆၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း သီပေါမြို့နယ် တွင် ယနေ့ ညနေ ၅နာရီ ၌ နိုင်ငံခြား ခရီးသွား အမျိုးသား ၂ဦး မိုင်းနင်းမိကာ တဦး သေဆုံးပြီး ၊ တဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သီပေါမြို့နယ် ပန်ညောင်ကျေးရွာ နှင့် ကွန်ဟောက်ကျေးရွာ ကြားတွင် ကမ္ဘာလှည့် ခရီးသွား၂ဦးသည် ဆိုင်ကယ်ဖြင့် သွားလာရင်း မိုင်းနင်းမိကာ တဦးသေဆုံးပြီး ၊ တဦး ဒဏ်ရာရရှိကြောင်း နယ်စည်းမခြား ပရဟိတ (သီပေါ) မှ ကိုမျိုး က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ နိုင်ငံခြား သား ၂ဦး မိုင်းနင်းမိပြီး အမျိုးသားတဦးကတော့ သေဆုံး၊ တဦးကတော့ ဒဏ်ရာရပါတယ်။ အခု သီပေါဆေးရုံရောက်ပါပြီ။ ဘယ်နိုင်ငံသားဆိုတာ ကတော့ သေချာမသိသေးဘူး” ဟု ကိုမျိုး က ပြောသည်။

ထိုနိုင်ငံခြားသာ ၂ဦး သွားသည့် နေရာသည် အန္တရာယ်ဇုံ အဖြစ်သတ်မှတ်ထားကာ မည်သည့် ဧည့်သည်ကို မှ ပေးမသွားကြောင်း သီပေါမြို့ဧည့်လမ်းညွှန် တဦးဖြစ်သည့် အစိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ အဲ့လမ်းတွေက ကျနော်တို့ ပြည်တွင်း ကလူတောင် သွားလို့မရဘူး။ ဘယ်သူမှ သွားလို့မရဘူး။ ပိတ်ထားတာ” ဟု အစိုင်း ကဆိုသည်။

ထို့ပြင် သီပေါမြို့ သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား အများစုသည် မိမိအစီစဉ်ဖြင့်သာ သွားရောက်လည်ပတ်မှု များကြောင်း၊ ပြည်တွင်း ဧည့်လမ်းညွှန်ကို ခေါ်ဆိုမှု နည်းကြောင်းလည်း ဧည့်လမ်းညွှန်များက ပြောဆိုသည်။

“တကယ်တမ်းတော့ ဧည့်လမ်းညွှန်မပါဘဲနဲ့ မသွားစေချင်ဘူး။ ဟိုတယ်မှာလည်း စာတွေကပ်ထားပါတယ်။ ကျနော်တို့ သွားအိပ်တဲ့ရွာတွေမှာလည်း စာတွေရေးကပ်ထားတယ်။ ဒါပေမယ့် သူတို့ က ပြောလို့မရဘူး။သွားနေကြတာပါပဲ” ဟု အစိုင်း က ထပ်လောင်းပြောသည်။

သီပေါမြို့နယ် အနီးပတ်ဝန်းကျင်တွင် စစ်ပဋိပက္ခများ မကြာခဏဖြစ်ပွားသည့်နေရာဖြစ်သည့် အတွက် ခရီးသွားဧည့်သည်များ သွားရောက်လည်ပတ်ပါက သတိဖြင့် သွားရန်လည်း လိုအပ်သည်။

ထိုနေရာ ပတ်ဝန်းကျင်တွင် မြေမြုပ်မိုင်းများ ရှိသဖြင့် ခရီးသွား ဧည့်လမ်းညွှန်များ နယ်မြေ ကျွမ်းကျင်သူများ ပါမှ သွားရန်လည်း သီပေါ ဧည်လမ်းညွှန်များက ပြောဆိုလိုက်သည်။

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ်အတွင်း မြန်မာ့တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင်များ လှုပ်ရှားသည့်နေရာဖြစ်ပြီး မြေမြုပ်မိုင်း များစွာ ရှိကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
သီေပါၿမိဳ႕နယ္တြင္ ႏိုင္ငံျခားခရီးသြား ၂ဦး မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ သီေပါၿမိဳ႕နယ္တြင္ ႏိုင္ငံျခားခရီးသြား ၂ဦး မိုင္းနင္းမိ တဦးေသ၊ တဦး ဒဏ္ရာရ Reviewed by THITHTOOLWIN on 21:03 Rating: 5
Powered by Blogger.