ကယားေဒသခံ ၂၂ ဦး တပ္ေျမ က်ဴးေက်ာ္မႈျဖင့္ တရားစဲြခံေနရ

ကယားျပည္နယ္ ဒီေမာဆိုၿမိဳ႕နယ္က တပ္မေတာ္ပိုင္ ေျမေနရာကို ေတြ႔ရစဥ္/ Photo: Karenni State Farmer Union

(Zawgyi)⤵⤵⤵
ကယားျပည္နယ္ လြိဳင္ေကာ္နဲ႔ ဒီေမာဆိုၿမိဳ႕နယ္တို႔မွာ တပ္မေတာ္ပိုင္ ေျမေနရာေပၚမွာ က်ဴးေက်ာ္စိုက္ပ်ိဳးခဲ့တယ္ ဆိုတဲ့  ေဒသခံ ၂ဝ ေက်ာ္ တရားစြဲခံေနရၿပီး အဲဒီထဲက ၁၂ ဦးဟာ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈနဲ႔ အထိန္းသိမ္းခံေန ရပါတယ္။

တပ္မေတာ္က သိမ္းဆည္းထားတဲ့ ေျမေနရာေပၚမွာ ဝင္ေရာက္စိုက္ပ်ိဳးခဲ့တယ္ဆိုၿပီး လြိဳင္ေကာ္ၿမိဳ႕နယ္ ေဒါမူကလားရြာနဲ႔ ဒီေမာဆိုၿမိဳ႕နယ္ ေဒါဆိုေရွ႕ရြာက ေဒသခံေတာင္သူ ၂၂ ဦးကို ပိုင္နက္က်ဴးလြန္မႈနဲ႔ တရားစြဲခံေနရတာပါ။

လြိဳင္ေကာ္ၿမိဳ႕နယ္ ေဒါ့မူကလားရြာက သံုးဦးနဲ႔ ဒီေမာဆိုၿမိဳ႕နယ္ ေဒါဆိုေရွးရြာက  ကိုးဦးတို႔ဟာ  အာမခံမရတဲ့ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈ  ပုဒ္မ ၆/၁ နဲ႔ ဖမ္းဆီး တရားစြဲဆိုခံထားရတယ္လို႔ အဲဒီအမႈေတြကို လိုက္ပါေဆာင္ ရြက္ေပးေနတဲ့ ေရွ႕ေန ဦးသန္းထိုက္ေအာင္က ေျပာပါတယ္။

"အခုလက္ရွိ ကၽြန္ေတာ္လိုက္ေနတဲ့အထဲမွာ လြိဳင္ေကာ္မွာက ၄၄၇ နဲ႔ စြဲခံရတဲ့သူ မရွိဘူးခင္ဗ်၊ အဲဒီ ၆/၁ နဲ႔ပဲ ၄၄၇နဲ႔ စြဲခံရတဲ့ဟာက ဒီေမာဆိုကပဲေပါ့။ ၆/၁ တရားစြဲဆုိခံရတာက ၁၂ ေယာက္၊  ၄၄၇ နဲ႔ကေတာ့ ၂၂ ဦးပဲခင္ဗ်။ ဒီ ၄၄၇ နဲ႔ စြဲထားတဲ့သူေတြကိုပဲ ၆/၁ နဲ႔ ထပ္တိုးၿပီး စြဲလိုက္တာ အဲလိုျဖစ္ေနတယ္ခင္ဗ်"

ပိုင္နက္က်ဴးလြန္မႈ ပုဒ္မ ၄၄၇ ဟာ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ က်ပ္ ငါးေသာင္း ေငြဒဏ္၊ သံုးလထက္ မပိုေသာ ေထာင္ဒဏ္ခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။ ျပည္သူပိုင္ပစၥည္းဖ်က္ဆီးမႈ  ပုဒ္မ ၆/၁ ကေတာ့ ျပစ္မႈက်ဴးလြန္ေၾကာင္း ထင္ရွားရင္ ၇ ႏွစ္ ထက္မပိုတဲ့ ေထာင္ဒဏ္ခ်မွတ္ႏိုင္တဲ့ ပုဒ္မ ျဖစ္ပါတယ္။

တရားစြဲဆုိခံထားရတဲ့ ေဒသခံ တိုင္းရင္းသားေတြကို အရင္က စြဲဆိုထားတဲ့ ပုဒ္မေတြအျပင္ ေနာက္ထပ္ အာမခံ မရတဲ့ ၆/၁ နဲ႔ ဖမ္းဆီးသြားတာေတြလည္း ရွိတယ္လို႔ ကရင္နီျပည္ ေတာင္သူလယ္သမားမ်ား သမဂၢ ဥကၠ႒ ခူးတူရယ္က ေျပာပါတယ္။

"ေနာက္ထပ္ အာမခံေပးလို႔မရတဲ့ ပုဒ္မ ၆/၁ တရားစြဲဆိုထားတာေတြရွိတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၂၁ ရက္ ဖမ္းထားတဲ့ ေတာင္သူ သံုးဦးဆိုတာက နဂိုကတည္းက ပုဒ္မ ၄၄၇ နဲ႔ တရားစြဲဆိုခံထားရၿပီးသား သူေတြျဖစ္တယ္။ အဲဒီ ၂၁ ရက္ေန႔မွာပဲ ေနာက္ထပ္ ၆/၁ နဲ႔ တရားစြဲပါတယ္ဆိုၿပီး ဖမ္းသြားတယ္"

သူတို႔ထဲမွာ အနည္းငယ္ကပဲ ပုံစံ ၇ ရွိၾကတယ္လို႔  ခူးတူရယ္က ေျပာပါတယ္။

ေဒါ့ဆိုေရွ႕ရြာက ေျမသိမ္းမႈက အမွတ္ ၃၆၀ အေျမာက္တပ္နဲ႔ သက္ဆိုင္ၿပီး ေဒါမူကလား ေက်းရြာအနီးက ေျမယာေတြကို အမွတ္ ၃၅၆ အေျမာက္တပ္နဲ႔ အမွတ္ ၂၅၀ ေျချမန္တပ္တို႔က ၁၉၉၀ ေလာက္က သိမ္းဆည္းခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

တပ္မေတာ္က ေျမသိမ္းခြင့္နဲ႔ အရင္က သိမ္းဆည္းထားတဲ့ ေျမဧက ၁၀၀၀ ေက်ာ္ ရွိၿပီး ေဒသခံျပည္သူေတြ ေတာင္းဆိုမႈေၾကာင့္ ဧက ၅၀၀ ေက်ာ္ကို ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္ေလာက္က စြန္႔လႊတ္ထားေၾကာင္းနဲ႔ လက္ရွိ အမွတ္ ၃၆၀ အေျမာက္တပ္မွာ ဧက ၅၀၀ ေက်ာ္ က်န္ရွိတယ္လို႔ တပ္မေတာ္ဘက္က RFA ကို ေျပာပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ အဲဒီ ေျမယာကိစၥမွာ မ႐ိုးသားမႈေတြရွိေၾကာင္း၊ တခ်ိဳ႕လူေတြဟာ မူလပိုင္ရွင္မဟုတ္တာေၾကာင့္ စြန္လႊတ္ၿပီးတဲ့ နယ္ေျမကို ဝင္ေရာက္ၿပီး က်ဴးေက်ာ္ရင္ေတာ့ တရားဥပေဒအရ ေဆာင္ရြက္ရမွာပဲလို႔ ေျပာပါတယ္။zawmintun-350

"အခုအခ်ိန္မွာ ကၽြန္ေတာ္ေျပာလိုတာကေတာ့ မ႐ိုးသားမႈေတြ ေတာ္ေတာ္ရွိပါတယ္။ တခ်ိဳ႕လူေတြၾကေတာ့ မူလပိုင္ရွင္ေတြလည္း မဟုတ္ဘူး။ စြန္႔လႊတ္ၿပီးတဲ့ နယ္ေျမမဟုတ္တဲ့ နယ္ေျမကို ဝင္ေရာက္ၿပီးေတာ့ က်ဴးလြန္တာ ရွိရင္ေတာ့ တရားဥပေဒအရ ေဆာင္ရြက္ရမွာပဲ။ ဧက တစ္ေထာင္ ရွိတဲ့ေနရာမွာ ဧက ငါးရာေက်ာ္ စြန္႔လႊတ္ၿပီးၿပီ။ က်န္တဲ့ ဧက သူ႔ရဲ႕တပ္နယ္ေျမထဲမွာ ေဆာက္လုပ္ဖို႔ အေဆာက္အအုံေတြ၊ လုပ္ရမယ့္ဟာေတြ ရွိတဲ့အတြက္ ကၽြန္ေတာ္တို႔ ေဆာင္ရြက္ထားတဲ့ဟာျဖစ္တယ္"

ေဒသခံေတြအေနနဲ႔ တျခားေနရာမွာ လုပ္ကိုင္စားေသာက္ဖို႔ ေျမေနရာ မရွိေၾကာင္းနဲ႔ ေဒသခံေတြ လုပ္ကိုင္ စားေသာက္ေနတဲ့ေျမကို မစြန္႔လႊတ္ဘဲနဲ႔ တျခားအတြက္ ျဖစ္ေနတာေၾကာင့္ ဒီေျမယာျပႆနာက အခုထိ မၿပီးႏိုင္တာျဖစ္တယ္လို႔ ကရင္နီျပည္ ေတာင္သူလယ္သမားမ်ား သမဂၢ ဥကၠ႒ ခူးတူရယ္က ေျပာပါတယ္။

ဒီမႈကို ေလ့လာသုံးသပ္ေနတဲ့ ေရွ႕ေန ဦးေက်ာ္ဝဏၰကေတာ့ အခုလို ဖမ္းဆီးတရားစြဲဆိုခံထားရတဲ့ ေတာင္သူေတြဟာ ဒီေျမယာေပၚမွာမွီၿပီး ရွင္သန္ေနရသလို လက္ရွိမွာ စားဝတ္ေနေရး အဆင္မေျပမႈေတြရွိေနတာေၾကာင့္ ေနာက္ျဖစ္ လာမယ့္ အက်ိဳးဆက္ေတြ ဒီထက္မႀကီးလာဖို႔ အစိုးရကေန အျမန္ေျဖရွင္းဖို႔ လိုအပ္တယ္လို႔ ေျပာပါတယ္။

"ဒီလို စြဲခံေနရတဲ့ အေတာအတြင္းမွာ ေတာင္သူလယ္သမားေတြဟာ စားဝတ္ေနေရးလည္း ေလာေလာဆယ္ ထိခိုက္သြားၿပီဗ်။ အားလုံးက ဒီေျမယာေပၚမွာပဲ မွီတည္ၿပီးေတာ့ သူတို႔ေတြ အသက္ရွင္ ေနထိုင္ရပ္တည္ ၾကတာပါ။ ဒီဟာကို အစိုးရက ေသခ်ာဝင္ရွင္းေပးတာလည္း မရွိဘူး။ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနေတြလည္း ကိုင္တြယ္ေျဖရွင္းခိုင္းေတာ့လည္း ေျပလည္မႈမရွိတဲ့ အေနအထားေတြရွိတယ္။ ေနာက္ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို ဒီထက္ပိုမႀကီးလာေအာင္ ဒါကို အစိုးရအေနနဲ႔ အျမန္ေျဖရွင္းဖို႔ လိုအပ္တယ္လို႔ ကၽြန္ေတာ္ျမင္တယ္"

ေဒါဆိုေရွ႕ရြာက ေဒသခံေတာင္သူေတြကို  ဇူလိုင္လမွာ တပ္နယ္ေျမ က်ဴးေက်ာ္တယ္ဆိုကာ ထိန္းသိမ္းခဲ့တာပါ။ ေဒါ့မူကလားရြာက ေဒသခံေတြကိုေတာ့ ဇြန္လမွာ ဖမ္းဆီးခဲ့တာပါ။ သူတို႔ကို  ၁၂ ႀကိမ္ ႐ုံးထုတ္စစ္ေဆးခဲ့ၿပီးၿပီလို႔ သိရပါတယ္။

ေနမ်ိဳးထြန္း
RFA Burmese
https://www.rfa.org/burmese

(Unicode)⤵⤵⤵
ကယားပြည်နယ် လွိုင်ကော်နဲ့ ဒီမောဆိုမြို့နယ်တို့မှာ တပ်မတော်ပိုင် မြေနေရာပေါ်မှာ ကျူးကျော်စိုက်ပျိုးခဲ့တယ် ဆိုတဲ့  ဒေသခံ ၂ဝ ကျော် တရားစွဲခံနေရပြီး အဲဒီထဲက ၁၂ ဦးဟာ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှုနဲ့ အထိန်းသိမ်းခံနေ ရပါတယ်။

တပ်မတော်က သိမ်းဆည်းထားတဲ့ မြေနေရာပေါ်မှာ ဝင်ရောက်စိုက်ပျိုးခဲ့တယ်ဆိုပြီး လွိုင်ကော်မြို့နယ် ဒေါမူကလားရွာနဲ့ ဒီမောဆိုမြို့နယ် ဒေါဆိုရှေ့ရွာက ဒေသခံတောင်သူ ၂၂ ဦးကို ပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲခံနေရတာပါ။

လွိုင်ကော်မြို့နယ် ဒေါ့မူကလားရွာက သုံးဦးနဲ့ ဒီမောဆိုမြို့နယ် ဒေါဆိုရှေးရွာက  ကိုးဦးတို့ဟာ  အာမခံမရတဲ့ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု  ပုဒ်မ ၆/၁ နဲ့ ဖမ်းဆီး တရားစွဲဆိုခံထားရတယ်လို့ အဲဒီအမှုတွေကို လိုက်ပါဆောင် ရွက်ပေးနေတဲ့ ရှေ့နေ ဦးသန်းထိုက်အောင်က ပြောပါတယ်။

"အခုလက်ရှိ ကျွန်တော်လိုက်နေတဲ့အထဲမှာ လွိုင်ကော်မှာက ၄၄၇ နဲ့ စွဲခံရတဲ့သူ မရှိဘူးခင်ဗျ၊ အဲဒီ ၆/၁ နဲ့ပဲ ၄၄၇နဲ့ စွဲခံရတဲ့ဟာက ဒီမောဆိုကပဲပေါ့။ ၆/၁ တရားစွဲဆိုခံရတာက ၁၂ ယောက်၊  ၄၄၇ နဲ့ကတော့ ၂၂ ဦးပဲခင်ဗျ။ ဒီ ၄၄၇ နဲ့ စွဲထားတဲ့သူတွေကိုပဲ ၆/၁ နဲ့ ထပ်တိုးပြီး စွဲလိုက်တာ အဲလိုဖြစ်နေတယ်ခင်ဗျ"

ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ ဟာ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ကျပ် ငါးသောင်း ငွေဒဏ်၊ သုံးလထက် မပိုသော ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ သိရပါတယ်။ ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု  ပုဒ်မ ၆/၁ ကတော့ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားရင် ၇ နှစ် ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်နိုင်တဲ့ ပုဒ်မ ဖြစ်ပါတယ်။

တရားစွဲဆိုခံထားရတဲ့ ဒေသခံ တိုင်းရင်းသားတွေကို အရင်က စွဲဆိုထားတဲ့ ပုဒ်မတွေအပြင် နောက်ထပ် အာမခံ မရတဲ့ ၆/၁ နဲ့ ဖမ်းဆီးသွားတာတွေလည်း ရှိတယ်လို့ ကရင်နီပြည် တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။

"နောက်ထပ် အာမခံပေးလို့မရတဲ့ ပုဒ်မ ၆/၁ တရားစွဲဆိုထားတာတွေရှိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက် ဖမ်းထားတဲ့ တောင်သူ သုံးဦးဆိုတာက နဂိုကတည်းက ပုဒ်မ ၄၄၇ နဲ့ တရားစွဲဆိုခံထားရပြီးသား သူတွေဖြစ်တယ်။ အဲဒီ ၂၁ ရက်နေ့မှာပဲ နောက်ထပ် ၆/၁ နဲ့ တရားစွဲပါတယ်ဆိုပြီး ဖမ်းသွားတယ်"

သူတို့ထဲမှာ အနည်းငယ်ကပဲ ပုံစံ ၇ ရှိကြတယ်လို့  ခူးတူရယ်က ပြောပါတယ်။

ဒေါ့ဆိုရှေ့ရွာက မြေသိမ်းမှုက အမှတ် ၃၆၀ အမြောက်တပ်နဲ့ သက်ဆိုင်ပြီး ဒေါမူကလား ကျေးရွာအနီးက မြေယာတွေကို အမှတ် ၃၅၆ အမြောက်တပ်နဲ့ အမှတ် ၂၅၀ ခြေမြန်တပ်တို့က ၁၉၉၀ လောက်က သိမ်းဆည်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

တပ်မတော်က မြေသိမ်းခွင့်နဲ့ အရင်က သိမ်းဆည်းထားတဲ့ မြေဧက ၁၀၀၀ ကျော် ရှိပြီး ဒေသခံပြည်သူတွေ တောင်းဆိုမှုကြောင့် ဧက ၅၀၀ ကျော်ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်လောက်က စွန့်လွှတ်ထားကြောင်းနဲ့ လက်ရှိ အမှတ် ၃၆၀ အမြောက်တပ်မှာ ဧက ၅၀၀ ကျော် ကျန်ရှိတယ်လို့ တပ်မတော်ဘက်က RFA ကို ပြောပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီ မြေယာကိစ္စမှာ မရိုးသားမှုတွေရှိကြောင်း၊ တချို့လူတွေဟာ မူလပိုင်ရှင်မဟုတ်တာကြောင့် စွန်လွှတ်ပြီးတဲ့ နယ်မြေကို ဝင်ရောက်ပြီး ကျူးကျော်ရင်တော့ တရားဥပဒေအရ ဆောင်ရွက်ရမှာပဲလို့ ပြောပါတယ်။zawmintun-350

"အခုအချိန်မှာ ကျွန်တော်ပြောလိုတာကတော့ မရိုးသားမှုတွေ တော်တော်ရှိပါတယ်။ တချို့လူတွေကြတော့ မူလပိုင်ရှင်တွေလည်း မဟုတ်ဘူး။ စွန့်လွှတ်ပြီးတဲ့ နယ်မြေမဟုတ်တဲ့ နယ်မြေကို ဝင်ရောက်ပြီးတော့ ကျူးလွန်တာ ရှိရင်တော့ တရားဥပဒေအရ ဆောင်ရွက်ရမှာပဲ။ ဧက တစ်ထောင် ရှိတဲ့နေရာမှာ ဧက ငါးရာကျော် စွန့်လွှတ်ပြီးပြီ။ ကျန်တဲ့ ဧက သူ့ရဲ့တပ်နယ်မြေထဲမှာ ဆောက်လုပ်ဖို့ အဆောက်အအုံတွေ၊ လုပ်ရမယ့်ဟာတွေ ရှိတဲ့အတွက် ကျွန်တော်တို့ ဆောင်ရွက်ထားတဲ့ဟာဖြစ်တယ်"

ဒေသခံတွေအနေနဲ့ တခြားနေရာမှာ လုပ်ကိုင်စားသောက်ဖို့ မြေနေရာ မရှိကြောင်းနဲ့ ဒေသခံတွေ လုပ်ကိုင် စားသောက်နေတဲ့မြေကို မစွန့်လွှတ်ဘဲနဲ့ တခြားအတွက် ဖြစ်နေတာကြောင့် ဒီမြေယာပြဿနာက အခုထိ မပြီးနိုင်တာဖြစ်တယ်လို့ ကရင်နီပြည် တောင်သူလယ်သမားများ သမဂ္ဂ ဥက္ကဋ္ဌ ခူးတူရယ်က ပြောပါတယ်။

ဒီမှုကို လေ့လာသုံးသပ်နေတဲ့ ရှေ့နေ ဦးကျော်ဝဏ္ဏကတော့ အခုလို ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ တောင်သူတွေဟာ ဒီမြေယာပေါ်မှာမှီပြီး ရှင်သန်နေရသလို လက်ရှိမှာ စားဝတ်နေရေး အဆင်မပြေမှုတွေရှိနေတာကြောင့် နောက်ဖြစ် လာမယ့် အကျိုးဆက်တွေ ဒီထက်မကြီးလာဖို့ အစိုးရကနေ အမြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ပြောပါတယ်။

"ဒီလို စွဲခံနေရတဲ့ အတောအတွင်းမှာ တောင်သူလယ်သမားတွေဟာ စားဝတ်နေရေးလည်း လောလောဆယ် ထိခိုက်သွားပြီဗျ။ အားလုံးက ဒီမြေယာပေါ်မှာပဲ မှီတည်ပြီးတော့ သူတို့တွေ အသက်ရှင် နေထိုင်ရပ်တည် ကြတာပါ။ ဒီဟာကို အစိုးရက သေချာဝင်ရှင်းပေးတာလည်း မရှိဘူး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွေလည်း ကိုင်တွယ်ဖြေရှင်းခိုင်းတော့လည်း ပြေလည်မှုမရှိတဲ့ အနေအထားတွေရှိတယ်။ နောက်ဖြစ်လာမယ့် အကျိုးဆက်တွေကို ဒီထက်ပိုမကြီးလာအောင် ဒါကို အစိုးရအနေနဲ့ အမြန်ဖြေရှင်းဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်"

ဒေါဆိုရှေ့ရွာက ဒေသခံတောင်သူတွေကို  ဇူလိုင်လမှာ တပ်နယ်မြေ ကျူးကျော်တယ်ဆိုကာ ထိန်းသိမ်းခဲ့တာပါ။ ဒေါ့မူကလားရွာက ဒေသခံတွေကိုတော့ ဇွန်လမှာ ဖမ်းဆီးခဲ့တာပါ။ သူတို့ကို  ၁၂ ကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပြီးပြီလို့ သိရပါတယ်။

နေမျိုးထွန်း
RFA Burmese
https://www.rfa.org/burmese
ကယားေဒသခံ ၂၂ ဦး တပ္ေျမ က်ဴးေက်ာ္မႈျဖင့္ တရားစဲြခံေနရ ကယားေဒသခံ ၂၂ ဦး တပ္ေျမ က်ဴးေက်ာ္မႈျဖင့္ တရားစဲြခံေနရ Reviewed by THITHTOOLWIN on 19:30 Rating: 5
Powered by Blogger.