ေျမာက္ဦးမွာ တပ္ယာဥ္တန္း မိုင္း ၇ လုံးခြဲ တိုက္ခိုက္ခံရ

ကားတခ်ိဳ႕ ထိခိုက္သြားခဲ့ေပမယ့္ တျခားထိခိုက္မႈေတြ မရွိဘူးလို႔ဆို
Zawgyi
တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတဲ့ ေျမာက္ဦး အေရွ႕ဘက္ ႐ြာေဟာင္းေတာ႐ြာအနီး တပ္မေတာ္ အဓိက အသုံးျပဳ သြားလာေနတဲ့လမ္းမွာ ေအာက္တိုဘာ ၃၁ ရက္က တပ္မေတာ္ယာဥ္တန္းတစ္ခု မိုင္းဆြဲ တိုက္ခိုက္ခံရၿပီး ကားတခ်ိဳ႕ ထိခိုက္ခဲ့တယ္လို႔ တပ္မေတာ္ဘက္က အတည္ျပဳ ေျပာၾကားပါတယ္။

ေပါက္ကြဲမႈေတြ မနက္ ၁၀ နာရီေက်ာ္က ျဖစ္ပြားခဲ့တာ ျဖစ္ၿပီး အဲဒီေနရာဟာ ေအာက္တိုဘာ ၃၀ ရက္မွာလည္း ရီမုဒ္မိုင္း ေဖာက္ခြဲ တိုက္ခိုက္ခံရတဲ့ေနရာ ျဖစ္ပါတယ္။

တပ္မေတာ္ကားတန္းသြားတဲ့လမ္းမွာ မိုင္း ၇ လုံးေပါက္ကြဲၿပီး တစ္လုံးက မကြဲပဲ သိမ္းဆည္းရမိခဲ့တယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

မိုင္းဆြဲတိုက္ခိုက္ခံလိုက္ရတဲ့အတြက္ ကားတခ်ိဳ႕ ထိခိုက္သြားခဲ့ေပမယ့္ တျခားထိခိုက္မႈေတြ မရွိဘူးလို႔ ဆိုပါတယ္။

"ကြၽန္ေတာ္တို႔ တပ္မေတာ္ယာဥ္တန္းက အုပ္ခ်ဳပ္မႈကိစၥသြားတာေပါ့။ ႐ြာေဟာင္းေတာနဲ႔ ဘုရားအုပ္အၾကားမွာ တံတားတစ္ခုရွိတယ္။ အဲ့ဒီတံတားအေက်ာ္မွာ မိုင္းခြဲတာေတာ့ ၈ လုံးခြဲတာေပါ့။ တစ္လုံးမကြဲဘဲ ၇ လုံး ကြဲတယ္။ လမ္းကေတာ့ ပ်က္သြားတာေပါ့။ အုပ္ခ်ဳပ္မႈယာဥ္တန္းကားတစ္စီး မိုင္းစထိမွန္တယ္။ ဒါပဲရွိတယ္"လို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

အဲ့ဒီေနရာမွာ တပ္မေတာ္ကားတန္းေတြ ရက္ဆက္ မိုင္းခြဲ တိုက္ခိုက္ခံရတဲ့ အေပၚ တပ္မေတာ္ဖက္က နယ္ေျမလုံၿခဳံေရးေတြေဆာင္႐ြက္ေနတဲ့အတြက္ ေက်း႐ြာသားေတြအေနနဲ႔ အျပင္ကို ထြက္ဖို႔ အခက္အခဲေတြ ရွိခဲ့တယ္လို႔ ႐ြာေဟာင္းေတာ ႐ြာသားတစ္ဦးက ေျပာပါတယ္။

တပ္အင္အား ရာနဲ႔ခ်ီၿပီး ေက်း႐ြာအျပင္ဘက္မွာ ေနရာယူထားတာေၾကာင့္ မိုင္းေပါက္ကြဲမႈ ျဖစ္ခဲ့တဲ့ အသံကို ၾကားလိုက္ရေပမယ့္ အိမ္အျပင္ ထြက္ဖို႔အတြက္ အခက္အခဲရွိတာေၾကာင့္ ထိခိုက္မႈအေျခအေနေတြကိုေတာ့ မသိရဘူးလို႔ သူက ေျပာပါတယ္။

"မိုင္းက မနက္ ၁၀ နာရီေလာက္က ေပါက္တယ္။ ကားႏွစ္စီးကေတာ့ ျပန္သြားတယ္။ တစ္စီးကေတာ့ ပ်က္သြားတယ္လို႔ေျပာပါတယ္။ ထိခိုက္တာေတြရွိတယ္လို႔ ၾကားတယ္။ အရပ္သားထိခိုက္မႈေတာ့မရွိဘူး။ ပိစိေတာင္ဆင္းလမ္း ပန္းေျမာင္းနဲ႔ ကိုးေသာင္း လမ္းဆုံနားမွာ ျဖစ္တာပါ"လို႔ အမည္မေဖာ္လိုတဲ့ ႐ြာေဟာင္းေတာ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

မိုင္းခြဲ တိုက္ခိုက္ခံလိုက္ရၿပီးေနာက္ တပ္မေတာ္ဘက္က လက္နက္ႀကီး ႏွစ္ခ်က္ပစ္ခတ္ခဲ့ၿပီး လက္နက္ငယ္ေတြနဲ႔လည္း ပစ္ခတ္ခဲ့တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

ဒါေပမယ့္ ေက်း႐ြာဘက္ကိုေတာ့ ပစ္ခတ္တာေတြ မရွိဘူးလို႔လည္း ေျပာပါတယ္။ ႐ြာကိုပစ္ခတ္မႈ မရွိေပမယ့္ ႐ြာသားေတြက စိုးရိမ္ေနၾကပါတယ္။

အဲ့ဒီလမ္းဟာ လက္ရွိ တိုက္ပြဲေတြ အျပင္းအထန္ျဖစ္ပြားေနတဲ့ မင္းျပားၿမိဳ႕နယ္ ပန္းေျမာင္းေက်း႐ြာဘက္ကို သြားလာေရးအတြက္ တပ္မေတာ္က အဓိက အသုံးျပဳေနတဲ့ လမ္းျဖစ္ၿပီး မိုင္းေဖာက္ခြဲမႈေတြ ဆက္တိုက္ ျဖစ္ေနတာပါ။

BBC Burmese
https://www.bbc.com
-------------
Unicode
မြောက်ဦးမှာ တပ်ယာဉ်တန်း မိုင်း ၇ လုံးခွဲ တိုက်ခိုက်ခံရ


ဓာတ်ပုံ မူပိုင် Myint Liwn
Image caption ကားတချို့ ထိခိုက်သွားခဲ့ပေမယ့် တခြားထိခိုက်မှုတွေ မရှိဘူးလို့ဆို

တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မြောက်ဦး အရှေ့ဘက် ရွာဟောင်းတောရွာအနီး တပ်မတော် အဓိက အသုံးပြု သွားလာနေတဲ့လမ်းမှာ အောက်တိုဘာ ၃၁ ရက်က တပ်မတော်ယာဉ်တန်းတစ်ခု မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ကားတချို့ ထိခိုက်ခဲ့တယ်လို့ တပ်မတော်ဘက်က အတည်ပြု ပြောကြားပါတယ်။

ပေါက်ကွဲမှုတွေ မနက် ၁၀ နာရီကျော်က ဖြစ်ပွားခဲ့တာ ဖြစ်ပြီး အဲဒီနေရာဟာ အောက်တိုဘာ ၃၀ ရက်မှာလည်း ရီမုဒ်မိုင်း ဖောက်ခွဲ တိုက်ခိုက်ခံရတဲ့နေရာ ဖြစ်ပါတယ်။

တပ်မတော်ကားတန်းသွားတဲ့လမ်းမှာ မိုင်း ၇ လုံးပေါက်ကွဲပြီး တစ်လုံးက မကွဲပဲ သိမ်းဆည်းရမိခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့အတွက် ကားတချို့ ထိခိုက်သွားခဲ့ပေမယ့် တခြားထိခိုက်မှုတွေ မရှိဘူးလို့ ဆိုပါတယ်။

"ကျွန်တော်တို့ တပ်မတော်ယာဉ်တန်းက အုပ်ချုပ်မှုကိစ္စသွားတာပေါ့။ ရွာဟောင်းတောနဲ့ ဘုရားအုပ်အကြားမှာ တံတားတစ်ခုရှိတယ်။ အဲ့ဒီတံတားအကျော်မှာ မိုင်းခွဲတာတော့ ၈ လုံးခွဲတာပေါ့။ တစ်လုံးမကွဲဘဲ ၇ လုံး ကွဲတယ်။ လမ်းကတော့ ပျက်သွားတာပေါ့။ အုပ်ချုပ်မှုယာဉ်တန်းကားတစ်စီး မိုင်းစထိမှန်တယ်။ ဒါပဲရှိတယ်"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

အဲ့ဒီနေရာမှာ တပ်မတော်ကားတန်းတွေ ရက်ဆက် မိုင်းခွဲ တိုက်ခိုက်ခံရတဲ့ အပေါ် တပ်မတော်ဖက်က နယ်မြေလုံခြုံရေးတွေဆောင်ရွက်နေတဲ့အတွက် ကျေးရွာသားတွေအနေနဲ့ အပြင်ကို ထွက်ဖို့ အခက်အခဲတွေ ရှိခဲ့တယ်လို့ ရွာဟောင်းတော ရွာသားတစ်ဦးက ပြောပါတယ်။

တပ်အင်အား ရာနဲ့ချီပြီး ကျေးရွာအပြင်ဘက်မှာ နေရာယူထားတာကြောင့် မိုင်းပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ အသံကို ကြားလိုက်ရပေမယ့် အိမ်အပြင် ထွက်ဖို့အတွက် အခက်အခဲရှိတာကြောင့် ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရဘူးလို့ သူက ပြောပါတယ်။

"မိုင်းက မနက် ၁၀ နာရီလောက်က ပေါက်တယ်။ ကားနှစ်စီးကတော့ ပြန်သွားတယ်။ တစ်စီးကတော့ ပျက်သွားတယ်လို့ပြောပါတယ်။ ထိခိုက်တာတွေရှိတယ်လို့ ကြားတယ်။ အရပ်သားထိခိုက်မှုတော့မရှိဘူး။ ပိစိတောင်ဆင်းလမ်း ပန်းမြောင်းနဲ့ ကိုးသောင်း လမ်းဆုံနားမှာ ဖြစ်တာပါ"လို့ အမည်မဖော်လိုတဲ့ ရွာဟောင်းတော ကျေးရွာသားတစ်ဦးက ပြောပါတယ်။

မိုင်းခွဲ တိုက်ခိုက်ခံလိုက်ရပြီးနောက် တပ်မတော်ဘက်က လက်နက်ကြီး နှစ်ချက်ပစ်ခတ်ခဲ့ပြီး လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဒါပေမယ့် ကျေးရွာဘက်ကိုတော့ ပစ်ခတ်တာတွေ မရှိဘူးလို့လည်း ပြောပါတယ်။ ရွာကိုပစ်ခတ်မှု မရှိပေမယ့် ရွာသားတွေက စိုးရိမ်နေကြပါတယ်။

အဲ့ဒီလမ်းဟာ လက်ရှိ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေတဲ့ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာဘက်ကို သွားလာရေးအတွက် တပ်မတော်က အဓိက အသုံးပြုနေတဲ့ လမ်းဖြစ်ပြီး မိုင်းဖောက်ခွဲမှုတွေ ဆက်တိုက် ဖြစ်နေတာပါ။

BBC Burmese
https://www.bbc.com
ေျမာက္ဦးမွာ တပ္ယာဥ္တန္း မိုင္း ၇ လုံးခြဲ တိုက္ခိုက္ခံရ ေျမာက္ဦးမွာ တပ္ယာဥ္တန္း မိုင္း ၇ လုံးခြဲ တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 08:26 Rating: 5
Powered by Blogger.