IS အစြန္းေရာက္အဖဲြ႔ ေခါင္းေဆာင္သစ္တင္ေျမွာက္

IS အစၥလာမ္မစ္ အစြန္းေရာက္အဖြဲ႔ဝင္ တဦး (ဇန္နဝါရီ၊ ၂၁၊ ၂၀၁၇)

(Zawgyi)⤵⤵⤵

IS အစၥလာမ္မစ္ အစြန္းေရာက္အဖြဲ႔က ေခါင္းေဆာင္သစ္ကို ေရြြးခ်ယ္လိုက္ပါၿပီ။ ေခါင္းေဆာင္သစ္အျဖစ္ Abu Ibrahim al-Hashimi al-Qurashi ကို ေရြးခ်ယ္ေၾကာင္း အဖြဲ႔ေျပာေရးဆိုခြင့္ရွိသူ ဖတ္ျပသြားတဲ့ အသံကို သူတို႔ရဲ ႔ Amaq သတင္းဌာနက ၾကာသပေတးေန႔က ထုတ္လႊင္႔ခဲ့တာျဖစ္ပါတယ္။

IS အစၥလာမ္မစ္အဖြဲ႔ကို အားေပးေထာက္ခံသူေတြကလည္း ေခါင္းေဆာင္သစ္အေပၚ သစၥာခံေၾကာင္း လူမႈကြန္ယက္ေတြကေန ေျပာဆိုလႈပ္ရွားလာၾကပါတယ္။ ဒီေခါင္းေဆာင္သစ္ အစစ္အမွန္ ဘယ္သူဘယ္၀ါ ျဖစ္တယ္ဆိုတာကိုေတာ့ ေလာေလာဆယ္ေတာ့ သိရဦးမွာ မဟုတ္ပါဘူး။

ၿပီးခဲ့တဲ့စေနေန႔ အေမရိကန္အထူးတပ္ဖြဲ႔ရဲ ႔စစ္ဆင္ေရးအတြင္း IS ေခါင္းေဆာင္ Abu Bakr al-Baghdadi နဲ႔ သူ႔ရဲ ႔ေျပာေရးဆိုခြင့္ရွိသူ Abu Hassan al-Muhajir ေသဆုံးသြားတယ္ဆိုတာ ဒီေၾကျငာခ်က္က အတည္ျပဳေပးလိုက္တဲ့ သေဘာလည္းျဖစ္ပါတယ္။

တူရကီႏုိင္ငံနယ္စပ္အနီး ဆီးရီးယားႏုိင္ငံ Idlib ျပည္နယ္ထဲက သူ႔ေနအိမ္ၿခံ၀င္းထဲကို အေမရိကန္အထူးတပ္ဖြဲ႔ေတြ ၀င္စီးတဲ့အခ်ိန္မွာပဲ ကေလးငယ္ ႏွစ္ ေယာက္နဲ႔အတူ ေျမေအာက္လႈိဏ္ေခါင္းထဲ ၀င္ေျပးခဲ့တဲ့ al-Baghdadi ကသူ႔ကိုယ္သူ အေသခံဗုံးခြဲသြားတာလို႔ အေမရိကန္ တာ၀န္ရွိသူေတြက ၾကာသပေတးေန႔က ထုတ္ျပန္ပါတယ္။

ၾကာသပေတးေန႔က IS တုိ႔ရဲ ႔ ေၾကျငာခ်က္မွာေတာ့ အဖြဲ႔ေျပာခြင့္ရသူအသစ္ျဖစ္တဲ့ Abu Hamza al-Qurash က အေမရိကန္ေတြ သိပ္ၿပီး ၀မ္းသာအားရျဖစ္မေနဖို႔ သတိေပးသြားခဲ့တာပါ။

Baghdadi ေသဆုံးသြားတဲ့အတြက္ IS အဖြဲ႔ အားနည္းသြားမွာ မဟုတ္ဘူးလို႔ ကၽြမ္းက်င္သူတခ်ိဳ႕ ယုံၾကည္ေနၾကပါတယ္။

[Unicode Version]

IS အစ္စလာမ်မစ် အစွန်းရောက်အဖွဲ့က ခေါင်းဆောင်သစ်ကို ရွေးချယ်လိုက်ပါပြီ။ ခေါင်းဆောင်သစ်အဖြစ် Abu Ibrahim al-Hashimi al-Qurashi ကို ရွေးချယ်ကြောင်း အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဖတ်ပြသွားတဲ့ အသံကို သူတို့ရဲ့ Amaq သတင်းဌာနက ကြာသပတေးနေ့က ထုတ်လွှင့် ခဲ့တာဖြစ်ပါတယ်။

IS အစ္စလာမ်မစ်အဖွဲ့ကို အားပေးထောက်ခံသူတွေကလည်း ခေါင်းဆောင်သစ်အပေါ် သစ္စာခံကြောင်း လူမှုကွန်ယက်တွေကနေ ပြောဆိုလှုပ်ရှားလာကြပါတယ်။ ဒီခေါင်းဆောင်သစ် အစစ်အမှန် ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတော့ လောလောဆယ်တော့ သိရဦးမှာ မဟုတ်ပါဘူး။

ပြီးခဲ့တဲ့စနေနေ့ အမေရိကန်အထူးတပ်ဖွဲ့ရဲ့စစ်ဆင်ရေးအတွင်း IS ခေါင်းဆောင် Abu Bakr al-Baghdadi နဲ့ သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူ Abu Hassan al-Muhajir သေဆုံးသွားတယ်ဆိုတာ ဒီကြေငြာချက်က အတည်ပြုပေးလိုက်တဲ့ သဘောလည်းဖြစ်ပါတယ်။

တူရကီနိုင်ငံနယ်စပ်အနီး ဆီးရီးယားနိုင်ငံ Idlib ပြည်နယ်ထဲက သူ့နေအိမ်ခြံဝင်းထဲကို အမေရိကန်အထူးတပ်ဖွဲ့တွေ ဝင်စီးတဲ့အချိန်မှာပဲ ကလေးငယ် နှစ် ယောက်နဲ့အတူ မြေအောက်လှိုဏ်ခေါင်းထဲ ဝင်ပြေးခဲ့တဲ့ al-Baghdadi ကသူ့ကိုယ်သူ အသေခံဗုံးခွဲသွားတာလို့ အမေရိကန် တာဝန်ရှိသူတွေက ကြာသပတေးနေ့က ထုတ်ပြန်ပါတယ်။

ကြာသပတေးနေ့က IS တို့ရဲ့ ကြေငြာချက်မှာတော့ အဖွဲ့ပြောခွင့်ရသူအသစ်ဖြစ်တဲ့ Abu Hamza al-Qurash က အမေရိကန်တွေ သိပ်ပြီး ဝမ်းသာအားရဖြစ်မနေဖို့ သတိပေးသွားခဲ့တာပါ။

Baghdadi သေဆုံးသွားတဲ့အတွက် IS အဖွဲ့ အားနည်းသွားမှာ မဟုတ်ဘူးလို့ ကျွမ်းကျင်သူတချို့ ယုံကြည်နေကြပါတယ်။

VOA Burmese
https://burmese.voanews.com
IS အစြန္းေရာက္အဖဲြ႔ ေခါင္းေဆာင္သစ္တင္ေျမွာက္ IS အစြန္းေရာက္အဖဲြ႔ ေခါင္းေဆာင္သစ္တင္ေျမွာက္ Reviewed by THITHTOOLWIN on 19:37 Rating: 5
Powered by Blogger.