ေဟာင္ေကာင္တကၠသိုလ္မွာ ဆႏၵျပေက်ာင္းသားေတြနဲ႔ လံုၿခံဳေရး ထိပ္တိုက္ေတြ႔

ေဟာင္ေကာင္ Polytechnic တကၠသိုလ္ အျပင္ဘက္တြင္ ရဲတပ္ဖြဲ႔ႏွင့္ ထိပ္တုိက္ေတြ႔ေနသည့္ ဆႏၵျပသူမ်ား။ (ႏုိဝင္ဘာ ၁၇၊ ၂၀၁၉)

(Zawgyi / Unicode)

ေဟာင္ေကာင္မွာ ဆႏၵျပတဲ့သူေတြနဲ႔ ရဲတပ္ဖြဲ႔ေတြ ေဟာင္ေကာင္တကၠသိုလ္မွာ ဒီကေန႔ ထိပ္တိုက္ေတြ႔ခဲ့ၾကၿပီး အၾကမ္းဖက္တဲ့အထိပါ ျဖစ္ခဲ့ပါတယ္။

ဆႏၵျပတဲ့သူေတြက ျမားေတြ၊ ဓာတ္ဆီထည့္ထားတဲ့ ပုလင္းဗုံးေတြနဲ႔ ရဲေတြကို ပစ္ခဲ့ၿပီး ေဟာင္ေကာင္ Polytechnic တကၠသိုလ္မွာ ဆႏၵျပတဲ့သူေတြဘက္က ပစ္လိုက္တဲ့ ျမားတစင္းက ေဟာင္ေကာင္ရဲအရာရွိတေယာက္ရဲ႕ ေျခေထာက္ကို ထိမွန္ခဲ့ပါတယ္။

ရဲတပ္ဖြဲ႔ ေျပာခြင့္ရပုဂၢိဳလ္ရဲ႕ ေျခေထာက္ကို ထိမွန္ၿပီး သူ႔ကို ေဆး႐ုံေခၚသြားခ်ိန္မွာေတာ့ သတိရွိေနတယ္လို႔ ရဲတပ္ဖြဲ႔ရဲ႕ ေၾကညာခ်က္မွာ ေျပာထားပါတယ္။

ေဟာင္ေကာင္ ဆႏၵျပတဲ့သူေတြဟာ အဲဒီတကၠသိုလ္မွာ အေျခစိုက္ၿပီး ဆႏၵျပပြဲေတြကို လႈပ္ရွားေနၾကတာပါ။

ဆႏၵျပတဲ့သူေတြက ဓာတ္ဆီထည့္ထားတဲ့ ပုလင္းဗုံးေတြနဲ႔ ရဲေတြကို ပစ္ခဲ့ၿပီး ရဲေတြဘက္က ဒါကို မ်က္ရည္ယိုဗုံးေတြနဲ႔သုံးၿပီး တန္ျပန္ႏွိမ္နင္းခဲ့တယ္လို႔ ႐ိုက္တာသတင္းက ေဖာ္ျပပါတယ္။

စေနေန႔ကေတာ့ တ႐ုတ္စစ္သားေတြက တီရွပ္ေတြ ေဘာင္းဘီတိုေတြဝတ္ၿပီး တံျမက္စည္းေတြ ေရပုံးေတြနဲ႔ လမ္းေတြေပၚက အပ်က္အစီး အပိုင္းအစေတြကို ရွင္းဖို႔အတြက္ ေဟာင္ေကာင္ေဒသခံေတြကို အကူအညီေပးဖို႔ လုပ္ခဲ့တာေၾကာင့္ ေဟာင္ေကာင္အတိုက္အခံ လႊတ္ေတာ္အမတ္ေတြ အႀကီးအက်ယ္ ေဒါသထြက္ခဲ့ၾကပါတယ္။

ေဟာင္ေကာင္အစိုးရက ေတာင္းဆိုရင္ တ႐ုတ္စစ္တပ္အေနနဲ႔ တရားဥပေဒစိုးမိုးေရးနဲ႔ ေဘးကင္းလုံၿခဳံမႈ ရွိဖို႔အတြက္ အကူအညီေပးဖို႔ ခြင့္ျပဳထားပါတယ္။ ဒါေပမယ့္ ေဟာင္ေကာင္အစိုးရက သူတို႔အေနနဲ႔ အဲဒီလို ေတာင္းဆိုထားတာ မရွိဘူးလို႔ ဆိုပါတယ္။

တ႐ုတ္ႏိုင္ငံ ျပည္မႀကီးကို တရားခံလႊဲေျပာင္းေပးေရး ဥပေဒၾကမ္းကို မေက်နပ္လို႔ အခုဆိုရင္ ေဟာင္ေကာင္မွာ ဆႏၵျပပြဲေတြ ျဖစ္ေနတာဟာ ၅ လေက်ာ္ ရွိသြားခဲ့ၿပီျဖစ္ပါတယ္။

--------------------------------

(Unicode)

ဟောင်ကောင်တက္ကသိုလ်မှာ ဆန္ဒပြကျောင်းသားတွေနဲ့ လုံခြုံရေး ထိပ်တိုက်တွေ့

ဟောင်ကောင်မှာ ဆန္ဒပြတဲ့သူတွေနဲ့ ရဲတပ်ဖွဲ့တွေ ဟောင်ကောင်တက္ကသိုလ်မှာ ဒီကနေ့ ထိပ်တိုက်တွေ့ခဲ့ကြပြီး အကြမ်းဖက်တဲ့အထိပါ ဖြစ်ခဲ့ပါတယ်။

ဆန္ဒပြတဲ့သူတွေက မြားတွေ၊ ဓာတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေနဲ့ ရဲတွေကို ပစ်ခဲ့ပြီး ဟောင်ကောင် Polytechnic တက္ကသိုလ်မှာ ဆန္ဒပြတဲ့သူတွေဘက်က ပစ်လိုက်တဲ့ မြားတစင်းက ဟောင်ကောင်ရဲအရာရှိတယောက်ရဲ့ ခြေထောက်ကို ထိမှန်ခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်ရဲ့ ခြေထောက်ကို ထိမှန်ပြီး သူ့ကို ဆေးရုံခေါ်သွားချိန်မှာတော့ သတိရှိနေတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

ဟောင်ကောင် ဆန္ဒပြတဲ့သူတွေဟာ အဲဒီတက္ကသိုလ်မှာ အခြေစိုက်ပြီး ဆန္ဒပြပွဲတွေကို လှုပ်ရှားနေကြတာပါ။

ဆန္ဒပြတဲ့သူတွေက ဓာတ်ဆီထည့်ထားတဲ့ ပုလင်းဗုံးတွေနဲ့ ရဲတွေကို ပစ်ခဲ့ပြီး ရဲတွေဘက်က ဒါကို မျက်ရည်ယိုဗုံးတွေနဲ့သုံးပြီး တန်ပြန်နှိမ်နင်းခဲ့တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။

စနေနေ့ကတော့ တရုတ်စစ်သားတွေက တီရှပ်တွေ ဘောင်းဘီတိုတွေဝတ်ပြီး တံမြက်စည်းတွေ ရေပုံးတွေနဲ့ လမ်းတွေပေါ်က အပျက်အစီး အပိုင်းအစတွေကို ရှင်းဖို့အတွက် ဟောင်ကောင်ဒေသခံတွေကို အကူအညီပေးဖို့ လုပ်ခဲ့တာကြောင့် ဟောင်ကောင်အတိုက်အခံ လွှတ်တော်အမတ်တွေ အကြီးအကျယ် ဒေါသထွက်ခဲ့ကြပါတယ်။

ဟောင်ကောင်အစိုးရက တောင်းဆိုရင် တရုတ်စစ်တပ်အနေနဲ့ တရားဥပဒေစိုးမိုးရေးနဲ့ ဘေးကင်းလုံခြုံမှု ရှိဖို့အတွက် အကူအညီပေးဖို့ ခွင့်ပြုထားပါတယ်။ ဒါပေမယ့် ဟောင်ကောင်အစိုးရက သူတို့အနေနဲ့ အဲဒီလို တောင်းဆိုထားတာ မရှိဘူးလို့ ဆိုပါတယ်။

တရုတ်နိုင်ငံ ပြည်မကြီးကို တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းကို မကျေနပ်လို့အခုဆိုရင် ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေ ဖြစ်နေတာဟာ ၅ လကျော် ရှိသွားခဲ့ပြီဖြစ်ပါတယ်။

VOA Burmese
https://burmese.voanews.com
ေဟာင္ေကာင္တကၠသိုလ္မွာ ဆႏၵျပေက်ာင္းသားေတြနဲ႔ လံုၿခံဳေရး ထိပ္တိုက္ေတြ႔ ေဟာင္ေကာင္တကၠသိုလ္မွာ ဆႏၵျပေက်ာင္းသားေတြနဲ႔ လံုၿခံဳေရး ထိပ္တိုက္ေတြ႔ Reviewed by THITHTOOLWIN on 05:57 Rating: 5
Powered by Blogger.