လယ္ယာေျမမ်ားအားဟုန္ပန္းကုမၸဏီျခံခတ္သိမ္းယူမွဳ တာခ်ီလိတ္လယ္သမားမ်ားလက္မခံ

(Zawgyi)⤵⤵⤵
နို၀င္ဘာ ၁၇ ရက္ ၂၀၁၉

တာခ်ီလိတ္ၿမိဳ႕မွ မိုင္းဖုန္းအသြားလမ္းရွိ စက္မွဳဇံုနယ္ေျမအနီး လယ္ယာေျမမ်ားအား ဟုန္ပန္းကုမၸဏီမွ ျခံခတ္သိမ္းယူမွဳျပဳလုပ္ရာ ေဒသခံမ်ားလက္မခံဘဲ ျခံစည္းရိုးမ်ားအား ယေန႕သြားေရာက္ဖ်က္ဆီး လိုက္ေၾကာင္းသိရွိရသည္။

၂၀၁၉ နို၀င္ဘာ ၁၇ ရက္ နံနက္ပိုင္းက ဟုန္ပန္းကုမၸဏီက တာခ်ီလိတ္ၿမိဳ႕ ေဟာင္လိတ္ရပ္ကြက္ - ေဆခမ္း နွင့္ ၀မ္ေဟာင္အပိုင္း လယ္ယာေျမဧက ရာဂဏန္းအား သြားေရာက္ျခံခတ္မွဳျပဳလုပ္ခဲ့ေၾကာင္း၊ အဆိုပါ ကိစၥ လယ္ယာေျမပိုင္ရွင္မ်ားကလက္မခံဘဲ ဟုန္ပန္းကုမၸဏီခတ္သည့္ျခံစည္းရိုးမ်ားအားဖ်က္ဆီးပစ္ခဲ့ေၾကာင္း၊ အမွဳကိစၥမ်ားမၿပီးဘဲ ရပ္ကြက္အုပ္ခ်ဳပ္ေရးရံုးမွ ၿမိဳ႕နယ္ရံုးသို႕ သြားေရာက္ေျဖရွင္းေန ရေၾကာင္းၾကားသိရ သည္။

“ဒီကိစၥက်ေနာ့္အေနနဲ႕လဲ ေဒသခံလယ္သမားေတြကို သနားတယ္။ ဒီအပိုင္းဘဲမဟုတ္ဘူး အရင္ကတည္းက လည္းသိမ္းယူမွဳေတြေၾကာင့္အမ်ားႀကီးနစ္နာဆံုးရွဳံးခဲ့ရတယ္။ စစ္အစုိးရလက္ထက္ကသိမ္းယူတဲ့နယ္ေျမ ေတြ အသံုးမျပဳရင္ျပန္ေပးမယ္လို႕ သမၼတ ကလဲ ေျပာထားတယ္ေလ။ က်ေနာ္တို႕အတတ္နိုင္ဆံုး ကူညီ ေဆာင္ရြက္ေပးပါ့မယ္ ” - ဟု ေဟာင္လိတ္ အုပ္ခ်ဳပ္ေရးမွဴး စိုင္းခ်ံဳ ကေျပာသည္။

ထို႕အတူ သွ်မ္းျပည္နယ္အစုိးရ ၀န္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ကလည္း သိမ္းဆည္းထားသည့္လယ္ယာ ေျမ မ်ားအား အသံုးျပဳျခင္းမျပဳပါက ျပန္လည္ေပးအပ္မည္ဟု ၂၀၁၈ ခုနွစ္က ေျပာဆိုထားခဲ့ဖူးသည္။

အဆိုပါေျမမ်ားသည္ အစိုးရ ခ်မွတ္ေပးသည့္ ေျမေနရာျဖစ္သည့္အတြက္ ရာဘာခ်က္စက္ရံုတည္ ေဆာက္ရန္ လ်ာထားၿပီးျဖစ္ေၾကာင္း ကုမၸဏီဘက္မွ ေျပာဆိုသည္။

“ဒီေျမ ၊ ဒီလယ္က က်မတို႕ဟာ၊ အခု က အရင္စစ္အစိုးရေခတ္က နာမည္သိမ္းထားတယ္။ ဘာမွ အသံုးမျပဳခဲ့ဘူး။ က်မတို႕လဲ ဒီေျမေပၚမွာ မိသားစု ၀မ္းေရးအတြက္ဘဲ၊ ဘိုးဘြားေခတ္ကတည္းက ထြန္ယက္စိုက္ပ်ဳိးလာတာ ”- ဟု လယ္ေျမပိုင္ရွင္ နန္းရင္ ကေျပာသည္။
အဆိုပါ ေျမဧက ၆၀၀ ေက်ာ္အား ၁၉၉၈-၉၉ ခုနွစ္က စစ္အစိုးရ သိမ္းပိုက္ထားေၾကာင္း၊ စက္မွဳဇံုေျမေနရာ လည္း အဆိုပါလယ္ေျမထဲမွ ပါ၀င္ေၾကာင္း၊ ထုိ့္အတြက္အဆိုပါ လယ္ေျမမ်ားျပန္ရသည္အထိ တိုက္ပြဲ ၀င္ ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း လယ္သမားမ်ားက သံဓိဌာန္ျပဳထားသည္။

လက္ရွိလယ္ေျမမ်ားသိမ္းယူသည့္ ဟုန္ပန္း ကုမၸဏီသည္ ၀ တပ္ဖြဲ႕ပိုင္ဆိုင္သည့္ ကုမၸဏီျဖစ္ေၾကာင္း၊ လက္ရွိ ၄င္းတုိ႕ရံုးစိုက္ထားသည့္ ေျမေနရာသည္လည္း ၁၉၈၉ ၀တပ္ဖြဲ႕ ၿငိမ္းခ်မ္းေရး ယူၿပီး ေနာက္ပိုင္း ေတာင္ေကာ့နုိင္း၊ ေတာင္ေကာ့ေနာက္ နွင့္ ပါဆက္ ေက်းလက္ရြာသားမ်ားပိုင္ လယ္ယာေျမမ်ားအား စစ္အစိုးရမွ သိမ္းယူၿပီး ၄င္းတို႕အား ေပးအပ္ထားလိုက္ေၾကာင္း ေဒသခံမ်ားေျပာျပခ်က္အရသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
--------------
(Unicode)⤵⤵⤵

လယ်ယာမြေများအားဟုန်ပန်းကုမ္ပဏီခြံခတ်သိမ်းယူမှု တာချီလိတ်လယ်သမားများလက်မခံ

သျှမ်းသံတော်ဆင့် - ဟွမ်ဟိန်း
နိုဝင်ဘာ ၁၇ ရက် ၂၀၁၉

တာချီလိတ်မြို့မှ မိုင်းဖုန်းအသွားလမ်းရှိ စက်မှုဇုံနယ်မြေအနီး လယ်ယာမြေများအား ဟုန်ပန်းကုမ္ပဏီမှ ခြံခတ်သိမ်းယူမှုပြုလုပ်ရာ ဒေသခံများလက်မခံဘဲ ခြံစည်းရိုးများအား ယနေ့သွားရောက်ဖျက်ဆီး လိုက်ကြောင်းသိရှိရသည်။

၂၀၁၉ နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းက ဟုန်ပန်းကုမ္ပဏီက တာချီလိတ်မြို့ ဟောင်လိတ်ရပ်ကွက် - ဆေခမ်း နှင့် ဝမ်ဟောင်အပိုင်း လယ်ယာမြေဧက ရာဂဏန်းအား သွားရောက်ခြံခတ်မှုပြုလုပ်ခဲ့ကြောင်း၊ အဆိုပါ ကိစ္စ လယ်ယာမြေပိုင်ရှင်များကလက်မခံဘဲ ဟုန်ပန်းကုမ္ပဏီခတ်သည့်ခြံစည်းရိုးများအားဖျက်ဆီးပစ်ခဲ့ကြောင်း၊ အမှုကိစ္စများမပြီးဘဲ ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ မြို့နယ်ရုံးသို့ သွားရောက်ဖြေရှင်းနေ ရကြောင်းကြားသိရ သည်။

“ဒီကိစ္စကျနော့်အနေနဲ့လဲ ဒေသခံလယ်သမားတွေကို သနားတယ်။ ဒီအပိုင်းဘဲမဟုတ်ဘူး အရင်ကတည်းက လည်းသိမ်းယူမှုတွေကြောင့်အများကြီးနစ်နာဆုံးရှုံးခဲ့ရတယ်။ စစ်အစိုးရလက်ထက်ကသိမ်းယူတဲ့နယ်မြေ တွေ အသုံးမပြုရင်ပြန်ပေးမယ်လို့ သမ္မတ ကလဲ ပြောထားတယ်လေ။ ကျနော်တို့အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးပါ့မယ် ” - ဟု ဟောင်လိတ် အုပ်ချုပ်ရေးမှူး စိုင်းချုံ ကပြောသည်။

ထို့အတူ သျှမ်းပြည်နယ်အစိုးရ ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကလည်း သိမ်းဆည်းထားသည့်လယ်ယာ မြေ များအား အသုံးပြုခြင်းမပြုပါက ပြန်လည်ပေးအပ်မည်ဟု ၂၀၁၈ ခုနှစ်က ပြောဆိုထားခဲ့ဖူးသည်။

အဆိုပါမြေများသည် အစိုးရ ချမှတ်ပေးသည့် မြေနေရာဖြစ်သည့်အတွက် ရာဘာချက်စက်ရုံတည် ဆောက်ရန် လျာထားပြီးဖြစ်ကြောင်း ကုမ္ပဏီဘက်မှ ပြောဆိုသည်။

“ဒီမြေ ၊ ဒီလယ်က ကျမတို့ဟာ၊ အခု က အရင်စစ်အစိုးရခေတ်က နာမည်သိမ်းထားတယ်။ ဘာမှ အသုံးမပြုခဲ့ဘူး။ ကျမတို့လဲ ဒီမြေပေါ်မှာ မိသားစု ဝမ်းရေးအတွက်ဘဲ၊ ဘိုးဘွားခေတ်ကတည်းက ထွန်ယက်စိုက်ပျိုးလာတာ ”- ဟု လယ်မြေပိုင်ရှင် နန်းရင် ကပြောသည်။
အဆိုပါ မြေဧက ၆၀၀ ကျော်အား ၁၉၉၈-၉၉ ခုနှစ်က စစ်အစိုးရ သိမ်းပိုက်ထားကြောင်း၊ စက်မှုဇုံမြေနေရာ လည်း အဆိုပါလယ်မြေထဲမှ ပါဝင်ကြောင်း၊ ထို့်အတွက်အဆိုပါ လယ်မြေများပြန်ရသည်အထိ တိုက်ပွဲ ဝင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လယ်သမားများက သံဓိဌာန်ပြုထားသည်။

လက်ရှိလယ်မြေများသိမ်းယူသည့် ဟုန်ပန်း ကုမ္ပဏီသည် ၀ တပ်ဖွဲ့ပိုင်ဆိုင်သည့် ကုမ္ပဏီဖြစ်ကြောင်း၊ လက်ရှိ ၎င်းတို့ရုံးစိုက်ထားသည့် မြေနေရာသည်လည်း ၁၉၈၉ ဝတပ်ဖွဲ့ ငြိမ်းချမ်းရေး ယူပြီး နောက်ပိုင်း တောင်ကော့နိုင်း၊ တောင်ကော့နောက် နှင့် ပါဆက် ကျေးလက်ရွာသားများပိုင် လယ်ယာမြေများအား စစ်အစိုးရမှ သိမ်းယူပြီး ၎င်းတို့အား ပေးအပ်ထားလိုက်ကြောင်း ဒေသခံများပြောပြချက်အရသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လယ္ယာေျမမ်ားအားဟုန္ပန္းကုမၸဏီျခံခတ္သိမ္းယူမွဳ တာခ်ီလိတ္လယ္သမားမ်ားလက္မခံ လယ္ယာေျမမ်ားအားဟုန္ပန္းကုမၸဏီျခံခတ္သိမ္းယူမွဳ တာခ်ီလိတ္လယ္သမားမ်ားလက္မခံ Reviewed by THITHTOOLWIN on 06:06 Rating: 5
Powered by Blogger.