သမၼတအိမ္ျဖဴေတာ္ ဘတ္ဂ်က္ဌာန အဆင့္ျမင့္တာဝန္ရွိသူ လႊတ္ေတာ္မွာ ထြက္ဆို

လႊတ္ေတာ္ၾကားနာပြဲသုိ႔ ေရာက္ရွိလာသည့္ သမၼတအိမ္ျဖဴ ဘတ္ဂ်က္ဌာန အႀကီးတန္းအရာရွိ Mark Sandy. (ႏုိဝင္ဘာ ၁၆၊ ၂၀၁၉)

(Zawgyi / Unicode)

သမၼတအိမ္ျဖဴရဲ႕ ဘတ္ဂ်က္ဌာန အႀကီးတန္းအရာရွိတဦးျဖစ္တဲ့ Mark Sandy ဟာ သမၼတ Donald Trump အေပၚ တရားစြဲဆိုႏုိင္ေရး စံုစမ္းေနတဲ့ လႊတ္ေတာ္ၾကားနာပြဲမွာ မထြက္ဆိုခင္ စေနေန႔က လႊတ္ေတာ္စံုစမ္းေရးမွဴးေတြရဲ႕ တံခါးပိတ္ ေမးျမန္းမႈကို ေျဖၾကားဖို႔ သြားေရာက္ခဲ့ပါတယ္။

Mark Sandy ဟာ စီမံခန္႔ခြဲေရးနဲ႔ ဘတ္ဂ်က္ဌာနမွာ ကာလတာရွည္ တာဝန္ထမ္းေဆာင္ေနသူျဖစ္ၿပီး လႊတ္ေတာ္မွာ လာေရာက္ထြက္ဆိုဖို႔ ပထမဆံုး သြားေရာက္တဲ့ သမၼတအိမ္ျဖဴ အရာရွိလည္း ျဖစ္ပါတယ္။

သူ႔အရင္က သမၼတ Trump ခန္႔အပ္ထားသူ အရာရွိ ၃ ဦးကေတာ့ လႊတ္ေတာ္မွာ လာေရာက္ထြက္ဆိုဖို႔ ဆင့္ေခၚမႈကို ျငင္းဆိုခဲ့တာပါ။ Mark Sandy ကိုေတာ့ အခုလို လာေရာက္ထြက္ဆိုဖို႔ လႊတ္ေတာ္က ဆင့္ေခၚမႈ ရွိမရွိ မသိရေသးပါဘူး။

ၿပီးခဲ့တဲ့ ေႏြတုန္းက ယူကရိန္းကို အေမရိကန္က ေပးရမယ့္ စစ္ေရးအကူအညီ အေမရိကန္ေဒၚလာ သန္း ၄၀၀ ေလာက္ကို သမၼတ Trump က ဆိုင္းငံ့ထားၿပီး သူ႔ႏိုင္ငံေရးၿပိဳင္ဘက္ျဖစ္တဲ့ ဒုသမၼတေဟာင္း Joe Biden နဲ႔ သူ႔သားျဖစ္သူ Hunter Biden တို႔အေပၚ ယူကရိန္းက စံုစမ္းေပးဖို႔ အေပးအယူလုပ္ခဲ့မႈ ရွိမရွိ စံုစမ္းစစ္ေဆးမႈမွာ Sandy ဟာ တန္ဖိုးရွိတဲ့ အခ်က္အလက္ေတြကို ေပးႏုိင္သူ ျဖစ္ပါတယ္။

အေမရိကန္က ယူကရိန္းကို ေပးရမယ့္ အကူအညီ မေပးဖုိ႔ ဆိုင္းငံ့ခဲ့တဲ့ စာရြက္စာတမ္း အနည္းဆံုး တခုမွာ Sandy ရဲ႕လက္မွတ္ ပါေနတာပါ။

စံုစမ္းစစ္ေဆးသူေတြက ၂၀၁၆ အေမရိကန္သမၼတ ေရြးေကာက္ပြဲမွာ ဝင္ေႏွာက္သူဟာ ႐ုရွားမဟုတ္ဘဲ ယူကရိန္းျဖစ္ေၾကာင္း Trump နဲ႔ သူ႔မိတ္ေဆြေတြရဲ႕ ေျပာၾကားခ်က္ မွန္မမွန္လည္း စစ္ေဆးခ်င္ေနတာပါ။

--------------------------------

(Unicode)

သမ္မတအိမ်ဖြူတော် ဘတ်ဂျက်ဌာန အဆင့်မြင့်တာဝန်ရှိသူ လွှတ်တော်မှာ ထွက်ဆို

သမ္မတအိမ်ဖြူရဲ့ ဘတ်ဂျက်ဌာန အကြီးတန်းအရာရှိတဦးဖြစ်တဲ့ Mark Sandy ဟာ သမ္မတ Donald Trump အပေါ် တရားစွဲဆိုနိုင်ရေး စုံစမ်းနေတဲ့ လွှတ်တော်ကြားနာပွဲမှာ မထွက်ဆိုခင် စနေနေ့က လွှတ်တော်စုံစမ်းရေးမှူးတွေရဲ့ တံခါးပိတ် မေးမြန်းမှုကို ဖြေကြားဖို့ သွားရောက်ခဲ့ပါတယ်။

Mark Sandy ဟာ စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ဌာနမှာ ကာလတာရှည် တာဝန်ထမ်းဆောင်နေသူဖြစ်ပြီး လွှတ်တော်မှာ လာရောက်ထွက်ဆိုဖို့ ပထမဆုံး သွားရောက်တဲ့ သမ္မတအိမ်ဖြူ အရာရှိလည်း ဖြစ်ပါတယ်။

သူ့အရင်က သမ္မတ Trump ခန့်အပ်ထားသူ အရာရှိ ၃ ဦးကတော့ လွှတ်တော်မှာ လာရောက်ထွက်ဆိုဖို့ ဆင့်ခေါ်မှုကို ငြင်းဆိုခဲ့တာပါ။ Mark Sandy ကိုတော့ အခုလို လာရောက်ထွက်ဆိုဖို့ လွှတ်တော်က ဆင့်ခေါ်မှု ရှိမရှိ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ နွေတုန်းက ယူကရိန်းကို အမေရိကန်က ပေးရမယ့် စစ်ရေးအကူအညီ အမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက်ကို သမ္မတ Trump က ဆိုင်းငံ့ထားပြီး သူ့နိုင်ငံရေးပြိုင်ဘက်ဖြစ်တဲ့ ဒုသမ္မတဟောင်း Joe Biden နဲ့ သူ့သားဖြစ်သူ Hunter Biden တို့အပေါ် ယူကရိန်းက စုံစမ်းပေးဖို့ အပေးအယူလုပ်ခဲ့မှု ရှိမရှိ စုံစမ်းစစ်ဆေးမှုမှာ Sandy ဟာ တန်ဖိုးရှိတဲ့ အချက်အလက်တွေကို ပေးနိုင်သူ ဖြစ်ပါတယ်။

အမေရိကန်က ယူကရိန်းကို ပေးရမယ့် အကူအညီ မပေးဖို့ ဆိုင်းငံ့ခဲ့တဲ့ စာရွက်စာတမ်း အနည်းဆုံး တခုမှာ Sandy ရဲ့လက်မှတ် ပါနေတာပါ။

စုံစမ်းစစ်ဆေးသူတွေက ၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်နှောက်သူဟာရုရှားမဟုတ်ဘဲ ယူကရိန်းဖြစ်ကြောင်း Trump နဲ့ သူ့မိတ်ဆွေတွေရဲ့ ပြောကြားချက် မှန်မမှန်လည်း စစ်ဆေးချင်နေတာပါ။

VOA Burmese
https://burmese.voanews.com
သမၼတအိမ္ျဖဴေတာ္ ဘတ္ဂ်က္ဌာန အဆင့္ျမင့္တာဝန္ရွိသူ လႊတ္ေတာ္မွာ ထြက္ဆို သမၼတအိမ္ျဖဴေတာ္ ဘတ္ဂ်က္ဌာန အဆင့္ျမင့္တာဝန္ရွိသူ လႊတ္ေတာ္မွာ ထြက္ဆို Reviewed by THITHTOOLWIN on 05:55 Rating: 5
Powered by Blogger.