သန္လ်င္က အမႈိက္ေခ်ဖ်က္စက္ စမ္းသပ္လည္ပတ္

သန္လ်င္က အမႈိက္ေခ်ဖ်က္စက္

(Zawgyi/Unicode)

ျမန္မာႏုိင္ငံမွာ တေန႔တျခား မ်ားျပားလာေနတဲ့ အမႈိက္ျပႆနာကို ေျဖရွင္းဖို႔အတြက္ တေန႔ကုိ ပလပ္စတစ္အမႈိက္ တန္ခ်ိန္ ၂၀ ေခ်ဖ်က္ေပးႏုိင္ၿပီး သဘာဝပတ္ဝန္းက်င္ကို မထိခိုက္ေစတဲ့ အမႈိက္ေခ်ဖ်က္စက္ကို သန္လ်င္ သဘာဝတရားရိပ္သာမွာ စမ္းသပ္လည္ပတ္ေနပါၿပီ။ ဂ်ပန္ႏုိင္ငံက ေနာက္ဆုံးေပၚ နည္းပညာနဲ႔ တည္ေဆာက္ထားတဲ့ ဒီစက္ကုိေတာ့ သဘာဝတရားရိပ္သာ ဆရာေတာ္က သူ႔ကုိယ္ပုိင္ေငြနဲ႔ မတည္ တင္သြင္းခဲ့တာ ျဖစ္ပါတယ္။ သန္လ်င္မွာက်င္းပတဲ့ ဒီစက္လည္ပတ္ပုံ သရုပ္ျပပြဲကုိ ကိုယ္တုိင္ သတင္းသြားယူခဲ့တဲ့ ဗီြအုိေအသတင္းေထာက္ စုစုက တင္ဆက္ေပးမွာပါ။

ပလတ္စတစ္အမႈိက္ေတြကို စနစ္တက် စြန္႔ပစ္ဖုိ႔နဲ႔ ေခ်ဖ်က္ႏုိင္ဖို႔ဆိုတာ ျမန္မာျပည္မွာ တဆထက္တဆ မ်ားျပားလာတဲ့ အမႈိက္ျပႆနာေတြထဲက တခုပါ။ ဒီလိုအမႈိက္ျပႆနာကို ေျဖရွင္းဖို႔အတြက္ အရပ္ဘက္အဖြဲ႔အစည္းေတြကလည္း တႏုိင္တပုိင္ ေဆာင္ရြက္လာတာကို ေတြ႔ရပါတယ္။

သန္လ်င္သဘာဝ တရားရိပ္သာနဲ႔ ၁၅ေပ ရြာတဝိုက္က ပလတ္စတစ္အမႈိက္ေတြကို ရွင္းလင္းဖုိ႔အတြက္ သဘာဝပတ္ဝန္းက်င္ကို နည္းလမ္းတက် ထိန္းသိမ္းေပးႏုိင္တဲ့ အမႈိက္ေခ်ဖ်က္စက္ကုိ သန္လ်င္သဘာဝ တရားရိပ္သာမွာ စတင္လည္ပတ္ေနပါၿပီ။

လတ္တေလာမွာေတာ့ ဒီအမႈိက္ေခ်ဖ်က္စက္ဟာ ရိပ္သာဝန္းက်င္မွာရွိတဲ့ အမႈိက္ေတြကိုသာ ရွင္းလင္းေပးႏုိင္မွာ ျဖစ္ေပမယ့္ တႏုိင္ငံလံုးမွာရွိတဲ့ အမႈိက္ျပႆနာကို ရွင္းလင္းတဲ့ေနရာမွာ စံျပအေနနဲ႔ ဆရာေတာ္ႀကီးက ရည္ရြယ္လုပ္ေဆာင္ခဲ့တာလို႔ သဘာဝတရားရိပ္သာရဲ႕ ေငြေရးေၾကးေရးနဲ႔ ပစၥည္းထိန္းသိမ္းေရးအပိုင္း တာဝန္ရွိသူ ဆရာေလး ေဒၚေမဓာဝီက ေျပာပါတယ္။

“အမႈိက္ေတြက ကိုယ့္ပတ္ဝန္းက်င္မွာေတာင္ အရမ္းမ်ားေနတယ္ေပါ့ေနာ္။ ေက်ာင္းပတ္ဝန္းက်င္မွာေတာင္ ေတာ္ေတာ္ကိုမ်ားေနတာ။ မ်ားတယ္ဆိုေတာ့ သြားေနလာေနလည္း လမ္းေတြမွာ ျမင္ေတြ႕ေနရတယ္ေလ။ ျမင္ေတြ႕ေနရတဲ့အခါက်ေတာ့ တႏုိင္ငံလံုးအတိုင္းအတာနဲ႔ ယွဥ္လုိက္ရင္ေတာ့ ဒီစက္ေလးက ဘာမွမဟုတ္ဘူး။ ဒါေပမယ့္ ေျပာမယ္ဆုိရင္ စံျပတခုအေနနဲ႔ စလုပ္လုိက္တာေပါ့။ စံျပတခုအေနနဲ႔ ဆရာေတာ္ႀကီးက ဒီပလတ္စတစ္ေတြဟာ တုိ႔ပတ္ဝန္းက်င္မွာ အရမ္းႀကီးကုိ ရုပ္ဆုိးအက်ဥ္းတန္ေနတယ္။ ဒါကို ငါတို႔ဘယ္လိုစၿပီးေတာ့ လုပ္လုိ႔ရမလဲ ေျခတလွမ္း စလွမ္းလိုက္တာေပါ့။”

ျမန္မာေငြက်ပ္ သိန္း ၃၀၀၀ နီးပါးက်သင့္တဲ့ ဒီအမႈိက္ေခ်ဖ်က္စက္ကို ဂ်ပန္ႏိုင္ငံက မွာယူတာျဖစ္ၿပီး ၂၄ နာရီလည္ပတ္ၿပီး တေန႔ကို တန္ခ်ိန္ ၂၀ ေခ်ဖ်က္ေပးႏုိင္တာပါ။ ဒီအမႈိက္ေခ်ဖ်က္စက္က ျပာမႈန္ အနည္းငယ္သာထြက္ၿပီး ထြက္လာတဲ့ျပာမႈန္ကိုလည္း အုပ္လုပ္တဲ့ေနရာမွာ သံုးႏုိင္တာေၾကာင့္ အေလအလြင့္မရွိဘဲ သဘာဝပတ္ဝန္းက်င္ကို ထိခိုက္မႈမရွိဘူးလို႔ ဂ်ပန္ႏုိင္ငံက နည္းပညာေတြကုိ လႊဲေျပာင္း တင္သြင္းေပးေနတဲ့ Salika Limited ရဲ႕ ျမန္မာျပည္ပုိင္းဆိုင္ရာ ဒါရိုက္တာ ဦးထြန္းေအာင္ေက်ာ္က ေျပာပါတယ္။

“ဆရာေတာ္က ပတ္ဝန္းက်င္နဲ႔ ပတ္သက္လို႔ အရမ္းသတိထားတယ္ေလ။ ဆုိေတာ့ ဒီအမႈိက္စက္ဆိုလို႔ရွိရင္လည္း မီးခိုး မထြက္ဘူး။ ေနာက္ၿပီးေတာ့ Toxin တို႔ဘာတို႔ အဆိပ္အေတာက္ေတြလည္း မထြက္ဘူးေပါ့ေနာ္။ အဲလိုထိန္းႏုိင္တယ္။ ေနာက္ၿပီးေတာ့ ေလာင္စာကိုလည္း သူကထည့္စရာမလုိဘဲ သူ႔ဟာသူ ေခ်ဖ်က္သြားတာေပါ့ေနာ္၊ အပူနဲ႔။ ဆုိေတာ့ အဲဒီလိုဟာမ်ိဳး ဆရာေတာ္က သေဘာက်တယ္ေပါ့ေနာ္။ သေဘာက်တယ္ဆိုေတာ့ နမူနာအေနနဲ႔ ဗမာျပည္မွာ ဒီစက္တခုကို ဆရာေတာ္က စၿပီးေတာ့ တည္ေထာင္ေပးတဲ့သေဘာပါ။”

အခုလို အမႈိက္ေခ်ဖ်က္စက္ တပ္ဆင္ဖုိ႔အတြက္ ဂ်ပန္ႏုိင္ငံက ပညာရွင္ေတြနဲ႔ အႀကိမ္ႀကိမ္တုိင္ပင္ၿပီး ျမန္မာျပည္က အမႈိက္ေတြနဲ႔ကိုက္ညီတဲ့ ေခ်ဖ်က္စနစ္ကုိ ရဖုိ႔အတြက္ အၾကံေပးခဲ့တဲ့ ပေရာ္ဖက္ဆာ ရွဴးအိရွိ ယိုကုိယာမာက ျမန္မာျပည္မွာ အမႈိက္သယ္ယူတဲ့စနစ္ကုိ ေသခ်ာမလုပ္ထားဘူးလို႔ ဆုိပါတယ္။

“ဂ်ပန္မွာက တိုက္ဆုိလည္း တုိက္စုရပ္၊ ရပ္ကြက္ဆုိလည္း ရပ္ကြက္စုရပ္ရွိတယ္။ အမႈိက္ပစ္ဖုိ႔အတြက္။ အမႈိက္သယ္တဲ့ကားေတြက အဲဒီစုရပ္ကုိလာၿပီး သယ္တဲ့အခါမွာလည္း အမႈိက္အစုိ၊ အေျခာက္ဆုိၿပီး ခြဲျခားၿပီးသယ္တယ္။ ျမန္မာျပည္မွာကေတာ့ အမႈိက္သယ္ယူတဲ့စနစ္ ေသခ်ာလုပ္ထားတာ မေတြ႔ရဘူး။ လူတိုင္းက ဒီလုိပဲပစ္ေနၾကတာ ေတြ႔ရတယ္။”

ပလတ္စတစ္အမႈိက္ျပႆနာကို ေျဖရွင္းဖုိ႔အတြက္ အစုိးရမွာသာမကပဲ ျပည္သူေတြမွာလည္း တာဝန္ရွိတာေၾကာင့္ သဘာဝတရားရိပ္သာ အေနနဲ႔လည္း တႏုိင္တပုိင္ ေဆာင္ရြက္ေနတာလို႔ ဆရာေလး ေဒၚေမဓာဝီက ေျပာပါတယ္။

“လူသားအက်ိဳးျပဳလုပ္ငန္းမွာ အစုိးရမွ မဟုတ္ဘူး။ လူတိုင္းလုိက္လုပ္ႏုိင္ရမယ္။ ဆရာေလးေျပာတာ အမႈိက္ကို ကုိယ္တိုင္ပစ္ႏုိင္သလို ကိုယ္တိုင္လည္း ေကာက္ႏုိင္ရမယ္။ ဒါအဓိကက်တဲ့အခ်က္။ အစုိးရဆိုတာ ျပည္သူကဖြဲ႕ေပးထားတဲ့ အစိုးရေလ။ အဲေတာ့ အစုိးရကိုခ်ည္းပဲ ပံုခ်ရတာ သိပ္သဘာဝ မက်ဘူး။ ပစ္တဲ့လူရွိလို႔ သိမ္းေနရတာ။ ဒီပစ္တဲ့သူေတြက ကိုယ့္ဟာကုိယ္ keep လုပ္ႏုိင္လို႔ရွိရင္ ဒါႀကီးက ဒီေလာက္မ်ားစရာ အေၾကာင္းမရွိဘူး။ ဒါေပမယ့္လည္း ၅၀၊ ၅၀ ေပါ့။ ျပည္သူမွာ ၅၀ တာဝန္ရွိသလုိ အစုိးရမွာ ၅၀ တာဝန္ရွိတယ္။”

လူေတြစြန္႔ပစ္လိုက္တဲ့ ပလတ္စတစ္အမႈိက္ေတြဟာ သဘာဝအေလ်ာက္ ပ်က္ဆီး ယုိယြင္းသြားျခင္း မရွိဘဲ ႏွစ္ေပါင္းမ်ားစြာ တည္ရွိေနတာေၾကာင့္ သဘာဝပတ္ဝန္းက်င္ကုိ ထိခိုက္ေစရံုသာမကပဲ ေရေနသတၱဝါေတြ ရွင္သန္ေရးအတြက္လည္း အဟန္႔အတားျဖစ္လို႔ ေနပါတယ္။ ဒါေၾကာင့္လည္း ပလပ္စတစ္ စြန္႔ပစ္အမႈိက္ေတြကုိ ကမၻာတဝွမ္း ႀကီးမားတဲ့ျပႆနာႀကီးတခုအျဖစ္ သဘာဝပတ္၀န္းက်င္ ထိန္းသိမ္းေရးအဖြဲ႔ေတြက ရႈျမင္လာၾကတာပါ။

ျမန္မာႏုိင္ငံရဲ႕ လူဦးေရအထူထပ္ဆံုးျဖစ္တဲ့ ရန္ကုန္ၿမိဳ႕မွာ လူေတြရဲ႕ပလတ္စတစ္ စြန္႔ပစ္မႈဟာ တရက္ကို တန္ ၃၀၀ ရွိေနၿပီး၊ ပလတ္စတစ္အမႈိက္ ၀.၈ ကီလိုကို ေန႔စဥ္စြန္႔ပစ္ေနတယ္လို႔ ပလတ္စတစ္ေလွ်ာ့ခ်ေရး လႈပ္ရွားေနတဲ့ သန္႔ျမန္မာအဖြဲ႔က ထုတ္ျပန္ထားပါတယ္။

ပလတ္စတစ္အမ်ိဳးအစားေတြက ႏွစ္ေပါင္း ၂၀၀၀ ၾကာတဲ့အထိ မပ်က္စီးဘဲ တည္ရွိေနၿပီး၊ ေကာင္းက်ိဳးမရွိတဲ့ ဒီအမႈိက္ေတြကို ေလွ်ာ့ခ်ႏုိင္ဖုိ႔အတြက္ ကမာၻတဝွမ္း လႈပ္ရွားေဆာင္ရြက္ေနၾကပါတယ္။

[Unicode Version]

သန္လျင်က အမှိုက်ချေဖျက်စက် စမ်းသပ်လည်ပတ်

မြန်မာနိုင်ငံမှာ တနေ့တခြား များပြားလာနေတဲ့ အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် တနေ့ကို ပလပ်စတစ်အမှိုက် တန်ချိန် ၂၀ ချေဖျက်ပေးနိုင်ပြီး သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေတဲ့ အမှိုက်ချေဖျက်စက်ကို သန်လျင် သဘာဝတရားရိပ်သာမှာ စမ်းသပ်လည်ပတ်နေပါပြီ။ ဂျပန်နိုင်ငံက နောက်ဆုံးပေါ် နည်းပညာနဲ့ တည်ဆောက်ထားတဲ့ ဒီစက်ကိုတော့ သဘာဝတရားရိပ်သာ ဆရာတော်က သူ့ကိုယ်ပိုင်ငွေနဲ့ မတည် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ သန်လျင်မှာကျင်းပတဲ့ ဒီစက်လည်ပတ်ပုံ သရုပ်ပြပွဲကို ကိုယ်တိုင် သတင်းသွားယူခဲ့တဲ့ ဗွီအိုအေသတင်းထောက် စုစုက တင်ဆက်ပေးမှာပါ။

ပလတ်စတစ်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့နဲ့ ချေဖျက်နိုင်ဖို့ဆိုတာ မြန်မာပြည်မှာ တဆထက်တဆ များပြားလာတဲ့ အမှိုက်ပြဿနာတွေထဲက တခုပါ။ ဒီလိုအမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် အရပ်ဘက်အဖွဲ့အစည်းတွေကလည်း တနိုင်တပိုင် ဆောင်ရွက်လာတာကို တွေ့ရပါတယ်။

သန်လျင်သဘာဝ တရားရိပ်သာနဲ့ ၁၅ပေ ရွာတဝိုက်က ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းဖို့အတွက် သဘာဝပတ်ဝန်းကျင်ကို နည်းလမ်းတကျ ထိန်းသိမ်းပေးနိုင်တဲ့ အမှိုက်ချေဖျက်စက်ကို သန်လျင်သဘာဝ တရားရိပ်သာမှာ စတင်လည်ပတ်နေပါပြီ။

လတ်တလောမှာတော့ ဒီအမှိုက်ချေဖျက်စက်ဟာ ရိပ်သာဝန်းကျင်မှာရှိတဲ့ အမှိုက်တွေကိုသာ ရှင်းလင်းပေးနိုင်မှာ ဖြစ်ပေမယ့် တနိုင်ငံလုံးမှာရှိတဲ့ အမှိုက်ပြဿနာကို ရှင်းလင်းတဲ့နေရာမှာ စံပြအနေနဲ့ ဆရာတော်ကြီးက ရည်ရွယ်လုပ်ဆောင်ခဲ့တာလို့ သဘာဝတရားရိပ်သာရဲ့ ငွေရေးကြေးရေးနဲ့ ပစ္စည်းထိန်းသိမ်းရေးအပိုင်း တာဝန်ရှိသူ ဆရာလေး ဒေါ်မေဓာဝီက ပြောပါတယ်။

“အမှိုက်တွေက ကိုယ့်ပတ်ဝန်းကျင်မှာတောင် အရမ်းများနေတယ်ပေါ့နော်။ ကျောင်းပတ်ဝန်းကျင်မှာတောင် တော်တော်ကိုများနေတာ။ များတယ်ဆိုတော့ သွားနေလာနေလည်း လမ်းတွေမှာ မြင်တွေ့နေရတယ်လေ။ မြင်တွေ့နေရတဲ့အခါကျတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်လိုက်ရင်တော့ ဒီစက်လေးက ဘာမှမဟုတ်ဘူး။ ဒါပေမယ့် ပြောမယ်ဆိုရင် စံပြတခုအနေနဲ့ စလုပ်လိုက်တာပေါ့။ စံပြတခုအနေနဲ့ ဆရာတော်ကြီးက ဒီပလတ်စတစ်တွေဟာ တို့ပတ်ဝန်းကျင်မှာ အရမ်းကြီးကို ရုပ်ဆိုးအကျဉ်းတန်နေတယ်။ ဒါကို ငါတို့ဘယ်လိုစပြီးတော့ လုပ်လို့ရမလဲ ခြေတလှမ်း စလှမ်းလိုက်တာပေါ့။”

မြန်မာငွေကျပ် သိန်း ၃၀၀၀ နီးပါးကျသင့်တဲ့ ဒီအမှိုက်ချေဖျက်စက်ကို ဂျပန်နိုင်ငံက မှာယူတာဖြစ်ပြီး ၂၄ နာရီလည်ပတ်ပြီး တနေ့ကို တန်ချိန် ၂၀ ချေဖျက်ပေးနိုင်တာပါ။ ဒီအမှိုက်ချေဖျက်စက်က ပြာမှုန် အနည်းငယ်သာထွက်ပြီး ထွက်လာတဲ့ပြာမှုန်ကိုလည်း အုပ်လုပ်တဲ့နေရာမှာ သုံးနိုင်တာကြောင့် အလေအလွင့်မရှိဘဲ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိဘူးလို့ ဂျပန်နိုင်ငံက နည်းပညာတွေကို လွှဲပြောင်း တင်သွင်းပေးနေတဲ့ Salika Limited ရဲ့ မြန်မာပြည်ပိုင်းဆိုင်ရာ ဒါရိုက်တာ ဦးထွန်းအောင်ကျော်က ပြောပါတယ်။

“ဆရာတော်က ပတ်ဝန်းကျင်နဲ့ ပတ်သက်လို့ အရမ်းသတိထားတယ်လေ။ ဆိုတော့ ဒီအမှိုက်စက်ဆိုလို့ရှိရင်လည်း မီးခိုး မထွက်ဘူး။ နောက်ပြီးတော့ Toxin တို့ဘာတို့ အဆိပ်အတောက်တွေလည်း မထွက်ဘူးပေါ့နော်။ အဲလိုထိန်းနိုင်တယ်။ နောက်ပြီးတော့ လောင်စာကိုလည်း သူကထည့်စရာမလိုဘဲ သူ့ဟာသူ ချေဖျက်သွားတာပေါ့နော်၊ အပူနဲ့။ ဆိုတော့ အဲဒီလိုဟာမျိုး ဆရာတော်က သဘောကျတယ်ပေါ့နော်။ သဘောကျတယ်ဆိုတော့ နမူနာအနေနဲ့ ဗမာပြည်မှာ ဒီစက်တခုကို ဆရာတော်က စပြီးတော့ တည်ထောင်ပေးတဲ့သဘောပါ။”

အခုလို အမှိုက်ချေဖျက်စက် တပ်ဆင်ဖို့အတွက် ဂျပန်နိုင်ငံက ပညာရှင်တွေနဲ့ အကြိမ်ကြိမ်တိုင်ပင်ပြီး မြန်မာပြည်က အမှိုက်တွေနဲ့ကိုက်ညီတဲ့ ချေဖျက်စနစ်ကို ရဖို့အတွက် အကြံပေးခဲ့တဲ့ ပရော်ဖက်ဆာ ရှူးအိရှိ ယိုကိုယာမာက မြန်မာပြည်မှာ အမှိုက်သယ်ယူတဲ့စနစ်ကို သေချာမလုပ်ထားဘူးလို့ ဆိုပါတယ်။

“ဂျပန်မှာက တိုက်ဆိုလည်း တိုက်စုရပ်၊ ရပ်ကွက်ဆိုလည်း ရပ်ကွက်စုရပ်ရှိတယ်။ အမှိုက်ပစ်ဖို့အတွက်။ အမှိုက်သယ်တဲ့ကားတွေက အဲဒီစုရပ်ကိုလာပြီး သယ်တဲ့အခါမှာလည်း အမှိုက်အစို၊ အခြောက်ဆိုပြီး ခွဲခြားပြီးသယ်တယ်။ မြန်မာပြည်မှာကတော့ အမှိုက်သယ်ယူတဲ့စနစ် သေချာလုပ်ထားတာ မတွေ့ရဘူး။ လူတိုင်းက ဒီလိုပဲပစ်နေကြတာ တွေ့ရတယ်။”

ပလတ်စတစ်အမှိုက်ပြဿနာကို ဖြေရှင်းဖို့အတွက် အစိုးရမှာသာမကပဲ ပြည်သူတွေမှာလည်း တာဝန်ရှိတာကြောင့် သဘာဝတရားရိပ်သာ အနေနဲ့လည်း တနိုင်တပိုင် ဆောင်ရွက်နေတာလို့ ဆရာလေး ဒေါ်မေဓာဝီက ပြောပါတယ်။

“လူသားအကျိုးပြုလုပ်ငန်းမှာ အစိုးရမှ မဟုတ်ဘူး။ လူတိုင်းလိုက်လုပ်နိုင်ရမယ်။ ဆရာလေးပြောတာ အမှိုက်ကို ကိုယ်တိုင်ပစ်နိုင်သလို ကိုယ်တိုင်လည်း ကောက်နိုင်ရမယ်။ ဒါအဓိကကျတဲ့အချက်။ အစိုးရဆိုတာ ပြည်သူကဖွဲ့ပေးထားတဲ့ အစိုးရလေ။ အဲတော့ အစိုးရကိုချည်းပဲ ပုံချရတာ သိပ်သဘာဝ မကျဘူး။ ပစ်တဲ့လူရှိလို့ သိမ်းနေရတာ။ ဒီပစ်တဲ့သူတွေက ကိုယ့်ဟာကိုယ် keep လုပ်နိုင်လို့ရှိရင် ဒါကြီးက ဒီလောက်များစရာ အကြောင်းမရှိဘူး။ ဒါပေမယ့်လည်း ၅၀၊ ၅၀ ပေါ့။ ပြည်သူမှာ ၅၀ တာဝန်ရှိသလို အစိုးရမှာ ၅၀ တာဝန်ရှိတယ်။”

လူတွေစွန့်ပစ်လိုက်တဲ့ ပလတ်စတစ်အမှိုက်တွေဟာ သဘာဝအလျောက် ပျက်ဆီး ယိုယွင်းသွားခြင်း မရှိဘဲ နှစ်ပေါင်းများစွာ တည်ရှိနေတာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေရုံသာမကပဲ ရေနေသတ္တဝါတွေ ရှင်သန်ရေးအတွက်လည်း အဟန့်အတားဖြစ်လို့ နေပါတယ်။ ဒါကြောင့်လည်း ပလပ်စတစ် စွန့်ပစ်အမှိုက်တွေကို ကမ္ဘာတဝှမ်း ကြီးမားတဲ့ပြဿနာကြီးတခုအဖြစ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေက ရှုမြင်လာကြတာပါ။

မြန်မာနိုင်ငံရဲ့ လူဦးရေအထူထပ်ဆုံးဖြစ်တဲ့ ရန်ကုန်မြို့မှာ လူတွေရဲ့ပလတ်စတစ် စွန့်ပစ်မှုဟာ တရက်ကို တန် ၃၀၀ ရှိနေပြီး၊ ပလတ်စတစ်အမှိုက် ဝ.၈ ကီလိုကို နေ့စဉ်စွန့်ပစ်နေတယ်လို့ ပလတ်စတစ်လျှော့ချရေး လှုပ်ရှားနေတဲ့ သန့်မြန်မာအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပလတ်စတစ်အမျိုးအစားတွေက နှစ်ပေါင်း ၂၀၀၀ ကြာတဲ့အထိ မပျက်စီးဘဲ တည်ရှိနေပြီး၊ ကောင်းကျိုးမရှိတဲ့ ဒီအမှိုက်တွေကို လျှော့ချနိုင်ဖို့အတွက် ကမ္ဘာတဝှမ်း လှုပ်ရှားဆောင်ရွက်နေကြပါတယ်။

စုစု/ VOA Burmese
https://burmese.voanews.com
သန္လ်င္က အမႈိက္ေခ်ဖ်က္စက္ စမ္းသပ္လည္ပတ္ သန္လ်င္က အမႈိက္ေခ်ဖ်က္စက္ စမ္းသပ္လည္ပတ္ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.