လမ္းေၾကာင္းေပ်ာက္ေနတဲ့ ျမန္မာျပည္ကလူ႔အခြင့္အေရး လႈပ္ရွားသူေတြ ဆုခ်ီးျမႇင့္ခံရ

 လူမႈသဟဇာတ ျဖစ္ေစဖို႔ အဆိုးျမင္စိတ္ေတြေလွ်ာ့ၿပီး အေကာင္းျမင္စိတ္ ေမြးဖို႔ ကိုသက္ေဆြ၀င္းက တိုက္တြန္းထား
(Zawgyi)⤵⤵⤵
၂၀၁၉ အတြက္ Human Rights Tulip လူ႔အခြင့္အေရး ဆိုင္ရာ နယ္သာလန္ႏိုင္ငံက ခ်ီးျမႇင့္တဲ့ ဆုကို ျမန္မာ ႏိုင္ငံက လူပုဂၢိဳလ္ တေယာက္နဲ႔ အဖြဲ႕အစည္း တခုတို႔က အသီးသီး ဆြတ္ခူး ရရွိခဲ့ပါတယ္။

လြန္ခဲ့တဲ့ ၂ႏွစ္ေလာက္တုန္းက Synergy ဆိုတဲ့ လူမႈ သဟဇာတ ေဖာ္ေဆာင္ေရး အဖြဲ႕ကို တည္ေထာင္ လႈပ္ရွားသူ ကိုသက္ေဆြ၀င္း နဲ႔ အမ်ိဳးသမီး အေရးကို ၿပီးခဲ့တဲ့ ဆယ္စုႏွစ္ ၂ခုၾကာ ေဆာင္႐ြက္ေပးခဲ့တဲ့ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္(ျမန္မာ)WLB တို႔ကို ေငြသားေဒၚလာ တေသာင္းဆုနဲ႔ ေၾကး႐ုပ္ထု တို႔ လာမယ့္ ဒီဇင္ဘာ ၁၂ ရက္ေန႔မွာ အခမ္းအနားနဲ႔ ေပးအပ္မွာ ျဖစ္ပါတယ္။

ကမာၻ႔ႏိုင္ငံ အသီးသီးက လူ႔အခြင့္အေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ အမ်ိဳးသမီး အေရးတို႔ကို တီထြင္ ဖန္တီးမႈ အစြမ္းနဲ႔ ျဖည့္ဆည္း ေဆာင္႐ြက္သူေတြကို နယ္သာလန္ ႏိုင္ငံက Human Rights Tulip လူ႔အခြင့္အေရး ဆု ႏွစ္စဥ္ ခ်ီးျမႇင့္လာတာ ၂၀၀၇-၂၀၀၈ ခုႏွစ္ ကတည္းက ျဖစ္ပါတယ္။
Human Rights Tulip ဟာ လူ႔အခြင့္အေရး ကာကြယ္ေစာင့္ေရွာက္သူေတြနဲ႔ လူ႔အခြင့္အေရး လႈပ္ရွားတဲ့ အဖြဲ႕ေတြကို ေပးအပ္တဲ့ ဆုျဖစ္

လူ႔အခြင့္ အေရးနဲ႔ ဒီမိုကေရစီ ျဖစ္စဥ္မွာ လူသားအားလုံး ႏိုင္ငံသားတိုင္း ပါဝင္ႏိုင္ေအာင္ လုပ္ေဆာင္ေပးခဲ့လို႔ အခုလို ခ်ီးျမႇင့္ခံခဲ့ရတာလို႔ အေၾကာင္းၾကားစာမွာ ေဖာ္ျပထားေၾကာင္း ဆုရရွိမႈ နဲ႔ ပတ္သက္လို႔ ကိုသက္ေဆြဝင္း ရွင္းျပခဲ့ပါတယ္။

အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္(ျမန္မာ)WLB အေနနဲ႔လည္း ပဋိပကၡ စစ္မက္ ျဖစ္ပြားရာနယ္ေျမမွာ အမ်ိဳးသမီးေတြ လိင္ပိုင္း ဆိုင္ရာ အၾကမ္းဖက္ ခံရမႈကို ေဖာ္ထုတ္ကာ ကမာၻမွာ အသိေပး ႏိုင္ခဲ့လို႔ ဒီဆု ခ်ီးျမႇင့္ ခံခဲ့ရတာလို႔ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္(ျမန္မာ) ရဲ႕ အေထြေထြ အတြင္းေရးမႉးျဖစ္တဲ့ ကရင္ အမ်ိဳးသမီး ေနာ္ဆဲဆဲ က ေျပာပါတယ္။

 ျမန္မာႏိုင္ငံ အမ်ိဳးသမီးမ်ားအဖြဲ႕ခ်ဳပ္ အတြင္း တိုင္းရင္းသား ေပါင္းစုံ အမ်ိဳးသမီး အဖြဲ႕အစည္းေတြ ပါဝင္လို႔ အမ်ိဳးသမီးေတြရဲ႕ အသံ ထင္ဟပ္ေစတယ္လို႔ ေနာ္ဆဲဆဲ က ေျပာ

တသီးပုဂၢလ အေနနဲ႔ ဆုခ်ီးျမႇင့္ခံခဲ့ရတဲ့ ကိုသက္ေဆြ၀င္း ဟာ အရင္က လူမ်ိဳးစြဲ ဘာသာစြဲ ရွိသူ တေယာက္ ျဖစ္ခဲ့ၿပီး လူမ်ိဳးေပါင္းစုံ ဘာသာေပါင္းစုံ အတူယွဥ္တြဲ ေနထိုင္ၾကတဲ့ စင္ကာပူမွာ ၂၀၀၈ ကေန ၂၀၁၀ အထိ ေနထိုင္ခဲ့တဲ့အခါမွာ သူ႔အသိအျမင္ေတြ ေျပာင္းသြားခဲ့တယ္လို႔ သူက ဆိုပါတယ္။

ေလာကႀကီးမွာ လူေကာင္းနဲ႔ လူဆိုးဘဲ ရွိၿပီး ဘာသာေရး လူမ်ိဳးေရးအေပၚ အေျခခံၿပီး ခြဲျခားမႈ မရွိသင့္ဘူး ဆိုတာ သိလာရတယ္လို႔ သူက ေျပာပါတယ္။

သူ႔အေနနဲ႔ လူမႈအဖြဲ႕အစည္း အတြင္း တေယာက္နဲ႔ တေယာက္ တဖြဲ႕နဲ႔ တဖြဲ႕ၾကား အမုန္းတရား အာဃာတေတြ မျမင္လိုတဲ့ အတြက္ ၂၀၁၂ ကစလို႔ လူမ်ိဳးေရး ဘာသာေရး ပဋိပကၡေတြ မျဖစ္ေအာင္ ႀကိဳးစားရင္း ဒီအေရးမွာ တက္ႂကြစြာ ပါဝင္လာခဲ့တာလို႔ သူက ေျပာပါတယ္။

လက္ရွိ ျမန္မာႏိုင္ငံမွာ အခုလပိုင္းေတြ အတြင္း လူမ်ိဳးေရး ဘာသာေရး ပဋိပကၡ ျဖစ္ေပၚမႈ မရွိဘဲ ၿငိမ္ေနတာနဲ႔ ပတ္သက္လို႔ ဒါဟာ ခဏသာ ျဖစ္တာလို႔ ထင္ျမင္ေၾကာင္း ၊ ႏိုင္ငံတကာ ဖိအားေတြေၾကာင့္ ႏိုင္ငံအႀကီးအကဲေတြက ဘာသာေရး လူမ်ိဳးေရးကို အာ႐ုံထား လုပ္ေဆာင္ လာၾကတာ ေတြ႕ရေၾကာင္း ၊ မလုပ္မျဖစ္ ဖိအားေတြေၾကာင့္ လုပ္ေဆာင္ေနၾကတာသာ ျဖစ္ေၾကာင္း ၊ ရင္ထဲက မပါတဲ့ တန္းတူညီမွ်မႈ မေပးခ်င္တာမ်ိဳးေတြ မရွိသင့္ေတာ့ဘဲ ေခါင္းေဆာင္ေတြ ကိုယ္တိုင္က ရင္ထဲက ပါတဲ့ ေျပာင္းလဲမႈေတြ လုပ္ေဆာင္ေပးသင့္ေၾကာင္း ၊ ဒါမွသာ ေရရွည္ တည္တံ့တဲ့ ၿငိမ္းခ်မ္းမႈေတြ ေပၚေပါက္လာႏိုင္မွာ ျဖစ္ေၾကာင္း ကိုသက္ေဆြ၀င္းက ရွင္းျပခဲ့ပါတယ္။
အမုန္းတရား အာဃာတေတြ မ်ားေနၿပီး မနာလိုမႈ သဝန္တိုမႈေတြ မ်ားေနသေ႐ြ႕ ေအာင္ျမင္တဲ့ လူ႔အဖြဲ႕အစည္း တည္ေဆာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ဆို

ျမန္မာႏိုင္ငံ လြတ္လပ္ေရး ေၾကညာ စာတမ္းမွာ ၾကည့္ရင္ ဘာသာ လူမ်ိဳး မခြဲျခားဘူးလို႔ ေဖာ္ျပထားသလို ႏိုင္ငံေတာ္ သီခ်င္းမွာ ဆိုရင္လည္း တရားမွ်တ လြတ္လပ္ဖို႔ တန္းတူညီမွ် ရွိဖို႔ ကိစၥေတြ ပါ၀င္ေပမယ့္ ခုႏွစ္ပိုင္းေတြ အတြင္း လူမ်ိဳးေရး ဘာသာေရး ခြဲျခားမႈေတြ ႀကဳံရတဲ့ အခါတိုင္း သူ႔အေနနဲ႔ စိတ္မေကာင္းျဖစ္ရေၾကာင္း ၊ ပဋိပကၡ ျဖစ္ေပၚတဲ့အခါတိုင္း သူ႔အေနနဲ႔ သြားေရာက္ ကူညီတဲ့ အခါတိုင္း ေအာင္ျမင္တာေတြ ရွိခဲ့ေပမယ့္ ဒါေတြကိုၾကည့္ ေက်နပ္အားရ လုပ္မေနႏိုင္ဘဲ စနစ္တခုလုံး မေျပာင္းႏိုင္သေ႐ြ႕ ေက်နပ္မႈ ရွိမွာ မဟုတ္သလို လူ႔အဖြဲ႕အစည္း တခုလုံးက စိတ္ဓါတ္ပိုင္းဆိုင္ရာ ခြၽတ္ၿခဳံက်ေနတယ္လို႔သာ ျမင္မိေၾကာင္း သူက ေထာက္ျပခဲ့ပါတယ္။

လက္ရွိ လူ႔အသိုင္းအဝိုင္း အတြင္းမွာ လူသား စံႏႈန္းေတြ ေပ်ာက္ေနတဲ့ အတြက္ ၀မ္းသာမႈ မရွိဘဲ ဖိႏွိပ္ခံရသူေတြကို ႀကဳံတိုင္း သြားကူခဲ့ေပမယ့္ အားမလို အားမရစိတ္ေတာ့ ျဖစ္မိတယ္လို႔ သူက ဆိုပါတယ္။

ႏိုင္ငံေရး ေခါင္းေဆာင္ေတြ အေနနဲ႔ ေရရွည္ တည္တံ့တဲ့ လူ႔အဖြဲ႕အစည္းကို ျမင္ခ်င္ရင္ ႏိုင္ငံေရး စိတ္ေစတနာေတြ ေျပာင္းဖို႔ လိုေနၿပီလို႔ သူက ေျပာပါတယ္။

အနာဂတ္ လူ႔အဖြဲ႕အစည္းကို တည္ေဆာက္ရာမွာ ႏိုင္ငံမွာ ၾသဇာ တိကၠမ ႀကီးတဲ့ ပုဂၢိဳလ္ တေယာက္ေယာက္က စံနမူနာေကာင္းေတြ ခ်ျပ ေျပာျပ ေပးဖို႔ လိုသလို စံထားရမယ့္ လူ႔အဖြဲ႕အစည္း ဆိုတာ ဘယ္လို ပုံမ်ိဳး၊ အဲဒါမ်ိဳး ျဖစ္ေအာင္ ဘယ္လို တည္ေဆာက္ၾကမလဲ ဆိုတာ ေျပာျပေပးႏိုင္ဖို႔ အေရးႀကီးေၾကာင္း၊ ဒါမွသာ တိုင္းျပည္က လမ္းေၾကာင္းမွန္ေပၚ ေရာက္မွာ ျဖစ္ေၾကာင္း ၊ လက္ရွိေတာ့ လမ္းေၾကာင္းေပ်ာက္ကာ ဘယ္သြားလို႔ သြားရမွန္း မသိတဲ့ အေျခအေနမွာ ရွိေနတယ္လို႔ သူက ဆိုပါတယ္။

သူတို႔ရဲ႕ လူမႈ သဟဇာတ ေဖာ္ေဆာင္ေရး အဖြဲ႕အေနနဲ႔ အရပ္ဖက္ အဖြဲ႕အစည္းေတြ ေပါင္းၿပီး ခ်ီးျမႇင့္တဲ့ ေလာကသာရ ဆုကို မႏွစ္က ဆြတ္ခူး ရခဲ့ဖူးၿပီး အခု ခ်ီးျမႇင့္ခံရတဲ့ ဆုကေတာ့ ဒုတိယေျမာက္ျဖစ္တယ္လို႔ ကိုသက္ေဆြ၀င္းက ေျပာပါတယ္။

လက္ရွိ ရတဲ့ ဆုေၾကာင့္ လူ႔အခြင့္အေရး ရပ္တည္ လႈပ္ရွားတဲ့ ပုဂၢိဳလ္ အဖြဲ႕အစည္း တခုအေနနဲ႔ အတိုင္းအတာ တခု အထိ အင္အား ျဖစ္ေစၿပီး ဒီလို ႏိုင္ငံတကာ ဆုရတဲ့ အတြက္ ၀မ္းသာ မိေပမယ့္ သူတို႔ရဲ႕ လႈပ္ရွားမႈေတြ ေနာက္ျပန္ လိမ့္မသြားေစဖို႔ ဒီဆုက ဂ်မ္းတုံး တခုသဖြယ္ ျမင္မိတယ္လို႔ ကိုသက္ေဆြ၀င္းက ခိုင္းႏႈိင္း ေျပာျပသြားခဲ့ပါတယ္။
 အဖိႏွိပ္ခံ အမ်ိဳးသမီးေတြရဲ႕ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံရမႈကို ေဖာ္ထုတ္ေပးခဲ့လို႔ WLB ကို လူ႔အခြင့္အေရး ဆိုင္ရာ ဆု ခ်ီးျမႇင့္ ခံရ

ဒီဆုခ်ီးျမႇင့္ ခံရတဲ့ ေနာက္ အသင္းအဖြဲ႕ တခုျဖစ္တဲ့ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ ျမန္မာျပည္က ေနာ္ဆဲဆဲ ကလည္း သူတို႔ အေနနဲ႔ ျမန္မာ အမ်ိဳးသမီးေတြ စစ္မက္ ပဋိပကၡ ျဖစ္ရာ ေဒသမွာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ က်ဴးလြန္ခံရမႈေပါင္း ၆၀ ေက်ာ္ကို ေဖာ္ထုတ္ အစီရင္ခံစာ တင္ျပ ေပးႏိုင္ခဲ့ၿပီး အမ်ိဳးသမီးေတြရဲ႕ ဖိႏွိပ္ခံေနရမႈေတြကို ေဖာ္ထုတ္ ျပသ ႏိုင္ခဲ့လို႔ ဒီဆုကို ခ်ီးျမႇင့္ခံရတာလို႔ ဆိုပါတယ္။

တည္ေထာင္လာတာ ႏွစ္ႏွစ္ဆယ္ေက်ာ္ ရွိလာၿပီျဖစ္တဲ့ ျမန္မာႏိုင္ငံ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ အတြင္းမွာ တိုင္းရင္းသား အမ်ိဳးသမီး အဖြဲ႕ေတြ အမ်ားအျပား ပါ၀င္ ခဲ့ၿပီး WLB အေနနဲ႔ ၂၀၀၈ ခုႏွစ္တုန္းကလည္း ႏိုင္ငံတကာဆု ႏွစ္ဆု ရရွိခဲ့ဖူးတယ္လို႔ ေနာ္ဆဲဆဲ က ေျပာပါတယ္။

အခုေပးအပ္တဲ့ ျမန္မာ ႏိုင္ငံဆိုင္ရာ ဒက္ခ်္ သံ႐ုံးက ခ်ီးျမႇင့္တဲ့ လူ႔အခြင့္အေရး က်ဴးလစ္ပ္ ဆုကို အသံအဖြဲ႕ တည္ေထာင္သူ ၊ အမႈေဆာင္ဒါ႐ိုက္တာ ေမာင္ေဆာင္းခ က မႏွစ္ ၂၀၁၈ တုန္းက ခ်ီးျမႇင့္ ခံခဲ့ရပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
လမ်းကြောင်းပျောက်နေတဲ့ မြန်မာပြည်ကလူ့အခွင့်အရေး လှုပ်ရှားသူတွေ ဆုချီးမြှင့်ခံရ
ဓာတ်ပုံ မူပိုင် Ko Thet Swe Win facebook
Image caption လူမှုသဟဇာတ ဖြစ်စေဖို့ အဆိုးမြင်စိတ်တွေလျှော့ပြီး အကောင်းမြင်စိတ် မွေးဖို့ ကိုသက်ဆွေဝင်းက တိုက်တွန်းထား

၂၀၁၉ အတွက် Human Rights Tulip လူ့အခွင့်အရေး ဆိုင်ရာ နယ်သာလန်နိုင်ငံက ချီးမြှင့်တဲ့ ဆုကို မြန်မာ နိုင်ငံက လူပုဂ္ဂိုလ် တယောက်နဲ့ အဖွဲ့အစည်း တခုတို့က အသီးသီး ဆွတ်ခူး ရရှိခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂နှစ်လောက်တုန်းက Synergy ဆိုတဲ့ လူမှု သဟဇာတ ဖော်ဆောင်ရေး အဖွဲ့ကို တည်ထောင် လှုပ်ရှားသူ ကိုသက်ဆွေဝင်း နဲ့ အမျိုးသမီး အရေးကို ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ခုကြာ ဆောင်ရွက်ပေးခဲ့တဲ့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာ)WLB တို့ကို ငွေသားဒေါ်လာ တသောင်းဆုနဲ့ ကြေးရုပ်ထု တို့ လာမယ့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အခမ်းအနားနဲ့ ပေးအပ်မှာ ဖြစ်ပါတယ်။

ကမ္ဘာ့နိုင်ငံ အသီးသီးက လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ အမျိုးသမီး အရေးတို့ကို တီထွင် ဖန်တီးမှု အစွမ်းနဲ့ ဖြည့်ဆည်း ဆောင်ရွက်သူတွေကို နယ်သာလန် နိုင်ငံက Human Rights Tulip လူ့အခွင့်အရေး ဆု နှစ်စဉ် ချီးမြှင့်လာတာ ၂၀၀၇-၂၀၀၈ ခုနှစ် ကတည်းက ဖြစ်ပါတယ်။
ဓာတ်ပုံ မူပိုင် Human Rights Tulip
Image caption Human Rights Tulip ဟာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကို ပေးအပ်တဲ့ ဆုဖြစ်

လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ ဖြစ်စဉ်မှာ လူသားအားလုံး နိုင်ငံသားတိုင်း ပါဝင်နိုင်အောင် လုပ်ဆောင်ပေးခဲ့လို့ အခုလို ချီးမြှင့်ခံခဲ့ရတာလို့ အကြောင်းကြားစာမှာ ဖော်ပြထားကြောင်း ဆုရရှိမှု နဲ့ ပတ်သက်လို့ ကိုသက်ဆွေဝင်း ရှင်းပြခဲ့ပါတယ်။

အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာ)WLB အနေနဲ့လည်း ပဋိပက္ခ စစ်မက် ဖြစ်ပွားရာနယ်မြေမှာ အမျိုးသမီးတွေ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက် ခံရမှုကို ဖော်ထုတ်ကာ ကမ္ဘာမှာ အသိပေး နိုင်ခဲ့လို့ ဒီဆု ချီးမြှင့် ခံခဲ့ရတာလို့ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာ) ရဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်တဲ့ ကရင် အမျိုးသမီး နော်ဆဲဆဲ က ပြောပါတယ်။
ဓာတ်ပုံ မူပိုင် WLB facebook
Image caption မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် အတွင်း တိုင်းရင်းသား ပေါင်းစုံ အမျိုးသမီး အဖွဲ့အစည်းတွေ ပါဝင်လို့ အမျိုးသမီးတွေရဲ့ အသံ ထင်ဟပ်စေတယ်လို့ နော်ဆဲဆဲ က ပြော

တသီးပုဂ္ဂလ အနေနဲ့ ဆုချီးမြှင့်ခံခဲ့ရတဲ့ ကိုသက်ဆွေဝင်း ဟာ အရင်က လူမျိုးစွဲ ဘာသာစွဲ ရှိသူ တယောက် ဖြစ်ခဲ့ပြီး လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ အတူယှဉ်တွဲ နေထိုင်ကြတဲ့ စင်ကာပူမှာ ၂၀၀၈ ကနေ ၂၀၁၀ အထိ နေထိုင်ခဲ့တဲ့အခါမှာ သူ့အသိအမြင်တွေ ပြောင်းသွားခဲ့တယ်လို့ သူက ဆိုပါတယ်။

လောကကြီးမှာ လူကောင်းနဲ့ လူဆိုးဘဲ ရှိပြီး ဘာသာရေး လူမျိုးရေးအပေါ် အခြေခံပြီး ခွဲခြားမှု မရှိသင့်ဘူး ဆိုတာ သိလာရတယ်လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ လူမှုအဖွဲ့အစည်း အတွင်း တယောက်နဲ့ တယောက် တဖွဲ့နဲ့ တဖွဲ့ကြား အမုန်းတရား အာဃာတတွေ မမြင်လိုတဲ့ အတွက် ၂၀၁၂ ကစလို့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေ မဖြစ်အောင် ကြိုးစားရင်း ဒီအရေးမှာ တက်ကြွစွာ ပါဝင်လာခဲ့တာလို့ သူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အခုလပိုင်းတွေ အတွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်ပေါ်မှု မရှိဘဲ ငြိမ်နေတာနဲ့ ပတ်သက်လို့ ဒါဟာ ခဏသာ ဖြစ်တာလို့ ထင်မြင်ကြောင်း ၊ နိုင်ငံတကာ ဖိအားတွေကြောင့် နိုင်ငံအကြီးအကဲတွေက ဘာသာရေး လူမျိုးရေးကို အာရုံထား လုပ်ဆောင် လာကြတာ တွေ့ရကြောင်း ၊ မလုပ်မဖြစ် ဖိအားတွေကြောင့် လုပ်ဆောင်နေကြတာသာ ဖြစ်ကြောင်း ၊ ရင်ထဲက မပါတဲ့ တန်းတူညီမျှမှု မပေးချင်တာမျိုးတွေ မရှိသင့်တော့ဘဲ ခေါင်းဆောင်တွေ ကိုယ်တိုင်က ရင်ထဲက ပါတဲ့ ပြောင်းလဲမှုတွေ လုပ်ဆောင်ပေးသင့်ကြောင်း ၊ ဒါမှသာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းမှုတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ကြောင်း ကိုသက်ဆွေဝင်းက ရှင်းပြခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် MPA
Image caption အမုန်းတရား အာဃာတတွေ များနေပြီး မနာလိုမှု သဝန်တိုမှုတွေ များနေသရွေ့ အောင်မြင်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ဆို

မြန်မာနိုင်ငံ လွတ်လပ်ရေး ကြေညာ စာတမ်းမှာ ကြည့်ရင် ဘာသာ လူမျိုး မခွဲခြားဘူးလို့ ဖော်ပြထားသလို နိုင်ငံတော် သီချင်းမှာ ဆိုရင်လည်း တရားမျှတ လွတ်လပ်ဖို့ တန်းတူညီမျှ ရှိဖို့ ကိစ္စတွေ ပါဝင်ပေမယ့် ခုနှစ်ပိုင်းတွေ အတွင်း လူမျိုးရေး ဘာသာရေး ခွဲခြားမှုတွေ ကြုံရတဲ့ အခါတိုင်း သူ့အနေနဲ့ စိတ်မကောင်းဖြစ်ရကြောင်း ၊ ပဋိပက္ခ ဖြစ်ပေါ်တဲ့အခါတိုင်း သူ့အနေနဲ့ သွားရောက် ကူညီတဲ့ အခါတိုင်း အောင်မြင်တာတွေ ရှိခဲ့ပေမယ့် ဒါတွေကိုကြည့် ကျေနပ်အားရ လုပ်မနေနိုင်ဘဲ စနစ်တခုလုံး မပြောင်းနိုင်သရွေ့ ကျေနပ်မှု ရှိမှာ မဟုတ်သလို လူ့အဖွဲ့အစည်း တခုလုံးက စိတ်ဓါတ်ပိုင်းဆိုင်ရာ ချွတ်ခြုံကျနေတယ်လို့သာ မြင်မိကြောင်း သူက ထောက်ပြခဲ့ပါတယ်။

လက်ရှိ လူ့အသိုင်းအဝိုင်း အတွင်းမှာ လူသား စံနှုန်းတွေ ပျောက်နေတဲ့ အတွက် ဝမ်းသာမှု မရှိဘဲ ဖိနှိပ်ခံရသူတွေကို ကြုံတိုင်း သွားကူခဲ့ပေမယ့် အားမလို အားမရစိတ်တော့ ဖြစ်မိတယ်လို့ သူက ဆိုပါတယ်။

နိုင်ငံရေး ခေါင်းဆောင်တွေ အနေနဲ့ ရေရှည် တည်တံ့တဲ့ လူ့အဖွဲ့အစည်းကို မြင်ချင်ရင် နိုင်ငံရေး စိတ်စေတနာတွေ ပြောင်းဖို့ လိုနေပြီလို့ သူက ပြောပါတယ်။

အနာဂတ် လူ့အဖွဲ့အစည်းကို တည်ဆောက်ရာမှာ နိုင်ငံမှာ သြဇာ တိက္ကမ ကြီးတဲ့ ပုဂ္ဂိုလ် တယောက်ယောက်က စံနမူနာကောင်းတွေ ချပြ ပြောပြ ပေးဖို့ လိုသလို စံထားရမယ့် လူ့အဖွဲ့အစည်း ဆိုတာ ဘယ်လို ပုံမျိုး၊ အဲဒါမျိုး ဖြစ်အောင် ဘယ်လို တည်ဆောက်ကြမလဲ ဆိုတာ ပြောပြပေးနိုင်ဖို့ အရေးကြီးကြောင်း၊ ဒါမှသာ တိုင်းပြည်က လမ်းကြောင်းမှန်ပေါ် ရောက်မှာ ဖြစ်ကြောင်း ၊ လက်ရှိတော့ လမ်းကြောင်းပျောက်ကာ ဘယ်သွားလို့ သွားရမှန်း မသိတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သူက ဆိုပါတယ်။

သူတို့ရဲ့ လူမှု သဟဇာတ ဖော်ဆောင်ရေး အဖွဲ့အနေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ ပေါင်းပြီး ချီးမြှင့်တဲ့ လောကသာရ ဆုကို မနှစ်က ဆွတ်ခူး ရခဲ့ဖူးပြီး အခု ချီးမြှင့်ခံရတဲ့ ဆုကတော့ ဒုတိယမြောက်ဖြစ်တယ်လို့ ကိုသက်ဆွေဝင်းက ပြောပါတယ်။

လက်ရှိ ရတဲ့ ဆုကြောင့် လူ့အခွင့်အရေး ရပ်တည် လှုပ်ရှားတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်း တခုအနေနဲ့ အတိုင်းအတာ တခု အထိ အင်အား ဖြစ်စေပြီး ဒီလို နိုင်ငံတကာ ဆုရတဲ့ အတွက် ဝမ်းသာ မိပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုတွေ နောက်ပြန် လိမ့်မသွားစေဖို့ ဒီဆုက ဂျမ်းတုံး တခုသဖွယ် မြင်မိတယ်လို့ ကိုသက်ဆွေဝင်းက ခိုင်းနှိုင်း ပြောပြသွားခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် WLB facebook
Image caption အဖိနှိပ်ခံ အမျိုးသမီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရမှုကို ဖော်ထုတ်ပေးခဲ့လို့ WLB ကို လူ့အခွင့်အရေး ဆိုင်ရာ ဆု ချီးမြှင့် ခံရ

ဒီဆုချီးမြှင့် ခံရတဲ့ နောက် အသင်းအဖွဲ့ တခုဖြစ်တဲ့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာပြည်က နော်ဆဲဆဲ ကလည်း သူတို့ အနေနဲ့ မြန်မာ အမျိုးသမီးတွေ စစ်မက် ပဋိပက္ခ ဖြစ်ရာ ဒေသမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခံရမှုပေါင်း ၆၀ ကျော်ကို ဖော်ထုတ် အစီရင်ခံစာ တင်ပြ ပေးနိုင်ခဲ့ပြီး အမျိုးသမီးတွေရဲ့ ဖိနှိပ်ခံနေရမှုတွေကို ဖော်ထုတ် ပြသ နိုင်ခဲ့လို့ ဒီဆုကို ချီးမြှင့်ခံရတာလို့ ဆိုပါတယ်။

တည်ထောင်လာတာ နှစ်နှစ်ဆယ်ကျော် ရှိလာပြီဖြစ်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ် အတွင်းမှာ တိုင်းရင်းသား အမျိုးသမီး အဖွဲ့တွေ အများအပြား ပါဝင် ခဲ့ပြီး WLB အနေနဲ့ ၂၀၀၈ ခုနှစ်တုန်းကလည်း နိုင်ငံတကာဆု နှစ်ဆု ရရှိခဲ့ဖူးတယ်လို့ နော်ဆဲဆဲ က ပြောပါတယ်။

အခုပေးအပ်တဲ့ မြန်မာ နိုင်ငံဆိုင်ရာ ဒက်ချ် သံရုံးက ချီးမြှင့်တဲ့ လူ့အခွင့်အရေး ကျူးလစ်ပ် ဆုကို အသံအဖွဲ့ တည်ထောင်သူ ၊ အမှုဆောင်ဒါရိုက်တာ မောင်ဆောင်းခ က မနှစ် ၂၀၁၈ တုန်းက ချီးမြှင့် ခံခဲ့ရပါတယ်။

BBC Burmese
https://www.bbc.com
လမ္းေၾကာင္းေပ်ာက္ေနတဲ့ ျမန္မာျပည္ကလူ႔အခြင့္အေရး လႈပ္ရွားသူေတြ ဆုခ်ီးျမႇင့္ခံရ လမ္းေၾကာင္းေပ်ာက္ေနတဲ့ ျမန္မာျပည္ကလူ႔အခြင့္အေရး လႈပ္ရွားသူေတြ ဆုခ်ီးျမႇင့္ခံရ Reviewed by THITHTOOLWIN on 20:27 Rating: 5
Powered by Blogger.