ခ်င္းလႊတ္ေတာ္ ကိုယ္စားလွယ္ကို ျပန္လႊတ္ေပးဖို႔ေတာင္းဆို

AA ဖမ္းဆီးထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း ကို လႊတ္ေတာ္မွာေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA က ခ်င္းလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ဖမ္းဆီးထားတာဟာ ဒီေန႔နဲ႔ဆိုရင္ တစ္ပတ္ခန႔္ရွိေနၿပီ ျဖစ္ပါတယ္။ ခ်င္းအရပ္ဖက္အဖြဲ႕ေတြနဲ႔ လႊတ္ေတာ္က ျပန္လႊတ္ေပးဖို႔လည္း ေတာင္းဆိုေနၾကပါတယ္။

ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္မွာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ( AA ) တို႔ရဲ႕ တိုက္ပြဲကာလအတြင္း အရပ္သားနဲ႔ အစိုးရ ဝန္ထမ္းေတြကို ေအေအအဖြဲ႕က ေခၚယူစစ္ေဆးေနတာေတြရွိၿပီး လႊတ္ေတာ္အမတ္ကို ဖမ္းဆီးေခၚေဆာင္သြားမႈကေတာ့ ဒါဟာ ပထမဆုံးအႀကိမ္ ျဖစ္ပါတယ္။

ခ်င္းလူမ်ိဳးတစ္ေယာက္ျဖစ္တဲ့ ဦးေဝွ႔တင္းဟာ ခ်င္းျပည္နယ္ထဲက အႀကီးဆုံးၿမိဳ႕ျဖစ္တဲ့ ပလက္ဝၿမိဳ႕ထဲက ႐ြာေပါင္း ၅၀ ေက်ာ္ရဲ႕ လူဦးေရ သုံးေသာင္းခန႔္က မဲေပးေ႐ြးခ်ယ္တင္ေျမႇာက္ခဲ့တဲ့ ကိုယ္စားလွယ္ တစ္ေယာက္ျဖစ္ပါတယ္။

ဦးေဝွ႔တင္းကို ဖမ္းဆီးထားမႈမွာ ပလက္ဝၿမိဳ႕အတြင္းေနထိုင္တဲ့ ခ်င္းနဲ႔ ရခိုင္တိုင္းရင္းသားေတြၾကား မယုံၾကည္မႈနဲ႔ နားလည္မႈလြဲမွားမႈေတြ ပိုျဖစ္လာေစႏိုင္တာေၾကာင့္ အျမန္ဆုံးျပန္လႊတ္ေပးဖို႔ ဗဟိုခ်င္းလူငယ္အဖြဲ႕ခ်ဳပ္က ေအာက္တိုဘာ ၇ ရက္မွာ ေတာင္းဆိုခဲ့ပါတယ္။

ခ်င္းနဲ႔ ရခိုင္ဆိုတာ အဖိႏွိပ္ခံတိုင္းရင္းသားေတြ ျဖစ္တာေၾကာင့္ ဒီလူမ်ိဳးႏွစ္ခုၾကားမွာ ယုံၾကည္မႈ နားလည္မႈေတြ လြဲမွားျခင္းေတြေၾကာင့္ လူမ်ိဳးေရးျပႆာနာ မျဖစ္ေစခ်င္တဲ့အတြက္ေၾကာင့္ ဦးေဝွ႔တင္းကို အျမန္ဆုံးျပန္လႊတ္ေပးသင့္တယ္လို႔ ဗဟိုခ်င္းလူငယ္အဖြဲ႕ခ်ဳပ္ရဲ႕ ဒုတိယဥကၠ႒ ဆလိုင္းထန္းလြန္းက ေျပာပါတယ္။

“ဒီကိစၥေတြေၾကာင့္ ခ်င္းနဲ႔ ရခိုင္ အမုန္းပြားဖို႔ ျပႆနာျဖစ္ဖို႔ ယုံၾကည္မႈ နားလည္မႈ ကြဲလြဲဖို႔ေတြကိုလည္း ကြၽန္ေတာ္တို႔ကေတာ့ မလိုခ်င္ဘူး။ ကြၽန္ေတာ္တို႔ ျပႆနာျဖစ္လာဖို႔ကိုလည္း ခ်င္းနဲ႔ ရခိုင္ၾကားမွာ မျဖစ္ေစခ်င္ဘူး။ ခ်င္းနဲ႔ ရခိုင္တိုင္းရင္သားႏွစ္ခုလုံးသည္ အဖိႏွိပ္ခံတိုင္းရင္းသား အခ်င္းခ်င္းေတြ ျဖစ္ၾကတယ္။ အဲဒီအေပၚမွာ လူမ်ိဳးေရးျပႆနာလည္း မျဖစ္ေစခ်င္ဘူး။ ျဖစ္ႏိုင္ရင္ အခု ေအေအဘက္က တာဝန္ရွိသူေတြေရာ သူတို႔ အေသခ်ာစဥ္းစားၿပီးေတာ့ ဦးေဝွ႔တင္းကို အျမန္ဆုံးျပန္လႊတ္ေပးၿပီးေတာ့ ေတာင္းပန္သင့္တာရွိရင္ ကြၽန္ေတာ္ ခ်င္းလူမ်ိဳးကို ေတာင္းပန္သင့္တယ္”

ဦးေဝွ႔တင္းကို ဖမ္းဆီးထိန္းသိမ္းထားတဲ့ ကာလအတြင္းမွာလည္း ႏိုင္ငံတကာလူ႔အခြင့္အေရး စံႏႈန္းေတြနဲ႔အညီ ဆက္ဆံဖို႔ ေမွ်ာ္လင့္ေၾကာင္း၊ ဖမ္းဆီးထိန္းသိမ္းထားတဲ့ အခ်ိန္ၾကာလာတာနဲ႔အမွ် ရကၡိဳင့္တပ္ေတာ္ဟာ ႏိုင္ငံတကာမွာ ျမန္မာႏိုင္ငံအတြင္း လြတ္လပ္ခြင့္၊ လူ႔အခြင့္အေရးနဲ႔ ဒီမိုကေရစီရရွိေရး တိုက္ပြဲဝင္ေနတဲ့ အဖြဲ႕အေနနဲ႔ ပုံရိပ္အသိအမွတ္ျပဳ က်ဆင္းလာႏိုင္တာကို သတိျပဳသင့္တယ္လို႔ ထုတ္ျပန္ပါရွိပါတယ္။

ဦးေဝွ႔တင္းဟာ ခူမီးလူငယ္ေတြနဲ႔ ပူးေပါင္းၿပီး ဘာသာေရး၊ ပဋိပကၡေတြျဖစ္ေစဖို႔ ရည္႐ြယ္လုပ္ေဆာင္ေနတာေၾကာင့္ မသကာလႋု႔ ဖမ္းဆီးစစ္ေဆးေနရတာျဖစ္တယ္လို႔ ရကၡိဳင့္တပ္ေတာ္ AA ရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက စြပ္စြဲေျပာဆိုထားပါတယ္။

“ဦးေဝွ႔တင္းကို ဖမ္းဆီးတာက သူ႔ကိုခ်င္းလူမ်ိဳးမို႔လို႔ ဖမ္းဆီးတာ မဟုတ္ဘူး။ သူ႔ေနရာမွာ ရခိုင္တစ္ေယာက္ဆိုရင္လည္း ဘာသာေရး လူမ်ိဳးေရး ျပႆနာေတြျဖစ္ေအာင္ ဖန္တီးေနရင္၊ ဒါမွမဟုတ္ ရန္သူနဲ႔ေပါင္းၿပီး ကြၽန္ေတာ္တို႔ရဲ႕ လုပ္ငန္းေတြကို ပ်က္ဆီးေအာင္ ေႏွာင့္ယွက္ေနရင္ ဖမ္းသင့္ရင္ ဖမ္းရမွာပဲ။ စစ္ေဆးလို႔ တကယ္အျပစ္ရွိရင္ အျပစ္ေပးရမွာပဲ။ ကြၽန္ေတာ္တို႔ ULA / AA ရဲ႕ မူဝါဒကေတာ့ ဘာသာေရး လူမ်ိဳးေရးအေပၚမွာ အေျခခံၿပီးခြဲျခားဆက္ဆံတာ ပဋိပကၡျဖစ္ေအာင္ ဖန္တီးတာမ်ိဳးေတြကိုေတာ့ ျပတ္ျပတ္သားသား ဆန႔္က်င္တယ္။ လုံးဝလက္မခံဘူး”

ဒီေျပာဆိုမႈနဲ႔ ပတ္သက္ၿပီး ပလက္၀ ခရစ္ယာန္ အသင္းေတာ္မ်ားေကာင္စီ ( PCC ) နဲ႔ ပလက္ဝဧဝံေဂလိ ခရစ္ယာန္ မဟာမိတ္အဖြဲ႕ခ်ဳပ္တို႔ကလည္း ဦးေဝွ႔တင္းဟာ လူမ်ိးေရး၊ ဘာသာေရးနဲ႔ အျခားမလိုလားအပ္တဲ့ ပဋိပကၡေတြကို ဖန္တီးတတ္တဲ့သူ မဟုတ္တဲ့အတြက္ေၾကာင့္ အျမန္ဆုံး ျပန္လႊတ္ေပးဖို႔ သေဘာထား ထုတ္ျပန္ခဲ့ပါတယ္။

ဦးေဝွ႔တင္းကို AA က ဖမ္းဆီးစစ္ေဆးေနတဲ့အေပၚ အလြန္စိတ္ပူေနဖို႔ မလိုဘဲ ေမးျမန္းစရာရွိတာကို ေမးျမန္းၿပီး ျပန္လႊတ္လိမ့္မယ္လို႔ ယူဆရေၾကာင္း ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာက ရႈျမင္ပါတယ္။

“သူတို႔ႏွစ္ေယာက္ၾကားထဲမွာ ဘာအရႈပ္အရွင္းေတြရွိလဲ ကြၽန္ေတာ္တို႔မွ မသိတာ။ ဒါကေတာ့ ေမးျမန္းစရာရွိရင္ ေမးျမန္းၿပီးေတာ့ ေအးေဆးျပန္ျဖစ္မယ္လို႔ေတာ့ ထင္တာပဲ။ သိပ္လဲ အလြန္တစ္ရာ စိုးရိမ္ေၾကာင့္ၾကစရာႀကီးလည္း မဟုတ္ပါဘူး”

တပ္မေတာ္နဲ႔ ေအေအျဖစ္ပြားေနတဲ့ တိုက္ပြဲေတြအတြင္းမွာ ေအေအဘက္က ခ်င္းျပည္နယ္ ပလက္ဝနယ္ထဲမွာ လႈွုပ္ရွားမႈေတြလုပ္ေနတဲ့အတြက္ ခ်င္းက ၾကားညႇပ္ေနတဲ့ သေဘာျဖစ္ေနတယ္လို႔ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ ဝန္ႀကီးေဟာင္း ဆလိုင္းအိုင္ဇက္ခင္က သုံးသပ္ပါတယ္။

“ေအေအအေနနဲ႔ ဦးေဝွ႔တင္းက သူတို႔အတြက္ အေႏွာင့္အယွက္ျဖစ္တယ္လို႔ ေျပာတယ္။ ဒါေပမဲ့ ခ်င္းဘက္ကေတာ့ ဦးေဝွ႔တင္းဟာ သူတို႔အက်ိဳးစီးပြားအတြက္ ကာကြယ္ေစာင့္ေရွာက္တဲ့သူပဲ။ ခ်င္းဘက္က အဓိပၸါယ္ဖြင့္တာနဲ႔ ေအေအဘက္က အဓိပၸါယ္ဖြင့္တာက မတူဘူး။ ဒီလိုအဓိပၸါယ္ဖြင့္တာခ်င္း မတူတဲ့အခါ ခ်င္းနဲ႔ ရခိုင္ၾကားမွာ နားလည္မႈေတြ ရႈပ္ေထြးသြားေစႏိုင္တယ္”

ဦးေဝွ႔တင္းကို ေအေအက ဖမ္းဆီးခဲ့ၿပီးေနာက္ပိုင္းမွာ ခ်င္းနဲ႔ ရခိုင္လူမ်ိဳးေတြဟာ လူမ်ိဳးေရးျပႆနာအဆင့္ထိ မဟုတ္ေပမယ့္ တစ္ေယာက္နဲ႔တစ္ေယာက္ အြန္လိုင္းေပၚမွာ အမုန္းစကားေတြ ေျပာဆိုတိုက္ခိုက္ အျငင္းပြားတဲ့ အေနအထားတခ်ိဳ႕ကိုလည္း ေတြ႕လာရပါတယ္။ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲမွာ AA လက္နက္ကိုင္တပ္ဖြဲ႕ တပ္စြဲထားတာဟာ ငါးႏွစ္နီးပါးၾကာေနၿပီျဖစ္ၿပီး ပလက္ဝၿမိဳ႕နယ္ထဲက ခ်င္းတိုင္းရင္းသား ေဒသခံေတြကိုလည္း ဖမ္းဆီးထားတာရွိတယ္လို႔ ဗဟိုခ်င္းလူငယ္အဖြဲ႕ခ်ဳပ္ရဲ႕ ဒုတိယဥကၠ႒ ဆလိုင္းထန္းလြန္းက ေျပာပါတယ္။

“အရင္ကတည္းက ခ်င္းလူမ်ိဳးေတြအမ်ားႀကီး ဖမ္းပါတယ္။ ဘဂၤလားေဒ့ရွ္နယ္စပ္ဘက္ဆိုရင္လည္း ေအေအကဖမ္းသြားလို႔ သူတိုရဲ႕ စခန္းခ်တဲ့ေနရာေတြမွာ အသက္ဆုံးရႈံးသြားတာေတြလည္း အမ်ားႀကီးွရွိၿပီ။ ေနာက္ဆက္တြဲ အခုအခ်ိန္ထိ ေအေအကဖမ္းၿပီးေတာ့ ျပန္မလႊတ္ေသးတာေတြလည္း အမ်ားႀကီးရွိတယ္”

ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ေတြနဲ႔ ခ်င္းျပည္နယ္အစိုးရက စြပ္စြဲေနသလိုမ်ိဳး ပလက္ဝဘက္မွာေနၿပီး အရပ္သားေတြ ထိန္းသိမ္းထားတာမ်ိဳးမရွိဖူးဘဲ ေအေအက ဖမ္းဆီးထားတဲ့အထဲမွာ အရပ္သား ဦးေဝွ႔တင္း တစ္ေယာက္ပဲရွိၿပီး အရပ္သားအားလုံးကို ျပန္လႊတ္ေပးလိုက္ၿပီလို႔ ေအေအေျပာခြင့္ရသူ ခိုင္သုခက ျငင္းဆိုပါတယ္။ 

“ကြၽန္ေတာ္တို႔ ထိန္းသိမ္းထားတဲ့အထဲမွာ ဦးေဝွ႔တင္း တစ္ေယာက္ပဲ အရပ္ဘက္ရွိတယ္။ ေနာက္ထပ္ အရပ္ဘက္ကေနၿပီး ဘယ္သူမွ မရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ အကုန္လႊတ္ေပးလိုက္ၿပီးၿပီ။ ခ်င္းလူ႔အခြင့္အေရးအဖြဲ႕ေတြ ခ်င္းျပည္နယ္အစိုးရ သူတို႔ စြပ္စြဲေနသလိုမ်ိဳး ကြၽန္ေတာ္တို႔ဘက္က ပလက္ဝဘက္မွေနၿပီး အရပ္သားေတြကို ထိန္းသိမ္းထားတာတို႔ ဘာတို႔ အဲလိုမ်ိဳး လုံးဝမရွိဘူူး။ တစ္ေယာက္မွ ထိန္းသိမ္းထားတာမရွိဘူး”

ဦးေဝွ႔တင္းကို AA က ဖမ္းဆီးေခၚေဆာင္သြားၿပီး အခုခ်ိန္ထိ ျပန္မလႊတ္ေသးတဲ့အေပၚ  လႊတ္ေတာ္အေနနဲ႔ သတိထားေစာင့္ၾကည့္ေနတယ္လို႔ ဒီကေန႔က်င္းပတဲ့  ျပည္ေထာင္စုလႊတ္ေတာ္မွာ ဒုတိယနာယက ဦးထြန္းထြန္းဟိန္က သတင္းေထာက္ေတြက ေမးျမန္းတာကို ေျဖၾကားခဲ့ပါတယ္။
လႊတ္ေတာ္ကိုယ္စားလွယ္ျဖစ္တဲ့အတြက္ လႊတ္ေတာ္မွာ တာဝန္ရွိသလို  ဦးေဝွ႔တင္းရဲ႕ လုံၿခဳံေရးကိုလည္း ထည့္စဥ္းစားရေၾကာင္း လႊတ္ေတာ္ဘက္က တစ္ခုခုေဆာင္႐ြက္တာ အမွားအယြင္းျဖစ္သြားရင္ ဦးေဝွ႔တင္း အႏၲရာယ္ျဖစ္သြားမွာကိုလည္း စိုးရိမ္တဲ့အတြက္ အေျခအေနကို သတိထားၿပီး အခ်ိန္နဲ႔အမွ် ေစာင့္ၾကည့္ေနေၾကာင္း၊ ဒီကိစၥကို အေလးထားေဆာင္႐ြက္ေနေၾကာင္း ဦးထြန္းထြန္းဟိန္က ေျပာပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္းဟာ ႏိုဝင္ဘာ ၁ ရက္မနက္ပိုင္းက ပလက္ဝၿမိဳ႕နယ္ကေန ရခိုင္ျပည္နယ္ ေက်ာက္ေတာ္ၿမိဳ႕သို႔အလာ ေက်ာက္တန္း႐ြာအနီးမွာ ေအေအအဖြဲ႕ရဲ႕ ဖမ္းဆီးေခၚေဆာင္ျခင္းကို ခံခဲ့ရတာပါ။ ေအေအက ဖမ္းဆီးေခၚေဆာင္ခဲ့တဲ့ သူေတြအထဲမွာ အိႏၵိယႏိုင္ငံသား တစ္ေယာက္နဲ႔ မီးသတ္ဒုဦးစီးမႉး တစ္ေယာက္ ေသဆုံးခဲ့ပါတယ္။ ဒီလိုေသဆုံးမႈေတြအတြက္ ေအေအဟာ အိႏၵိယႏိုင္ငံနဲ႔လည္း နားလည္မႈျပန္ရဖို႔ ခက္ခဲေနမွာျဖစ္ၿပီး အက်ပ္အတည္းျဖစ္သြားႏိုင္တယ္လို႔ သုံးသပ္မႈေတြ ရွိေနပါတယ္။

RFA Burmese
https://www.rfa.org
------------------
(Unicode)⤵⤵⤵
ချင်းလွှတ်တော် ကိုယ်စားလှယ်ကို ပြန်လွှတ်ပေးဖို့တောင်းဆို

AA ဖမ်းဆီးထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို လွှတ်တော်မှာတွေ့ရစဉ်
Photo - Myanmar Union Parliament

ရက္ခိုင့်တပ်တော် AA က ချင်းလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးထားတာဟာ ဒီနေ့နဲ့ဆိုရင် တစ်ပတ်ခန့်ရှိနေပြီ ဖြစ်ပါတယ်။ ချင်းအရပ်ဖက်အဖွဲ့တွေနဲ့ လွှတ်တော်က ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုနေကြပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် ( AA ) တို့ရဲ့ တိုက်ပွဲကာလအတွင်း အရပ်သားနဲ့ အစိုးရ ဝန်ထမ်းတွေကို အေအေအဖွဲ့က ခေါ်ယူစစ်ဆေးနေတာတွေရှိပြီး လွှတ်တော်အမတ်ကို ဖမ်းဆီးခေါ်ဆောင်သွားမှုကတော့ ဒါဟာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

ချင်းလူမျိုးတစ်ယောက်ဖြစ်တဲ့ ဦးဝှေ့တင်းဟာ ချင်းပြည်နယ်ထဲက အကြီးဆုံးမြို့ဖြစ်တဲ့ ပလက်ဝမြို့ထဲက ရွာပေါင်း ၅၀ ကျော်ရဲ့ လူဦးရေ သုံးသောင်းခန့်က မဲပေးရွေးချယ်တင်မြှောက်ခဲ့တဲ့ ကိုယ်စားလှယ် တစ်ယောက်ဖြစ်ပါတယ်။

ဦးဝှေ့တင်းကို ဖမ်းဆီးထားမှုမှာ ပလက်ဝမြို့အတွင်းနေထိုင်တဲ့ ချင်းနဲ့ ရခိုင်တိုင်းရင်းသားတွေကြား မယုံကြည်မှုနဲ့ နားလည်မှုလွဲမှားမှုတွေ ပိုဖြစ်လာစေနိုင်တာကြောင့် အမြန်ဆုံးပြန်လွှတ်ပေးဖို့ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်က အောက်တိုဘာ ၇ ရက်မှာ တောင်းဆိုခဲ့ပါတယ်။

ချင်းနဲ့ ရခိုင်ဆိုတာ အဖိနှိပ်ခံတိုင်းရင်းသားတွေ ဖြစ်တာကြောင့် ဒီလူမျိုးနှစ်ခုကြားမှာ ယုံကြည်မှု နားလည်မှုတွေ လွဲမှားခြင်းတွေကြောင့် လူမျိုးရေးပြဿာနာ မဖြစ်စေချင်တဲ့အတွက်ကြောင့် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးသင့်တယ်လို့ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်းထန်းလွန်းက ပြောပါတယ်။

“ဒီကိစ္စတွေကြောင့် ချင်းနဲ့ ရခိုင် အမုန်းပွားဖို့ ပြဿနာဖြစ်ဖို့ ယုံကြည်မှု နားလည်မှု ကွဲလွဲဖို့တွေကိုလည်း ကျွန်တော်တို့ကတော့ မလိုချင်ဘူး။ ကျွန်တော်တို့ ပြဿနာဖြစ်လာဖို့ကိုလည်း ချင်းနဲ့ ရခိုင်ကြားမှာ မဖြစ်စေချင်ဘူး။ ချင်းနဲ့ ရခိုင်တိုင်းရင်သားနှစ်ခုလုံးသည် အဖိနှိပ်ခံတိုင်းရင်းသား အချင်းချင်းတွေ ဖြစ်ကြတယ်။ အဲဒီအပေါ်မှာ လူမျိုးရေးပြဿနာလည်း မဖြစ်စေချင်ဘူး။ ဖြစ်နိုင်ရင် အခု အေအေဘက်က တာဝန်ရှိသူတွေရော သူတို့ အသေချာစဉ်းစားပြီးတော့ ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးပြီးတော့ တောင်းပန်သင့်တာရှိရင် ကျွန်တော် ချင်းလူမျိုးကို တောင်းပန်သင့်တယ်”

ဦးဝှေ့တင်းကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ ကာလအတွင်းမှာလည်း နိုင်ငံတကာလူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ ဆက်ဆံဖို့ မျှော်လင့်ကြောင်း၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အချိန်ကြာလာတာနဲ့အမျှ ရက္ခိုင့်တပ်တော်ဟာ နိုင်ငံတကာမှာ မြန်မာနိုင်ငံအတွင်း လွတ်လပ်ခွင့်၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရရှိရေး တိုက်ပွဲဝင်နေတဲ့ အဖွဲ့အနေနဲ့ ပုံရိပ်အသိအမှတ်ပြု ကျဆင်းလာနိုင်တာကို သတိပြုသင့်တယ်လို့ ထုတ်ပြန်ပါရှိပါတယ်။

ဦးဝှေ့တင်းဟာ ခူမီးလူငယ်တွေနဲ့ ပူးပေါင်းပြီး ဘာသာရေး၊ ပဋိပက္ခတွေဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်နေတာကြောင့် မသကာင်္လို့ ဖမ်းဆီးစစ်ဆေးနေရတာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA ရဲ့ ပြောခွင့်ရသူ ခိုင်သုခက စွပ်စွဲပြောဆိုထားပါတယ်။

“ဦးဝှေ့တင်းကို ဖမ်းဆီးတာက သူ့ကိုချင်းလူမျိုးမို့လို့ ဖမ်းဆီးတာ မဟုတ်ဘူး။ သူ့နေရာမှာ ရခိုင်တစ်ယောက်ဆိုရင်လည်း ဘာသာရေး လူမျိုးရေး ပြဿနာတွေဖြစ်အောင် ဖန်တီးနေရင်၊ ဒါမှမဟုတ် ရန်သူနဲ့ပေါင်းပြီး ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေကို ပျက်ဆီးအောင် နှောင့်ယှက်နေရင် ဖမ်းသင့်ရင် ဖမ်းရမှာပဲ။ စစ်ဆေးလို့ တကယ်အပြစ်ရှိရင် အပြစ်ပေးရမှာပဲ။ ကျွန်တော်တို့ ULA / AA ရဲ့ မူဝါဒကတော့ ဘာသာရေး လူမျိုးရေးအပေါ်မှာ အခြေခံပြီးခွဲခြားဆက်ဆံတာ ပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုးတွေကိုတော့ ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။ လုံးဝလက်မခံဘူး”

ဒီပြောဆိုမှုနဲ့ ပတ်သက်ပြီး ပလက်၀ ခရစ်ယာန် အသင်းတော်များကောင်စီ ( PCC ) နဲ့ ပလက်ဝဧဝံဂေလိ ခရစ်ယာန် မဟာမိတ်အဖွဲ့ချုပ်တို့ကလည်း ဦးဝှေ့တင်းဟာ လူမျိးရေး၊ ဘာသာရေးနဲ့ အခြားမလိုလားအပ်တဲ့ ပဋိပက္ခတွေကို ဖန်တီးတတ်တဲ့သူ မဟုတ်တဲ့အတွက်ကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။

ဦးဝှေ့တင်းကို AA က ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် အလွန်စိတ်ပူနေဖို့ မလိုဘဲ မေးမြန်းစရာရှိတာကို မေးမြန်းပြီး ပြန်လွှတ်လိမ့်မယ်လို့ ယူဆရကြောင်း မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစောက ရှုမြင်ပါတယ်။

“သူတို့နှစ်ယောက်ကြားထဲမှာ ဘာအရှုပ်အရှင်းတွေရှိလဲ ကျွန်တော်တို့မှ မသိတာ။ ဒါကတော့ မေးမြန်းစရာရှိရင် မေးမြန်းပြီးတော့ အေးဆေးပြန်ဖြစ်မယ်လို့တော့ ထင်တာပဲ။ သိပ်လဲ အလွန်တစ်ရာ စိုးရိမ်ကြောင့်ကြစရာကြီးလည်း မဟုတ်ပါဘူး”

တပ်မတော်နဲ့ အေအေဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်းမှာ အေအေဘက်က ချင်းပြည်နယ် ပလက်ဝနယ်ထဲမှာ လှုှုပ်ရှားမှုတွေလုပ်နေတဲ့အတွက် ချင်းက ကြားညှပ်နေတဲ့ သဘောဖြစ်နေတယ်လို့ ချင်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးဟောင်း ဆလိုင်းအိုင်ဇက်ခင်က သုံးသပ်ပါတယ်။

“အေအေအနေနဲ့ ဦးဝှေ့တင်းက သူတို့အတွက် အနှောင့်အယှက်ဖြစ်တယ်လို့ ပြောတယ်။ ဒါပေမဲ့ ချင်းဘက်ကတော့ ဦးဝှေ့တင်းဟာ သူတို့အကျိုးစီးပွားအတွက် ကာကွယ်စောင့်ရှောက်တဲ့သူပဲ။ ချင်းဘက်က အဓိပ္ပါယ်ဖွင့်တာနဲ့ အေအေဘက်က အဓိပ္ပါယ်ဖွင့်တာက မတူဘူး။ ဒီလိုအဓိပ္ပါယ်ဖွင့်တာချင်း မတူတဲ့အခါ ချင်းနဲ့ ရခိုင်ကြားမှာ နားလည်မှုတွေ ရှုပ်ထွေးသွားစေနိုင်တယ်”

ဦးဝှေ့တင်းကို အေအေက ဖမ်းဆီးခဲ့ပြီးနောက်ပိုင်းမှာ ချင်းနဲ့ ရခိုင်လူမျိုးတွေဟာ လူမျိုးရေးပြဿနာအဆင့်ထိ မဟုတ်ပေမယ့် တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းပေါ်မှာ အမုန်းစကားတွေ ပြောဆိုတိုက်ခိုက် အငြင်းပွားတဲ့ အနေအထားတချို့ကိုလည်း တွေ့လာရပါတယ်။ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ AA လက်နက်ကိုင်တပ်ဖွဲ့ တပ်စွဲထားတာဟာ ငါးနှစ်နီးပါးကြာနေပြီဖြစ်ပြီး ပလက်ဝမြို့နယ်ထဲက ချင်းတိုင်းရင်းသား ဒေသခံတွေကိုလည်း ဖမ်းဆီးထားတာရှိတယ်လို့ ဗဟိုချင်းလူငယ်အဖွဲ့ချုပ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဆလိုင်းထန်းလွန်းက ပြောပါတယ်။

“အရင်ကတည်းက ချင်းလူမျိုးတွေအများကြီး ဖမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်ဘက်ဆိုရင်လည်း အေအေကဖမ်းသွားလို့ သူတိုရဲ့ စခန်းချတဲ့နေရာတွေမှာ အသက်ဆုံးရှုံးသွားတာတွေလည်း အများကြီးှရှိပြီ။ နောက်ဆက်တွဲ အခုအချိန်ထိ အေအေကဖမ်းပြီးတော့ ပြန်မလွှတ်သေးတာတွေလည်း အများကြီးရှိတယ်”

ချင်းလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ချင်းပြည်နယ်အစိုးရက စွပ်စွဲနေသလိုမျိုး ပလက်ဝဘက်မှာနေပြီး အရပ်သားတွေ ထိန်းသိမ်းထားတာမျိုးမရှိဖူးဘဲ အေအေက ဖမ်းဆီးထားတဲ့အထဲမှာ အရပ်သား ဦးဝှေ့တင်း တစ်ယောက်ပဲရှိပြီး အရပ်သားအားလုံးကို ပြန်လွှတ်ပေးလိုက်ပြီလို့ အေအေပြောခွင့်ရသူ ခိုင်သုခက ငြင်းဆိုပါတယ်။ 

“ကျွန်တော်တို့ ထိန်းသိမ်းထားတဲ့အထဲမှာ ဦးဝှေ့တင်း တစ်ယောက်ပဲ အရပ်ဘက်ရှိတယ်။ နောက်ထပ် အရပ်ဘက်ကနေပြီး ဘယ်သူမှ မရှိတော့ဘူး။ ကျွန်တော်တို့ အကုန်လွှတ်ပေးလိုက်ပြီးပြီ။ ချင်းလူ့အခွင့်အရေးအဖွဲ့တွေ ချင်းပြည်နယ်အစိုးရ သူတို့ စွပ်စွဲနေသလိုမျိုး ကျွန်တော်တို့ဘက်က ပလက်ဝဘက်မှနေပြီး အရပ်သားတွေကို ထိန်းသိမ်းထားတာတို့ ဘာတို့ အဲလိုမျိုး လုံးဝမရှိဘူူး။ တစ်ယောက်မှ ထိန်းသိမ်းထားတာမရှိဘူး”

ဦးဝှေ့တင်းကို AA က ဖမ်းဆီးခေါ်ဆောင်သွားပြီး အခုချိန်ထိ ပြန်မလွှတ်သေးတဲ့အပေါ်  လွှတ်တော်အနေနဲ့ သတိထားစောင့်ကြည့်နေတယ်လို့ ဒီကနေ့ကျင်းပတဲ့  ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယနာယက ဦးထွန်းထွန်းဟိန်က သတင်းထောက်တွေက မေးမြန်းတာကို ဖြေကြားခဲ့ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်တဲ့အတွက် လွှတ်တော်မှာ တာဝန်ရှိသလို  ဦးဝှေ့တင်းရဲ့ လုံခြုံရေးကိုလည်း ထည့်စဉ်းစားရကြောင်း လွှတ်တော်ဘက်က တစ်ခုခုဆောင်ရွက်တာ အမှားအယွင်းဖြစ်သွားရင် ဦးဝှေ့တင်း အန္တရာယ်ဖြစ်သွားမှာကိုလည်း စိုးရိမ်တဲ့အတွက် အခြေအနေကို သတိထားပြီး အချိန်နဲ့အမျှ စောင့်ကြည့်နေကြောင်း၊ ဒီကိစ္စကို အလေးထားဆောင်ရွက်နေကြောင်း ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ နိုဝင်ဘာ ၁ ရက်မနက်ပိုင်းက ပလက်ဝမြို့နယ်ကနေ ရခိုင်ပြည်နယ် ကျောက်တော်မြို့သို့အလာ ကျောက်တန်းရွာအနီးမှာ အေအေအဖွဲ့ရဲ့ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရတာပါ။ အေအေက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ သူတွေအထဲမှာ အိန္ဒိယနိုင်ငံသား တစ်ယောက်နဲ့ မီးသတ်ဒုဦးစီးမှူး တစ်ယောက် သေဆုံးခဲ့ပါတယ်။ ဒီလိုသေဆုံးမှုတွေအတွက် အေအေဟာ အိန္ဒိယနိုင်ငံနဲ့လည်း နားလည်မှုပြန်ရဖို့ ခက်ခဲနေမှာဖြစ်ပြီး အကျပ်အတည်းဖြစ်သွားနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။

RFA Burmese
https://www.rfa.org
ခ်င္းလႊတ္ေတာ္ ကိုယ္စားလွယ္ကို ျပန္လႊတ္ေပးဖို႔ေတာင္းဆို ခ်င္းလႊတ္ေတာ္ ကိုယ္စားလွယ္ကို ျပန္လႊတ္ေပးဖို႔ေတာင္းဆို Reviewed by THITHTOOLWIN on 23:34 Rating: 5
Powered by Blogger.