ၿငိမ္းခ်မ္းေရးျဖစ္စဥ္တိုးတက္ေရး တ႐ုတ္က တြန္းအားေပးေန

ျမန္မာ့ၿငိမ္းခ်မ္းေရးအတြက္ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္ စြန္းေကာ္ရွန္းက ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီကို ၂၀၁၉ ႏိုဝင္ဘာ ၈ ရက္ေန႔က ‌‌‌ေဒၚလာ ၃ သိန္းလႉဒါန္းစဥ္
(Zawgyi)⤵⤵⤵
ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕နဲ႔ အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္တို႔ မ်ားမ်ားေတြ႕ဆုံ ေဆြးေႏြးႏိုင္ဖို႔ တ႐ုတ္အစိုးရက အစဥ္တစိုက္ တြန္းအားေပးလွ်က္ရွိေၾကာင္းနဲ႔ ၿငိမ္းခ်မ္းေရးျဖစ္စဥ္မွာ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန အာရွေရးရာအထူးကိုယ္စားလွယ္ စြန္းေကာ္ရွန္းက ဒီကေန႔ ေျပာဆိုလိုက္ပါတယ္။

ႏိုင္ငံေတာ္တိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေနျပည္ေတာ္မွာ ေတြ႕ဆုံေဆြေႏြးတုန္း ေျမာက္ပိုင္းမဟာ မိတ္ေလးဖြဲ႕ကိစၥကို ေဆြးေႏြးျဖစ္ေၾကာင္းနဲ႔ အဲဒီေလးဖြဲ႕နဲ႔ တပ္မေတာ္၊ အစိုးရ ၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္တို႔ မၾကာခဏေတြ႕ဆုံေဆြးႏိုင္ေရးကို တ႐ုတ္ႏိုင္ငံက အစဥ္တစိုက္ တြန္းအားေပးေဆာင္႐ြက္ေနေၾကာင္း တ႐ုတ္ႏိုင္ငံျခားဝန္ႀကီးဌာန အာရွေရးရာ အထူးကိုယ္စားလွယ္ မစၥတာ စြန္းေကာ္ရွန္းက RFA ကို ေျပာပါတယ္။

“တ႐ုတ္ဘက္ကလည္း ျမန္မာႏိုင္ငံရဲ႕ ၿငိမ္းခ်မ္းေရးကို အထူးပဲ ဂ႐ုစိုက္ပါတယ္။ အေလးထားပါတယ္။ ျမန္မာႏိုင္ငံမွာ ထာဝရၿငိမ္းခ်မ္းေရး မရရွိေသးတဲ့အတြက္ ဖြံ႕ၿဖိဳးတိုးတက္ေရးေတြ အဖက္ဖက္မွာ ေနာက္က်က်န္ေနေၾကာင္း၊ တြင္းထြက္သဘာ၀ သယံဇာတေပါႂကြယ္ဝတဲ့ ႏိုင္ငံျဖစ္တဲ့အတြက္ ၿငိမ္းခ်မ္းေရးရရွိလာရင္ အရွိန္အဟုန္နဲ႔ တိုးတက္လာမယ္လို႔ ျမင္မိပါတယ္”

တ႐ုတ္ႏိုင္ငံဟာ ျမန္မာရဲ႕ အိမ္နီးနားခ်င္းႏိုင္ငံျဖစ္တဲ့အတြက္ ျမန္မာ့ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ ေငြလႉဒါန္း တာဟာ လုပ္သင့္လုပ္ထိုက္တဲ့ ကိစၥျဖစ္ေၾကာင္းနဲ႔ အနာဂတ္မွာလည္း ၿငိမ္းခ်မ္းေရးျဖစ္စဥ္အတြက္ တက္တက္ႂကြႂကြ ပါဝင္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း သူက ဆိုပါတယ္။

ျမန္မာ့ၿငိမ္းခ်မ္းေရးမွာ အေထာက္အကူျဖစ္ေစဖို႔ တ႐ုတ္အထူးကိုယ္စားလွယ္ စြန္းေကာ္ရွန္းက စုစုေပါင္း အေမရိကန္ေဒၚလာ ၁ သန္း ျမန္မာအစိုးရကို လႉဒါန္းလိုက္ပါတယ္။

လႉဒါန္းမႈေတြထဲက အစီအစဥ္တစ္ခုကို ဒီကေန႔ ရန္ကုန္ၿမိဳ႕ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးဗဟိုဌာန NRPC မွာ ျပဳလုပ္ခဲ့ပါတယ္။ အဲဒါကေတာ့ JMC လို႔ ေခၚတဲ့ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ ဥကၠ႒ ဒုတိယဗိုလ္ခ်ဴပ္ႀကီး ရာျပည့္နဲ႔ ေတြ႕ဆုံၿပီးေတာ့ အဖြဲ႕အတြက္ ေဒၚလာ ၃ သိန္း ေပးအပ္ခဲ့ပါတယ္။

“ဒီလိုေပးအပ္လႉဒါန္းတာကိုလည္း အလိုအပ္ဆုံးေနရာမွာ အသုံးျပဳဖို႔ ေမွ်ာ္လင့္ပါတယ္”

ျမန္မာ့ၿငိမ္းခ်မ္းေရး အေထာက္အကူျဖစ္ေစဖို႔ တ႐ုတ္က ေငြလႉဒါန္းတာ သုံးႏွစ္ဆက္တိုက္ ရွိၿပီျဖစ္ေၾကာင္း သိရပါတယ္။ JMC ကို သီးျခားလႉဒါန္းတာ ပထမႏွစ္မွာ ေဒၚလာ ငါးသိန္း၊  ဒုတိယႏွစ္မွာ ေဒၚလာ သုံးသိန္းနဲ႔ Volvo ကား ၁၀ စီး၊ ဒီႏွစ္မွာေတာ့ ေဒၚလာ သုံးသိန္း လႉဒါန္းခဲ့တာျဖစ္တယ္လို႔ JMC အဖြဲ႕ဝင္ ခ်င္းအမ်ိဳးသား တပ္ဦးအဖြဲ႕ (CNF) က ေဒါက္တာေ႐ႊခါး က ေျပာပါတယ္။

ရန္ကုန္ခရီးစဥ္မတိုင္ခင္ စြန္းေကာ္ရွန္းဟာ ေနျပည္ေတာ္မွာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ NRPC တာဝန္ရွိသူေတြကို ေတြ႕ဆုံခဲ့ၿပီးေတာ့ NRPC အတြက္ ေဒၚလာ ေလးသိန္း၊ ၿငိမ္းခ်မ္းေရး ေကာ္မရွင္အတြက္ ေဒၚလာ သုံးသိန္း ေပးအပ္ခဲ့တယ္လို႔ သိရပါတယ္။ တပ္မေတာ္ ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ နဲ႔လည္း ေနျပည္ေတာ္မွာ ေဆြးေႏြးခဲ့ပါတယ္။

စြန္းေကာ္ရွန္းဟာ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕ - KIA ကခ်င္းလြတ္ေျမာက္ေရးတပ္ဖြဲ႕၊ TNLA တအာင္း လြတ္ေျမာက္ေရး တပ္မေတာ္၊ AA ရကၡိဳင့္တပ္ေတာ္၊ MNDAA ကိုးကန႔္လက္နက္ကိုင္တပ္ဖြဲ႕ တို႔ကို တ႐ုတ္ျပည္နယ္ထဲ ေခၚယူၿပီးေတာ့ ေတြ႕ဆုံေဆြးေႏြးခဲ့ပါတယ္။ အဲဒီေဆြးေႏြးပြဲအၿပီးမွာ ေနျပည္ေတာ္ကို သြားေရာက္ခဲ့တာျဖစ္ပါတယ္။ 

KIA နဲ႔ MNDAA ကလြဲၿပီး၊ TNLA နဲ႔ AA တပ္ဖြဲ႕ ႏွစ္ခုဟာ တပ္မေတာ္နဲ႔ ရွမ္းျပည္နယ္ေျမာက္ပိုင္းနဲ႔ ရခိုင္ျပည္ နယ္ေျမာက္ပိုင္းေတြမွာ တိုက္ပြဲေတြ ဆက္တိုက္ျဖစ္ပြားေနပါတယ္။ တပ္မေတာ္ဖက္လည္း ၾကည္း၊ ေရ၊ ေလ ဘက္စုံသုံးၿပီးေတာ့ ရခိုင္ေဒသမွာ စစ္ဆင္ေရးျပဳလုပ္ေနတာ အခုဆိုရင္ ၁၀ လေက်ာ္ ၾကာလာခဲ့ၿပီျဖစ္ပါတယ္။ စစ္ေဘးေရွာင္ ဦးေရ ေျခာက္ေသာင္းေက်ာ္အထိရွိလာၿပီးေတာ့၊ ဖမ္းဆီးစစ္ေမးျမန္းစဥ္ ဒါမွမဟုတ္ ေသနတ္၊ လက္နက္ႀကီးထိလို႔ ေသဆုံးတဲ့အရပ္သားဦးေရဟာ ရခိုင္ေဒသမွာ ၁၀၀ ေက်ာ္ထိ ျမင့္တက္လာပါၿပီ။

ဒီအေျခအေနေတြကို ေလ်ာ့ခ်ႏိုင္ဖို႔ တပ္မေတာ္နဲ႔ ေျမာက္ပိုင္းမဟာမိတ္ေလးဖြဲ႕ ကနဦး ႏွစ္ဖက္အပစ္အခတ္ ရပ္စဲေရး Bilateral Agreement ေရးထိုးႏိုင္ေရး ေဆြးေႏြးေနၾကတာရွိပါတယ္။ ၿပီးခဲ့တဲ့လေတြတုန္းက ရွမ္းျပည္နယ္ က်ိဳင္းတုံမွာ အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္ေတြနဲ႔ ေျမာက္ပိုင္းမဟာမိတ္တို႔ ေတြ႕ဆုံေဆြးေႏြးခဲ့ေပမယ့္ အေသးစိတ္သေဘာတူညီခ်က္ မရရွိခဲ့ပါဘူး။

KIA နဲ႔ AA လက္နက္ကိုင္တပ္ဖြဲ႕ေတြရဲ႕ ေျပာခြင့္ရ ပုဂၢိဳလ္ေတြက အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္ေတြနဲ႔ ေနာက္တစ္ႀကိမ္ ေဆြးေႏြးပြဲျဖစ္ေျမာက္ေရး တ႐ုတ္ဘက္က ကူညီႏိုင္တဲ့ အေျခအေနေတြနဲ႔ မိုင္းလားမွာ ေတြ႕ဆုံေဆြးေႏြးဖို႔ အဆိုျပဳခ်က္ကို တင္ျပခဲ့ေၾကာင္း RFA ကို အတည္ျပဳ ေျပာၾကားထားပါတယ္။

စြန္းေကာ္ရွန္းနဲ႔ ေနျပည္ေတာ္ အစိုးရတာဝန္ရွိသူနဲ႔ တပ္မေတာ္စစ္ဦးစီးခ်ဳပ္တို႔ရဲ႕ ေဆြးေႏြးခ်က္ေတြမွာ ေျမာက္ပိုင္းမဟာမိတ္ ေလးဖြဲ႕ကိစၥကို ေဆြးေႏြးျခင္း ရွိ၊ မရွိ ထုတ္ျပန္ခ်က္ေတြမွာ ေဖာ္ျပျခင္းမရွိပါဘူး။

ဒီကေန႔ NRPC မွာ ေငြလႉဒါန္းၿပီးေနာက္ တ႐ုတ္အထူးကိုယ္စားလွယ္ဟာ JMC အဖြဲ႕ဝင္ေတြျဖစ္တဲ့ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ရာျပည့္၊ ဗိုလ္မႉးႀကီး ဝ႑ေအာင္၊ ျပည့္သူ႔ပါတီဥကၠ႒ ဦးကိုကိုႀကီး၊ ခ်င္းအမ်ိဳးသားတပ္ဦး CNFအဖြဲ႕က ေဒါက္တာေ႐ႊခါးတို႔နဲ႔ NRPC မွာ သီးျခားေတြ႕ဆုံ ေဆြးေႏြးခဲ့ပါတယ္။

လက္ရွိၿငိမ္းခ်မ္းေရးအေျခအေနနဲ႔ ေျမာက္ပိုင္းမွာျဖစ္ေနတဲ့ တိုက္ပြဲရပ္တန႔္ေရးအတြက္ အေကာင္ အထည္ေဖာ္ႏိုင္ေရးနဲ႔ တ႐ုတ္က ဘယ္လိုကူညီရမလဲဆိုတဲ့ အခန္းက႑ေတြကို တ႐ုတ္ကိုယ္စားလွယ္ စြန္ေကာ့ရွန္းနဲ႔ ေဆြးေႏြးျဖစ္ခဲ့တယ္လို႔ ေဒါက္တာေ႐ႊခါးက ေျပာပါတယ္။

ေျမာက္ပိုင္း မဟာမိတ္ေလးဖြဲ႕နဲ႔ အစိုးရ၊ တပ္မေတာ္တို႔ ေတြ႕ဆုံႏိုင္မယ့္ အေျခအေနနဲ႔ပတ္သက္ၿပီး RFA က ေမးျမန္းတဲ့အခါ သူ႔မွာ mandate ေပးအပ္ထားတဲ့ တာဝန္မရွိလို႔ မေျဖႏိုင္ဘူးလို႔ စြန္ေကာ့ရွန္းနဲ႔ ေတြ႕ဆုံရာ မွာပါတဲ့ တပ္မေတာ္သား ဗိုလ္မႉးႀကီး ဝ႑ေအာင္က ေျပာပါတယ္။

JMC အဖြဲ႕ ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ရာျပည့္ကိုလည္း ေျမာက္ပိုင္းမဟာမိတ္အဖြဲ႕နဲ႔ အစိုးရၿငိမ္းခ်မ္းေရး ကိုယ္စားလွယ္တို႔ ေတြ႕ဆုံႏိုင္ဖို႔၊ ရွိ မရွိ ေမးျမန္းတဲ့အခါ ….
သမၼတ႐ုံးဝန္ႀကီးဌာနက “ကိုေဇာ္ေဌးကိုသာ ေမးၾကည့္ပါလို႔” ေျပာဆိုခဲ့ပါတယ္။

ဒီကိစၥနဲ႔ပတ္သက္ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးကို RFA က ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ ဖုန္းလက္ခံေျဖၾကားတာ မရွိပါဘူး။

RFA Burmese
https://www.rfa.org
------------------
(Unicode)⤵⤵⤵
ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်ရေး တရုတ်က တွန်းအားပေးနေ

မြန်မာ့ငြိမ်းချမ်းရေးအတွက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် စွန်းကော်ရှန်းက ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ၂၀၁၉ နိုဝင်ဘာ ၈ ရက်နေ့က ‌‌‌ဒေါ်လာ ၃ သိန်းလှူဒါန်းစဉ်
Photo: Thant Zin Oo/RFA

မြောက်ပိုင်းမဟာမိတ်လေးဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ များများတွေ့ဆုံ ဆွေးနွေးနိုင်ဖို့ တရုတ်အစိုးရက အစဉ်တစိုက် တွန်းအားပေးလျှက်ရှိကြောင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် စွန်းကော်ရှန်းက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

နိုင်ငံတော်တိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေနွေးတုန်း မြောက်ပိုင်းမဟာ မိတ်လေးဖွဲ့ကိစ္စကို ဆွေးနွေးဖြစ်ကြောင်းနဲ့ အဲဒီလေးဖွဲ့နဲ့ တပ်မတော်၊ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ မကြာခဏတွေ့ဆုံဆွေးနိုင်ရေးကို တရုတ်နိုင်ငံက အစဉ်တစိုက် တွန်းအားပေးဆောင်ရွက်နေကြောင်း တရုတ်နိုင်ငံခြားဝန်ကြီးဌာန အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ စွန်းကော်ရှန်းက RFA ကို ပြောပါတယ်။

“တရုတ်ဘက်ကလည်း မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးကို အထူးပဲ ဂရုစိုက်ပါတယ်။ အလေးထားပါတယ်။ မြန်မာနိုင်ငံမှာ ထာဝရငြိမ်းချမ်းရေး မရရှိသေးတဲ့အတွက် ဖွံ့ဖြိုးတိုးတက်ရေးတွေ အဖက်ဖက်မှာ နောက်ကျကျန်နေကြောင်း၊ တွင်းထွက်သဘာ၀ သယံဇာတပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးရရှိလာရင် အရှိန်အဟုန်နဲ့ တိုးတက်လာမယ်လို့ မြင်မိပါတယ်”

တရုတ်နိုင်ငံဟာ မြန်မာရဲ့ အိမ်နီးနားချင်းနိုင်ငံဖြစ်တဲ့အတွက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ငွေလှူဒါန်း တာဟာ လုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စဖြစ်ကြောင်းနဲ့ အနာဂတ်မှာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သူက ဆိုပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးမှာ အထောက်အကူဖြစ်စေဖို့ တရုတ်အထူးကိုယ်စားလှယ် စွန်းကော်ရှန်းက စုစုပေါင်း အမေရိကန်ဒေါ်လာ ၁ သန်း မြန်မာအစိုးရကို လှူဒါန်းလိုက်ပါတယ်။

လှူဒါန်းမှုတွေထဲက အစီအစဉ်တစ်ခုကို ဒီကနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန NRPC မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ JMC လို့ ခေါ်တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်ကြီး ရာပြည့်နဲ့ တွေ့ဆုံပြီးတော့ အဖွဲ့အတွက် ဒေါ်လာ ၃ သိန်း ပေးအပ်ခဲ့ပါတယ်။

“ဒီလိုပေးအပ်လှူဒါန်းတာကိုလည်း အလိုအပ်ဆုံးနေရာမှာ အသုံးပြုဖို့ မျှော်လင့်ပါတယ်”

မြန်မာ့ငြိမ်းချမ်းရေး အထောက်အကူဖြစ်စေဖို့ တရုတ်က ငွေလှူဒါန်းတာ သုံးနှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း သိရပါတယ်။ JMC ကို သီးခြားလှူဒါန်းတာ ပထမနှစ်မှာ ဒေါ်လာ ငါးသိန်း၊  ဒုတိယနှစ်မှာ ဒေါ်လာ သုံးသိန်းနဲ့ Volvo ကား ၁၀ စီး၊ ဒီနှစ်မှာတော့ ဒေါ်လာ သုံးသိန်း လှူဒါန်းခဲ့တာဖြစ်တယ်လို့ JMC အဖွဲ့ဝင် ချင်းအမျိုးသား တပ်ဦးအဖွဲ့ (CNF) က ဒေါက်တာရွှေခါး က ပြောပါတယ်။

ရန်ကုန်ခရီးစဉ်မတိုင်ခင် စွန်းကော်ရှန်းဟာ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NRPC တာဝန်ရှိသူတွေကို တွေ့ဆုံခဲ့ပြီးတော့ NRPC အတွက် ဒေါ်လာ လေးသိန်း၊ ငြိမ်းချမ်းရေး ကော်မရှင်အတွက် ဒေါ်လာ သုံးသိန်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ တပ်မတော် ကာကွယ်ရေးစစ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့လည်း နေပြည်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

စွန်းကော်ရှန်းဟာ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ - KIA ကချင်းလွတ်မြောက်ရေးတပ်ဖွဲ့၊ TNLA တအာင်း လွတ်မြောက်ရေး တပ်မတော်၊ AA ရက္ခိုင့်တပ်တော်၊ MNDAA ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ တို့ကို တရုတ်ပြည်နယ်ထဲ ခေါ်ယူပြီးတော့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲအပြီးမှာ နေပြည်တော်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။ 

KIA နဲ့ MNDAA ကလွဲပြီး၊ TNLA နဲ့ AA တပ်ဖွဲ့ နှစ်ခုဟာ တပ်မတော်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည် နယ်မြောက်ပိုင်းတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။ တပ်မတော်ဖက်လည်း ကြည်း၊ ရေ၊ လေ ဘက်စုံသုံးပြီးတော့ ရခိုင်ဒေသမှာ စစ်ဆင်ရေးပြုလုပ်နေတာ အခုဆိုရင် ၁၀ လကျော် ကြာလာခဲ့ပြီဖြစ်ပါတယ်။ စစ်ဘေးရှောင် ဦးရေ ခြောက်သောင်းကျော်အထိရှိလာပြီးတော့၊ ဖမ်းဆီးစစ်မေးမြန်းစဉ် ဒါမှမဟုတ် သေနတ်၊ လက်နက်ကြီးထိလို့ သေဆုံးတဲ့အရပ်သားဦးရေဟာ ရခိုင်ဒေသမှာ ၁၀၀ ကျော်ထိ မြင့်တက်လာပါပြီ။

ဒီအခြေအနေတွေကို လျော့ချနိုင်ဖို့ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ ကနဦး နှစ်ဖက်အပစ်အခတ် ရပ်စဲရေး Bilateral Agreement ရေးထိုးနိုင်ရေး ဆွေးနွေးနေကြတာရှိပါတယ်။ ပြီးခဲ့တဲ့လတွေတုန်းက ရှမ်းပြည်နယ် ကျိုင်းတုံမှာ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပေမယ့် အသေးစိတ်သဘောတူညီချက် မရရှိခဲ့ပါဘူး။

KIA နဲ့ AA လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်တွေက အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေနဲ့ နောက်တစ်ကြိမ် ဆွေးနွေးပွဲဖြစ်မြောက်ရေး တရုတ်ဘက်က ကူညီနိုင်တဲ့ အခြေအနေတွေနဲ့ မိုင်းလားမှာ တွေ့ဆုံဆွေးနွေးဖို့ အဆိုပြုချက်ကို တင်ပြခဲ့ကြောင်း RFA ကို အတည်ပြု ပြောကြားထားပါတယ်။



စွန်းကော်ရှန်းနဲ့ နေပြည်တော် အစိုးရတာဝန်ရှိသူနဲ့ တပ်မတော်စစ်ဦးစီးချုပ်တို့ရဲ့ ဆွေးနွေးချက်တွေမှာ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ကိစ္စကို ဆွေးနွေးခြင်း ရှိ၊ မရှိ ထုတ်ပြန်ချက်တွေမှာ ဖော်ပြခြင်းမရှိပါဘူး။

ဒီကနေ့ NRPC မှာ ငွေလှူဒါန်းပြီးနောက် တရုတ်အထူးကိုယ်စားလှယ်ဟာ JMC အဖွဲ့ဝင်တွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ ဗိုလ်မှူးကြီး ဝဏ္ဍအောင်၊ ပြည့်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ချင်းအမျိုးသားတပ်ဦး CNFအဖွဲ့က ဒေါက်တာရွှေခါးတို့နဲ့ NRPC မှာ သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

လက်ရှိငြိမ်းချမ်းရေးအခြေအနေနဲ့ မြောက်ပိုင်းမှာဖြစ်နေတဲ့ တိုက်ပွဲရပ်တန့်ရေးအတွက် အကောင် အထည်ဖော်နိုင်ရေးနဲ့ တရုတ်က ဘယ်လိုကူညီရမလဲဆိုတဲ့ အခန်းကဏ္ဍတွေကို တရုတ်ကိုယ်စားလှယ် စွန်ကော့ရှန်းနဲ့ ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဒေါက်တာရွှေခါးက ပြောပါတယ်။

မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နဲ့ အစိုးရ၊ တပ်မတော်တို့ တွေ့ဆုံနိုင်မယ့် အခြေအနေနဲ့ပတ်သက်ပြီး RFA က မေးမြန်းတဲ့အခါ သူ့မှာ mandate ပေးအပ်ထားတဲ့ တာဝန်မရှိလို့ မဖြေနိုင်ဘူးလို့ စွန်ကော့ရှန်းနဲ့ တွေ့ဆုံရာ မှာပါတဲ့ တပ်မတော်သား ဗိုလ်မှူးကြီး ဝဏ္ဍအောင်က ပြောပါတယ်။

JMC အဖွဲ့ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကိုလည်း မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တို့ တွေ့ဆုံနိုင်ဖို့၊ ရှိ မရှိ မေးမြန်းတဲ့အခါ ….
သမ္မတရုံးဝန်ကြီးဌာနက “ကိုဇော်ဌေးကိုသာ မေးကြည့်ပါလို့” ပြောဆိုခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

RFA Burmese
https://www.rfa.org
ၿငိမ္းခ်မ္းေရးျဖစ္စဥ္တိုးတက္ေရး တ႐ုတ္က တြန္းအားေပးေန ၿငိမ္းခ်မ္းေရးျဖစ္စဥ္တိုးတက္ေရး တ႐ုတ္က တြန္းအားေပးေန Reviewed by THITHTOOLWIN on 23:36 Rating: 5
Powered by Blogger.