ကခ်င္ေဒသမူးယစ္တိုက္ဖ်က္ေရး USAID ေဒၚလာ ၆သန္းလ်ာထား


(Zawgyi/Unicode)

ကခ်င္ျပည္နယ္အတြင္းမွာ ျဖစ္ေပၚေနတဲ႔ မူးယစ္ေဆးဝါးသံုးစြဲမႈနဲ႔ ဆက္စပ္တဲ႔ ျပႆနာေတြကို ေျဖရွင္းႏို္င္ဖို႔ အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ျဖိဳးေရး ေအဂ်င္စီ USAID က ေဒသခံ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြရဲ႕ အႀကံေပးခ်က္ေတြရယူၿပီး စီမံကိန္းေရးဆြဲဖုိ႔ ျပင္ဆင္ေနပါတယ္။

အေမရိကန္ေဒၚလာ ၆ သန္း သုံးစြဲသြားမယ့္ ဒီစီမံကိန္းဟာ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရးလုပ္ငန္းစဥ္မွာ ပါ၀င္ပတ္သက္ေနတဲ့ အဖြဲ႔အစည္းေတြရဲ႕ အႀကံဥာဏ္ေတြနဲ႔ လုပ္ေဆာင္မယ့္ ပထမဆုံး အစီအစဥ္ျဖစ္တယ္လုိ႔ USAID က ေျပာပါတယ္။ အေၾကာင္းစံုကို ဗြီအိုေအ ျမန္မာပိုင္း သတင္းေထာက္ ကိုေဇာ္ထက္က ေမးျမန္းတင္ျပ ေပးထားပါတယ္။

ဖြံ႔ၿဖိဳးေရးစီမံကိန္းေတြ အပါအ၀င္ မူးယစ္ေဆးတုိက္ဖ်က္ေရးနဲ႔ဆုိင္တဲ့ စီမံကိန္းေတြကုိ ပုံမွန္အားျဖင့္ USAID အေမရိကန္ ႏိုင္ငံတကာ ဖြံ႔ၿဖိဳးေရး ေအဂ်င္စီက ဦးေဆာင္ျပဳလုပ္ေလ့ရွိေပမယ့္ ေဒသခံ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြက ဦးေဆာင္္တဲ့ပုံစံနဲ႔ လုပ္ေဆာင္တာ ဒါဟာ ျမန္မာႏုိင္ငံမွာ ပထမဆုံးအႀကိမ္ျဖစ္ပါတယ္။ အေမရိကန္ေဒၚလာ ၆ သန္း အကုန္အက်ခံမယ့္ ၅ ႏွစ္စီမံကိန္းကုိ ကခ်င္ျပည္နယ္အတြင္းမွာဘဲ လုပ္ေဆာင္ မယ္လုိ႔ USAID က တာ၀န္ရွိသူ ေဒၚျမင့္ျမင့္ၾကဴက ဗီြအုိေအကုိ ေျပာပါတယ္။

ကခ်င္ျပည္နယ္ဟာ ျမန္မာႏုိင္ငံအတြင္း မူးယစ္ေဆး၀ါးသုံးစြဲမႈ အဆုိးရြားဆုံးေဒသ တခုျဖစ္တာေၾကာင့္ ဒီ စီမံကိန္းကုိ ဒီေဒသမွာ စတင္တာလည္း ျဖစ္ပါတယ္။ စီမံကိန္းကုိ ဘယ္လုိပုံစံေရးဆြဲသင့္တယ္ဆုိတာ သိရွိႏုိင္ဖုိ႔ ေဒသခံ အရပ္ဘက္လူမႈအဖြဲ႔အစည္းေတြထံက ကနဦး အႀကံဥာဏ္ ေတာင္းခံမႈေတြ ၿပီးခဲ့တဲ့ ေမလတုန္းက ျပဳလုပ္ခဲ့ၿပီးတဲ့ေနာက္ ႏုိ၀င္ဘာ ၁ ရက္ေန႔မွာ အရပ္ဘက္ လူမႈအဖြဲ႔အစည္းေတြ ဒီအစီအစဥ္မွာ ပါ၀င္ႏုိင္ဖုိ႔ ဖိတ္ေခၚထားတဲ့အေၾကာင္း USAID က တာ၀န္ရွိသူတဦးျဖစ္တဲ့ ေဒၚျမင့္ျမင့္ၾကဴက ေျပာပါတယ္။

“ ႏိုဝင္ဘာ ၁ရက္ေန႔မွာေပါ႔ USAID ကေနျပီးေတာ႔ ပထမဦးဆံုး ေဒသခံေတြ ဦးေဆာင္ျပီးေတာ႔မွ ဖြံ႔ျဖိဳးေရး လုပ္ငန္းေတြ လုပ္ႏုိင္ဖို႔အတြက္ ဆိုၿပီးေတာ႔ အဆိုျပဳလႊာကို၊ ဘယ္လိုေျပာမလဲ consult လုပ္ေပးဖို႔ ေခၚတဲ႔ စာေပါ႔ေနာ္။ အဲဒါကို ထုတ္ျပန္ထားပါတယ္။ အဓိကေတာ႔ ကခ်င္ျပည္နယ္မွာရွိတဲ႔ မူးယစ္ေဆးဝါးနဲ႔ ပတ္သက္ျပီးေတာ႔မွ ေနာက္ဆက္တြဲ ျပႆနာေတြ၊ က်န္းမာေရး ျပႆနာေတြ ေလ်ွာ့ခ်ဖို႔အတြက္ေပါ႔။ ဒါေပမဲ႔ ဒီစီမံကိန္းက ပံုမွန္ USAID က လုပ္ေနက်အတိုင္း က်မတို႔က ဦးေဆာင္ျပီးလုပ္တာမ်ိဳး မဟုတ္ဘဲနဲ႔ ေဒသခံေတြကေန သူတို႔ျဖစ္ေနတဲ႔ ျပႆနာေတြကို သူတို႔ဘယ္လို ေျဖရွင္းမလဲဆိုတဲ႔ အေပၚ၊ သူတို႔ တင္ျပလာတဲ႔ အေပၚမွာ က်မတို႔ကေနျပီးေတာ႔ ပံ႔ပိုးကူညီသြားဖို႔ပါ။”

ေမလအတြင္း ျပဳလုပ္ခဲ့တဲ့ ေဆြးေႏြးပြဲက အေျဖေတြအေပၚ မူတည္ၿပီး ႏုိ၀င္ဘာ ၁ ရက္ေန႔က ေလွ်ာက္လႊာ ေတြကုိ ေခၚယူခဲ့တာလုိ႔ ေဒၚျမင့္ျမင့္ၾကဴက ေျပာပါတယ္။

အခု ဒုတိယအဆင့္အေနနဲ႔ မူးယစ္ေဆး၀ါးတုိက္ဖ်က္ေရးလုပ္ငန္းေတြမွာ ပါ၀င္လုပ္ကုိင္ေနတဲ့ အဖြဲ႔အစည္း ေတြရဲ႕ ပုိမုိက်ယ္ျပန္႔တဲ့ အႀကံဥာဏ္ေတြ ရႏုိင္ဖုိ႔ လာမယ့္ ႏုိ၀င္ဘာ ၁၅ ရက္ေန႔မွာ အလုပ္ရုံေဆြးေႏြးပြဲ ထပ္မံ ျပဳလုပ္သြားမယ္လုိ႔ ဆုိပါတယ္။

“ အဲဒီမွာပါတဲ႔ အေၾကာင္းအရာေတြကို ဒီေဒသခံ အဖြဲ႔အစည္းေတြကို ထပ္ျပီးေတာ႔မွ ရွင္းျပႏို္င္ေအာင္ က်မတို႔က အဲဒီအလုပ္ရံု ေဆြးေႏြးပြဲကို ဆက္လုပ္မလို႔ရွင့္။”

အစိုးရက ကခ်င္ေဒသမွာ မူးယစ္ေဆးဝါး ကိစၥကို ေျဖရွင္းဖို႔ႀကိဳးစားေနေပမဲ႔ ဆင္းရဲႏြမ္းပါးမႈနဲ႔ တရားဥပေဒစိုးမိုးမႈ အားနည္းတာေတြက ဒီျပႆနာေတြကို ပိုျပီးဆိုးရြာေနတယ္လို႔ ကခ်င္အရပ္ဘက္ အဖြဲ႔အစည္းေတြက ေျပာပါတယ္။

ကခ်င္ေဒသမွာ မူးယစ္ေဆးဝါး တုိက္ဖ်က္ေရးအတြက္ လူထုအေျခစိုက္ မူးယစ္ေဆးဝါး တိုက္ဖ်က္ေရး လုပ္ေနတဲ့ ပတ္ဂ်ာဆန္လုိ အဖြဲ႔ေတြ ရွိေနေပမဲ႔လည္း ဒီထက္ပုိ ထိေရာက္ဖုိ႔ အစိုးရက ပူးေပါင္း ပါ၀င္ဖုိ႔ လုိအပ္ၿပီး နည္းဥပေဒသစ္ကို အျမန္ဆုံး ျပ႒ာန္းေပးေစလုိေၾကာင္း ပတ္ဂ်ာဆန္အဖြဲ႔ရဲ႕ ဖားကန္႔ျမိဳ႕နယ္ အတြင္းေရးမွဴး ဆရာဘရန္နန္ က ေျပာပါတယ္။

“ သံုးစြဲတဲ႔သူကေတာ႔ က်ေနာ္တို႔ ဥပမာ -ရန္ကြက္ ၁မွာလုပ္ရင္ ရပ္ကြက္ ၂ကိုေျပာင္းမွာပဲ သူတို႔။ ရပ္ကြက္ ၂ကို က်ေနာ္တို႔ သြားဖမ္းရင္ ၃ကိုေျပာင္းမွာပဲ။ ဒါကေတာ႔ အျမဲတမ္း သံုေနၾက၊ ေရာင္းေနၾက၊ ဒါကလည္း ျပည္သူလူထုနဲ႔ အစိုးရတာဝန္ရွိသူေတြ ေပါင္းျပီးေတာ႔ အစိုးရက ထုတ္ျပန္ထားတဲ႔ လက္ရွိတည္ဆဲ ဥပေဒေတြမွာ ဒီမူးယစ္ေဆးဝါးကို တိုက္ဖ်က္မယ့္ နည္းဥပေဒအသစ္ေတြ အျမန္ ထြက္လာမယ္ လို႔ေတာ႔ ယံုၾကည္ပါတယ္။ အဲဒါ ထြက္လာရင္ေတာ႔ အဆင္ေျပမယ္လို႔ ယံုၾကည္ပါတယ္။”

ဖားကန္႔ျမိဳ႕နယ္ဟာ ကမာၻေပၚမွာ အဖိုးအတန္ဆံုး ေက်ာက္စိမ္း အေျမာက္အမ်ားထြက္တဲ႔ ေနရာေဒသျဖစ္သလို၊ ေက်ာက္စိမ္းစီးပြားေရးကိုမွီျပီး အက်ိဳးအျမတ္ရွာေနတဲ႔ မူးယစ္ေဆးဝါး ေရာင္းဝယ္တာကလည္း တျခားျမိဳ႕နယ္ေတြထက္ အမ်ားဆံုးျဖစ္ေနပါတယ္။

၂၀၁၉ စက္တင္ဘာ ၂၄ရက္တုန္းကလည္း ဖားကန္႔ျမိဳ႕နယ္၊ နမ့္ေမွာ္ေက်းရြာ ေက်ာက္စိမ္းေျမစာပံုနားမွာ မူးယစ္ေဆးဝါးေရာင္းေနတဲ႔သူ ႏွစ္ေယာက္နဲ႔ သံုးစြဲသူ အေယာက္ ၄၀၀ ေလာက္ကို လူထုအေျချပဳ မူးယစ္ေဆးဝါးအဖြဲ႔ Pat Jasan အဖြဲ႔က ဖမ္းဆီးျပီး ေဒသအာဏာပိုင္ကို အပ္ခဲ႔ပါတယ္။ ဖားကန္႔ေဒသမွာ အၾကိမ္ၾကိမ္ ဖမ္းဆီးတာေတြ လုပ္ခဲ႔ေပမဲ႔လည္း မူးယစ္ေဆးဝါးျပႆနာက ေပ်ာက္သြားတာ မရွိပါဘူး။

ကခ်င္ျပည္နယ္ရဲ႕ မူးယစ္ေဆးဝါးျပႆနာဟာ တရားဥပေဒစိုးမိုးေရး အားနည္းမႈနဲ႔ အဓိက သက္ဆိုင္ ေနတယ္လို႔ ကခ်င္လူ႔အခြင့္အေရး လႈပ္ရွား ေဆာင္ရြက္သူတဦးျဖစ္တဲ႔ ကခ်င္ျငိမ္းခ်မ္းေရးကြန္ရက္က ေဒၚခြန္ဂ်ာက ဗြီအိုေအကို ေျပာပါတယ္။

“ ဖားကန္႔လို ေနရာမ်ိဳးက ေခတ္အဆက္ဆက္မွာ ဘယ္တုန္းအခါကမွ တရားဥပေဒစိုးမိုးမႈ မရွိခဲ႔ဘူးရွင့္။ အဲဒီေတာ႔ ေျပာရမယ္ဆိုရင္ တႏို္င္ငံလံုးက အလုပ္လိုအပ္တဲ႔သူေတြ သြားတဲ႔ေနရာဟာ ဖားကန္႔လိုျဖစ္ေနတယ္။ အဲဒီေနရာမ်ိဳးမွာ တရားဥပေဒ စိုးမိုးဖို႔ အင္မတန္ခက္ပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ရဲဝန္ထမ္းအင္အား၊ ျပီးရင္ တရားရံုး၊ ေရွ႕ေနဆိုတဲ႔ အင္အား ပမာဏအခ်က္ေပၚမွာ လူဦးေရက ပိုမ်ားေနတယ္။ ပိုက္ဆံလိုတဲ႔သူက ပိုမ်ားေနတယ္။ ဒီ poverty ( ဆင္းရဲႏြမ္းပါးမႈ ) ေၾကာင့္လည္းျဖစ္ႏုိင္တယ္။ တဖက္ကေနျပီးေတာ႔ ရွိသမ်ွ မူးယစ္ေဆးဝါး ေရာင္းဝယ္ ေဖာက္ကားသူ အားလံုးကလည္း အဲဒီမွာ ေရာက္ေနတဲ႔အခါက်ေတာ႔ ဘယ္လိုနည္းနဲ႔မွ တရားဥပေဒ စိုးမိုးေရးက မျဖစ္ဘူးရွင့္။”

ကခ်င္အရပ္ဘက္ မူးယစ္ေဆးတိုက္ဖ်က္ေရးအဖြဲ႔ေတြကို ကခ်င္လူငယ္ေတြ၊ ဘာသာေရးအသင္းအဖြဲ႔ေတြ အမ်ားျပားနဲ႔ စုဖြဲ႔ထားေပမဲ႔ ေနာက္ပိုင္း အဖြဲ႔အစည္းအတြင္းမွာ အင္အားနည္းလာျပီး အရွိန္ေလ်ာ့က်လာတယ္လို႔လည္း တခ်ိဳ႕ကျမင္ပါတယ္။

ျမန္မာႏိုင္ငံလူ႔အခြင့္အေရးေကာ္မရွင္ရဲ႕ အက်ဥ္းေထာင္ေတြကို ေလ႔လာထားတဲ႔ အခ်က္ေတြအရဆိုရင္ အက်ဥ္းသားအမ်ားစုက မူးယစ္ေဆးဝါးေၾကာင့္ ေထာင္က်လာတဲ႔သူက မ်ားေနပါတယ္။ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာဥပေဒကို ၁၉၉၃ မွာ ျပ႒ာန္းခဲ႔ေပမဲ႔ အားနည္းခ်က္ေတြ ရွိခဲ႔ေၾကာင္း ကုလသမဂၢ လက္ေအာက္ခံ အဖြဲ႔အစည္းေတြက ေဝဖန္ခဲ႔ပါတယ္။

ဒါေၾကာင့္ ဒီဥပေဒကို အဆင့္ဆင့္ေျပာင္းလဲခဲ႔ၾကျပီး ျပင္ဆင္ထားတဲ႔ဥပေဒကို ၂၀၁၈ ေဖေဖာ္ဝါရီ ၁၄ရက္မွာ အတည္ျပဳလိုက္ပါတယ္။ နည္းဥပေဒကေတာ႔ ၁၉၉၅ မွာအတည္ျပဳထားတဲ႔ နည္းဥပေဒအတိုင္းပဲ လက္ရွိမွာ က်င့္သံုးေနဆဲျဖစ္ပါတယ္။

...............

ကချင်ဒေသမူးယစ်တိုက်ဖျက်ရေး USAID ဒေါ်လာ ၆သန်းလျာထား

(Unicode)

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပေါ်နေတဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ဆက်စပ်တဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့ အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ USAID က ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အကြံပေးချက်တွေရယူပြီး စီမံကိန်းရေးဆွဲဖို့ ပြင်ဆင်နေပါတယ်။ အမေရိကန်ဒေါ်လာ ၆ သန်း သုံးစွဲသွားမယ့် ဒီစီမံကိန်းဟာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစဉ်မှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းတွေရဲ့ အကြံဉာဏ်တွေနဲ့ လုပ်ဆောင်မယ့် ပထမဆုံး အစီအစဉ်ဖြစ်တယ်လို့ USAID က ပြောပါတယ်။ အကြောင်းစုံကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က မေးမြန်းတင်ပြ ပေးထားပါတယ်။

ဖွံ့ဖြိုးရေးစီမံကိန်းတွေ အပါအဝင် မူးယစ်ဆေးတိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ စီမံကိန်းတွေကို ပုံမှန်အားဖြင့် USAID အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီက ဦးဆောင်ပြုလုပ်လေ့ရှိပေမယ့် ဒေသခံ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဦးဆောင်တဲ့ပုံစံနဲ့ လုပ်ဆောင်တာ ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၆ သန်း အကုန်အကျခံမယ့် ၅ နှစ်စီမံကိန်းကို ကချင်ပြည်နယ်အတွင်းမှာဘဲ လုပ်ဆောင် မယ်လို့ USAID က တာဝန်ရှိသူ ဒေါ်မြင့်မြင့်ကြူက ဗွီအိုအေကို ပြောပါတယ်။

ကချင်ပြည်နယ်ဟာ မြန်မာနိုင်ငံအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု အဆိုးရွားဆုံးဒေသ တခုဖြစ်တာကြောင့် ဒီ စီမံကိန်းကို ဒီဒေသမှာ စတင်တာလည်း ဖြစ်ပါတယ်။ စီမံကိန်းကို ဘယ်လိုပုံစံရေးဆွဲသင့်တယ်ဆိုတာ သိရှိနိုင်ဖို့ ဒေသခံ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေထံက ကနဦး အကြံဉာဏ် တောင်းခံမှုတွေ ပြီးခဲ့တဲ့ မေလတုန်းက ပြုလုပ်ခဲ့ပြီးတဲ့နောက် နိုဝင်ဘာ ၁ ရက်နေ့မှာ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ဒီအစီအစဉ်မှာ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်ထားတဲ့အကြောင်း USAID က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်ကြူက ပြောပါတယ်။

“ နိုဝင်ဘာ ၁ရက်နေ့မှာပေါ့ USAID ကနေပြီးတော့ ပထမဦးဆုံး ဒေသခံတွေ ဦးဆောင်ပြီးတော့မှ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်နိုင်ဖို့အတွက် ဆိုပြီးတော့ အဆိုပြုလွှာကို၊ ဘယ်လိုပြောမလဲ consult လုပ်ပေးဖို့ ခေါ်တဲ့ စာပေါ့နော်။ အဲဒါကို ထုတ်ပြန်ထားပါတယ်။ အဓိကတော့ ကချင်ပြည်နယ်မှာရှိတဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့မှ နောက်ဆက်တွဲ ပြဿနာတွေ၊ ကျန်းမာရေး ပြဿနာတွေ လျှော့ချဖို့အတွက်ပေါ့။ ဒါပေမဲ့ ဒီစီမံကိန်းက ပုံမှန် USAID က လုပ်နေကျအတိုင်း ကျမတို့က ဦးဆောင်ပြီးလုပ်တာမျိုး မဟုတ်ဘဲနဲ့ ဒေသခံတွေကနေ သူတို့ဖြစ်နေတဲ့ ပြဿနာတွေကို သူတို့ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အပေါ်၊ သူတို့ တင်ပြလာတဲ့ အပေါ်မှာ ကျမတို့ကနေပြီးတော့ ပံ့ပိုးကူညီသွားဖို့ပါ။”

မေလအတွင်း ပြုလုပ်ခဲ့တဲ့ ဆွေးနွေးပွဲက အဖြေတွေအပေါ် မူတည်ပြီး နိုဝင်ဘာ ၁ ရက်နေ့က လျှောက်လွှာ တွေကို ခေါ်ယူခဲ့တာလို့ ဒေါ်မြင့်မြင့်ကြူက ပြောပါတယ်။

အခု ဒုတိယအဆင့်အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်း တွေရဲ့ ပိုမိုကျယ်ပြန့်တဲ့ အကြံဉာဏ်တွေ ရနိုင်ဖို့ လာမယ့် နိုဝင်ဘာ ၁၅ ရက်နေ့မှာ အလုပ်ရုံဆွေးနွေးပွဲ ထပ်မံ ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။

“ အဲဒီမှာပါတဲ့ အကြောင်းအရာတွေကို ဒီဒေသခံ အဖွဲ့အစည်းတွေကို ထပ်ပြီးတော့မှ ရှင်းပြနိုင်အောင် ကျမတို့က အဲဒီအလုပ်ရုံ ဆွေးနွေးပွဲကို ဆက်လုပ်မလို့ရှင့်။”

အစိုးရက ကချင်ဒေသမှာ မူးယစ်ဆေးဝါး ကိစ္စကို ဖြေရှင်းဖို့ကြိုးစားနေပေမဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ တရားဥပဒေစိုးမိုးမှု အားနည်းတာတွေက ဒီပြဿနာတွေကို ပိုပြီးဆိုးရွာနေတယ်လို့ ကချင်အရပ်ဘက် အဖွဲ့အစည်းတွေက ပြောပါတယ်။

ကချင်ဒေသမှာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအတွက် လူထုအခြေစိုက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်နေတဲ့ ပတ်ဂျာဆန်လို အဖွဲ့တွေ ရှိနေပေမဲ့လည်း ဒီထက်ပို ထိရောက်ဖို့ အစိုးရက ပူးပေါင်း ပါဝင်ဖို့ လိုအပ်ပြီး နည်းဥပဒေသစ်ကို အမြန်ဆုံး ပြဋ္ဌာန်းပေးစေလိုကြောင်း ပတ်ဂျာဆန်အဖွဲ့ရဲ့ ဖားကန့်မြို့နယ် အတွင်းရေးမှူး ဆရာဘရန်နန် က ပြောပါတယ်။

“ သုံးစွဲတဲ့သူကတော့ ကျနော်တို့ ဥပမာ -ရန်ကွက် ၁မှာလုပ်ရင် ရပ်ကွက် ၂ကိုပြောင်းမှာပဲ သူတို့။ ရပ်ကွက် ၂ကို ကျနော်တို့ သွားဖမ်းရင် ၃ကိုပြောင်းမှာပဲ။ ဒါကတော့ အမြဲတမ်း သုံနေကြ၊ ရောင်းနေကြ၊ ဒါကလည်း ပြည်သူလူထုနဲ့ အစိုးရတာဝန်ရှိသူတွေ ပေါင်းပြီးတော့ အစိုးရက ထုတ်ပြန်ထားတဲ့ လက်ရှိတည်ဆဲ ဥပဒေတွေမှာ ဒီမူးယစ်ဆေးဝါးကို တိုက်ဖျက်မယ့် နည်းဥပဒေအသစ်တွေ အမြန် ထွက်လာမယ် လို့တော့ ယုံကြည်ပါတယ်။ အဲဒါ ထွက်လာရင်တော့ အဆင်ပြေမယ်လို့ ယုံကြည်ပါတယ်။”

ဖားကန့်မြို့နယ်ဟာ ကမ္ဘာပေါ်မှာ အဖိုးအတန်ဆုံး ကျောက်စိမ်း အမြောက်အများထွက်တဲ့ နေရာဒေသဖြစ်သလို၊ ကျောက်စိမ်းစီးပွားရေးကိုမှီပြီး အကျိုးအမြတ်ရှာနေတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်တာကလည်း တခြားမြို့နယ်တွေထက် အများဆုံးဖြစ်နေပါတယ်။

၂၀၁၉ စက်တင်ဘာ ၂၄ရက်တုန်းကလည်း ဖားကန့်မြို့နယ်၊ နမ့်မှော်ကျေးရွာ ကျောက်စိမ်းမြေစာပုံနားမှာ မူးယစ်ဆေးဝါးရောင်းနေတဲ့သူ နှစ်ယောက်နဲ့ သုံးစွဲသူ အယောက် ၄၀၀ လောက်ကို လူထုအခြေပြု မူးယစ်ဆေးဝါးအဖွဲ့ Pat Jasan အဖွဲ့က ဖမ်းဆီးပြီး ဒေသအာဏာပိုင်ကို အပ်ခဲ့ပါတယ်။ ဖားကန့်ဒေသမှာ အကြိမ်ကြိမ် ဖမ်းဆီးတာတွေ လုပ်ခဲ့ပေမဲ့လည်း မူးယစ်ဆေးဝါးပြဿနာက ပျောက်သွားတာ မရှိပါဘူး။

ကချင်ပြည်နယ်ရဲ့ မူးယစ်ဆေးဝါးပြဿနာဟာ တရားဥပဒေစိုးမိုးရေး အားနည်းမှုနဲ့ အဓိက သက်ဆိုင် နေတယ်လို့ ကချင်လူ့အခွင့်အရေး လှုပ်ရှား ဆောင်ရွက်သူတဦးဖြစ်တဲ့ ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာက ဗွီအိုအေကို ပြောပါတယ်။

“ ဖားကန့်လို နေရာမျိုးက ခေတ်အဆက်ဆက်မှာ ဘယ်တုန်းအခါကမှ တရားဥပဒေစိုးမိုးမှု မရှိခဲ့ဘူးရှင့်။ အဲဒီတော့ ပြောရမယ်ဆိုရင် တနိုင်ငံလုံးက အလုပ်လိုအပ်တဲ့သူတွေ သွားတဲ့နေရာဟာ ဖားကန့်လိုဖြစ်နေတယ်။ အဲဒီနေရာမျိုးမှာ တရားဥပဒေ စိုးမိုးဖို့ အင်မတန်ခက်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရဲဝန်ထမ်းအင်အား၊ ပြီးရင် တရားရုံး၊ ရှေ့နေဆိုတဲ့ အင်အား ပမာဏအချက်ပေါ်မှာ လူဦးရေက ပိုများနေတယ်။ ပိုက်ဆံလိုတဲ့သူက ပိုများနေတယ်။ ဒီ poverty ( ဆင်းရဲနွမ်းပါးမှု ) ကြောင့်လည်းဖြစ်နိုင်တယ်။ တဖက်ကနေပြီးတော့ ရှိသမျှ မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူ အားလုံးကလည်း အဲဒီမှာ ရောက်နေတဲ့အခါကျတော့ ဘယ်လိုနည်းနဲ့မှ တရားဥပဒေ စိုးမိုးရေးက မဖြစ်ဘူးရှင့်။”

ကချင်အရပ်ဘက် မူးယစ်ဆေးတိုက်ဖျက်ရေးအဖွဲ့တွေကို ကချင်လူငယ်တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ အများပြားနဲ့ စုဖွဲ့ထားပေမဲ့ နောက်ပိုင်း အဖွဲ့အစည်းအတွင်းမှာ အင်အားနည်းလာပြီး အရှိန်လျော့ကျလာတယ်လို့လည်း တချို့ကမြင်ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ရဲ့ အကျဉ်းထောင်တွေကို လေ့လာထားတဲ့ အချက်တွေအရဆိုရင် အကျဉ်းသားအများစုက မူးယစ်ဆေးဝါးကြောင့် ထောင်ကျလာတဲ့သူက များနေပါတယ်။ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ၁၉၉၃ မှာ ပြဋ္ဌာန်းခဲ့ပေမဲ့ အားနည်းချက်တွေ ရှိခဲ့ကြောင်း ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက ဝေဖန်ခဲ့ပါတယ်။

ဒါကြောင့် ဒီဥပဒေကို အဆင့်ဆင့်ပြောင်းလဲခဲ့ကြပြီး ပြင်ဆင်ထားတဲ့ဥပဒေကို ၂၀၁၈ ဖေဖော်ဝါရီ ၁၄ရက်မှာ အတည်ပြုလိုက်ပါတယ်။ နည်းဥပဒေကတော့ ၁၉၉၅ မှာအတည်ပြုထားတဲ့ နည်းဥပဒေအတိုင်းပဲ လက်ရှိမှာ ကျင့်သုံးနေဆဲဖြစ်ပါတယ်။

ေဇာ္ထက္  / VOA Burmese
https://burmese.voanews.com
ကခ်င္ေဒသမူးယစ္တိုက္ဖ်က္ေရး USAID ေဒၚလာ ၆သန္းလ်ာထား ကခ်င္ေဒသမူးယစ္တိုက္ဖ်က္ေရး USAID ေဒၚလာ ၆သန္းလ်ာထား Reviewed by THITHTOOLWIN on 21:19 Rating: 5
Powered by Blogger.