အာ႐ွ ဆန္တင္ပို႔ႏိုင္ငံေတြၾကား ျမန္မာထိုးေဖာက္


(Zawgyi/Unicode)

ျမန္မာႏုိင္ငံက ျပည္ပကို ဆန္တင္ပို႔ေရာင္းခ်တာ တိုးလာတဲ့အတြက္ အာရွေဒသတြင္းက ဆန္တင္ပို႔ေရာင္းခ်တဲ့ ႏုိင္ငံေတြ အတြက္ ၿပိဳင္ဆိုင္မႈ ပိုမ်ားလာပါတယ္။

တကမာၻလံုးမွာ ဝယ္လုိအားက်ၿပီး ဆန္ေစ်းတက္တာေၾကာင့္ ထုိင္းႏုိင္ငံရဲ႕ ဆန္တင္ပို႔မႈ တစံုလံုးအေနနဲ႔ ဒီႏွစ္မွာ က်သြားတဲ့ အေၾကာင္း၊ ဒါ့အျပင္ ျမန္မာႏိုင္္ငံရဲ႕ ဆန္တင္ပို႔ႏုိင္စြမ္းက ဒီႏွစ္မွာ ပိုတိုးလာတာေၾကာင့္လည္း ၿပိဳင္ဆိုင္မႈ ပိုမ်ားလာတဲ့အေၾကာင္း ဘန္ေကာက္ၿမိဳ႕ေတာ္အေျခစိုက္ ဆန္ကုန္သည္တဦးက ေျပာပါတယ္။

ထိုင္းဆန္ေရာင္းလို႔ရမယ့္ ေစ်းကြက္အသစ္ေတြ ရွာေဖြတာကို ထိုင္းအစိုးရက အရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီး အီရတ္၊ တူရကီႏိုင္ငံ ေတြကို ဆန္ေရာင္းဖို႔ ႀကိဳးစားေနပါတယ္။ ဒါေပမယ့္ ထိုင္းဘတ္ေငြက ပိုအားေကာင္းေနတာေၾကာင့္ ဆန္ေစ်းတက္ေနတာရယ္၊ ၿပိဳင္ဆိုင္မႈ ပိုမ်ားတာရယ္ေၾကာင့္ ေရာင္းႏုိင္မယ့္အခြင့္အေရးက သိပ္နည္းတယ္လုိ႔ ကုန္သည္ေတြကေျပာပါတယ္။

ကမာၻ႔ထိပ္တန္း ဆန္တင္ပို႔တဲ့ႏုိင္ငံျဖစ္တဲ့ အိႏိၵယႏုိင္္ငံရဲ႕ ဆန္ေစ်းႏႈန္းကေတာ့ ေႏြစပါးအထြက္ႏႈန္း ေကာင္းပံုရတာေၾကာင့္ သံုးႏွစ္နီးပါးအတြင္း အနိမ့္ဆံုးေစ်းထိ က်သြားပါတယ္။

ဗီယက္နမ္ဆန္ေစ်းက ၿငိမ္ေနေပမယ့္ ခုခ်ိန္ထိ ဆန္ေရာင္းႏုိင္မယ့္ သေဘာတူညီခ်က္အသစ္ မရေသးဘဲ ဝယ္လိုအား သိပ္နည္း ေနတယ္လုိ႔ ဟိုခ်ီမင္းစီးတီးအေျခစိုက္ ကုန္သည္တဦးက ေျပာပါတယ္။

ဒီအေတာအတြင္းမွာပဲ ဖိလစ္ပိုင္ႏုိင္ငံက ဆန္တင္သြင္းတာကို ရပ္မပစ္ဖို႔ ဆံုးျဖတ္ထားေပမယ့္ ေဒသခံလယ္သမားေတြရဲ႕ဝင္ေငြ ထိခိုက္ေစတဲ့ ေစ်းေပါတဲ့ဆန္ေတြ ဝင္လာတာကို ထိန္းခ်ဳပ္ဖို႔ စားနပ္ရိကၡာ ေဘးအႏၲရာယ္ကင္းေရး လုပ္ေဆာင္ခ်က္ေတြကို တင္းက်ပ္မယ္လုိ႔ ေျပာထားပါတယ္။

.........................

အာရှ ဆန်တင်ပို့နိုင်ငံတွေကြား မြန်မာထိုးဖောက်

(Unicode)

မြန်မာနိုင်ငံက ပြည်ပကို ဆန်တင်ပို့ရောင်းချတာ တိုးလာတဲ့အတွက် အာရှဒေသတွင်းက ဆန်တင်ပို့ရောင်းချတဲ့ နိုင်ငံတွေ အတွက် ပြိုင်ဆိုင်မှု ပိုများလာပါတယ်။

တကမ္ဘာလုံးမှာ ဝယ်လိုအားကျပြီး ဆန်ဈေးတက်တာကြောင့် ထိုင်းနိုင်ငံရဲ့ ဆန်တင်ပို့မှု တစုံလုံးအနေနဲ့ ဒီနှစ်မှာ ကျသွားတဲ့ အကြောင်း၊ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ဆန်တင်ပို့နိုင်စွမ်းက ဒီနှစ်မှာ ပိုတိုးလာတာကြောင့်လည်း ပြိုင်ဆိုင်မှု ပိုများလာတဲ့အကြောင်း ဘန်ကောက်မြို့တော်အခြေစိုက် ဆန်ကုန်သည်တဦးက ပြောပါတယ်။

ထိုင်းဆန်ရောင်းလို့ရမယ့် ဈေးကွက်အသစ်တွေ ရှာဖွေတာကို ထိုင်းအစိုးရက အရှိန်မြှင့်လုပ်ဆောင်နေပြီး အီရတ်၊ တူရကီနိုင်ငံ တွေကို ဆန်ရောင်းဖို့ ကြိုးစားနေပါတယ်။ ဒါပေမယ့် ထိုင်းဘတ်ငွေက ပိုအားကောင်းနေတာကြောင့် ဆန်ဈေးတက်နေတာရယ်၊ ပြိုင်ဆိုင်မှု ပိုများတာရယ်ကြောင့် ရောင်းနိုင်မယ့်အခွင့်အရေးက သိပ်နည်းတယ်လို့ ကုန်သည်တွေကပြောပါတယ်။

ကမ္ဘာ့ထိပ်တန်း ဆန်တင်ပို့တဲ့နိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံရဲ့ ဆန်ဈေးနှုန်းကတော့ နွေစပါးအထွက်နှုန်း ကောင်းပုံရတာကြောင့် သုံးနှစ်နီးပါးအတွင်း အနိမ့်ဆုံးဈေးထိ ကျသွားပါတယ်။

ဗီယက်နမ်ဆန်ဈေးက ငြိမ်နေပေမယ့် ခုချိန်ထိ ဆန်ရောင်းနိုင်မယ့် သဘောတူညီချက်အသစ် မရသေးဘဲ ဝယ်လိုအား သိပ်နည်း နေတယ်လို့ ဟိုချီမင်းစီးတီးအခြေစိုက် ကုန်သည်တဦးက ပြောပါတယ်။

ဒီအတောအတွင်းမှာပဲ ဖိလစ်ပိုင်နိုင်ငံက ဆန်တင်သွင်းတာကို ရပ်မပစ်ဖို့ ဆုံးဖြတ်ထားပေမယ့် ဒေသခံလယ်သမားတွေရဲ့ဝင်ငွေ ထိခိုက်စေတဲ့ ဈေးပေါတဲ့ဆန်တွေ ဝင်လာတာကို ထိန်းချုပ်ဖို့ စားနပ်ရိက္ခာ ဘေးအန္တရာယ်ကင်းရေး လုပ်ဆောင်ချက်တွေကို တင်းကျပ်မယ်လို့ ပြောထားပါတယ်။

 VOA Burmese
https://burmese.voanews.com
အာ႐ွ ဆန္တင္ပို႔ႏိုင္ငံေတြၾကား ျမန္မာထိုးေဖာက္ အာ႐ွ ဆန္တင္ပို႔ႏိုင္ငံေတြၾကား ျမန္မာထိုးေဖာက္ Reviewed by THITHTOOLWIN on 20:44 Rating: 5
Powered by Blogger.