ရန္ကုန္က တကၠသိုလ္ ေက်ာင္းသားတစ္ဦး ဘယ္လို လူကုန္ကူးခံခဲ့ရသလဲ

 ေက်ာင္းသားတစ္ေယာက္ကို လူမဆန္စြာ ျပဳမူခဲ့သူေတြကို ညီမွ်တဲ့ျပစ္ဒဏ္ေပးဖို႔ ေတာင္းဆို
(Zawgyi)⤵⤵⤵
ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာ အမ်ိဳးသမီးႏွစ္ဦးရဲ႕ အယုံသြင္း ေခၚေဆာင္သြားတာခံရၿပီး က်ားေဖာင္လို႔ ေခၚတဲ့ ပင္လယ္ျပင္ ငါးဖမ္းေဖာင္ေတြေပၚမွာ ေစခိုင္းဖို႔ ေရာင္းစားခံခဲ့ရတဲ့ ဒဂုံတကၠသိုလ္ သမိုင္းဘာသာ ေနာက္ဆုံးႏွစ္ေက်ာင္းသားကို မိသားစုက ေငြက်ပ္ခုနစ္သိန္းနဲ႔ အလုပ္ရွင္ဆီကေန ျပန္ေ႐ြးခဲ့ရပါတယ္။

ျပန္လြတ္လာတဲ့ ေက်ာင္းသား ကိုျမတ္သူရထြန္းမွာ ညႇဥ္းပန္းႏွိပ္စက္ခံထားရတဲ့ ဒဏ္ရာေတြ ရရွိထားပါတယ္။ ဒဂုံတကၠသိုလ္၊ သမိုင္းဌာန ေက်ာင္းသားမ်ားအဖြဲ႕က ဒီလုပ္ရပ္ကို စက္ဆုပ္႐ြံ႕ရွာဖြယ္ လူကုန္ကူးမႈအျဖစ္ ရႈတ္ခ်ၿပီး လူပြဲစားေတြကို ထိေရာက္စြာအေရးယူေပးဖို႔ ေတာင္းဆိုေနပါတယ္။

ေက်ာင္းသားတစ္ေယာက္ကို လူမဆန္စြာ ျပဳမူခဲ့သူေတြကို ညီမွ်တဲ့ျပစ္ဒဏ္ေပးဖို႔၊ မတရားႏွိပ္စက္ညႇဥ္းပန္းခံေနရတဲ့ က်န္ရွိႏိုင္ငံသားေတြကို တာဝန္ရွိသူေတြက အျမန္ဆုံးကယ္ဆယ္ဖို႔နဲ႔ ျဖစ္စဥ္မွာ တာဝန္ေပါ့ ေလ်ာ့သူနဲ႔ ပူးေပါင္းတဲ့ အက်င့္ပ်က္ဝန္ထမ္းေတြ ရွိမရွိ စိစစ္ေပးဖို႔ အထက္ပါအဖြဲ႕က ႏိုဝင္ဘာ ၂၂ ရက္မွာ ေၾကညာထားပါတယ္။

ဖ်ာပုံကေန ပင္လယ္အတြင္း ၁၂ နာရီေလာက္ သေဘၤာနဲ႔ သြားရတဲ့ ငါးဖမ္းက်ားေဖာင္တစ္ခုမွာ အလုပ္လုပ္ဖို႔ အမ်ိဳးသမီးႏွစ္ဦးက ကိုျမတ္သူရထြန္းကို ေငြက်ပ္ ခုနစ္သိန္းနဲ႔ ငါးဒိုင္တစ္ခုမွာ ေရာင္းစားခဲ့တာ ျဖစ္ပါတယ္။

မိသားစုက ျပန္ေ႐ြးယူလို႔ လြတ္လာတဲ့ သူ႔ကို လူကုန္တားရဲတပ္ဖြဲ႕က ႏိုဝင္ဘာ ၂၁ ရက္မွာ စစ္ခ်က္ လာယူသြားၿပီး လူပြဲစားေတြကို ဖမ္းဆီးတရားစြဲဖို႔ စီစဥ္ေနတယ္လို႔ ကိုျမတ္သူရထြန္းရဲ႕အစ္ကို ကိုေသာ္ဇင္က ဘီဘီစီကို ေျပာပါတယ္။
ဘယ္လိုလူကုန္ကူးခံရတာလဲ

ဒဂုံတကၠသိုလ္မွာ သမိုင္းဘာသာအဓိကေနာက္ဆုံးႏွစ္ေျဖဆိုထားတဲ့ ကိုျမတ္သူရထြန္းဟာ အိမ္က ပစၥည္းဝယ္ခိုင္းတဲ့အတြက္ အေရွ႕ဒဂုံမွာရွိတဲ့ သူ႔ေနအိမ္ကေန ဆူးေလကို ေအာက္တိုဘာ ၂ ရက္ေန႔က ထြက္ခြာသြားခဲ့ပါတယ္။

အိမ္က ထြက္သြားခ်ိန္မွာ ေငြက်ပ္ႏွစ္ေသာင္းေက်ာ္ကလြဲလို႔ မွတ္ပုံတင္၊ ေက်ာင္းသားကတ္ စတဲ့ အေရးႀကီးစာ႐ြက္စာတမ္းေတြလည္း ယူမသြားဘူးလို႔ အစ္ကိုျဖစ္သူက ဆိုပါတယ္။

ၿမိဳ႕ထဲမွာပစၥည္းဝယ္ဖို႔ ေရာက္ေနတဲ့ သူ႔ကို အမ်ိဳးသမီးႏွစ္ဦးက ေငြက်ပ္သိန္းႏွစ္ဆယ္ လာက္ စုမိမယ့္အလုပ္ရွိတယ္လို႔ စည္း႐ုံးေခၚေဆာင္ သြားတာျဖစ္ၿပီး ဒလဘက္ကို ေရာက္ေတာ့ အလုပ္ရွင္ အလုပ္သမား သေဘာတူစာခ်ဳပ္ကို လက္မွတ္ေရးထိုးခိုင္းခဲ့တယ္လို႔ ဆိုပါတယ္။

အဲဒီစာခ်ဳပ္ကို လက္မွတ္မထိုးဖို႔ ျငင္းတဲ့အခါ အမ်ိဳးသားတစ္ဦး ထပ္ေရာက္လာၿပီး ကိုျမတ္သူရထြန္းရဲ႕ ဇက္ပိုးကို အုပ္လိုက္ရာကေန မူးေမ့ သြားၿပီး လက္မွတ္ထိုးေပးလိုက္တယ္လို႔ အစ္ကိုျဖစ္သူက အေၾကာင္းစုံကိုျပန္ေျပာျပပါတယ္။

ကိုျမတ္သူရထြန္း ေပ်ာက္သြားၿပီးေနာက္ပိုင္း မိသားစုက ရဲစခန္းမွာ လူေပ်ာက္တိုင္ခ်က္ ဖြင့္ၿပီး လူေပ်ာက္ ေၾကာ္ျငာစာ႐ြက္ေတြကိုလည္း ၿမိဳ႕နဲ႔အနီးတစ္ဝိုက္ လိုက္လံကပ္ခဲ့ပါတယ္။

ကိုျမတ္သူရထြန္းရဲ႕ လူေပ်ာက္ေၾကာ္ျငာ

ဒါ့အျပင္ လူမႈကြန္ရက္ေဖ့စ္ဘြတ္ကေနလည္း လူေပ်ာက္ေၾကာ္ျငာေတြ ျဖန႔္ေဝခဲ့ပါတယ္။

အဲဒီေနာက္ ဖ်ာပုံ ဘက္က ငါးဒိုင္ေတြမွာ သြားရွာဖို႔ မိတ္ေဆြတခ်ိဳ႕က အႀကံေပးတာေၾကာင့္ အစ္ကိုျဖစ္သူက သြား ေရာက္ရွာ ေဖြရာကေန ကိုျမတ္သူရထြန္းကို သင္ဇာထြန္းငါးဒိုင္မွာေတြ႕ခဲ့တဲ့သူတစ္ဦးနဲ႔ ခ်ိတ္ဆက္မိခဲ့ရာကေန ညီျဖစ္ သူကို ငါးဒိုင္ဆီကေန ေတာင္းေတာင္းပန္ပန္နဲ႔ ျပန္ေ႐ြးယူခဲ့ရတယ္လို႔ ဆိုပါတယ္။

"ႏိုဝင္ဘာ ၁၈ မွာ သင္ဇာထြန္းငါးဒိုင္ကို ေရာက္ေတာ့ ပြဲစားက ခုနစ္သိန္းနဲ႔ေရာင္းသြားတာ။ အဲဒီခုနစ္သိန္း ျပန္ေပးရင္ လာေခၚလို႔ရတယ္ေျပာတယ္။ အဲဒါနဲ႔ ကြၽန္ေတာ္တို႔ကလည္း ေပးႏိုင္တယ္။ ကိုယ့္လူသာ ျပန္ေခၚ ေပးဖို႔ေျပာေတာ့ ဒိုင္က ဖုန္းျပန္ဆက္မယ္ေျပာတယ္။ ႏိုဝင္ဘာ ၁၉ ရက္မနက္မွာ ဖုန္းဆက္ၿပီး လာေခၚ လို႔ရၿပီေျပာတယ္။ အဲဒီေန႔ ေန႔ခင္း ၂ နာရီသေဘၤာနဲ႔ ျပန္ပါလာတယ္။ သေဘၤာေပၚက ဆင္းလာလာခ်င္း ကိုယ့္ညီေတာင္ ကိုယ္မမွတ္မိဘူး။ အရင္က ျဖဴျဖဴေဖြးေဖြးကေန တစ္ကိုယ္လုံး စုတ္ျပတ္သတ္ေနတာပဲ။ ဖူးေရာင္ေနတာ။ သူေျပာတာေတာ့ ေဖာင္ဦးစီးေက်ာ္ေအာင္ဆိုတဲ့သူက ဇက္ပိုးေတြ ထုတယ္။ ျဖတ္ကန္တယ္။ င႐ုတ္က်ည္ေပြ႕နဲ႔ ထု႐ိုက္တယ္။ တစ္ေန႔ ၂၄ နာရီမွာ နာရီ ၂၀ ေလာက္လုပ္ရ တယ္" လို႔ ကိုေအာင္ေသာ္ဇင္ထြန္းကေျပာပါတယ္။

ဒါ့အျပင္ အစားအေသာက္လည္း ဆင္းရဲၿပီး ထမင္းကိုေရဆမ္းစားရတာေတာင္ရွိတယ္လို႔ သူက ဆက္ေျပာပါတယ္။

လက္ရွိမွာ ကိုျမတ္သူရထြန္းရဲ႕အေျခအေနက စိတ္ပိုင္းဆိုင္ရာထိခိုက္ေနၿပီး စကားေျပာတာဆိုတာ ကစဥ့္ ကလ်ားေတြ ျဖစ္ေနတယ္လို႔ အစ္ကိုျဖစ္သူက ေျပာပါတယ္။ ခႏၵာကိုယ္ ထိခိုက္ဒဏ္ရာ ေတြက ရက္ၾကာ ေနၿပီမို႔ လတ္တေလာ အနာက်က္ေအာင္ ကုသထားၿပီးေတာ့မွ ခြဲစိတ္ကုသမႈ ေတြ ဆက္လုပ္ဖို႔ အခ်ိန္ ေစာင့္ရမယ္လို႔ မိသားစုကေျပာပါတယ္။
ၿမိဳ႕လယ္ေခါင္လူကုန္ကူးမႈကို ရဲတပ္ဖြဲ႕ ကဘာေျပာလဲ

ဒီျဖစ္စဥ္ကို လူမႈကြန္ရက္မွာ စတက္လာလာခ်င္း နစ္နာသူကာယကံရွင္နဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕၊ ဒုတိယတပ္ဖြဲ႕မႉး၊ ရဲမႉးႀကီး မ်ိဳးသူစိုးက ဘီဘီစီကိုေျပာပါတယ္။

ငါးဒိုင္ပိုင္ရွင္ကို ႏိုဝင္ဘာ ၂၁ ရက္ညပိုင္းမွာ ဖ်ာပုံၿမိဳ႕နယ္ရဲစခန္းမွာ ေခၚယူစစ္ေဆးထားသလို ဒလဘက္ကမ္းက ပြဲစားအမ်ိဳးသမီးႏွစ္ဦးနဲ႔ အမ်ိဳးသားတစ္ဦးတို႔ကို သြားေရာက္ရွာေဖြတဲ့အခါ တိမ္းေရွာင္ သြားတယ္လို႔ သူက ေျပာပါတယ္။

လက္ႏွစ္ဖက္လုံးဖူးေယာင္ေနၿပီး ဘယ္ဘက္လက္က က်ိဳးေနလို႔ ေက်ာက္ပတ္တီးကိုင္ထားရ

ပြဲစားေတြဘယ္သူဆိုတာ ေဖာ္ထုတ္ထားၿပီးျဖစ္ၿပီး သူတို႔ကို ဖမ္းမိေတာ့မွသာ စစ္ေဆးေပၚေပါက္ခ်က္အရ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒနဲ႔ အမႈဖြင့္မယ္လို႔ သူက ရွင္းျပပါတယ္။

ဒီလို ရန္ကုန္ၿမိဳ႕လယ္ေခါင္ႀကီးမွာ အတင့္ရဲစြာ လူကုန္ကူးလာတဲ့ကိစၥေတြကို ဘယ္လိုကိုင္တြယ္မလဲဆိုတာ ေမးျမန္းတဲ့အခါ ရဲမႉးႀကီး မ်ိဳးသူစိုးက အခုလိုရွင္းျပပါတယ္။

လူငယ္ေတြအေနနဲ႔ အလုပ္အကိုင္ရရွိေရးတစ္ခုတည္းကိုမၾကည့္ဘဲနဲ႔ လုံၿခဳံေရးအေနအထားကို ဂ႐ုစိုက္ၿပီး လာစည္း႐ုံးတဲ့သူေတြကိုလြယ္လြယ္မယုံဖို႔၊ သက္ဆိုင္ရာမိသားစုေတြနဲ႔ တိုင္ပင္ၿပီးမွလုပ္ဖို႔ သတင္းစကား ပါးခ်င္တယ္လို႔ သူက ဆိုပါတယ္။

"ဒီလိုကိစၥက ရဲတပ္ဖြဲ႕တစ္ခုတည္း တာဝန္ရွိတာ မဟုတ္ဘူး။ က်န္တဲ့အဖြဲ႕အစည္းေပါင္းစုံက ဆက္ႏႊယ္ေန တာဆိုေတာ့ တိုင္းေဒသႀကီးအစိုးရအဖြဲ႕၊ တျခား ျပည္နယ္ဝန္ႀကီးဌာနတို႔ စသျဖင့္ သက္ဆိုင္ရာနယ္ေျမက အဖြဲ႕ေတြနဲ႔ခ်ိတ္ဆက္ေဆာင္႐ြက္ေနရတာ ျဖစ္တယ္လို႔ ရဲမႉးႀကီးက ဆက္ေျပာပါတယ္။

ျပည္ပကိုမဟုတ္ဘဲ ျပည္တြင္းမွာကိုပဲ ခုလို လူကုန္ကူးမႈေတြ ျဖစ္ေနတာကို ဘယ္လို ထိန္းခ်ဳပ္သြားမလဲဆိုတာကိုေတာ့ ရဲမႉးႀကီးမ်ိဳးသူစိုးက သက္ဆိုင္ရာအဖြဲ႕ေတြအေနနဲ႔ ပညာေပးလႈပ္ရွားမႈေတြမ်ားမ်ားျပဳလုပ္ဖို႔လိုတယ္လို႔ သုံးသပ္ပါတယ္။

လူငယ္လူ႐ြယ္ေတြကို အဓိက ပစ္မွတ္ထား စည္း႐ုံးၿပီး ေရာင္းစားကာ အဓမၼေစခိုင္းမႈေတြရွိေန
တစ္ႏိုင္ငံလုံးက အဓိက စားသုံးေနတဲ့ မွ်င္ငပိ ၈၀ ရာခိုင္ႏႈန္းေက်ာ္က ဧရာဝတီတိုင္းက ထြက္ရွိ တာျဖစ္ၿပီး ဒီလုပ္ငန္းအတြက္ ပင္လယ္တြင္း က်ားေဖာင္ေတြမွာ အလုပ္လုပ္ကိုင္ဖို႔ အခုလို လူကုန္ကူးၿပီး ေရာင္းစားေနၾကတာျဖစ္ပါတယ္။

ပင္လယ္တြင္း နာရီ ၂၀ ေလာက္ အလုပ္လုပ္ရၿပီး ပင္ပန္းတာေၾကာင့္ ဒီအလုပ္ကို နယ္ခံေတြေတာင္ မလုပ္တဲ့အတြက္ အလုပ္သမားက အၿမဲလိုလို လိုအပ္ေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ လူငယ္လူ႐ြယ္ေတြကို အဓိက ပစ္မွတ္ထား စည္း႐ုံးၿပီး ေရာင္းစားကာ အဓမၼေစခိုင္းမႈေတြရွိေနတာ ျဖစ္ပါတယ္။

တကၠသိုလ္ေက်ာင္းသားနဲ႔အတူ ေရာင္းစားခံရတယ္ဆိုတဲ့ လူငယ္ႏွစ္ဦးကို လည္း ရွိေနတယ္ဆိုတဲ့သတင္းေတြကို ဆက္လက္စုံစမ္းေနတယ္လို႔ ရဲတပ္ဖြဲ႕က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ရန်ကုန်က တက္ကသိုလ် ကျောင်းသားတစ်ဦး ဘယ်လို လူကုန်ကူးခံခဲ့ရသလဲ

 ဓာတ်ပုံ မူပိုင် Thaw Zin
Image caption ကျောင်းသားတစ်ယောက်ကို လူမဆန်စွာ ပြုမူခဲ့သူတွေကို ညီမျှတဲ့ပြစ်ဒဏ်ပေးဖို့ တောင်းဆို

ရန်ကုန်မြို့လယ်ခေါင်မှာ အမျိုးသမီးနှစ်ဦးရဲ့ အယုံသွင်း ခေါ်ဆောင်သွားတာခံရပြီး ကျားဖောင်လို့ ခေါ်တဲ့ ပင်လယ်ပြင် ငါးဖမ်းဖောင်တွေပေါ်မှာ စေခိုင်းဖို့ ရောင်းစားခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ် သမိုင်းဘာသာ နောက်ဆုံးနှစ်ကျောင်းသားကို မိသားစုက ငွေကျပ်ခုနစ်သိန်းနဲ့ အလုပ်ရှင်ဆီကနေ ပြန်ရွေးခဲ့ရပါတယ်။

ပြန်လွတ်လာတဲ့ ကျောင်းသား ကိုမြတ်သူရထွန်းမှာ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေ ရရှိထားပါတယ်။ ဒဂုံတက္ကသိုလ်၊ သမိုင်းဌာန ကျောင်းသားများအဖွဲ့က ဒီလုပ်ရပ်ကို စက်ဆုပ်ရွံ့ရှာဖွယ် လူကုန်ကူးမှုအဖြစ် ရှုတ်ချပြီး လူပွဲစားတွေကို ထိရောက်စွာအရေးယူပေးဖို့ တောင်းဆိုနေပါတယ်။

ကျောင်းသားတစ်ယောက်ကို လူမဆန်စွာ ပြုမူခဲ့သူတွေကို ညီမျှတဲ့ပြစ်ဒဏ်ပေးဖို့၊ မတရားနှိပ်စက်ညှဉ်းပန်းခံနေရတဲ့ ကျန်ရှိနိုင်ငံသားတွေကို တာဝန်ရှိသူတွေက အမြန်ဆုံးကယ်ဆယ်ဖို့နဲ့ ဖြစ်စဉ်မှာ တာဝန်ပေါ့ လျော့သူနဲ့ ပူးပေါင်းတဲ့ အကျင့်ပျက်ဝန်ထမ်းတွေ ရှိမရှိ စိစစ်ပေးဖို့ အထက်ပါအဖွဲ့က နိုဝင်ဘာ ၂၂ ရက်မှာ ကြေညာထားပါတယ်။

ဖျာပုံကနေ ပင်လယ်အတွင်း ၁၂ နာရီလောက် သင်္ဘောနဲ့ သွားရတဲ့ ငါးဖမ်းကျားဖောင်တစ်ခုမှာ အလုပ်လုပ်ဖို့ အမျိုးသမီးနှစ်ဦးက ကိုမြတ်သူရထွန်းကို ငွေကျပ် ခုနစ်သိန်းနဲ့ ငါးဒိုင်တစ်ခုမှာ ရောင်းစားခဲ့တာ ဖြစ်ပါတယ်။

မိသားစုက ပြန်ရွေးယူလို့ လွတ်လာတဲ့ သူ့ကို လူကုန်တားရဲတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ စစ်ချက် လာယူသွားပြီး လူပွဲစားတွေကို ဖမ်းဆီးတရားစွဲဖို့ စီစဉ်နေတယ်လို့ ကိုမြတ်သူရထွန်းရဲ့အစ်ကို ကိုသော်ဇင်က ဘီဘီစီကို ပြောပါတယ်။
ဘယ်လိုလူကုန်ကူးခံရတာလဲ

ဒဂုံတက္ကသိုလ်မှာ သမိုင်းဘာသာအဓိကနောက်ဆုံးနှစ်ဖြေဆိုထားတဲ့ ကိုမြတ်သူရထွန်းဟာ အိမ်က ပစ္စည်းဝယ်ခိုင်းတဲ့အတွက် အရှေ့ဒဂုံမှာရှိတဲ့ သူ့နေအိမ်ကနေ ဆူးလေကို အောက်တိုဘာ ၂ ရက်နေ့က ထွက်ခွာသွားခဲ့ပါတယ်။

အိမ်က ထွက်သွားချိန်မှာ ငွေကျပ်နှစ်သောင်းကျော်ကလွဲလို့ မှတ်ပုံတင်၊ ကျောင်းသားကတ် စတဲ့ အရေးကြီးစာရွက်စာတမ်းတွေလည်း ယူမသွားဘူးလို့ အစ်ကိုဖြစ်သူက ဆိုပါတယ်။

မြို့ထဲမှာပစ္စည်းဝယ်ဖို့ ရောက်နေတဲ့ သူ့ကို အမျိုးသမီးနှစ်ဦးက ငွေကျပ်သိန်းနှစ်ဆယ် လာက် စုမိမယ့်အလုပ်ရှိတယ်လို့ စည်းရုံးခေါ်ဆောင် သွားတာဖြစ်ပြီး ဒလဘက်ကို ရောက်တော့ အလုပ်ရှင် အလုပ်သမား သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီစာချုပ်ကို လက်မှတ်မထိုးဖို့ ငြင်းတဲ့အခါ အမျိုးသားတစ်ဦး ထပ်ရောက်လာပြီး ကိုမြတ်သူရထွန်းရဲ့ ဇက်ပိုးကို အုပ်လိုက်ရာကနေ မူးမေ့ သွားပြီး လက်မှတ်ထိုးပေးလိုက်တယ်လို့ အစ်ကိုဖြစ်သူက အကြောင်းစုံကိုပြန်ပြောပြပါတယ်။

ကိုမြတ်သူရထွန်း ပျောက်သွားပြီးနောက်ပိုင်း မိသားစုက ရဲစခန်းမှာ လူပျောက်တိုင်ချက် ဖွင့်ပြီး လူပျောက် ကြော်ငြာစာရွက်တွေကိုလည်း မြို့နဲ့အနီးတစ်ဝိုက် လိုက်လံကပ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် Thaw Zin
Image caption ကိုမြတ်သူရထွန်းရဲ့ လူပျောက်ကြော်ငြာ

ဒါ့အပြင် လူမှုကွန်ရက်ဖေ့စ်ဘွတ်ကနေလည်း လူပျောက်ကြော်ငြာတွေ ဖြန့်ဝေခဲ့ပါတယ်။

အဲဒီနောက် ဖျာပုံ ဘက်က ငါးဒိုင်တွေမှာ သွားရှာဖို့ မိတ်ဆွေတချို့က အကြံပေးတာကြောင့် အစ်ကိုဖြစ်သူက သွား ရောက်ရှာ ဖွေရာကနေ ကိုမြတ်သူရထွန်းကို သင်ဇာထွန်းငါးဒိုင်မှာတွေ့ခဲ့တဲ့သူတစ်ဦးနဲ့ ချိတ်ဆက်မိခဲ့ရာကနေ ညီဖြစ် သူကို ငါးဒိုင်ဆီကနေ တောင်းတောင်းပန်ပန်နဲ့ ပြန်ရွေးယူခဲ့ရတယ်လို့ ဆိုပါတယ်။

"နိုဝင်ဘာ ၁၈ မှာ သင်ဇာထွန်းငါးဒိုင်ကို ရောက်တော့ ပွဲစားက ခုနစ်သိန်းနဲ့ရောင်းသွားတာ။ အဲဒီခုနစ်သိန်း ပြန်ပေးရင် လာခေါ်လို့ရတယ်ပြောတယ်။ အဲဒါနဲ့ ကျွန်တော်တို့ကလည်း ပေးနိုင်တယ်။ ကိုယ့်လူသာ ပြန်ခေါ် ပေးဖို့ပြောတော့ ဒိုင်က ဖုန်းပြန်ဆက်မယ်ပြောတယ်။ နိုဝင်ဘာ ၁၉ ရက်မနက်မှာ ဖုန်းဆက်ပြီး လာခေါ် လို့ရပြီပြောတယ်။ အဲဒီနေ့ နေ့ခင်း ၂ နာရီသင်္ဘောနဲ့ ပြန်ပါလာတယ်။ သင်္ဘောပေါ်က ဆင်းလာလာချင်း ကိုယ့်ညီတောင် ကိုယ်မမှတ်မိဘူး။ အရင်က ဖြူဖြူဖွေးဖွေးကနေ တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေတာပဲ။ ဖူးရောင်နေတာ။ သူပြောတာတော့ ဖောင်ဦးစီးကျော်အောင်ဆိုတဲ့သူက ဇက်ပိုးတွေ ထုတယ်။ ဖြတ်ကန်တယ်။ ငရုတ်ကျည်ပွေ့နဲ့ ထုရိုက်တယ်။ တစ်နေ့ ၂၄ နာရီမှာ နာရီ ၂၀ လောက်လုပ်ရ တယ်" လို့ ကိုအောင်သော်ဇင်ထွန်းကပြောပါတယ်။

ဒါ့အပြင် အစားအသောက်လည်း ဆင်းရဲပြီး ထမင်းကိုရေဆမ်းစားရတာတောင်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

လက်ရှိမှာ ကိုမြတ်သူရထွန်းရဲ့အခြေအနေက စိတ်ပိုင်းဆိုင်ရာထိခိုက်နေပြီး စကားပြောတာဆိုတာ ကစဉ့် ကလျားတွေ ဖြစ်နေတယ်လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။ ခန္ဒာကိုယ် ထိခိုက်ဒဏ်ရာ တွေက ရက်ကြာ နေပြီမို့ လတ်တလော အနာကျက်အောင် ကုသထားပြီးတော့မှ ခွဲစိတ်ကုသမှု တွေ ဆက်လုပ်ဖို့ အချိန် စောင့်ရမယ်လို့ မိသားစုကပြောပါတယ်။
မြို့လယ်ခေါင်လူကုန်ကူးမှုကို ရဲတပ်ဖွဲ့ ကဘာပြောလဲ

ဒီဖြစ်စဉ်ကို လူမှုကွန်ရက်မှာ စတက်လာလာချင်း နစ်နာသူကာယကံရှင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားခဲ့တယ်လို့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ ဒုတိယတပ်ဖွဲ့မှူး၊ ရဲမှူးကြီး မျိုးသူစိုးက ဘီဘီစီကိုပြောပါတယ်။

ငါးဒိုင်ပိုင်ရှင်ကို နိုဝင်ဘာ ၂၁ ရက်ညပိုင်းမှာ ဖျာပုံမြို့နယ်ရဲစခန်းမှာ ခေါ်ယူစစ်ဆေးထားသလို ဒလဘက်ကမ်းက ပွဲစားအမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတစ်ဦးတို့ကို သွားရောက်ရှာဖွေတဲ့အခါ တိမ်းရှောင် သွားတယ်လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Thaw Zin
Image caption လက်နှစ်ဖက်လုံးဖူးယောင်နေပြီး ဘယ်ဘက်လက်က ကျိုးနေလို့ ကျောက်ပတ်တီးကိုင်ထားရ

ပွဲစားတွေဘယ်သူဆိုတာ ဖော်ထုတ်ထားပြီးဖြစ်ပြီး သူတို့ကို ဖမ်းမိတော့မှသာ စစ်ဆေးပေါ်ပေါက်ချက်အရ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေနဲ့ အမှုဖွင့်မယ်လို့ သူက ရှင်းပြပါတယ်။

ဒီလို ရန်ကုန်မြို့လယ်ခေါင်ကြီးမှာ အတင့်ရဲစွာ လူကုန်ကူးလာတဲ့ကိစ္စတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတာ မေးမြန်းတဲ့အခါ ရဲမှူးကြီး မျိုးသူစိုးက အခုလိုရှင်းပြပါတယ်။

လူငယ်တွေအနေနဲ့ အလုပ်အကိုင်ရရှိရေးတစ်ခုတည်းကိုမကြည့်ဘဲနဲ့ လုံခြုံရေးအနေအထားကို ဂရုစိုက်ပြီး လာစည်းရုံးတဲ့သူတွေကိုလွယ်လွယ်မယုံဖို့၊ သက်ဆိုင်ရာမိသားစုတွေနဲ့ တိုင်ပင်ပြီးမှလုပ်ဖို့ သတင်းစကား ပါးချင်တယ်လို့ သူက ဆိုပါတယ်။

"ဒီလိုကိစ္စက ရဲတပ်ဖွဲ့တစ်ခုတည်း တာဝန်ရှိတာ မဟုတ်ဘူး။ ကျန်တဲ့အဖွဲ့အစည်းပေါင်းစုံက ဆက်နွှယ်နေ တာဆိုတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တခြား ပြည်နယ်ဝန်ကြီးဌာနတို့ စသဖြင့် သက်ဆိုင်ရာနယ်မြေက အဖွဲ့တွေနဲ့ချိတ်ဆက်ဆောင်ရွက်နေရတာ ဖြစ်တယ်လို့ ရဲမှူးကြီးက ဆက်ပြောပါတယ်။

ပြည်ပကိုမဟုတ်ဘဲ ပြည်တွင်းမှာကိုပဲ ခုလို လူကုန်ကူးမှုတွေ ဖြစ်နေတာကို ဘယ်လို ထိန်းချုပ်သွားမလဲဆိုတာကိုတော့ ရဲမှူးကြီးမျိုးသူစိုးက သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ ပညာပေးလှုပ်ရှားမှုတွေများများပြုလုပ်ဖို့လိုတယ်လို့ သုံးသပ်ပါတယ်။
ဓာတ်ပုံ မူပိုင် Thaw Zin
Image caption လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား စည်းရုံးပြီး ရောင်းစားကာ အဓမ္မစေခိုင်းမှုတွေရှိနေ

တစ်နိုင်ငံလုံးက အဓိက စားသုံးနေတဲ့ မျှင်ငပိ ၈၀ ရာခိုင်နှုန်းကျော်က ဧရာဝတီတိုင်းက ထွက်ရှိ တာဖြစ်ပြီး ဒီလုပ်ငန်းအတွက် ပင်လယ်တွင်း ကျားဖောင်တွေမှာ အလုပ်လုပ်ကိုင်ဖို့ အခုလို လူကုန်ကူးပြီး ရောင်းစားနေကြတာဖြစ်ပါတယ်။

ပင်လယ်တွင်း နာရီ ၂၀ လောက် အလုပ်လုပ်ရပြီး ပင်ပန်းတာကြောင့် ဒီအလုပ်ကို နယ်ခံတွေတောင် မလုပ်တဲ့အတွက် အလုပ်သမားက အမြဲလိုလို လိုအပ်နေတာဖြစ်ပါတယ်။

ဒါကြောင့် လူငယ်လူရွယ်တွေကို အဓိက ပစ်မှတ်ထား စည်းရုံးပြီး ရောင်းစားကာ အဓမ္မစေခိုင်းမှုတွေရှိနေတာ ဖြစ်ပါတယ်။

တက္ကသိုလ်ကျောင်းသားနဲ့အတူ ရောင်းစားခံရတယ်ဆိုတဲ့ လူငယ်နှစ်ဦးကို လည်း ရှိနေတယ်ဆိုတဲ့သတင်းတွေကို ဆက်လက်စုံစမ်းနေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ရန္ကုန္က တကၠသိုလ္ ေက်ာင္းသားတစ္ဦး ဘယ္လို လူကုန္ကူးခံခဲ့ရသလဲ ရန္ကုန္က တကၠသိုလ္ ေက်ာင္းသားတစ္ဦး ဘယ္လို လူကုန္ကူးခံခဲ့ရသလဲ Reviewed by THITHTOOLWIN on 20:49 Rating: 5
Powered by Blogger.