ျမန္မာစစ္တပ္ ေျမျမွဳပ္မိုင္း အသံုးျပဳ


(Zawgyi/Unicode)

၂၀၁၈ ခုနွစ္အတြင္း ကမၻာတ၀ွမ္း လက္နက္ကိုင္အဖြဲ႕အစည္းေတြ အသံုးျပဳတဲ့ ေျမျမွဳပ္မိုင္းေတြေၾကာင့္ ေသဆံုး၊ ဒဏ္ရာရသူ သူ ၃၈၀၀ နီး ပါးရွိျပီး ဒါဟာ ေျမျမွဳပ္မိုင္းေၾကာင့္ ေသဆံုး၊ ဒဏ္ရာရစာရင္းအရ အျမင့္ဆံုးအေရအတြက္မွာရွိတယ္လို႕ ေျမျမွုဳပ္မိုင္း ပိတ္ပင္တားဆီးေရး ေဆာင္ရြက္သူေတြက ၾကာသပေတးေန႕က ေျပာပါတယ္။

ေျမျမွဳပ္မိုင္း ပိတ္ပင္တားဆီးေရး သေဘာတူ စာခ်ဳပ္လက္မွတ္ေရးထိုးထားျခင္းမရိွတဲ့ ျမန္မာနိုင္ငံမွာ ၂၀၁၈ ခုနွစ္အတြင္း စစ္တပ္က ေျမျမွဳပ္မိုင္း အသံုးတာေတြရွိခဲ့ၿပီး ဒါဟာ အစိုးရစစ္တပ္အေနနဲ႕ ေျမျမွဳပ္မိုင္း အသံုးျပဳတဲ့ တခုတည္းေသာနိုင္ငံျဖစ္ပါတယ္။

ကမၻာတ၀ွမ္း နိုင္ငံအစိုးရေတြ အားလံုးနီးပါး ေျမျမွဳပ္မိုင္း အသံုးျပဳဖို႕ကို ေရွာင္က်ဥ္ေနၾကတဲ့ အခ်ိန္ တဘက္မွာလည္း လက္နက္ကိုင္အဖြဲ႕အစည္းေတြ ေျမျမွဳပ္မိုင္းအသံုးျပဳတာေတြ ပိုတိုးလာေနပါတယ္။ ၂၀၁၈ ခုနွစ္အတြင္း ကမၻာတ၀ွမ္း ျမန္မာ အပါအ၀င္ အာဖဂန္နစၥတန္၊ အိႏၵိယ၊ နိုင္ဂ်ီးရီးယား၊ ပါကစၥတန္ နဲ႔ ယီမင္စတဲ့ နိုင္ငံေတြမွာ လက္နက္ကိုင္အဖြဲ႔ အစည္းေတြ ေျမျမွုဳပ္မိုင္း အသံုးျပဳတာေတြရွိခဲ့တာပါ။ ကင္မရြန္း၊ ကိုလံဘီယာ၊ မာလီ၊ လစ္ဗ်ား၊ ဖိလစ္ပိုင္၊ ဆိုမာလီယာ နဲ႔ တူနီးရွားနိုင္ငံေတြမွာ ေတာ့ လက္နက္ကိုင္ေတြ ေျမျမွဳပ္မိုင္းအသံုုးျပဳတယ္ဆိုတဲ့ အတည္မျပဳနိုင္တဲ့ စြပ္စြဲခ်က္ေတြလည္းရွိပါတယ္။

ေျမျမွုဳပ္မိုင္း အသံုးျပဳမႈ တားဆီးေရး သေဘာတူစာခ်ဳပ္က ၁၉၉၉ ခုႏွစ္က စတင္ အသက္၀င္ ခဲ့တာျဖစ္ၿပီး ဒီစာခ်ဳပ္အရ ၂၀၁၃ ခုနွစ္မွာ ေသဆံုးသူဦးေရ ၃၅၀၀ အထိက်ဆင္းခဲ့တာပါ။ လက္နက္ကိုင္အဖြဲ႕အစည္းေတြအေနနဲ႕ ေျမျမွဳပ္မိုင္းေတြကို အသံုးျပဳေနတာေၾကာင့္ ၂၀၁၈ အတြင္း ေျမျမွဳပ္မိုင္းေၾကာင့္ ေသဆံုးသူဦးေရ ျမင့္တက္လာရတာလည္းျဖစ္ပါတယ္။

......................

မြန်မာစစ်တပ် မြေမြှုပ်မိုင်း အသုံးပြု

(Unicode)

၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း လက်နက်ကိုင်အဖွဲ့အစည်းတွေ အသုံးပြုတဲ့ မြေမြှုပ်မိုင်းတွေကြောင့် သေဆုံး၊ ဒဏ်ရာရသူ သူ ၃၈၀၀ နီး ပါးရှိပြီး ဒါဟာ မြေမြှုပ်မိုင်းကြောင့် သေဆုံး၊ ဒဏ်ရာရစာရင်းအရ အမြင့်ဆုံးအရေအတွက်မှာရှိတယ်လို့ မြေမြှုုပ်မိုင်း ပိတ်ပင်တားဆီးရေး ဆောင်ရွက်သူတွေက ကြာသပတေးနေ့က ပြောပါတယ်။

မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေး သဘောတူ စာချုပ်လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း စစ်တပ်က မြေမြှုပ်မိုင်း အသုံးတာတွေရှိခဲ့ပြီး ဒါဟာ အစိုးရစစ်တပ်အနေနဲ့ မြေမြှုပ်မိုင်း အသုံးပြုတဲ့ တခုတည်းသောနိုင်ငံဖြစ်ပါတယ်။

ကမ္ဘာတဝှမ်း နိုင်ငံအစိုးရတွေ အားလုံးနီးပါး မြေမြှုပ်မိုင်း အသုံးပြုဖို့ကို ရှောင်ကျဉ်နေကြတဲ့ အချိန် တဘက်မှာလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ မြေမြှုပ်မိုင်းအသုံးပြုတာတွေ ပိုတိုးလာနေပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း ကမ္ဘာတဝှမ်း မြန်မာ အပါအဝင် အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန် နဲ့ ယီမင်စတဲ့ နိုင်ငံတွေမှာ လက်နက်ကိုင်အဖွဲ့ အစည်းတွေ မြေမြှုုပ်မိုင်း အသုံးပြုတာတွေရှိခဲ့တာပါ။ ကင်မရွန်း၊ ကိုလံဘီယာ၊ မာလီ၊ လစ်ဗျား၊ ဖိလစ်ပိုင်၊ ဆိုမာလီယာ နဲ့ တူနီးရှားနိုင်ငံတွေမှာ တော့ လက်နက်ကိုင်တွေ မြေမြှုပ်မိုင်းအသုံးပြုတယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ စွပ်စွဲချက်တွေလည်းရှိပါတယ်။

မြေမြှုုပ်မိုင်း အသုံးပြုမှု တားဆီးရေး သဘောတူစာချုပ်က ၁၉၉၉ ခုနှစ်က စတင် အသက်ဝင် ခဲ့တာဖြစ်ပြီး ဒီစာချုပ်အရ ၂၀၁၃ ခုနှစ်မှာ သေဆုံးသူဦးရေ ၃၅၀၀ အထိကျဆင်းခဲ့တာပါ။ လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ မြေမြှုပ်မိုင်းတွေကို အသုံးပြုနေတာကြောင့် ၂၀၁၈ အတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူဦးရေ မြင့်တက်လာရတာလည်းဖြစ်ပါတယ်။

 VOA Burmese
https://burmese.voanews.com
ျမန္မာစစ္တပ္ ေျမျမွဳပ္မိုင္း အသံုးျပဳ ျမန္မာစစ္တပ္ ေျမျမွဳပ္မိုင္း အသံုးျပဳ Reviewed by THITHTOOLWIN on 20:43 Rating: 5
Powered by Blogger.