ေက်ာက္ေတာ္မွာ ရွာေဖြဖမ္းဆီးမႈေတြရွိေနလို႔ အရပ္သားေတြ ထြက္ေျပးၿပီး ေဈးဆိုင္ေတြပိတ္ထားရဟုဆို

 သရက္တစ္ပင္ ေက်း႐ြာနဲ႔ ကစၦပနဒီတံတားထိပ္ေတြမွာ ကားဆိုင္ကယ္ေတြနဲ႔ ခရီးသည္ေတြကိုပါ အဓိက စစ္ေဆးေနတာျဖစ္တယ္လို႔ ေဒသခံေတြကေျပာ
(Zawgyi)⤵⤵⤵
တိုက္ခိုက္မႈျဖစ္ၿပီးေနာက္တစ္ရက္ ႏိုဝင္ဘာ ၁၄ ရက္ေန႔လယ္ပိုင္းကေန ခုလိုရွာေဖြစစ္ေဆးတာေတြ စလုပ္ခဲ့တာ ျဖစ္ၿပီး သရက္တစ္ပင္ေက်း႐ြာအျပင္ ႐ြာမျပင္ေက်း႐ြာနဲ႔ အနီးအနား ေက်း႐ြာေတြ၊ အေဝးေျပးလမ္းမေပၚမွာ သြားလာေနတဲ့ ကားနဲ႔ ဆိုင္ကယ္ေတြ၊ ခရီးသည္ေတြကိုပါ ရွာေဖြစစ္ေဆးေနတာျဖစ္တယ္လို႔ ႐ြာမျပင္ေက်း႐ြာ သားေတြက ေျပာပါတယ္။

ႏိုဝင္ဘာ ၁၄ ရက္ေန႔မွာေတာ့ သရက္တစ္ပင္၊ ႐ြာမျပင္၊ စပါးဆိပ္ စတဲ့ေက်း႐ြာေတြက ေဒသခံ ၄ ဦးကို ဖမ္းဆီးသြားခဲ့ၿပီး ႏိုဝင္ဘာ ၁၆ ရက္ တတိယေျမာက္ေန႔မွာေတာ့ သရက္တစ္ပင္နဲ႔ ႐ြာမျပင္ေက်း႐ြာေတြက အမ်ိဳးသား ေတြဟာ ဖမ္းဆီးခံရမွာကို စိုးရိမ္ၿပီးေတာ့ ထြက္ေျပး တိမ္းေရွာင္ေနၾကရတယ္လို႔ ကိုယ္တိုင္တိမ္းေရွာင္ေနသူ အသက္ ၆၀ ဝန္းက်င္အ႐ြယ္ အမ်ိဳးသားတစ္ဦးက ဘီဘီစီကို ေျပာျပပါတယ္။

ေက်း႐ြာေတြကို ဝင္ေရာက္ရွာေဖြစစ္ေဆးတဲ့အခါမွာ ေနအိမ္ေတြကို တစ္အိမ္တက္တစ္အိမ္ဆင္း ရွာေဖြမႈေတြျပဳ လုပ္ေနတာရွိသလို မသကၤာတဲ့သူေတြကို ဖမ္းဆီးသြားတာမ်ိဳးေတြျဖစ္ေနၿပီး အမ်ိဳးသားေတြကို ပစ္မွတ္ထား ဖမ္းဆီးလာတာမ်ိဳးေတြ ေတြ႕လာရတဲ့အတြက္ ထြက္ေျပးတိမ္းေရွာင္ေနရ တာျဖစ္တယ္လို႔ သူကဆိုပါတယ္။

"႐ြာမွာရွိတဲ့ ေယာက္်ားေတြ၊ တခ်ိဳ႕ေဈးဆိုင္ေရာင္းေနတဲ့မိန္းမေတြ၊ ေနာက္ၿပီး အ႐ြယ္ေရာက္တဲ့ ေယာက္်ားေလးေတြေပါ့။ အကုန္လုံး တိမ္းေရွာင္ေနၾကရတယ္။ ႐ြာကိုလာၿပီး တစ္အိမ္တက္ဆင္းလိုလို စစ္ေဆးတယ္။ ႐ြာက လူေတြ တခ်ိဳ႕ကိုလည္း ဖမ္းသြားတယ္။ အဲ့ဒါေၾကာင့္ တိမ္းေရွာင္ေနၾကတယ္။ လုံၿခဳံမႈက မရွိဘူးေပါ့။ ေၾကာက္စိတ္ ေတြက တအားမ်ားတယ္။ ငါ့ကိုဖမ္းမွာလား၊ သူ႔ကိုဖမ္းမွာလားေပါ့" လို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ ႐ြာမျပင္ ေက်း႐ြာသားတစ္ဦးက ေျပာပါတယ္။

တပ္ရင္းမႉးတစ္ဦးနဲ႔ စစ္သည္တခ်ိဳ႕က်ဆုံးခဲ့တဲ့ သရက္တစ္ပင္တံတား မိုင္းေပါက္ကြဲမႈျဖစ္စဥ္ေနာက္ပိုင္းမွာ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္း စစ္ေဆးမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနတာကို ေတြ႕ေနရၿပီး သရက္တစ္ပင္ ေက်း႐ြာနဲ႔ ကစၦပနဒီတံတားထိပ္ေတြမွာ ကားဆိုင္ကယ္ေတြနဲ႔ ခရီးသည္ေတြကိုပါ အဓိက စစ္ေဆးေနတာျဖစ္တယ္လို႔ ေဒသခံေတြကေျပာပါတယ္။

 ႏိုဝင္ဘာ ၁၄ ရက္က ဖမ္းဆီးခံရသူေတြထဲမွာ သရက္တစ္ပင္ေက်း႐ြာက အမ်ိဳးသားႏွစ္ဦး၊ စပါးဆိပ္႐ြာနဲ႔ ႐ြာမျပင္ေက်း႐ြာတို႔က အမ်ိဳးသား တစ္ဦးစီတို႔ ျဖစ္တယ္လို႔ ေဒသခံေတြက ဆို

ဒါ့အျပင္ ႏိုဝင္ဘာ ၁၆ ရက္ေန႔မွာ ဆိုင္ကယ္နဲ႔သြားလာေနတဲ့ ေျမာက္ဦးၿမိဳ႕နယ္ ေက်ာက္က်ပ္ေက်း႐ြာသား လူငယ္ ႏွစ္ဦးကို ေက်ာက္ေတာ္တပ္မဂိတ္က ဖမ္းဆီးလိုက္တယ္လို႔ သိရပါတယ္။

သရက္တစ္ပင္ေက်း႐ြာမွာ ေဒသခံေတြကို ဖမ္းဆီးေခၚေဆာင္ထားတာေတြ နဲ႔ပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာန ခ်ဳပ္ တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက အဲဒီလိုဖမ္းဆီးထားတာမရွိေၾကာင္းနဲ႔ ႐ြာသားေတြကို ဘာမွမလုပ္ဘူး လို႔ ျငင္းဆိုခဲ့ပါတယ္။

"သရက္တစ္ပင္က ဖမ္းထားတာတစ္ေယာက္မွ မရွိဘူး။ ဒါပဲေျပာခ်င္တယ္။ ႐ြာသားေတြထြက္ေျပးတယ္ဆိုတာ ေအေအ ေၾကာင့္ ထြက္ေျပးတာျဖစ္မွာေပါ့။ တပ္ေၾကာင့္ေတာ့ ထြက္ေျပးစရာအေၾကာင္းမရွိဘူး။ ေအေအက ဟိုဟာ လာေတာင္း ဒီဟာလာေတာင္း။ ဟိုလူ႔ကိုသတ္သြားလိုက္ ဒီလူ႔ကိုသတ္သြားလိုက္နဲ႔ ေအေအေၾကာင့္ ထြက္ေျပးတာ ျဖစ္မယ္"လို႔ သူက ေျပာပါတယ္။

တိုက္ပြဲနဲ႔ပတ္သက္တဲ့ ျဖစ္စဥ္ေတြမွာ အရင္က တပ္မေတာ္အေနနဲ႔ ဖမ္းဆီးခဲ့သူေတြကို ထုတ္ျပန္ေျပာဆိုေလ့ရွိေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ဖမ္းဆီးထားတာမရွိဘူးလို႔ ျငင္းဆိုမႈေတြရွိလာေနတဲ့အတြက္ ေဒသခံေတြဘက္က ေခၚယူ စစ္ေဆးမႈေတြ ျပဳလုပ္ခံရမွာကို ပိုၿပီးေတာ့ စိုးရိမ္မႈေတြျမင့္တက္လာေနၾကတာ ျဖစ္ပါတယ္။

ႏိုဝင္ဘာ ၁၄ ရက္က ဖမ္းဆီးခံရသူေတြထဲမွာ သရက္တစ္ပင္ေက်း႐ြာက အမ်ိဳးသားႏွစ္ဦး၊ စပါးဆိပ္႐ြာနဲ႔ ႐ြာမျပင္ေက်း႐ြာတို႔က အမ်ိဳးသား တစ္ဦးစီတို႔ ျဖစ္တယ္လို႔ ေဒသခံေတြက ဆိုပါတယ္။

စပါးဆိပ္ေက်း႐ြာမွာ ဖမ္းဆီးခံရသူထဲက အသက္ ၂၀ အ႐ြယ္ ကိုေမာင္ၾကည္လင္းဟာ သရက္တစ္ပင္ေက်း႐ြာရွိတဲ့ ကိုယ္ပိုင္အထက္တန္းေက်ာင္းကို ထမင္းပို႔ၿပီး ျပန္လာ တဲ့အခ်ိန္မွာ စစ္ေဆးမႈေတြျပဳလုပ္ေနတဲ့ တပ္မေတာ္နဲ႔ ရဲတပ္ဖြဲ႕ ပူးေပါင္းအဖြဲ႕က လက္ကိုင္ဖုန္းကို စစ္ေဆးခဲ့ၿပီး ေခၚေဆာင္သြားခဲ့တာျဖစ္တယ္လို႔ ကိုေမာင္ၾကည္လင္းရဲ႕ဖခင္က ေျပာပါတယ္။

ကိုေမာင္ၾကည္လင္းဟာ သူနဲ႔အတူ လုပ္ကိုင္စားေသာက္ေနသူျဖစ္ၿပီး လက္ရွိမွာလည္း ေက်ာင္းမွာ ထမင္းပို႔တဲ့ အလုပ္ကို လုပ္ကိုင္ေနသူျဖစ္ေၾကာင္းနဲ႔ ဘယ္အဖြဲ႕အစည္းနဲ႔မွ အဆက္အသြယ္မရွိဘူးလို႔ ဖခင္ျဖစ္သူ ဦးေအာင္သန္းမိုးက ေျပာပါတယ္။

"သူ႔ကိုဖမ္းတာက ဘာသက္ေသမွမရွိဘဲ ဖမ္းဆီးသြားတာပါ။ ထမင္းပို႔လို႔အျပန္ ညီေလးကို ဖုန္းခဏေလး စစ္မယ္ ဆိုၿပီးေတာ့ သူ႔ကိုထိုင္ခိုင္းထားတယ္။ တစ္ခုမွမေျပာဘဲ အဲ့ဒီနားက အေဆာင္ကိုေခၚသြားတယ္။ အဲ့ဒီမွာပဲ ထားတာလား။ ဘယ္ကိုေခၚသြားလဲဆိုတာမသိရေသးဘူး။ ကြၽန္ေတာ့္သားကိုဖမ္းထားေတာ့ ဘာေၾကာင့္ ဖမ္းတယ္ ဆိုတာကို သိခ်င္တယ္။ ကြၽန္ေတာ္သားက ကေလးေလးပါ။ ကြၽန္ေတာ္နဲ႔အတူအလုပ္လုပ္တာပါ။ ဘယ္ဟာနဲ႔မွ အဆက္အသြယ္မရွိဘူး။"လို႔ သူကေျပာပါတယ္။

သရက္တစ္ပင္ေက်း႐ြာဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္အတြင္းမွာ အိမ္ေျခေထာင္ခ်ီရွိေနတဲ့ တိုက္နယ္ေက်း႐ြာ တစ္႐ြာ ျဖစ္ၿပီး ေဈးဆိုင္ေတြနဲ႔ စည္ကားေနတဲ့႐ြာျဖစ္ေပမယ့္ ႏိုဝင္ဘာ ၁၃ ရက္ေန႔ တိုက္ခိုက္မႈျဖစ္စဥ္ ေနာက္ပိုင္းမွာေတာ့ ေဈးေရာင္းေဈးဝယ္ေတြလည္းမရွိ၊ ဆိုင္ေတြလည္းပိတ္ထားၾကၿပီး ေဒသခံေတြ ေဘးလြတ္ရာကို တိမ္းေရွာင္ ေနၾကရတာျဖစ္ပါတယ္။

အခုလို ဆိုင္ေတြကိုပိတ္ထားရတဲ့အတြက္ ေဖာက္ထြင္းခံရမွာ ကိုစိုးရိမ္ေနၿပီး ပစၥည္းေတြကို ေနအိမ္ေတြဆီ ေျပာင္းေ႐ႊ႕ ထားရတယ္လို႔ အမည္မေဖာ္လိုတဲ့ ေဈးသည္အမ်ိဳးသမီးတစ္ဦး ေျပာပါတယ္။
ရေသ့ေတာင္က တိုက္ပြဲေရွာင္ေတြထဲမွာ သက္ႀကီး႐ြယ္အို၊ ကေလးငယ္နဲ႔ အမ်ိဳးသမီးေတြပါဝင္

ၿပီးခဲ့တဲ့လပိုင္းအတြင္းက အခုမိုင္းဆြဲတိုက္ခိုက္ခဲ့တဲ့ေနရာအနီးမွာ ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီး ပစ္ခတ္မႈေတြျဖစ္ပြားခဲ့လို႔ ေဈးဆိုင္ပိုင္ရွင္ေတြ ေဘးလြတ္ရာကိုထြက္ေျပးသြားၾကတဲ့အခ်ိန္ ဆိုင္ခန္းအတြင္းမွာရွိေနတဲ့ ေ႐ႊထည္ေတြ၊ ေငြသားေတြနဲ႔ ဆိုင္ဝန္ေတြကို ေဖာက္ထြင္းယူေဆာင္ျခင္းခံလိုက္ရတယ္လို႔ ေဈးဆိုင္ပိုင္ရွင္ေတြကေျပာၾကပါတယ္။

တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္မေတာ္ ေအေအတို႔ တိုက္ပြဲေတြျဖစ္ပြားေနတဲ့အခါမွာ အျပစ္ရွိတဲ့သူေတြကိုသာ ရွာေဖြဖမ္းဆီးမႈေတြ ျပဳလုပ္သင့္ေၾကာင္းနဲ႔ အရပ္သားျပည္သူေတြဟာ က်ီးလန႔္စာစားအျဖစ္နဲ႔ ေၾကာက္႐ြံ႕မႈေတြကို ရင္ဆိုင္ေနၾက ရတယ္လို႔ ေဒသခံတစ္ဦးက ေျပာၾကားပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
ကျောက်တော်မှာ ရှာဖွေဖမ်းဆီးမှုတွေရှိနေလို့ အရပ်သားတွေ ထွက်ပြေးပြီး ဈေးဆိုင်တွေပိတ်ထားရဟုဆို

Image caption သရက်တစ်ပင် ကျေးရွာနဲ့ ကစ္ဆပနဒီတံတားထိပ်တွေမှာ ကားဆိုင်ကယ်တွေနဲ့ ခရီးသည်တွေကိုပါ အဓိက စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြော

တိုက်ခိုက်မှုဖြစ်ပြီးနောက်တစ်ရက် နိုဝင်ဘာ ၁၄ ရက်နေ့လယ်ပိုင်းကနေ ခုလိုရှာဖွေစစ်ဆေးတာတွေ စလုပ်ခဲ့တာ ဖြစ်ပြီး သရက်တစ်ပင်ကျေးရွာအပြင် ရွာမပြင်ကျေးရွာနဲ့ အနီးအနား ကျေးရွာတွေ၊ အဝေးပြေးလမ်းမပေါ်မှာ သွားလာနေတဲ့ ကားနဲ့ ဆိုင်ကယ်တွေ၊ ခရီးသည်တွေကိုပါ ရှာဖွေစစ်ဆေးနေတာဖြစ်တယ်လို့ ရွာမပြင်ကျေးရွာ သားတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၄ ရက်နေ့မှာတော့ သရက်တစ်ပင်၊ ရွာမပြင်၊ စပါးဆိပ် စတဲ့ကျေးရွာတွေက ဒေသခံ ၄ ဦးကို ဖမ်းဆီးသွားခဲ့ပြီး နိုဝင်ဘာ ၁၆ ရက် တတိယမြောက်နေ့မှာတော့ သရက်တစ်ပင်နဲ့ ရွာမပြင်ကျေးရွာတွေက အမျိုးသား တွေဟာ ဖမ်းဆီးခံရမှာကို စိုးရိမ်ပြီးတော့ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကိုယ်တိုင်တိမ်းရှောင်နေသူ အသက် ၆၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

ကျေးရွာတွေကို ဝင်ရောက်ရှာဖွေစစ်ဆေးတဲ့အခါမှာ နေအိမ်တွေကို တစ်အိမ်တက်တစ်အိမ်ဆင်း ရှာဖွေမှုတွေပြု လုပ်နေတာရှိသလို မသင်္ကာတဲ့သူတွေကို ဖမ်းဆီးသွားတာမျိုးတွေဖြစ်နေပြီး အမျိုးသားတွေကို ပစ်မှတ်ထား ဖမ်းဆီးလာတာမျိုးတွေ တွေ့လာရတဲ့အတွက် ထွက်ပြေးတိမ်းရှောင်နေရ တာဖြစ်တယ်လို့ သူကဆိုပါတယ်။

"ရွာမှာရှိတဲ့ ယောက်ျားတွေ၊ တချို့ဈေးဆိုင်ရောင်းနေတဲ့မိန်းမတွေ၊ နောက်ပြီး အရွယ်ရောက်တဲ့ ယောက်ျားလေးတွေပေါ့။ အကုန်လုံး တိမ်းရှောင်နေကြရတယ်။ ရွာကိုလာပြီး တစ်အိမ်တက်ဆင်းလိုလို စစ်ဆေးတယ်။ ရွာက လူတွေ တချို့ကိုလည်း ဖမ်းသွားတယ်။ အဲ့ဒါကြောင့် တိမ်းရှောင်နေကြတယ်။ လုံခြုံမှုက မရှိဘူးပေါ့။ ကြောက်စိတ် တွေက တအားများတယ်။ ငါ့ကိုဖမ်းမှာလား၊ သူ့ကိုဖမ်းမှာလားပေါ့" လို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွာမပြင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။

တပ်ရင်းမှူးတစ်ဦးနဲ့ စစ်သည်တချို့ကျဆုံးခဲ့တဲ့ သရက်တစ်ပင်တံတား မိုင်းပေါက်ကွဲမှုဖြစ်စဉ်နောက်ပိုင်းမှာ ကျောက်တော်မြို့နယ်အတွင်း စစ်ဆေးမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေတာကို တွေ့နေရပြီး သရက်တစ်ပင် ကျေးရွာနဲ့ ကစ္ဆပနဒီတံတားထိပ်တွေမှာ ကားဆိုင်ကယ်တွေနဲ့ ခရီးသည်တွေကိုပါ အဓိက စစ်ဆေးနေတာဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။
Image caption နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးခံရသူတွေထဲမှာ သရက်တစ်ပင်ကျေးရွာက အမျိုးသားနှစ်ဦး၊ စပါးဆိပ်ရွာနဲ့ ရွာမပြင်ကျေးရွာတို့က အမျိုးသား တစ်ဦးစီတို့ ဖြစ်တယ်လို့ ဒေသခံတွေက ဆို

ဒါ့အပြင် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဆိုင်ကယ်နဲ့သွားလာနေတဲ့ မြောက်ဦးမြို့နယ် ကျောက်ကျပ်ကျေးရွာသား လူငယ် နှစ်ဦးကို ကျောက်တော်တပ်မဂိတ်က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။

သရက်တစ်ပင်ကျေးရွာမှာ ဒေသခံတွေကို ဖမ်းဆီးခေါ်ဆောင်ထားတာတွေ နဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာန ချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက အဲဒီလိုဖမ်းဆီးထားတာမရှိကြောင်းနဲ့ ရွာသားတွေကို ဘာမှမလုပ်ဘူး လို့ ငြင်းဆိုခဲ့ပါတယ်။

"သရက်တစ်ပင်က ဖမ်းထားတာတစ်ယောက်မှ မရှိဘူး။ ဒါပဲပြောချင်တယ်။ ရွာသားတွေထွက်ပြေးတယ်ဆိုတာ အေအေ ကြောင့် ထွက်ပြေးတာဖြစ်မှာပေါ့။ တပ်ကြောင့်တော့ ထွက်ပြေးစရာအကြောင်းမရှိဘူး။ အေအေက ဟိုဟာ လာတောင်း ဒီဟာလာတောင်း။ ဟိုလူ့ကိုသတ်သွားလိုက် ဒီလူ့ကိုသတ်သွားလိုက်နဲ့ အေအေကြောင့် ထွက်ပြေးတာ ဖြစ်မယ်"လို့ သူက ပြောပါတယ်။

တိုက်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်စဉ်တွေမှာ အရင်က တပ်မတော်အနေနဲ့ ဖမ်းဆီးခဲ့သူတွေကို ထုတ်ပြန်ပြောဆိုလေ့ရှိပေမယ့် အခုနောက်ပိုင်းမှာတော့ ဖမ်းဆီးထားတာမရှိဘူးလို့ ငြင်းဆိုမှုတွေရှိလာနေတဲ့အတွက် ဒေသခံတွေဘက်က ခေါ်ယူ စစ်ဆေးမှုတွေ ပြုလုပ်ခံရမှာကို ပိုပြီးတော့ စိုးရိမ်မှုတွေမြင့်တက်လာနေကြတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၄ ရက်က ဖမ်းဆီးခံရသူတွေထဲမှာ သရက်တစ်ပင်ကျေးရွာက အမျိုးသားနှစ်ဦး၊ စပါးဆိပ်ရွာနဲ့ ရွာမပြင်ကျေးရွာတို့က အမျိုးသား တစ်ဦးစီတို့ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စပါးဆိပ်ကျေးရွာမှာ ဖမ်းဆီးခံရသူထဲက အသက် ၂၀ အရွယ် ကိုမောင်ကြည်လင်းဟာ သရက်တစ်ပင်ကျေးရွာရှိတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းကို ထမင်းပို့ပြီး ပြန်လာ တဲ့အချိန်မှာ စစ်ဆေးမှုတွေပြုလုပ်နေတဲ့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က လက်ကိုင်ဖုန်းကို စစ်ဆေးခဲ့ပြီး ခေါ်ဆောင်သွားခဲ့တာဖြစ်တယ်လို့ ကိုမောင်ကြည်လင်းရဲ့ဖခင်က ပြောပါတယ်။

ကိုမောင်ကြည်လင်းဟာ သူနဲ့အတူ လုပ်ကိုင်စားသောက်နေသူဖြစ်ပြီး လက်ရှိမှာလည်း ကျောင်းမှာ ထမင်းပို့တဲ့ အလုပ်ကို လုပ်ကိုင်နေသူဖြစ်ကြောင်းနဲ့ ဘယ်အဖွဲ့အစည်းနဲ့မှ အဆက်အသွယ်မရှိဘူးလို့ ဖခင်ဖြစ်သူ ဦးအောင်သန်းမိုးက ပြောပါတယ်။

"သူ့ကိုဖမ်းတာက ဘာသက်သေမှမရှိဘဲ ဖမ်းဆီးသွားတာပါ။ ထမင်းပို့လို့အပြန် ညီလေးကို ဖုန်းခဏလေး စစ်မယ် ဆိုပြီးတော့ သူ့ကိုထိုင်ခိုင်းထားတယ်။ တစ်ခုမှမပြောဘဲ အဲ့ဒီနားက အဆောင်ကိုခေါ်သွားတယ်။ အဲ့ဒီမှာပဲ ထားတာလား။ ဘယ်ကိုခေါ်သွားလဲဆိုတာမသိရသေးဘူး။ ကျွန်တော့်သားကိုဖမ်းထားတော့ ဘာကြောင့် ဖမ်းတယ် ဆိုတာကို သိချင်တယ်။ ကျွန်တော်သားက ကလေးလေးပါ။ ကျွန်တော်နဲ့အတူအလုပ်လုပ်တာပါ။ ဘယ်ဟာနဲ့မှ အဆက်အသွယ်မရှိဘူး။"လို့ သူကပြောပါတယ်။

သရက်တစ်ပင်ကျေးရွာဟာ ကျောက်တော်မြို့နယ်အတွင်းမှာ အိမ်ခြေထောင်ချီရှိနေတဲ့ တိုက်နယ်ကျေးရွာ တစ်ရွာ ဖြစ်ပြီး ဈေးဆိုင်တွေနဲ့ စည်ကားနေတဲ့ရွာဖြစ်ပေမယ့် နိုဝင်ဘာ ၁၃ ရက်နေ့ တိုက်ခိုက်မှုဖြစ်စဉ် နောက်ပိုင်းမှာတော့ ဈေးရောင်းဈေးဝယ်တွေလည်းမရှိ၊ ဆိုင်တွေလည်းပိတ်ထားကြပြီး ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။

အခုလို ဆိုင်တွေကိုပိတ်ထားရတဲ့အတွက် ဖောက်ထွင်းခံရမှာ ကိုစိုးရိမ်နေပြီး ပစ္စည်းတွေကို နေအိမ်တွေဆီ ပြောင်းရွှေ့ ထားရတယ်လို့ အမည်မဖော်လိုတဲ့ ဈေးသည်အမျိုးသမီးတစ်ဦး ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Aung Than Wai
Image caption ရသေ့တောင်က တိုက်ပွဲရှောင်တွေထဲမှာ သက်ကြီးရွယ်အို၊ ကလေးငယ်နဲ့ အမျိုးသမီးတွေပါဝင်

ပြီးခဲ့တဲ့လပိုင်းအတွင်းက အခုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့နေရာအနီးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတွေဖြစ်ပွားခဲ့လို့ ဈေးဆိုင်ပိုင်ရှင်တွေ ဘေးလွတ်ရာကိုထွက်ပြေးသွားကြတဲ့အချိန် ဆိုင်ခန်းအတွင်းမှာရှိနေတဲ့ ရွှေထည်တွေ၊ ငွေသားတွေနဲ့ ဆိုင်ဝန်တွေကို ဖောက်ထွင်းယူဆောင်ခြင်းခံလိုက်ရတယ်လို့ ဈေးဆိုင်ပိုင်ရှင်တွေကပြောကြပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့အခါမှာ အပြစ်ရှိတဲ့သူတွေကိုသာ ရှာဖွေဖမ်းဆီးမှုတွေ ပြုလုပ်သင့်ကြောင်းနဲ့ အရပ်သားပြည်သူတွေဟာ ကျီးလန့်စာစားအဖြစ်နဲ့ ကြောက်ရွံ့မှုတွေကို ရင်ဆိုင်နေကြ ရတယ်လို့ ဒေသခံတစ်ဦးက ပြောကြားပါတယ်။

BBC Burmese
https://www.bbc.com
ေက်ာက္ေတာ္မွာ ရွာေဖြဖမ္းဆီးမႈေတြရွိေနလို႔ အရပ္သားေတြ ထြက္ေျပးၿပီး ေဈးဆိုင္ေတြပိတ္ထားရဟုဆို ေက်ာက္ေတာ္မွာ ရွာေဖြဖမ္းဆီးမႈေတြရွိေနလို႔ အရပ္သားေတြ ထြက္ေျပးၿပီး ေဈးဆိုင္ေတြပိတ္ထားရဟုဆို Reviewed by THITHTOOLWIN on 06:15 Rating: 5
Powered by Blogger.