ေဘဘီေလးေတြ သြားက်န္းမာေရးအတြက္ အေကာင္းဆုံးအစားအစာ (၅) မ်ိဳး

(Zawgyi)⤵⤵⤵

ေဘဘီေလးေတြကို က်န္းမာတဲ့ သြားေတြပိုင္ဆိုင္ေစဖို႔နဲ႔ အစားအစာေတြကို ေကာင္းေကာင္း စားႏိုင္ေစဖို႔အတြက္ ငယ္စဥ္ခ်ိန္ကတည္းက သြားနဲ႔ခံတြင္းက်န္းမာေစဖို႔ မိဘေတြကေသေသခ်ာခ်ာ ဂ႐ုစိုက္ေပးဖို႔လိုပါမယ္။ မိမိရင္ေသြးေလးေတြကို ၿပဳံးအလွပိုင္ရွင္ျဖစ္ေစဖို႔ မိဘေတြအေနနဲ႔ ငယ္စဥ္ကတည္းက ခံတြင္းနဲ႔သြားေတြကို က်န္းမာေစႏိုင္တဲ့ အစားအစာေတြကို သင့္တင့္မွ်တေအာင္ ေကြၽးေမြးဖို႔လိုပါမယ္။ အခုတစ္ေခါက္ေတာ့ ရင္ေသြးေလးေတြ သြားနဲ႔ ခံတြင္းက်န္းမာေစဖို႔ ဘာေတြေကြၽးေမြးရမလဲဆိုတာကိုေျပာျပေပးပါရေစ။

ကေလးခံတြင္းနဲ႔သြားက်န္းမာေစဖို႔ အစားအစာ (၅) မ်ိဳး

ပန္းသီး

ကေလးေတြကို ပန္းသီးေကြၽးေပးမယ္ဆိုရင္ သြားမွာကပ္ညႇိေနတဲ့ သြားေခ်းလိုမ်ိဳးအရာေတြကို ဖယ္ရွားေပးႏိုင္မွာ ျဖစ္ပါတယ္။ ပန္းသီးတင္မဟုတ္ပါဘူး။ အမွ်င္ဓာတ္ပါတဲ့ အသီးေတြကလည္း ကေလးရဲ႕ သြားနဲ႔ခံတြင္းကို က်န္းမာေစႏိုင္ပါတယ္။ ပန္းသီးက ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြႂကြယ္ဝစြာ ပါဝင္ေနတာေၾကာင့္ သြားေတြႀကံ့ခိုင္ေစဖို႔ အေထာက္အကူ ျပဳေပးပါတယ္။

ဉအမ်ိဳးမ်ိဳး

ၾကက္ဉ၊ ဘဲဉနဲ႔ ငုံးဉတို႔လိုမ်ိဳး ဉေတြမွာ ကယ္လ္ဆီယမ္၊ ပ႐ိုတင္းနဲ႔ ဗီတာမင္ D တို႔လိုမ်ိဳး ခံတြင္းက်န္းမာေရးအတြက္ အေရးပါတဲ့ သတၱဳဓာတ္ေတြပါဝင္ေနပါတယ္။ ဗီတာမင္ D က ကယ္လ္ဆီယမ္ကို စုပ္ယူႏိုင္ေအာင္ အေထာက္အကူေပးပါတယ္။ ကယ္လ္ဆီယမ္က အ႐ိုးနဲ႔သြားေတြကို ႀကံ့ခိုင္သန္စြမ္းေစႏိုင္တယ္ဆိုတာကိုေတာ့ ေဖေဖေမေမတို႔ သိၿပီးျဖစ္မွာပါ။ ဉအမ်ိဳးမ်ိဳးမွာ DHA လို႔ေခၚတဲ့ omega-3 fatty acid တစ္မ်ိဳးပါဝင္လို႔ ေ႐ြးခ်ယ္သင့္တဲ့ အာဟာရဓာတ္စာပါပဲ။ Docosahexaenoic acid (DHA) က DHA က ကေလးေတြရဲ႕ အျမင္အာ႐ုံနဲ႔ ဦးေႏွာက္ဖြံ႕ၿဖိဳးမႈအတြက္အေရးပါသလို DHA မွ်တစြာပါဝင္မယ္ဆိုရင္ သင္ယူမႈစြမ္းရည္ကို တိုးတက္ေစႏိုင္ပါလိမ့္မယ္။

ႏို႔

ႏြားႏို႔၊ ဒိန္ခဲ၊ ဒိန္ခ်ဥ္ေတြမွာ ကယ္လ္ဆီယမ္၊casein နဲ႔ phosphorus တို႔လိုမ်ိဳး သြားေႂကြလႊာကို ကာကြယ္ေပးတဲ့ဓာတ္ေတြ ပါဝင္ေနပါတယ္။ ႏို႔နဲ႔ႏို႔ထြက္ပစၥည္းေတြမွာပါတဲ့ အာဟာရဓာတ္ေတြက ခံတြင္းကို က်န္းမာေစပါတယ္။

ဟင္းသီးဟင္း႐ြက္တခ်ိဳ႕

မုန္လာဉနီလိုမ်ိဳး အစိမ္းလိုက္ဝါးစားလို႔ရတဲ့ အမွ်င္ဓာတ္ႂကြယ္ဝတဲ့ အသီးအႏွံေတြက ေရဓာတ္လည္းႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ သြားရဲ႕ အေပၚယံမ်က္ႏွာျပင္ေတြကို သန္႔စင္ေပး ႏိုင္ပါတယ္။ အမွ်င္ဓာတ္ပါတဲ့ အသီးအႏွံေတြက အခ်ိဳဓာတ္ကို ထိန္းညႇိေပးၿပီး သြားေတြကို သန္႔စင္ေစႏိုင္ပါတယ္။

ပန္းေဂၚဖီစိမ္း နဲ႔ အစိမ္းရင့္ေရာင္ရွိတဲ့ အသီးအ႐ြက္ေတြမွာ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြႂကြယ္ဝစြာ ပါဝင္တာေၾကာင့္ ခံတြင္းနဲ႔ သြားက်န္းမာေရးအတြက္ေတာ္ေတာ့္ကို အေထာက္အကူျပဳႏိုင္ပါတယ္။ ကိုက္လန္နဲ႔ဟင္းႏုႏြယ္လိုမ်ိဳး အစိမ္းေရာင္ ဟင္းသီးဟင္း႐ြက္ေတြမွာ သြားနဲ႔သြားဖုံးကို က်န္းမာေစႏိုင္တဲ့ ေဖာလစ္အက္ဆစ္ႂကြယ္ဝစြာ ပါဝင္ေနပါတယ္။

အခြံမာသီးေတြ နဲ႔ အေစ့အဆန္ေတြ

အခြံမာသီးေတြနဲ႔ အေစ့အဆန္ေတြက ခံတြင္းထဲမွာရွိေနတဲ့ သြားေႂကြလႊာေတြကို ပ်က္စီးေစႏိုင္တဲ့ အက္ဆစ္ေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ အယ္လ္မြန္၊ ေျမပဲနဲ႔သီဟိုဠ္ေစ့ေတြမွာ ကယ္လ္ဆီယမ္နဲ႔ phosphorus တို႔မ်ားစြာပါဝင္ေနတာေၾကာင့္ သြားက်န္းမာေအာင္ ေထာက္ပံ့ေပးပါတယ္။ ဒါ့အျပင္ DHA လည္းႂကြယ္ဝလို႔ ကေလးရဲ႕မ်က္စိက်န္းမာေရးနဲ႔ ဉာဏ္ရည္ဖြံ႕ၿဖိဳးမႈမွာ အတိုင္းထက္အလြန္ ေကာင္းမြန္ေစပါတယ္။

ကေလးေတြရဲ႕ သြားကိုထိခိုက္ေစႏိုင္တဲ့ အစားအေသာက္ေတြ

အခ်ိဳကဲၿပီးေစးကပ္ကပ္ႏိုင္တဲ့ အစားအစာေတြက သြားေတြကို ထိခိုက္ေစႏိုင္ပါတယ္။ ကေလးအေနနဲ႔ အခ်ိဳမ်ားၿပီး ေစးကပ္ကပ္ႏိုင္တဲ့ အစားအစာေတြစားၿပီးတဲ့အခါတိုင္း သြားနဲ႔ခံတြင္းေတြကို သန္႔ရွင္းေအာင္လုပ္ေပးဖို႔လိုပါလိမ့္မယ္။

ဝါးစားလို႔ရတဲ့ ခပ္ေပ်ာ့ေပ်ာ့သၾကားလုံး

သၾကားလုံး

ေတာ္ဖီခဲ

အခ်ိဳရည္ေတြ

သၾကားပါတဲ့ ပီေက

အသီးေျခာက္ေတြ

အာလူးေၾကာ္

ပ်ားရည္

ကပ္ေစးနဲေတြကို ျဖစ္ႏိုင္ရင္ မေကြၽးတာ ေကာင္းပါတယ္။

ေဘဘီေလးေတြကို သြားနဲ႔ခံတြင္းက်န္းမာတဲ့ ၿပဳံးအလွပိုင္ရွင္ေလးေတြျဖစ္ေစဖို႔ ဘာေတြေကြၽးေမြး ေပးရမလဲဆိုတာ ေဖေဖေမေမတို႔ သိေလာက္ၿပီထင္ပါတယ္။ ကေလးငယ္ကို ငယ္စဥ္အ႐ြယ္ကတည္းက သြားနဲ႔ခံတြင္းက်န္းမာတဲ့ ေဘဘီေလးေတြအျဖစ္ ပ်ိဳးေထာင္ ႏိုင္ၾကပါေစေၾကာင္း။

ေရးသားသူ -Aye Thi Mon
ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ -Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
--------------
(Unicode)⤵⤵⤵
ဘေဘီလေးတွေ သွားကျန်းမာရေးအတွက် အကောင်းဆုံးအစားအစာ (၅) မျိုး

ဘေဘီလေးတွေကို ကျန်းမာတဲ့ သွားတွေပိုင်ဆိုင်စေဖို့နဲ့ အစားအစာတွေကို ကောင်းကောင်း စားနိုင်စေဖို့အတွက် ငယ်စဉ်ချိန်ကတည်းက သွားနဲ့ခံတွင်းကျန်းမာစေဖို့ မိဘတွေကသေသေချာချာ ဂရုစိုက်ပေးဖို့လိုပါမယ်။ မိမိရင်သွေးလေးတွေကို ပြုံးအလှပိုင်ရှင်ဖြစ်စေဖို့ မိဘတွေအနေနဲ့ ငယ်စဉ်ကတည်းက ခံတွင်းနဲ့သွားတွေကို ကျန်းမာစေနိုင်တဲ့ အစားအစာတွေကို သင့်တင့်မျှတအောင် ကျွေးမွေးဖို့လိုပါမယ်။ အခုတစ်ခေါက်တော့ ရင်သွေးလေးတွေ သွားနဲ့ ခံတွင်းကျန်းမာစေဖို့ ဘာတွေကျွေးမွေးရမလဲဆိုတာကိုပြောပြပေးပါရစေ။

ကလေးခံတွင်းနဲ့သွားကျန်းမာစေဖို့ အစားအစာ (၅) မျိုး

ပန်းသီး

ကလေးတွေကို ပန်းသီးကျွေးပေးမယ်ဆိုရင် သွားမှာကပ်ညှိနေတဲ့ သွားချေးလိုမျိုးအရာတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ပန်းသီးတင်မဟုတ်ပါဘူး။ အမျှင်ဓာတ်ပါတဲ့ အသီးတွေကလည်း ကလေးရဲ့ သွားနဲ့ခံတွင်းကို ကျန်းမာစေနိုင်ပါတယ်။ ပန်းသီးက ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်နေတာကြောင့် သွားတွေကြံ့ခိုင်စေဖို့ အထောက်အကူ ပြုပေးပါတယ်။

ဉအမျိုးမျိုး

ကြက်ဉ၊ ဘဲဉနဲ့ ငုံးဉတို့လိုမျိုး ဉတွေမှာ ကယ်လ်ဆီယမ်၊ ပရိုတင်းနဲ့ ဗီတာမင် D တို့လိုမျိုး ခံတွင်းကျန်းမာရေးအတွက် အရေးပါတဲ့ သတ္တုဓာတ်တွေပါဝင်နေပါတယ်။ ဗီတာမင် D က ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်အောင် အထောက်အကူပေးပါတယ်။ ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တယ်ဆိုတာကိုတော့ ဖေဖေမေမေတို့ သိပြီးဖြစ်မှာပါ။ ဉအမျိုးမျိုးမှာ DHA လို့ခေါ်တဲ့ omega-3 fatty acid တစ်မျိုးပါဝင်လို့ ရွေးချယ်သင့်တဲ့ အာဟာရဓာတ်စာပါပဲ။ Docosahexaenoic acid (DHA) က DHA က ကလေးတွေရဲ့ အမြင်အာရုံနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက်အရေးပါသလို DHA မျှတစွာပါဝင်မယ်ဆိုရင် သင်ယူမှုစွမ်းရည်ကို တိုးတက်စေနိုင်ပါလိမ့်မယ်။

နို့

နွားနို့၊ ဒိန်ခဲ၊ ဒိန်ချဉ်တွေမှာ ကယ်လ်ဆီယမ်၊casein နဲ့ phosphorus တို့လိုမျိုး သွားကြွေလွှာကို ကာကွယ်ပေးတဲ့ဓာတ်တွေ ပါဝင်နေပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အာဟာရဓာတ်တွေက ခံတွင်းကို ကျန်းမာစေပါတယ်။

ဟင်းသီးဟင်းရွက်တချို့

မုန်လာဉနီလိုမျိုး အစိမ်းလိုက်ဝါးစားလို့ရတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အသီးအနှံတွေက ရေဓာတ်လည်းကြွယ်ဝစွာ ပါဝင်တာကြောင့် သွားရဲ့ အပေါ်ယံမျက်နှာပြင်တွေကို သန့်စင်ပေး နိုင်ပါတယ်။ အမျှင်ဓာတ်ပါတဲ့ အသီးအနှံတွေက အချိုဓာတ်ကို ထိန်းညှိပေးပြီး သွားတွေကို သန့်စင်စေနိုင်ပါတယ်။

ပန်းဂေါ်ဖီစိမ်း နဲ့ အစိမ်းရင့်ရောင်ရှိတဲ့ အသီးအရွက်တွေမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် ခံတွင်းနဲ့ သွားကျန်းမာရေးအတွက်တော်တော့်ကို အထောက်အကူပြုနိုင်ပါတယ်။ ကိုက်လန်နဲ့ဟင်းနုနွယ်လိုမျိုး အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေမှာ သွားနဲ့သွားဖုံးကို ကျန်းမာစေနိုင်တဲ့ ဖောလစ်အက်ဆစ်ကြွယ်ဝစွာ ပါဝင်နေပါတယ်။

အခွံမာသီးတွေ နဲ့ အစေ့အဆန်တွေ

အခွံမာသီးတွေနဲ့ အစေ့အဆန်တွေက ခံတွင်းထဲမှာရှိနေတဲ့ သွားကြွေလွှာတွေကို ပျက်စီးစေနိုင်တဲ့ အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ အယ်လ်မွန်၊ မြေပဲနဲ့သီဟိုဠ်စေ့တွေမှာ ကယ်လ်ဆီယမ်နဲ့ phosphorus တို့များစွာပါဝင်နေတာကြောင့် သွားကျန်းမာအောင် ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် DHA လည်းကြွယ်ဝလို့ ကလေးရဲ့မျက်စိကျန်းမာရေးနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုမှာ အတိုင်းထက်အလွန် ကောင်းမွန်စေပါတယ်။

ကလေးတွေရဲ့ သွားကိုထိခိုက်စေနိုင်တဲ့ အစားအသောက်တွေ

အချိုကဲပြီးစေးကပ်ကပ်နိုင်တဲ့ အစားအစာတွေက သွားတွေကို ထိခိုက်စေနိုင်ပါတယ်။ ကလေးအနေနဲ့ အချိုများပြီး စေးကပ်ကပ်နိုင်တဲ့ အစားအစာတွေစားပြီးတဲ့အခါတိုင်း သွားနဲ့ခံတွင်းတွေကို သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါလိမ့်မယ်။

ဝါးစားလို့ရတဲ့ ခပ်ပျော့ပျော့သကြားလုံး

သကြားလုံး

တော်ဖီခဲ

အချိုရည်တွေ

သကြားပါတဲ့ ပီကေ

အသီးခြောက်တွေ

အာလူးကြော်

ပျားရည်

ကပ်စေးနဲတွေကို ဖြစ်နိုင်ရင် မကျွေးတာ ကောင်းပါတယ်။

ဘေဘီလေးတွေကို သွားနဲ့ခံတွင်းကျန်းမာတဲ့ ပြုံးအလှပိုင်ရှင်လေးတွေဖြစ်စေဖို့ ဘာတွေကျွေးမွေး ပေးရမလဲဆိုတာ ဖေဖေမေမေတို့ သိလောက်ပြီထင်ပါတယ်။ ကလေးငယ်ကို ငယ်စဉ်အရွယ်ကတည်းက သွားနဲ့ခံတွင်းကျန်းမာတဲ့ ဘေဘီလေးတွေအဖြစ် ပျိုးထောင် နိုင်ကြပါစေကြောင်း။

ရေးသားသူ -Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ -Dr. Kaung Thar
Myanmar Digital News
https://www.facebook.com/MyanmarDigitalNews/
ေဘဘီေလးေတြ သြားက်န္းမာေရးအတြက္ အေကာင္းဆုံးအစားအစာ (၅) မ်ိဳး ေဘဘီေလးေတြ သြားက်န္းမာေရးအတြက္ အေကာင္းဆုံးအစားအစာ (၅) မ်ိဳး Reviewed by THITHTOOLWIN on 06:11 Rating: 5
Powered by Blogger.