တိုက္ပြဲေတြေၾကာင့္ ထြက္ေျပးခဲ့တဲ့ ပလက္ဝၿမိဳ႕နယ္ထဲက ႐ြာသားေတြ |
ခ်င္းျပည္နယ္ပလက္ဝၿမိဳ႕နယ္က လူအမ်ားစုဟာတိုက္ပြဲေတြေၾကာင့္ ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေနၾကရတယ္လို႔ခ်င္းျပည္နယ္အစိုးရကေျပာပါတယ္။
ရကၡိဳင့္တပ္ေတာ္နဲ႔ တပ္မေတာ္တို႔ၾကား တိုက္ပြဲေတြျဖစ္ပြားေနတဲ့ ပလက္ဝၿမိဳ႕နယ္ထဲက လူေတြ အခုလိုထြက္ေျပးေနၾကရတာပါ။
ဒီထဲကမွ ေက်း႐ြာ ၁၀႐ြာဟာ လုံး၀ ႐ြာပ်က္သြားၿပီျဖစ္ၿပီး လူေနအိမ္ စာသင္ေက်ာင္းေတြပါ ေျပာင္းေ႐ႊ႕သြားၾကၿပီ ျဖစ္တယ္လို႔ ခ်င္းျပည္နယ္ စည္ပင္သာယာေရးလွ်ပ္စစ္နဲ႔စက္မႈဝန္ႀကီးဌာန ဝန္ႀကီး ဦးစိုးထက္က ဘီဘီစီကို ေျပာပါတယ္။
တိုက္ပြဲဒဏ္ကို ခံစားေနရတာ ေမလ ကတည္းက ျဖစ္ၿပီး မၾကာခဏဆိုသလို ႐ြာထဲ က်ည္ေတြ ထိတာေၾကာင့္ မေနႏိုင္လို႔ ထြက္ေျပးလာတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ခ်င္းတကၠသိုလ္ ေက်ာင္းသားအဖြဲ႕ဥကၠ႒ ဆလိုင္းထြန္းလွေက်ာ္က ဘီဘီစီကို ေျပာပါတယ္။
ပလက္ဝက စစ္ေရွာင္စခန္းတစ္ခု |
ကုလားတန္ျမစ္ေၾကာင္းအတိုင္း စစ္ေတြၿမိဳ႕ကေန ၉၆ မိုင္ ေဝးၿပီးေတာ့၂၀၁၄ ခုႏွစ္ သန္းေခါင္စာရင္းအရ ပလက္ဝၿမိဳ႕နယ္ တစ္ခုလုံး လူဦးေရ ၆ ေသာင္းေက်ာ္ရွိပါတယ္။
ခမီခ်င္းလူမ်ိဳး အမ်ားဆုံး ေနထိုင္ၾကၿပီးေတာ့ ရခိုင္လူမ်ိဳးေတြလည္းေနထိုင္ၾကပါတယ္။
ရကၡိဳင့္တပ္ေတာ္ေအေအက ဖမ္းထားတဲ့ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ဦးေဝွ႔တင္းဟာ ပလက္ဝ ဇာတိျဖစ္ၿပီးေတာ့ ခူမီးခ်င္းလူမ်ိဳးျဖစ္ပါတယ္။
သူက ပလက္ဝ အနီးက ကုလားတန္စီမံကိန္း လာတဲ့ အဖြဲ႕ေတြနဲ႔ ပလက္ဝ ကေန ေက်ာက္ေတာ္အ သြားမွာ ႏိုဝင္ဘာလ ၃ရက္ေန႔ကအဖမ္းခံခဲ့ရတာျဖစ္ပါတယ္။
ဦးေဝွ႔တင္းကို ဖမ္းထား |
တိုက္ပြဲေတြေၾကာင့္ စစ္ေဘးေရွာင္ ဦးေရေတြလည္း တိုးလာတယ္လို႔ ခ်င္းျပည္နယ္ အစိုးရက ေျပာပါတယ္။
ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ထဲမွာ ခ်င္းေတြေနထိုင္တဲ့ ႐ြာေတြဟာ ရခိုင္တပ္ေအေအနဲ႔ အစိုးရတပ္တို႔ၾကားက တိုက္ပြဲေတြေၾကာင့္ ႐ြာလုံးကြၽတ္ စစ္ေဘးလြတ္ရာကို ေျပာင္းေ႐ႊ႕ ေနၾကရပါတယ္။
ၿပီးခဲ့တဲ့ရက္ပိုင္းကပလက္ဝၿမိဳ႕နယ္ထဲက ကတ္သလင္း႐ြာကေန မီးဇာကို စစ္ေဘးေျပာင္းေ႐ႊ႕ေနထိုင္တဲ့ ေဘာင္ ခ်င္းလူမ်ိဳး မိသားစု ၂၀ လူဦးေရ ၁၀၀ ေက်ာ္ကို ခ်င္းျပည္နယ္အစိုးရ က ထန္တလန္ၿမိဳ႕နယ္ သီးကီရ္႐ြာကို ေျပာင္းေ႐ႊ႕ေပးလိုက္ရပါတယ္။
ပလက္ဝၿမိဳ႕နယ္ထဲမွာ ေနထိုင္တာထက္ မိမိတို႔ေဆြမ်ိဳးေတြရွိရာနဲ႔ ဘာသာစကားတူတဲ့ေနရာေတြကို ေျပာင္းေ႐ႊ႕ေနထိုင္ၾကတာျဖစ္ၿပီး အခုလို ႐ြာလုံးကြၽတ္ ေျပာင္းလာတဲ့အတြက္ ေရရွည္ ေနထိုင္ လုပ္ကိုင္စားေသာက္ဖို႔အတြက္ လယ္ယာေျမေတြ ေဖာ္ထုတ္ေပးဖို႔ လုပ္ေဆာင္ေနတယ္လို႔ ခ်င္းျပည္နယ္ အစိုးရက ဆိုပါတယ္။
ရခိုင္ေျမာက္ပိုင္းမွာ တာဝန္ထမ္းေဆာင္ေနတဲ့ တပ္မေတာ္တပ္ဖြဲ႕ဝင္ေတြ |
သူတို႔႐ြာေတြမွာ တိုက္ပြဲဒဏ္ကို ခံစားေနရတာ ေမလကတည္းက ျဖစ္ၿပီး မၾကာခဏဆိုသလို ႐ြာထဲ က်ည္ေတြ ထိတာေၾကာင့္ မေနႏိုင္လို႔ ထြက္ေျပးလာတာျဖစ္တယ္လို႔ ရခိုင္ျပည္နယ္ ခ်င္းတကၠသိုလ္ ေက်ာင္းသားအဖြဲ႕က ဥကၠ႒ ဆလိုင္းထြန္းလွေက်ာ္က ဘီဘီစီကို ေျပာျပပါတယ္။အခုေလာေလာဆယ္မွာေတာ့ ထြက္ေျပးလာသူေတြကို ကူညီေရးေတြ လုပ္ဖို႔အတြက္ အလႉရွင္ေတြ လိုအပ္ေနတယ္လို႔ ဆိုပါတယ္။
အခု ေ႐ႊ႕ေျပာင္းေနတဲ့သူေတြဟာ လူဦးေရ ေလးေထာင္ကေန ေျခာက္ေထာင္ၾကားျဖစ္ၿပီး ပလက္ဝၿမိဳ႕နယ္ တခုလုံးဟာ သြားလာေရးက အစခက္ခဲေနတဲ့အျပင္ အသက္အႏၲရာယ္ပါ စိုးရိမ္ေနရတာေၾကာင့္ အခုလို ထြက္ေျပးတိမ္းေရွာင္ေနရတာျဖစ္တယ္လို႔ဦးစိုးထက္က ေျပာပါတယ္။
BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
ပလက်ဝမှာ ရွာတွေ ပျက်ကုန်ပြီလား
ဓာတ်ပုံ မူပိုင် Kyaw Aung
Image caption တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ရွာသားတွေ
ချင်းပြည်နယ်ပလက်ဝမြို့နယ်က လူအများစုဟာတိုက်ပွဲတွေကြောင့် ဘေးလွတ်ရာကို ရွှေ့ပြောင်းနေကြရတယ်လို့ချင်းပြည်နယ်အစိုးရကပြောပါတယ်။
ရက္ခိုင့်တပ်တော်နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ပလက်ဝမြို့နယ်ထဲက လူတွေ အခုလိုထွက်ပြေးနေကြရတာပါ။
ဒီထဲကမှ ကျေးရွာ ၁၀ရွာဟာ လုံး၀ ရွာပျက်သွားပြီဖြစ်ပြီး လူနေအိမ် စာသင်ကျောင်းတွေပါ ပြောင်းရွှေ့သွားကြပြီ ဖြစ်တယ်လို့ ချင်းပြည်နယ် စည်ပင်သာယာရေးလျှပ်စစ်နဲ့စက်မှုဝန်ကြီးဌာန ဝန်ကြီး ဦးစိုးထက်က ဘီဘီစီကို ပြောပါတယ်။
တိုက်ပွဲဒဏ်ကို ခံစားနေရတာ မေလ ကတည်းက ဖြစ်ပြီး မကြာခဏဆိုသလို ရွာထဲ ကျည်တွေ ထိတာကြောင့် မနေနိုင်လို့ ထွက်ပြေးလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ် ကျောင်းသားအဖွဲ့ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ဘီဘီစီကို ပြောပါတယ်။
Image caption ပလက်ဝက စစ်ရှောင်စခန်းတစ်ခု
ပလက်ဝမြို့ဟာ ချင်းပြည်နယ်၊ တောင်ပိုင်း မင်းတပ်ခရိုင်မှာ ပါဝင်ပြီးတော့ ရခိုင်ပြည်နယ်အထိ စီးဆင်းသွားတဲ့ ကုလားတန်မြစ် အနောက်ဘက်ကမ်းမှာတည်ရှိပါတယ်။
ကုလားတန်မြစ်ကြောင်းအတိုင်း စစ်တွေမြို့ကနေ ၉၆ မိုင် ဝေးပြီးတော့၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ ပလက်ဝမြို့နယ် တစ်ခုလုံး လူဦးရေ ၆ သောင်းကျော်ရှိပါတယ်။
ခမီချင်းလူမျိုး အများဆုံး နေထိုင်ကြပြီးတော့ ရခိုင်လူမျိုးတွေလည်းနေထိုင်ကြပါတယ်။
ရက္ခိုင့်တပ်တော်အေအေက ဖမ်းထားတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဝှေ့တင်းဟာ ပလက်ဝ ဇာတိဖြစ်ပြီးတော့ ခူမီးချင်းလူမျိုးဖြစ်ပါတယ်။
သူက ပလက်ဝ အနီးက ကုလားတန်စီမံကိန်း လာတဲ့ အဖွဲ့တွေနဲ့ ပလက်ဝ ကနေ ကျောက်တော်အ သွားမှာ နိုဝင်ဘာလ ၃ရက်နေ့ကအဖမ်းခံခဲ့ရတာဖြစ်ပါတယ်။
Image caption ဦးဝှေ့တင်းကို ဖမ်းထား
တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ဦးရေတွေလည်း တိုးလာတယ်လို့ ချင်းပြည်နယ် အစိုးရက ပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲမှာ ချင်းတွေနေထိုင်တဲ့ ရွာတွေဟာ ရခိုင်တပ်အေအေနဲ့ အစိုးရတပ်တို့ကြားက တိုက်ပွဲတွေကြောင့် ရွာလုံးကျွတ် စစ်ဘေးလွတ်ရာကို ပြောင်းရွှေ့ နေကြရပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကပလက်ဝမြို့နယ်ထဲက ကတ်သလင်းရွာကနေ မီးဇာကို စစ်ဘေးပြောင်းရွှေ့နေထိုင်တဲ့ ဘောင် ချင်းလူမျိုး မိသားစု ၂၀ လူဦးရေ ၁၀၀ ကျော်ကို ချင်းပြည်နယ်အစိုးရ က ထန်တလန်မြို့နယ် သီးကီရ်ရွာကို ပြောင်းရွှေ့ပေးလိုက်ရပါတယ်။
ပလက်ဝမြို့နယ်ထဲမှာ နေထိုင်တာထက် မိမိတို့ဆွေမျိုးတွေရှိရာနဲ့ ဘာသာစကားတူတဲ့နေရာတွေကို ပြောင်းရွှေ့နေထိုင်ကြတာဖြစ်ပြီး အခုလို ရွာလုံးကျွတ် ပြောင်းလာတဲ့အတွက် ရေရှည် နေထိုင် လုပ်ကိုင်စားသောက်ဖို့အတွက် လယ်ယာမြေတွေ ဖော်ထုတ်ပေးဖို့ လုပ်ဆောင်နေတယ်လို့ ချင်းပြည်နယ် အစိုးရက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် AFP/Getty
Image caption ရခိုင်မြောက်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်တပ်ဖွဲ့ဝင်တွေ
အခုလို ချင်းပြည်နယ်ဘက်ကို ပြောင်းရွှေ့သွားသူတွေ ရှိသလို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ထဲက ချင်းတိုင်းရင်းသား လူမျိုး ၁၇၀ ကျော်ကလည်း မင်းပြားမြို့နယ်ထဲကို နိုဝင်ဘာ ၁၅ ရက်နေ့က ထွက်ပြေးလာနေကြတယ်လို့ ထွက်ပြေးလာသူတွေကို ကူညီပေးနေတဲ့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ်ကျောင်းသားများအဖွဲ့ က ပြောပါတယ်။
သူတို့ရွာတွေမှာ တိုက်ပွဲဒဏ်ကို ခံစားနေရတာ မေလကတည်းက ဖြစ်ပြီး မကြာခဏဆိုသလို ရွာထဲ ကျည်တွေ ထိတာကြောင့် မနေနိုင်လို့ ထွက်ပြေးလာတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ချင်းတက္ကသိုလ် ကျောင်းသားအဖွဲ့က ဥက္ကဋ္ဌ ဆလိုင်းထွန်းလှကျော်က ဘီဘီစီကို ပြောပြပါတယ်။အခုလောလောဆယ်မှာတော့ ထွက်ပြေးလာသူတွေကို ကူညီရေးတွေ လုပ်ဖို့အတွက် အလှူရှင်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
အခု ရွှေ့ပြောင်းနေတဲ့သူတွေဟာ လူဦးရေ လေးထောင်ကနေ ခြောက်ထောင်ကြားဖြစ်ပြီး ပလက်ဝမြို့နယ် တခုလုံးဟာ သွားလာရေးက အစခက်ခဲနေတဲ့အပြင် အသက်အန္တရာယ်ပါ စိုးရိမ်နေရတာကြောင့် အခုလို ထွက်ပြေးတိမ်းရှောင်နေရတာဖြစ်တယ်လို့ဦးစိုးထက်က ပြောပါတယ်။
BBC Burmese
https://www.bbc.com
ပလက္ဝမွာ ႐ြာေတြ ပ်က္ကုန္ၿပီလား
Reviewed by THITHTOOLWIN
on
19:42
Rating: