ရန္ကုန္တကၠသိုလ္ ပတ္လမ္းကိစၥ ဆႏၵျပေက်ာင္းသားနဲ႔ တကၠသိုလ္အုပ္ခ်ဳပ္ေရး ေျပလည္မႈရ

ဆႏၵျပေနေသာ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ား
(Zawgyi/Unicode)

ရန္ကုန္တကၠသုိလ္ အဆင့္ျမင့္တင္ေရး Master Plan ထဲက တခုျဖစ္တဲ့ တကၠသုိလ္ပတ္လမ္း တည္ေဆာက္တာနဲ႔ ပတ္သက္ၿပီး ႏွစ္ရွည္ပင္ေတြ ခုတ္လွဲခံရတာေၾကာင့္ ရန္ကုန္တကၠသုိလ္ ေက်ာင္းသားမ်ား သမဂၢက ဒီအစီအစဥ္ကုိ ဖ်က္သိမ္းေပးဖုိ႔ ဒီကေန႔ ဆႏၵျပ ေတာင္းဆုိခဲ့ၾကပါတယ္။ တကၠသိုလ္ဝင္းအတြင္းက ႏွစ္ရွည္ပင္ေတြကုိ ခုတ္လွဲရာမွာ ဘယ္သူ႔ကုိမွ အသိေပးျခင္းမရွိဘဲ လုပ္ခဲ့တာေၾကာင့္ လူမႈကြန္ယက္ေတြမွာလည္း ဒီရက္ပုိင္းအတြင္း ေ၀ဖန္ ကန္႔ကြက္မႈေတြ ထြက္ေပၚခဲ့ပါတယ္။ ဒီစီမံကိန္း ဆက္လုပ္ေရး၊ မလုပ္ကိစၥကုိေတာ့ အားလံုးရဲ႕ သေဘာတူညီခ်က္နဲ႔သာ ေရွ႕ဆက္ေဆာင္ရြက္မယ္လို႔ တကၠသုိလ္ အုပ္ခ်ဳပ္ေရးပုိင္းက တာ၀န္ရွိသူေတြ၊ ဆရာ၊ ဆရာမေတြနဲ႔ သမဂၢအဖြဲ႔၀င္ေတြ ဒီကေန႔ ေတြ႔ဆုံၿပီး ယာယီသေဘာ တူညီခ်က္ရခဲ့ပါတယ္။ အျပည့္အစံုကိုေတာ့ ဗီြအုိေအသတင္းေထာက္ စုစုက ေပးပို႔ထားပါတယ္။

ရန္ကုန္တကၠသုိလ္ဝင္းအတြင္း ေဆာင္ရြက္ေနတဲ့ တကၠသုိလ္ ပတ္လမ္းအတြက္ သစ္ပင္ေတြ ခုတ္လွဲတာနဲ႔ ပတ္သက္ၿပီး ရန္ကုန္တကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢက ဒီကေန႔ ကန္႔ကြက္ ဆႏၵျပခဲ့ၾကတာပါ။ ေက်ာင္းသားေတြ ဆႏၵျပေနတဲ့အခ်ိန္မွာပဲ အဆင့္ျမင့္ပညာဦးစီးဌာနက ညႊန္ၾကားေရးမွဴးနဲ႔ ဒုတိယညႊန္ၾကားေရးမွဴးအပါအဝင္ ရန္ကုန္တကၠသုိလ္ ဒုပါေမာကၡခ်ဳပ္၊ ရန္ကုန္တကၠသုိလ္ ဆရာမ်ားသမဂၢနဲ႔ ရန္ကုန္တကၠသုိလ္ ေက်ာင္းသားမ်ားသမဂၢ၊ ရန္ကုန္တကၠသုိလ္ သဘာဝ ပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႕တို႔က ေတြ႔ဆုံၿပီး ဒီကိစၥ ေရွ႕ဆက္ ဘယ္လုိ လုပ္ေဆာင္သင့္တယ္ဆုိတာကုိ ေတြ႔ဆုံ ေဆြးေႏြးခဲ့ၾကပါတယ္။

၄နာရီေက်ာ္ၾကာ ေဆြးေႏြးခဲ့ၾကေပမယ့္ တိက်တဲ့ အာမခံခ်က္မ်ိဳးေတာ့ မရခဲ့ဘူးလို႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢ ျပန္ၾကားေရးႏွင့္ ျပင္ပဆက္ဆံေရး တာဝန္ခံ ကိုေအာင္ေကာင္းဆက္က ေျပာပါတယ္။

“ဒီဟာက သူတို႔အာမခံခ်က္ မဟုတ္ေသးဘူး။ ဒီ Ring Road ေဖာက္တာေတြ၊ Landscaping လုပ္တာက က်ေတာ့ Hardware Committee (အေျခခံအေဆာက္အဦးႏွင့္ ပစၥည္းျမွင့္တင္ေရး ေကာ္မတီ) က ဆံုးျဖတ္ၿပီး လုပ္တာဆုိေတာ့ ဒီဟာေတြ ရပ္ဖုိ႔အတြက္ဆုိရင္ အဆင့္ဆင့္ေဆြးေႏြးၿပီးေတာ့ တကယ္အာမခံခ်က္မ်ိဳးထြက္လာမွာ ျဖစ္တဲ့အတြက္ေၾကာင့္မုိ႔ မနက္ကလုပ္တဲ့ အစည္းအေဝးကေတာ့ ဆံုးျဖတ္ခ်က္ေရေရရာရာ ရွိေသးတဲ့အစည္းအေဝးေတာ့ မဟုတ္ေသးဘူးေပါ့။ သူတို႔ျပန္ေဆြးေႏြးေပးမယ္။ ဒီလုပ္ငန္းေတြ ယာယီရပ္ထားေပးမယ္ဆိုတဲ့ အခ်က္ေတြကိုပဲ ေလာေလာဆယ္ သေဘာတူထားတဲ့ အေျခအေနမွာပဲ ရွိေနေသးတယ္။”

ရန္ကုန္တကၠသုိလ္မွာ ေဆာင္ရြက္ေနတဲ့ Ring Road နဲ႔ Landscaping လုပ္ငန္းေတြကုိ ယာယီရပ္ဆုိင္းထားၿပီး ေက်ာင္းသား၊ ေက်ာင္းသူ၊ ဆရာ၊ ဆရာမေတြနဲ႔ ေက်ာင္းတာဝန္ရွိသူေတြ အခုလအတြင္းမွာ ညွိႏႈိင္းေဆြးေႏြးၿပီး အားလံုးရဲ႕သေဘာ တူညီခ်က္အတုိင္း ဆက္လက္ ေဆာင္ရြက္ဖို႔ ဒီကေန႔ အစည္းအေဝးမွာ ယာယီသေဘာတူညီခ်က္ ရခဲ့ပါတယ္။

အဆင့္ျမင့္ပညာ ဦးစီးဌာနကလည္း ရန္ကုန္တကၠသုိလ္မွာ ေဆာင္ရြက္ေနတဲ့ Ring Road နဲ႔ Landscaping စီမံကိန္းအပါအဝင္ တျခားဖံြ႔ၿဖိဳးေရး လုပ္ငန္းေတြနဲ႔ ပတ္သက္ၿပီး အစည္းအေဝး ဆံုးျဖတ္ခ်က္အတုိင္းသာ ေဆာင္ရြက္မယ္လို႔ ဒီကေန႔ ရက္စြဲနဲ႔ ထုတ္ျပန္ထားပါတယ္။

ရန္ကုန္တကၠသုိလ္ကို ႏုိင္ငံတကာ အဆင့္မီတဲ့ တကၠသုိလ္ပံုစံျဖစ္လာဖုိ႔အတြက္ Master Plan ေရးဆြဲလာတာ ႏွစ္ႏွစ္ေလာက္ ရွိေနပါၿပီ။ ရန္ကုန္တကၠသုိလ္ အဆင့္ျမႇင့္တင္ေရး(ဗဟုိ) ေကာ္မတီဥကၠ႒အျဖစ္ ႏုိင္ငံေတာ္အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က ေဆာင္ရြက္ေနတာပါ။ တကၠသုိလ္ပတ္လမ္း ေဆာင္လုပ္ဖုိ႔အတြက္ မလြတ္တဲ့သစ္ပင္ေတြကို အခုတ္ခံရတဲ့ကိစၥမွာ ရန္ကုန္တကၠသုိလ္ စီမံခန္႔ခြဲေရးအဖြဲ႕မွာ တာဝန္အရွိဆံုးျဖစ္တယ္လုိ႔ ရန္ကုန္တကၠသုိလ္ ထိန္းသိမ္းကာကြယ္ ေစာင့္ၾကည့္ေရးအဖြဲ႔ ဥကၠ႒ ေဒါက္တာထြန္းထြန္းႏုိင္က ေျပာပါတယ္။

“စည္ပင္ကေတာ့ ခုတ္ဆုိရင္ ခုတ္မွာပဲ။ အဲဒီေတာ့ က်ေတာ္တုိ႔က အဖြဲ႕ဖြဲ႕ၿပီးေတာ့ ဒီဟာေတြကုိ ဆံုးျဖတ္ၿပီးသြားၿပီဆိုလုိ႔ရွိရင္ ဒီနားမွာ ပါးစပ္နဲ႔ခ်ည္းပဲ ခုိင္းေနလုိ႔မရဘူး။ သစ္ပင္ခုတ္တဲ့အခ်ိန္မွာ က်ေတာ္တို႔အဖြဲ႕ေတြ ရွိေနရမယ္။ ဒီဟာကေတာ့ ဘယ္လိုလုပ္သင့္တယ္၊ ဘယ္လိုခုတ္သင့္တယ္။ အခုဟာက မ်က္ႏွာလႊဲခဲပစ္ ခုတ္ကြာဆုိၿပီးေတာ့ စည္ပင္ပစ္ထားလိုက္တယ္။ စည္ပင္ကခုတ္ခ်သြားတယ္။ ခုတ္ခ်သြားၿပီးမွ ဒါကဘာလုို႔ခုတ္တာလဲ၊ ညာလို႔ခုတ္တာလဲ ျဖစ္ကုန္တာ။ အဲတုန္းကတည္းက အနီးကပ္ က်ေနာ္တုိ႔ေတြက ႀကီးၾကပ္ရမယ္။ ရန္ကုန္တကၠသိုလ္ စီမံခန္႔ခြဲေရးအဖြဲ႕က အနီးကပ္ႀကီးၾကပ္ရမယ္။”

ရန္ကုန္တကၠသုိလ္ အဆင့္ျမင့္တင္ေရး Master Plan ထဲမွာ အဓိပတိလမ္းမွာ ကားေတြ ျဖတ္သန္းသြားလာမႈေၾကာင့္ တုန္ခါမႈဒဏ္ကုိ သမုိင္းဝင္ အေဆာက္အဦးေတြ ခံႏုိ္င္ေစဖို႔နဲ႔ ကားေတြကုိ ျဖတ္သန္းခြင့္မေပးေတာ့ဘဲ လမ္းေလွ်ာက္၊ စက္ဘီးစီးဖုိ႔အတြက္သာ ခြင့္ျပဳမွာျဖစ္လုိ႔ တကၠသုိလ္ပတ္လမ္း စီမံကိန္းကို စတင္ေဆာင္ရြက္ေနတာပါ။

အဲဒီလို ေဆာင္ရြက္ေနတဲ့အခ်ိန္မွာ တကၠသိုလ္ဝင္းအတြင္းက ႏွစ္ရွည္အပင္ေတြကို ဘယ္သူနဲ႔မွ တုိင္ပင္ျခင္း မရွိဘဲ ခုတ္လွဲ ရွင္းလင္းခဲ့တာေၾကာင့္ လက္ရွိ တကၠသုိလ္တက္ေနတဲ့ ေက်ာင္းသားေတြက ကန္႔ကြက္ ဆႏၵေဖာ္ထုတ္တာအျပင္ ရန္ကုန္တကၠသုိလ္ ေက်ာင္းသားေဟာင္းေတြနဲ႔ ေက်င္း၀င္းအတြင္းက သစ္ပင္ေတြခုတ္ပစ္တာေၾကာင့္ သဘာ၀ပတ္၀န္းက်င္ ထိခုိက္မွာကုိ စုိးရိမ္တဲ့ အရပ္သား ျပည္သူေတြကပါ လူမႈကြန္ယက္ေတြေပၚမွာ ေ၀ဖန္ ကန္႔ကြက္ေနၾကတာပါ။

အခုခ်ိန္ထိ သစ္ပင္ ၂၇ ပင္ကုိ ခုတ္ၿပီးသြားၿပီလုိ႔ ဒီမနက္အစည္းအေဝးမွာ ေက်ာင္းတာဝန္ရွိသူေတြဘက္က ေျပာၾကားခဲ့ေပမယ့္ ေက်ာင္းသားသမဂၢဘက္ကေတာ့ အဲဒီအေရအတြက္ထက္မကတဲ့ သစ္ပင္ေတြ ခုတ္ခံခဲ့ရတယ္လုိ႔ ဆုိပါတယ္။ တကၠသုိလ္ပတ္လမ္းအတြက္ သစ္ပင္ ၇၆ ပင္ ခုတ္ဖုိ႔ လ်ာထားတယ္လုိ႔ ဒီကေန႔ ျပဳလုပ္တဲ့ ေတြ႔ဆုံ ေဆြးေႏြးမႈမွာ ဆရာ၊ ဆရာမေတြဘက္က ေျပာခဲ့တယ္လုိ႔ ဆုိပါတယ္။

[Unicode Version]

ရန်ကုန်တက္ကသိုလ် ပတ်လမ်းကိစ္စ ဆန္ဒပြကျောင်းသားနဲ့ တက္ကသိုလ်အုပ်ချုပ်ရေး ပြေလည်မှုရ

တက္ကသိုလ်ပတ်လမ်း တည်ဆောက်တာနဲ့ ပတ်သက်ပြီး နှစ်ရှည်ပင်တွေ ခုတ်လှဲခံရတာကြောင့် ရန်ကုန်တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ဒီအစီအစဉ်ကို ဖျက်သိမ်းပေးဖို့ ဒီကနေ့ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ တက္ကသိုလ်ဝင်းအတွင်းက နှစ်ရှည်ပင်တွေကို ခုတ်လှဲရာမှာ ဘယ်သူ့ကိုမှ အသိပေးခြင်းမရှိဘဲ လုပ်ခဲ့တာကြောင့် လူမှုကွန်ယက်တွေမှာလည်း ဒီရက်ပိုင်းအတွင်း ဝေဖန် ကန့်ကွက်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီစီမံကိန်းဆက်လုပ်ရေး၊ မလုပ်ကိစ္စကိုတော့ အားလုံးရဲ့သဘောတူညီချက်နဲ့သာ ရှေ့ဆက်ဆောင်ရွက်မယ်လို့ တက္ကသိုလ် အုပ်ချုပ်ရေးပိုင်းက တာဝန်ရှိသူတွေ၊ ဆရာ၊ ဆရာမတွေနဲ့ သမဂ္ဂအဖွဲ့ဝင်တွေ ဒီကနေ့ တွေ့ဆုံပြီး ယာယီသဘော တူညီချက်ရခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် စုစုက ပေးပို့ထားပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်းအတွင်း ဆောင်ရွက်နေတဲ့ တက္ကသိုလ် ပတ်လမ်းအတွက် သစ်ပင်တွေ ခုတ်လှဲတာနဲ့ ပတ်သက်ပြီး ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက ဒီကနေ့ ကန့်ကွက် ဆန္ဒပြခဲ့ကြတာပါ။ ကျောင်းသားတွေ ဆန္ဒပြနေတဲ့အချိန်မှာပဲ အဆင့်မြင့်ပညာဦးစီးဌာနက ညွှန်ကြားရေးမှူးနဲ့ ဒုတိယညွှန်ကြားရေးမှူးအပါအဝင် ရန်ကုန်တက္ကသိုလ် ဒုပါမောက္ခချုပ်၊ ရန်ကုန်တက္ကသိုလ် ဆရာများသမဂ္ဂနဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ရန်ကုန်တက္ကသိုလ် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တို့က တွေ့ဆုံပြီး ဒီကိစ္စ ရှေ့ဆက် ဘယ်လို လုပ်ဆောင်သင့်တယ်ဆိုတာကို တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

၄နာရီကျော်ကြာ ဆွေးနွေးခဲ့ကြပေမယ့် တိကျတဲ့ အာမခံချက်မျိုးတော့ မရခဲ့ဘူးလို့ ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ပြန်ကြားရေးနှင့် ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုအောင်ကောင်းဆက်က ပြောပါတယ်။

“ဒီဟာက သူတို့အာမခံချက် မဟုတ်သေးဘူး။ ဒီ Ring Road ဖောက်တာတွေ၊ Landscaping လုပ်တာက ကျတော့ Hardware Committee (အခြေခံအဆောက်အဦးနှင့် ပစ္စည်းမြှင့်တင်ရေး ကော်မတီ) က ဆုံးဖြတ်ပြီး လုပ်တာဆိုတော့ ဒီဟာတွေ ရပ်ဖို့အတွက်ဆိုရင် အဆင့်ဆင့်ဆွေးနွေးပြီးတော့ တကယ်အာမခံချက်မျိုးထွက်လာမှာ ဖြစ်တဲ့အတွက်ကြောင့်မို့ မနက်ကလုပ်တဲ့ အစည်းအဝေးကတော့ ဆုံးဖြတ်ချက်ရေရေရာရာ ရှိသေးတဲ့အစည်းအဝေးတော့ မဟုတ်သေးဘူးပေါ့။ သူတို့ပြန်ဆွေးနွေးပေးမယ်။ ဒီလုပ်ငန်းတွေ ယာယီရပ်ထားပေးမယ်ဆိုတဲ့ အချက်တွေကိုပဲ လောလောဆယ် သဘောတူထားတဲ့ အခြေအနေမှာပဲ ရှိနေသေးတယ်။”

ရန်ကုန်တက္ကသိုလ်မှာ ဆောင်ရွက်နေတဲ့ Ring Road နဲ့ Landscaping လုပ်ငန်းတွေကို ယာယီရပ်ဆိုင်းထားပြီး ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမတွေနဲ့ ကျောင်းတာဝန်ရှိသူတွေ အခုလအတွင်းမှာ ညှိနှိုင်းဆွေးနွေးပြီး အားလုံးရဲ့သဘော တူညီချက်အတိုင်း ဆက်လက် ဆောင်ရွက်ဖို့ ဒီကနေ့ အစည်းအဝေးမှာ ယာယီသဘောတူညီချက် ရခဲ့ပါတယ်။

အဆင့်မြင့်ပညာ ဦးစီးဌာနကလည်း ရန်ကုန်တက္ကသိုလ်မှာ ဆောင်ရွက်နေတဲ့ Ring Road နဲ့ Landscaping စီမံကိန်းအပါအဝင် တခြားဖွံ့ဖြိုးရေး လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အတိုင်းသာ ဆောင်ရွက်မယ်လို့ ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ရန်ကုန်တက္ကသိုလ်ကို နိုင်ငံတကာ အဆင့်မီတဲ့ တက္ကသိုလ်ပုံစံဖြစ်လာဖို့အတွက် Master Plan ရေးဆွဲလာတာ နှစ်နှစ်လောက် ရှိနေပါပြီ။ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး(ဗဟို) ကော်မတီဥက္ကဋ္ဌအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်နေတာပါ။ တက္ကသိုလ်ပတ်လမ်း ဆောင်လုပ်ဖို့အတွက် မလွတ်တဲ့သစ်ပင်တွေကို အခုတ်ခံရတဲ့ကိစ္စမှာ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့မှာ တာဝန်အရှိဆုံးဖြစ်တယ်လို့ ရန်ကုန်တက္ကသိုလ် ထိန်းသိမ်းကာကွယ် စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာထွန်းထွန်းနိုင်က ပြောပါတယ်။

“စည်ပင်ကတော့ ခုတ်ဆိုရင် ခုတ်မှာပဲ။ အဲဒီတော့ ကျတော်တို့က အဖွဲ့ဖွဲ့ပြီးတော့ ဒီဟာတွေကို ဆုံးဖြတ်ပြီးသွားပြီဆိုလို့ရှိရင် ဒီနားမှာ ပါးစပ်နဲ့ချည်းပဲ ခိုင်းနေလို့မရဘူး။ သစ်ပင်ခုတ်တဲ့အချိန်မှာ ကျတော်တို့အဖွဲ့တွေ ရှိနေရမယ်။ ဒီဟာကတော့ ဘယ်လိုလုပ်သင့်တယ်၊ ဘယ်လိုခုတ်သင့်တယ်။ အခုဟာက မျက်နှာလွှဲခဲပစ် ခုတ်ကွာဆိုပြီးတော့ စည်ပင်ပစ်ထားလိုက်တယ်။ စည်ပင်ကခုတ်ချသွားတယ်။ ခုတ်ချသွားပြီးမှ ဒါကဘာလို့ခုတ်တာလဲ၊ ညာလို့ခုတ်တာလဲ ဖြစ်ကုန်တာ။ အဲတုန်းကတည်းက အနီးကပ် ကျနော်တို့တွေကြီးကြပ်ရမယ်။ ရန်ကုန်တက္ကသိုလ် စီမံခန့်ခွဲရေးအဖွဲ့က အနီးကပ်ကြီးကြပ်ရမယ်။”

ရန်ကုန်တက္ကသိုလ် အဆင့်မြင့်တင်ရေး Master Plan ထဲမှာ အဓိပတိလမ်းမှာ ကားတွေဖြတ်သန်းသွားလာမှုကြောင့် တုန်ခါမှုဒဏ်ကို သမိုင်းဝင် အဆောက်အဦးတွေ ခံနိုင်စေဖို့နဲ့ ကားတွေကို ဖြတ်သန်းခွင့်မပေးတော့ဘဲ လမ်းလျှောက်၊ စက်ဘီးစီးဖို့အတွက်သာ ခွင့်ပြုမှာဖြစ်လို့ တက္ကသိုလ်ပတ်လမ်း စီမံကိန်းကို စတင်ဆောင်ရွက်နေတာပါ။

အဲဒီလို ဆောင်ရွက်နေတဲ့အချိန်မှာ တက္ကသိုလ်ဝင်းအတွင်းက နှစ်ရှည်အပင်တွေကို ဘယ်သူနဲ့မှတိုင်ပင်ခြင်းမရှိဘဲ ခုတ်လှဲ ရှင်းလင်းခဲ့တာကြောင့် လက်ရှိ တက္ကသိုလ်တက်နေတဲ့ ကျောင်းသားတွေက ကန့်ကွက် ဆန္ဒဖော်ထုတ်တာအပြင်၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတွေနဲ့ ကျေင်းဝင်းအတွင်းက သစ်ပင်တွေခုတ်ပစ်တာကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှာကို စိုးရိမ်တဲ့ အရပ်သား ပြည်သူတွေကပါ လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန် ကန့်ကွက်နေကြတာပါ။

အခုချိန်ထိ သစ်ပင် ၂၇ ပင်ကို ခုတ်ပြီးသွားပြီလို့ ဒီမနက်အစည်းအဝေးမှာ ကျောင်းတာဝန်ရှိသူတွေဘက်က ပြောကြားခဲ့ပေမယ့် ကျောင်းသားသမဂ္ဂဘက်ကတော့ အဲဒီအရေအတွက်ထက်မကတဲ့ သစ်ပင်တွေ ခုတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ပတ်လမ်းအတွက် သစ်ပင် ၇၆ ပင် ခုတ်ဖို့ လျာထားတယ်လို့ ဒီကနေ့ ပြုလုပ်တဲ့ တွေ့ဆုံ ဆွေးနွေးမှုမှာ ဆရာ၊ ဆရာမတွေဘက်က ပြောခဲ့တယ်လို့ ဆိုပါတယ်။

စုစု / VOA Burmese
https://burmese.voanews.com
ရန္ကုန္တကၠသိုလ္ ပတ္လမ္းကိစၥ ဆႏၵျပေက်ာင္းသားနဲ႔ တကၠသိုလ္အုပ္ခ်ဳပ္ေရး ေျပလည္မႈရ ရန္ကုန္တကၠသိုလ္ ပတ္လမ္းကိစၥ ဆႏၵျပေက်ာင္းသားနဲ႔ တကၠသိုလ္အုပ္ခ်ဳပ္ေရး ေျပလည္မႈရ Reviewed by THITHTOOLWIN on 22:01 Rating: 5
Powered by Blogger.