အေမရိကန္မွာ ထိပ္သီးေဆြးေႏြးပြဲက်င္းပဖို႔ ASEAN ေခါင္းေဆာင္ေတြကို ဖိတ္ၾကား

အမ်ဳိးသားလံုၿခံဳေရးအႀကံေပး Robert O’Brien (ႏို၀င္ဘာ၊ ၀၄၊ ၂၀၁၉)

(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စုမွာ ေ႐ွ႕ႏွစ္ဆန္းက်ရင္ အထူးထိပ္သီးစည္းေဝးပြဲ က်င္းျပဖုိ႔ အာဆီယံေခါင္းေဆာင္ေတြကို အေမရိကန္သမၼတ Donald Trump က ဖိတ္ၾကားလိုက္ပါတယ္။

ဒီႏွစ္အာဆီယံ ထိပ္သီးစည္းေဝးပြဲေတြကို မတက္တဲ့သမၼတ Trump က သူေစလႊတ္လိုက္တဲ့ ကိုယ္စားလွယ္ အမ်ဳိးသားလံုၿခံဳေရးအႀကံေပး Robert O’Brien က တဆင့္ အာဆီယံေခါင္းေဆာင္ေတြကို ဖိတ္ၾကားလိုက္တာပါ။

ဒီကေန႔က်င္းပတဲ့ အာဆီယံ အေမရိကန္စည္းေဝးပြဲမွာ သမၼတရဲ႕ ဖိတ္ၾကားစာကို Robert O’Brien ဖိတ္ၾကားခဲ့ပါတယ္။

ပံုမွန္အားျဖင့္ အာဆီယံ အေမရိကန္ထိပ္သီးစည္းေဝးပြဲကို ႏိုင္ငံ့ေခါင္းေဆာင္ေတြ တက္ၾကေလ့႐ွိေပမဲ့ အေမရိကန္သမၼတ မတက္တဲ့အတြက္ အာဆီယံဘက္ကလည္း အိမ္႐ွင္ထိုင္းႏိုင္ငံက ဝန္ႀကီးခ်ဳပ္ Prayuth Chan-cha နဲ႔ Vietnam နဲ႔ Laos ႏိုင္ငံတို႔က ဝန္ႀကီးခ်ဳပ္ေတြကလဲြလို႔ ျမန္မာအပါအဝင္ က်န္တဲ့ ၇ ႏိုင္ငံက ႏိုင္ငံျခားေရး ဝန္ႀကီးေတြပဲ အစည္းအေဝး တက္ခဲ့ၾကပါတယ္။

အေမရိကန္ အမ်ဳိးသားလံုၿခံဳေရးအႀကံေပး Robert O’Brien ကေတာ့ အေမရိကန္နဲ႔ အာဆီယံ ဆက္ဆံေရးကို အေလးထားေၾကာင္း မိန္႔ခြန္းထဲမွာ ကာကြယ္ေျပာၾကားသြားပါတယ္။ သူနဲ႔အတူ အေမရိကန္ ကိုယ္စားလွယ္အျဖစ္လာတဲ့ စီးပြားကူးသန္းဝန္ႀကီး Wilbur Ross ကလည္း Indo- Pacific ေဒသနဲ႔ဆက္ဆံေရးကို သမၼတ Trump က အျပည့္အဝ အေလးအနက္ထားတယ္လို႔ စည္းေဝးပြဲတခုမွာ ေျပာၾကားခဲ့ပါတယ္။

အာဆီယံဆက္စပ္ ထိပ္သီးစည္းေဝးပြဲေတြကို ဒီႏွစ္လည္း သမၼတ Trump မတက္ဘဲ အဆင့္နိမ့္ကိုယ္စားလွယ္ေတြကို ေစလႊတ္ခဲ့တာျဖစ္ပါတယ္။ မႏွစ္ကေတာ့ ဒုသမၼတ Mike Pence ကို ေစလႊတ္ခဲ့ပါတယ္။

ဒီကေန႔ ၿပီးဆံုးသြားတဲ့ အာဆီယံထိပ္သီးစည္းေဝးပြဲ ေၾကညာခ်က္မွာေတာ့ ႏိုင္ငံေပါင္း ၁၆ ႏိုင္ငံ ပါဝင္တဲ့ ကုန္သြယ္ေရးဆိုင္ရာ သေဘာတူညီမႈႀကီးျဖစ္တဲ့ RCEP ေဒသတြင္း ဘက္စံု စီးပြားေရး ပူးေပါင္းေဆာင္႐ြက္မႈ သေဘာတူညီခ်က္အတြက္ ညွိႏႈိင္းေဆြးေႏြးမႈေတြ အဆံုးသတ္သြားၿပီလို႔ ေဖာ္ျပထားပါတယ္။

ဒီသေဘာ တူညီခ်က္ေတြကို ေ႐ွ႕ႏွစ္ ၂၀၂၀ မွာ လက္မွတ္ထုိးႏိုင္မယ္လို႔ ထိုင္းဝန္ႀကီးခ်ဳပ္က ေျပာၾကားခဲ့ပါတယ္။ အာဆီယံ ၁၀ ႏိုင္ငံအျပင္ Australia၊ New Zealand၊ တ႐ုတ္၊ India၊ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားတို႔ ပါဝင္တဲ့ RCEP အဖဲြ႔ႀကီးအတြက္ India ႏိုင္ငံဘက္က လက္မခံႏိုင္တဲ့အခ်က္ေတြ႐ွိေနေသးတာေၾကာင့္ အခုတေခါက္ လက္မွတ္ မထိုးႏိုင္တာလို႔ ထိုင္းႏုိင္ငံကလာတဲ့ သတင္းေတြမွာေဖာ္ျပပါတယ္။

အာဆီယံထိပ္သီးစည္းေဝးပြဲ ပိတ္ပြဲမွာ လက္႐ွိအလွည့္က် ဥကၠ႒ ထိုင္းႏိုင္ငံက ေ႐ွ႕ႏွစ္ ဥကၠ႒ တာဝန္ယူမယ့္ Vietnam ႏိုင္ငံကို တာဝန္လႊဲေပးခဲ့ပါတယ္။

[Unicode Version]

အမေရိကန်မှာ ထိပ်သီးဆွေးနွေးပွဲကျင်းပဖို့ ASEAN ခေါင်းဆောင်တွေကိုဖိတ်ကြား

အမေရိကန်ပြည်ထောင်စုမှာ ရှေ့နှစ်ဆန်းကျရင် အထူးထိပ်သီးစည်းဝေးပွဲ ကျင်းပြဖို့ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်သမ္မတ Donald Trump က ဖိတ်ကြားလိုက်ပါတယ်။

ဒီနှစ်အာဆီယံ ထိပ်သီးစည်းဝေးပွဲတွေကို မတက်တဲ့သမ္မတ Trump က သူစေလွှတ်လိုက်တဲ့ ကိုယ်စားလှယ် အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien က တဆင့် အာဆီယံခေါင်းဆောင်တွေကို ဖိတ်ကြားလိုက်တာပါ။

ဒီကနေ့ကျင်းပတဲ့ အာဆီယံ အမေရိကန်စည်းဝေးပွဲမှာ သမ္မတရဲ့ ဖိတ်ကြားစာကို Robert O’Brien ဖိတ်ကြားခဲ့ပါတယ်။

ပုံမှန်အားဖြင့် အာဆီယံ အမေရိကန်ထိပ်သီးစည်းဝေးပွဲကို နိုင်ငံ့ခေါင်းဆောင်တွေ တက်ကြလေ့ရှိပေမဲ့ အမေရိကန်သမ္မတ မတက်တဲ့အတွက် အာဆီယံဘက်ကလည်း အိမ်ရှင်ထိုင်းနိုင်ငံက ဝန်ကြီးချုပ် Prayuth Chan-cha နဲ့ Vietnam နဲ့ Laos နိုင်ငံတို့က ဝန်ကြီးချုပ်တွေကလွဲလို့ မြန်မာအပါအဝင် ကျန်တဲ့ ၇ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေပဲ အစည်းအဝေး တက်ခဲ့ကြပါတယ်။

အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Robert O’Brien ကတော့ အမေရိကန်နဲ့ အာဆီယံဆက်ဆံရေးကို အလေးထားကြောင်း မိန့်ခွန်းထဲမှာ ကာကွယ်ပြောကြားသွားပါတယ်။ သူနဲ့အတူ အမေရိကန် ကိုယ်စားလှယ်အဖြစ်လာတဲ့ စီးပွားကူးသန်းဝန်ကြီး Wilbur Ross ကလည်း Indo- Pacific ဒေသနဲ့ဆက်ဆံရေးကို သမ္မတ Trump က အပြည့်အဝ အလေးအနက်ထားတယ်လို့ စည်းဝေးပွဲတခုမှာ ပြောကြားခဲ့ပါတယ်။

အာဆီယံဆက်စပ် ထိပ်သီးစည်းဝေးပွဲတွေကို ဒီနှစ်လည်း သမ္မတ Trump မတက်ဘဲ အဆင့်နိမ့်ကိုယ်စားလှယ်တွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကတော့ ဒုသမ္မတ Mike Pence ကို စေလွှတ်ခဲ့ပါတယ်။

ဒီကနေ့ ပြီးဆုံးသွားတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲ ကြေညာချက်မှာတော့ နိုင်ငံပေါင်း ၁၆ နိုင်ငံ ပါဝင်တဲ့ ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီမှုကြီးဖြစ်တဲ့ RCEP ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်အတွက် ညှိနှိုင်းဆွေးနွေးမှုတွေ အဆုံးသတ်သွားပြီလို့ ဖော်ပြထားပါတယ်။

ဒီသဘောတူညီချက်တွေကို ရှေ့နှစ် ၂၀၂၀ မှာ လက်မှတ်ထိုးနိုင်မယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။ အာဆီယံ ၁၀ နိုင်ငံအပြင် Australia၊ New Zealand၊ တရုတ်၊ India၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ပါဝင်တဲ့ RCEP အဖွဲ့ကြီးအတွက် India နိုင်ငံဘက်က လက်မခံနိုင်တဲ့အချက်တွေရှိနေသေးတာကြောင့် အခုတခေါက် လက်မှတ် မထိုးနိုင်တာလို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေမှာဖော်ပြပါတယ်။

အာဆီယံထိပ်သီးစည်းဝေးပွဲ ပိတ်ပွဲမှာ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ထိုင်းနိုင်ငံက ရှေ့နှစ် ဥက္ကဋ္ဌ တာဝန်ယူမယ့် Vietnam နိုင်ငံကို တာဝန်လွှဲပေးခဲ့ပါတယ်။

 ဗြီအိုေအ (ျမန္မာပုိင္း)
https://burmese.voanews.com
အေမရိကန္မွာ ထိပ္သီးေဆြးေႏြးပြဲက်င္းပဖို႔ ASEAN ေခါင္းေဆာင္ေတြကို ဖိတ္ၾကား အေမရိကန္မွာ ထိပ္သီးေဆြးေႏြးပြဲက်င္းပဖို႔ ASEAN ေခါင္းေဆာင္ေတြကို ဖိတ္ၾကား Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.