ေဒၚစုဒါလီေအာင္အမႈ ၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းက သက္ေသ ထြက္ခ်က္ေတြက ဘာလဲ

 ေဒၚစုဒါလီေအာင္အင္တာဗ်ဳး ႐ုပ္သံ ဖိုင္ ကိုစစ္ေဆး
ဗစ္တိုးရီးယားအမႈမွာ သံသယ တရားခံအျဖစ္ စြပ္စြဲၿပီး တရားရင္ဆိုင္ေနရတဲ့ ကိုေအာင္ႀကီးရဲ႕ ေရွ႕ေန ေဒၚစုဒါလီေအာင္ ကို ေနျပည္ေတာ္ Wisdom Hill မူႀကိဳေက်ာင္း ႀကီးၾကပ္ေရးမႉး ေဒၚဥမၼာလႈိင္က တရားစြဲဆို ထားတဲ့ အမႈအတြက္ တတိယေျမာက္ ႐ုံးခ်ိန္းမွာ အမႈစြဲဆိုသူေတြဘက္က သက္ေသအျဖစ္တင္ထားတဲ့ ဗီဒီယို ဖိုင္ကို ႏိုဝင္ဘာလ ၄ ရက္ေန႔က ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးမွာ စစ္ေဆးခဲ့ပါတယ္။

ဒီေန႔ တရားခြင္ကို စြပ္စြဲသူ တရားလို ဘက္က ကာကယံရွင္ ေဒၚဥမၼာလႈိင္ လာေရာက္ ျခင္း မရွိဘဲ သူ႔ရဲ႕ ေရွ႕ေန ျဖစ္သူ ဦးေအာင္ရဲစိုး နဲ႔ အဖြဲ႕သာ တရား႐ုံးကို လာေရာက္ခဲ့ပါတယ္။

တရားခြင္ မွာ စြပ္စြဲသူ ေဒၚဥမၼာလႈိင္ ဘက္က တင္သြင္းထားတဲ့ မီဒီယာ ေဖာ္ျပခ်က္ ဗီဒီယို တစ္ခုနဲ႔ ပတ္သက္ၿပီး ထြက္ဆိုခ်က္ေပးဖို႔ ဘီဘီစီျမန္မာပိုင္းရဲ႕ ေနျပည္ေတာ္ သတင္းေထာက္ ကို သက္ေသ အျဖစ္ တရား႐ုံးမွာ စစ္ေဆးခဲ့ပါတယ္။

တရားခြင္မွာ ဘီဘီစီ သတင္းေထာက္က တရား႐ုံးက ဆင့္ေခၚလို႔ ႏိုင္ငံသား တစ္ေယာက္ရဲ႕ တာဝန္သိတတ္မႈ အေနနဲ႔ ဘီဘီစီက ထုတ္လႊင့္ခဲ့တဲ့ ေဒၚစုဒါလီေအာင္ ေျဖၾကားခဲ့တဲ့ ဗီဒီယို ႐ုပ္သံ အင္တာဗ်ဴးနဲ႔ ပတ္သက္ၿပီး လာေရာက္ ထြက္ဆိုေပးတာ ျဖစ္ေၾကာင္း တင္ျပခဲ့ပါတယ္။

စြပ္စြဲသူ ေဒၚဥမၼာလႈိင္ဘက္က တရား႐ုံးမွာ တင္သြင္းထားတဲ့ ဘီဘီစီျမန္မာပိုင္းက ထုတ္လႊင့္ခဲ့တယ္ ဆိုတဲ့ ေဒၚစုဒါလီေအာင္ရဲ႕ ႐ုပ္သံ ဖိုင္နဲ႔ ပတ္သက္ၿပီးလည္း ဒီ ႐ုပ္သံဖိုင္ကို တရားလိုဘက္က တရား႐ုံးမွာ တင္သြင္းဖို႔ အတြက္ သတင္းေထာက္ကို ျဖစ္ေစ၊ သူ႔ရဲ႕ သတင္းဌာန ဘီဘီစီျမန္မာပိုင္းကို ျဖစ္ေစ တရားဝင္ ဆက္သြယ္ အေၾကာင္းၾကားျခင္း၊ ေတာင္းခံျခင္း မရွိခဲ့ဘူး ဆိုတဲ့ အေၾကာင္းကိုလည္း ဘီဘီစီ သတင္းေထာက္က တရားခြင္မွာ တရားသူႀကီးကို တရားဝင္ တင္ျပ အသိေပးခဲ့ပါတယ္။

က်ပ္သိန္း ၁၀၀ အာမခံေၾကးနဲ႔ တရား႐ုံးက အာမခံ ေပးခဲ့
သက္ေသ အျဖစ္ တင္သြင္းထားတဲ့ ၁ မိနစ္ စြန္းစြန္း ၾကာျမင့္ခ်ိန္ရွိတဲ့ ေဒၚစုဒါလီေအာင္ရဲ႕ ႐ုပ္သံ အင္တာဗ်ဴးကို ဘီဘီစီ သတင္းေထာက္က တရားခြင္မွာပဲ စစ္ေဆး ၾကည့္ရႈၿပီး ဘီဘီစီက ထုတ္လႊင့္ခဲ့သည့္ အင္တာဗ်ဴးဗီဒီယို မွန္ကန္ေၾကာင္း အတည္ျပဳေပးခဲ့ပါတယ္။

တရားလိုဘက္က ဥပေဒအရာရွိရဲ႕ ေမးျမန္းခ်က္ ျဖစ္တဲ့ မူလ မွတ္တမ္းယူ ႐ိုက္ကူး ထားတဲ့ အတိုင္း ျဖတ္ေတာက္ ျပဳျပင္ျခင္း မရွိဘဲ ဘီဘီစီက ထုတ္လႊင့္ခဲ့ပါသလား ဆိုတဲ့ ေမးခြန္းကိုလည္း ဘီဘီစီ သတင္းေထာက္က မွန္ကန္ေၾကာင္း အတည္ျပဳ ထြက္ဆိုခဲ့ပါတယ္။

ပထမပိုင္း စစ္ေဆးေမးျမန္းမႈအၿပီး တရားလို ေရွ႕ေန ျဖစ္သူ ဦးေအာင္ရဲစိုးက တရား႐ုံး ေရွ႕က မီဒီယာေတြရဲ႕ ေမးျမန္းမႈကို ေျဖၾကားရာမွာေတာ့ "ဒီေန႔ လုပ္ငန္းစဥ္ကေတာ့ လိုျပသက္ေသ ျဖစ္တဲ့ သတင္းေထာက္ကို ကြၽန္ေတာ္တို႔ဘက္က အဓိက စစ္ေမးျခင္း ျပဳလုပ္တယ္၊ သူတို႔ဘက္က သူတို႔အတြက္ ေမးသင့္ေမးထိုက္တဲ့ ျပန္လွန္ ေမးခြန္းေမးျမန္းတာေတြ ျပဳလုပ္တယ္" ဆိုၿပီး ေျဖၾကားသြားခဲ့ပါတယ္။

သက္ေသျဖစ္သူက သူလုပ္ခဲ့တဲ့ အလုပ္နဲ႔ ပတ္သက္ၿပီး လာေရာက္ ထြက္ဆိုခ်က္ ေပးတာ ျဖစ္တယ္၊ စြပ္စြဲခံရသူဘက္ကလည္း သူ႔ ဥပေဒ အခြင့္အေရး အရ ေမးသင့္ ေမးထိုက္တဲ့ ေမးခြန္းမ်ားကို ျပန္လွန္ စစ္ေမးသြားျခင္းသာ ျဖစ္ၿပီး လုပ္႐ိုး လုပ္စဥ္ ျဖစ္ေၾကာင္း နဲ႔ ေထြေထြ ထူးထူး မရွိေၾကာင္း ဦးေအာင္ရဲစိုးက ျဖည့္စြက္ ေျဖၾကားသြားခဲပါတယ္။

တရား႐ုံးကလက္ခံထားတဲ့ အမႈဟာ ကေလးသူငယ္ ဆိုင္ရာ ပုဒ္မပုဒ္မ ၁၀၁ (က-၂) ျဖစ္ပါတယ္။
အမႈ ဘယ္လို စ ျဖစ္ခဲ့လဲ

Wisdom Hill ပုဂၢလိက မူႀကိဳေက်ာင္းက အသက္ ၃ ႏွစ္ အ႐ြယ္ ကေလးငယ္ တစ္ဦး လိင္ အဓမၼျပဳက်င့္ခံရတယ္ ဆိုတဲ့ ဗစ္တိုးရီးယားအမႈ ႐ုံးခ်ိန္း တစ္ခု မွာ ေဒၚစုဒါလီေအာင္ရဲ႕ မီဒီယာကို ေျပာဆိုခ်က္ တခ်ိဳ႕က မိသားစုဂုဏ္သိကၡာ ညႇိဳးႏြမ္းေစၿပီး ကေလးသူငယ္ အေပၚ ထိခိုက္ နစ္နာေစတဲ့ အတြက္ ၿပီးခဲ့တဲ့ ၾသဂုတ္လ ၃၁ ရက္ေန႔က ပတၱာနယ္ရဲစခန္းမွာ ပုဒ္မ ၂ ခုနဲ႔ ေဒၚဥမၼာလႈိင္ဘက္က စတင္ အမႈဖြင့္ခဲ့တာပါ။

အဲဒီ ပုဒ္မ ၂ ခု အနက္ ႏိုင္ငံသားမ်ားရဲ႕ လြတ္လပ္မႈနဲ႔ လူပုဂၢိဳလ္ဆိုင္ရာလုံၿခဳံမႈကို အကာအကြယ္ေပးေရး (ႏိုင္လြတ္လုံ) နဲ႔ အမႈစြဲခ်က္ကို ပုဗၺသီရိၿမိဳ႕နယ္ တရား႐ုံးက ပယ္ခ်ခဲ့ၿပီး က်န္ တစ္ခု ျဖစ္တဲ့ ကေလးသူငယ္မ်ား အခြင့္အေရး ဆိုင္ရာ ဥပေဒ နဲ႔ စြဲခ်က္မွာေတာ့ ပုဒ္မ ခြဲ ေျပာင္းကာ ကေလးသူငယ္ ဆိုင္ရာ ပုဒ္မ ၁၀၁ (က-၂) နဲ႔ လက္ခံထားတဲ့ အတြက္ ဒီအမႈကို တရား႐ုံးမွာ ဆက္လက္ စစ္ေဆးေနတာ ျဖစ္ပါတယ္။

စြပ္စြဲခံရသူ ေဒၚစုဒါလီေအာင္ကေတာ့ သူ႔အေနနဲ႔ အမ်ားျပည္သူ နားေထာင္လို႔ ရတဲ့ တရားခြင္က ထြက္ဆိုခ်က္ေတြကို မီဒီယာကို တရားဝင္ ေျပာၾကားခဲ့တာ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

ဒါေပမယ့္ စြပ္စြဲသူ ေဒၚဥမၼာလႈိင္ဘက္ကေတာ့ အဲဒီ မီဒီယာ ေျပာဆိုခ်က္က သူ႔ရဲ႕ မိသားစု ဂုဏ္သိကၡာ က်ဆင္းေစျခင္း၊ ကေလးမ်ားရဲ႕ စိတ္ပိုင္းဆိုင္ရာ ထိခိုက္ခံစားေစျခင္းနဲ႔ လူ႔ပတ္ဝန္းက်င္မွာ အရွက္ ရေစျခင္းမ်ား ျဖစ္ေပၚေစတဲ့ အတြက္ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒ ပုဒ္မနဲ႔ တရားစြဲဆို ရတာလို႔ ေျပာထားပါတယ္။

 ေဒၚစုဒါလီေအာင္ရဲ႕ မီဒီယာကို ေျပာဆိုခ်က္ တခ်ိဳ႕က ကေလးသူငယ္ အေပၚ ထိခိုက္ နစ္နာေစဆိုၿပီး ေဒၚဥမၼာလႈိင္ဘက္က စတင္ အမႈဖြင့္ခဲ့
ေဒၚဥမၼာလႈိင္ဘက္က ဗစ္တိုးရီးယားအမႈမွာ ပါဝင္ ပတ္သက္ေနသူ ႏွစ္ဖက္ေရွ႕ေနေတြနဲ႔ မိသားစု၊ မိသားစု မိတ္ေဆြ ဆရာဝန္ တို႔ကို ၿပီးခဲ့တဲ့ စက္တင္ဘာ ၂၆ ရက္ေန႔ က ပုဗၺသီရိၿမိဳ႕နယ္၊ ပတၱာနယ္ေျမရဲစခန္းမွာ ကေလးသူငယ္ အခြင့္အေရးမ်ားဆိုင္ရာ ဥပေဒပုဒ္မ ၁၀၁(က)(၂) နဲ႔ အမႈဖြင့္ တိုင္ၾကားထားပါတယ္။ ဒါေပမယ့္ အဲဒီ တိုင္ၾကားခ်က္ကေတာ့ တရား႐ုံး အဆင့္ အထိ ေရာက္မလာေသးဘဲ ရဲတပ္ဖြဲ႕က ဥပေဒ႐ုံး အကူအညီနဲ႔ စိစစ္ေနဆဲ ျဖစ္တယ္လို႔ တာဝန္ရွိသူေတြက ေျပာထားပါတယ္။

ဗစ္တိုးရီးယား အမႈကိုလည္း ဆက္လက္ စစ္ေဆးေနဆဲ ျဖစ္ၿပီး အခု အမႈမွာ စြပ္စြဲ ခံေနရသူ ေရွ႕ေန ေဒၚစုဒါလီေအာင္ဟာ ဗစ္တိုးရီးယား အမႈမွာ ေနာက္မဆုတ္ဘဲ ကိုေအာင္ႀကီး ဘက္ကေန ဆက္လိုက္ လိုက္ပါေဆာင္႐ြက္ သြားဖို႔ ရွိတယ္လို႔ ေၾကညာထားပါတယ္။

"ဗစ္တိုးရီးယားမွာလည္း ႏိုင္ငံသား အခြင့္အေရး ရွိတယ္၊ ဗစ္တိုးရီးယားရဲ႕ အခြင့္အေရးကို

ေဖာ္ထုတ္ကာကြယ္ရင္း နဲ႔ ျဖစ္တဲ့ ကိစၥ" လို႔ ေဒၚစုဒါလီေအာင္ တရားစြဲ ခံရတာနဲ႔ ပတ္သက္ၿပီး ဗစ္တိုးရီးယားအမႈမွာ ေဒၚစုဒါလီေအာင္နဲ႔ အတူ သံသယ တရားခံ ကိုေအာင္ႀကီးဘက္က အတူ ေရွ႕ေနလိုက္ေပးသူလည္းျဖစ္၊ အခု ေဒၚစုဒါလီေအာင္အမႈမွာလည္း ေရွ႕ေန တစ္ဦး အျဖစ္ ကူညီေဆာင္႐ြက္ေပးေနသူလည္း ျဖစ္တဲ့ တရားလႊတ္ေတာ္ေရွ႕ေနႀကီး ဦးခင္ေမာင္ေဇာ္က ေျပာထားပါတယ္။

ေဒၚစုဒါလီေအာင္ စြပ္စြဲခံထားရတဲ့ အမႈကိုေတာ့ ဗစ္တိုးရီးယား အမႈ ႐ုံးခ်ိန္းနဲ႔ မတိုက္ေအာင္ ႏွစ္ပတ္ တခါ တနလၤာေန႔တိုင္း စစ္ေဆးေနရာမွာ ဒီေန႔ ၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းမွာ တရားလိုျပ သက္ေသ ေတြ စစ္ေဆးၿပီး ေနာက္ ေရွ႕႐ုံးခ်ိန္းေတြမွာေတာ့ တရား႐ုံးက စြဲခ်က္ တင္သင့္၊ မတင္သင့္ ဆုံးျဖတ္ ဖြယ္ ရွိပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵

ဒေါ်စုဒါလီအောင်အမှု ၃ ကြိမ်မြောက် ရုံးချိန်းက သက်သေ ထွက်ချက်တွေက ဘာလဲ

Image caption ဒေါ်စုဒါလီအောင်အင်တာဗျုး ရုပ်သံ ဖိုင် ကိုစစ်ဆေး

ဗစ်တိုးရီးယားအမှုမှာ သံသယ တရားခံအဖြစ် စွပ်စွဲပြီး တရားရင်ဆိုင်နေရတဲ့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင် ကို နေပြည်တော် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်က တရားစွဲဆို ထားတဲ့ အမှုအတွက် တတိယမြောက် ရုံးချိန်းမှာ အမှုစွဲဆိုသူတွေဘက်က သက်သေအဖြစ်တင်ထားတဲ့ ဗီဒီယို ဖိုင်ကို နိုဝင်ဘာလ ၄ ရက်နေ့က ပုဗ္ဗသီရိမြို့နယ် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

ဒီနေ့ တရားခွင်ကို စွပ်စွဲသူ တရားလို ဘက်က ကာကယံရှင် ဒေါ်ဥမ္မာလှိုင် လာရောက် ခြင်း မရှိဘဲ သူ့ရဲ့ ရှေ့နေ ဖြစ်သူ ဦးအောင်ရဲစိုး နဲ့ အဖွဲ့သာ တရားရုံးကို လာရောက်ခဲ့ပါတယ်။

တရားခွင် မှာ စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင် ဘက်က တင်သွင်းထားတဲ့ မီဒီယာ ဖော်ပြချက် ဗီဒီယို တစ်ခုနဲ့ ပတ်သက်ပြီး ထွက်ဆိုချက်ပေးဖို့ ဘီဘီစီမြန်မာပိုင်းရဲ့ နေပြည်တော် သတင်းထောက် ကို သက်သေ အဖြစ် တရားရုံးမှာ စစ်ဆေးခဲ့ပါတယ်။

တရားခွင်မှာ ဘီဘီစီ သတင်းထောက်က တရားရုံးက ဆင့်ခေါ်လို့ နိုင်ငံသား တစ်ယောက်ရဲ့ တာဝန်သိတတ်မှု အနေနဲ့ ဘီဘီစီက ထုတ်လွှင့်ခဲ့တဲ့ ဒေါ်စုဒါလီအောင် ဖြေကြားခဲ့တဲ့ ဗီဒီယို ရုပ်သံ အင်တာဗျူးနဲ့ ပတ်သက်ပြီး လာရောက် ထွက်ဆိုပေးတာ ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။

စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင်ဘက်က တရားရုံးမှာ တင်သွင်းထားတဲ့ ဘီဘီစီမြန်မာပိုင်းက ထုတ်လွှင့်ခဲ့တယ် ဆိုတဲ့ ဒေါ်စုဒါလီအောင်ရဲ့ ရုပ်သံ ဖိုင်နဲ့ ပတ်သက်ပြီးလည်း ဒီ ရုပ်သံဖိုင်ကို တရားလိုဘက်က တရားရုံးမှာ တင်သွင်းဖို့ အတွက် သတင်းထောက်ကို ဖြစ်စေ၊ သူ့ရဲ့ သတင်းဌာန ဘီဘီစီမြန်မာပိုင်းကို ဖြစ်စေ တရားဝင် ဆက်သွယ် အကြောင်းကြားခြင်း၊ တောင်းခံခြင်း မရှိခဲ့ဘူး ဆိုတဲ့ အကြောင်းကိုလည်း ဘီဘီစီ သတင်းထောက်က တရားခွင်မှာ တရားသူကြီးကို တရားဝင် တင်ပြ အသိပေးခဲ့ပါတယ်။

Image caption ကျပ်သိန်း ၁၀၀ အာမခံကြေးနဲ့ တရားရုံးက အာမခံ ပေးခဲ့

သက်သေ အဖြစ် တင်သွင်းထားတဲ့ ၁ မိနစ် စွန်းစွန်း ကြာမြင့်ချိန်ရှိတဲ့ ဒေါ်စုဒါလီအောင်ရဲ့ ရုပ်သံ အင်တာဗျူးကို ဘီဘီစီ သတင်းထောက်က တရားခွင်မှာပဲ စစ်ဆေး ကြည့်ရှုပြီး ဘီဘီစီက ထုတ်လွှင့်ခဲ့သည့် အင်တာဗျူးဗီဒီယို မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

တရားလိုဘက်က ဥပဒေအရာရှိရဲ့ မေးမြန်းချက် ဖြစ်တဲ့ မူလ မှတ်တမ်းယူ ရိုက်ကူး ထားတဲ့ အတိုင်း ဖြတ်တောက် ပြုပြင်ခြင်း မရှိဘဲ ဘီဘီစီက ထုတ်လွှင့်ခဲ့ပါသလား ဆိုတဲ့ မေးခွန်းကိုလည်း ဘီဘီစီ သတင်းထောက်က မှန်ကန်ကြောင်း အတည်ပြု ထွက်ဆိုခဲ့ပါတယ်။

ပထမပိုင်း စစ်ဆေးမေးမြန်းမှုအပြီး တရားလို ရှေ့နေ ဖြစ်သူ ဦးအောင်ရဲစိုးက တရားရုံး ရှေ့က မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေကြားရာမှာတော့ "ဒီနေ့ လုပ်ငန်းစဉ်ကတော့ လိုပြသက်သေ ဖြစ်တဲ့ သတင်းထောက်ကို ကျွန်တော်တို့ဘက်က အဓိက စစ်မေးခြင်း ပြုလုပ်တယ်၊ သူတို့ဘက်က သူတို့အတွက် မေးသင့်မေးထိုက်တဲ့ ပြန်လှန် မေးခွန်းမေးမြန်းတာတွေ ပြုလုပ်တယ်" ဆိုပြီး ဖြေကြားသွားခဲ့ပါတယ်။

သက်သေဖြစ်သူက သူလုပ်ခဲ့တဲ့ အလုပ်နဲ့ ပတ်သက်ပြီး လာရောက် ထွက်ဆိုချက် ပေးတာ ဖြစ်တယ်၊ စွပ်စွဲခံရသူဘက်ကလည်း သူ့ ဥပဒေ အခွင့်အရေး အရ မေးသင့် မေးထိုက်တဲ့ မေးခွန်းများကို ပြန်လှန် စစ်မေးသွားခြင်းသာ ဖြစ်ပြီး လုပ်ရိုး လုပ်စဉ် ဖြစ်ကြောင်း နဲ့ ထွေထွေ ထူးထူး မရှိကြောင်း ဦးအောင်ရဲစိုးက ဖြည့်စွက် ဖြေကြားသွားခဲပါတယ်။
Image caption တရားရုံးကလက်ခံထားတဲ့ အမှုဟာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မပုဒ်မ ၁၀၁ (က-၂) ဖြစ်ပါတယ်။

အမှု ဘယ်လို စ ဖြစ်ခဲ့လဲ

Wisdom Hill ပုဂ္ဂလိက မူကြိုကျောင်းက အသက် ၃ နှစ် အရွယ် ကလေးငယ် တစ်ဦး လိင် အဓမ္မပြုကျင့်ခံရတယ် ဆိုတဲ့ ဗစ်တိုးရီးယားအမှု ရုံးချိန်း တစ်ခု မှာ ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က မိသားစုဂုဏ်သိက္ခာ ညှိုးနွမ်းစေပြီး ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေတဲ့ အတွက် ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က ပတ္တာနယ်ရဲစခန်းမှာ ပုဒ်မ ၂ ခုနဲ့ ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့တာပါ။

အဲဒီ ပုဒ်မ ၂ ခု အနက် နိုင်ငံသားများရဲ့ လွတ်လပ်မှုနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို အကာအကွယ်ပေးရေး (နိုင်လွတ်လုံ) နဲ့ အမှုစွဲချက်ကို ပုဗ္ဗသီရိမြို့နယ် တရားရုံးက ပယ်ချခဲ့ပြီး ကျန် တစ်ခု ဖြစ်တဲ့ ကလေးသူငယ်များ အခွင့်အရေး ဆိုင်ရာ ဥပဒေ နဲ့ စွဲချက်မှာတော့ ပုဒ်မ ခွဲ ပြောင်းကာ ကလေးသူငယ် ဆိုင်ရာ ပုဒ်မ ၁၀၁ (က-၂) နဲ့ လက်ခံထားတဲ့ အတွက် ဒီအမှုကို တရားရုံးမှာ ဆက်လက် စစ်ဆေးနေတာ ဖြစ်ပါတယ်။

စွပ်စွဲခံရသူ ဒေါ်စုဒါလီအောင်ကတော့ သူ့အနေနဲ့ အများပြည်သူ နားထောင်လို့ ရတဲ့ တရားခွင်က ထွက်ဆိုချက်တွေကို မီဒီယာကို တရားဝင် ပြောကြားခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါပေမယ့် စွပ်စွဲသူ ဒေါ်ဥမ္မာလှိုင်ဘက်ကတော့ အဲဒီ မီဒီယာ ပြောဆိုချက်က သူ့ရဲ့ မိသားစု ဂုဏ်သိက္ခာ ကျဆင်းစေခြင်း၊ ကလေးများရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားစေခြင်းနဲ့ လူ့ပတ်ဝန်းကျင်မှာ အရှက် ရစေခြင်းများ ဖြစ်ပေါ်စေတဲ့ အတွက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေ ပုဒ်မနဲ့ တရားစွဲဆို ရတာလို့ ပြောထားပါတယ်။
Image caption ဒေါ်စုဒါလီအောင်ရဲ့ မီဒီယာကို ပြောဆိုချက် တချို့က ကလေးသူငယ် အပေါ် ထိခိုက် နစ်နာစေဆိုပြီး ဒေါ်ဥမ္မာလှိုင်ဘက်က စတင် အမှုဖွင့်ခဲ့
တခြား ဘယ်သူတွေကို တိုင်ချက် ဖွင့်ထားသေးလဲ

ဒေါ်ဥမ္မာလှိုင်ဘက်က ဗစ်တိုးရီးယားအမှုမှာ ပါဝင် ပတ်သက်နေသူ နှစ်ဖက်ရှေ့နေတွေနဲ့ မိသားစု၊ မိသားစု မိတ်ဆွေ ဆရာဝန် တို့ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၂၆ ရက်နေ့ က ပုဗ္ဗသီရိမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်းမှာ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁(က)(၂) နဲ့ အမှုဖွင့် တိုင်ကြားထားပါတယ်။ ဒါပေမယ့် အဲဒီ တိုင်ကြားချက်ကတော့ တရားရုံး အဆင့် အထိ ရောက်မလာသေးဘဲ ရဲတပ်ဖွဲ့က ဥပဒေရုံး အကူအညီနဲ့ စိစစ်နေဆဲ ဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောထားပါတယ်။

ဗစ်တိုးရီးယား အမှုကိုလည်း ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ပြီး အခု အမှုမှာ စွပ်စွဲ ခံနေရသူ ရှေ့နေ ဒေါ်စုဒါလီအောင်ဟာ ဗစ်တိုးရီးယား အမှုမှာ နောက်မဆုတ်ဘဲ ကိုအောင်ကြီး ဘက်ကနေ ဆက်လိုက် လိုက်ပါဆောင်ရွက် သွားဖို့ ရှိတယ်လို့ ကြေညာထားပါတယ်။

"ဗစ်တိုးရီးယားမှာလည်း နိုင်ငံသား အခွင့်အရေး ရှိတယ်၊ ဗစ်တိုးရီးယားရဲ့ အခွင့်အရေးကို

ဖော်ထုတ်ကာကွယ်ရင်း နဲ့ ဖြစ်တဲ့ ကိစ္စ" လို့ ဒေါ်စုဒါလီအောင် တရားစွဲ ခံရတာနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားအမှုမှာ ဒေါ်စုဒါလီအောင်နဲ့ အတူ သံသယ တရားခံ ကိုအောင်ကြီးဘက်က အတူ ရှေ့နေလိုက်ပေးသူလည်းဖြစ်၊ အခု ဒေါ်စုဒါလီအောင်အမှုမှာလည်း ရှေ့နေ တစ်ဦး အဖြစ် ကူညီဆောင်ရွက်ပေးနေသူလည်း ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေကြီး ဦးခင်မောင်ဇော်က ပြောထားပါတယ်။

ဒေါ်စုဒါလီအောင် စွပ်စွဲခံထားရတဲ့ အမှုကိုတော့ ဗစ်တိုးရီးယား အမှု ရုံးချိန်းနဲ့ မတိုက်အောင် နှစ်ပတ် တခါ တနင်္လာနေ့တိုင်း စစ်ဆေးနေရာမှာ ဒီနေ့ ၃ ကြိမ်မြောက် ရုံးချိန်းမှာ တရားလိုပြ သက်သေ တွေ စစ်ဆေးပြီး နောက် ရှေ့ရုံးချိန်းတွေမှာတော့ တရားရုံးက စွဲချက် တင်သင့်၊ မတင်သင့် ဆုံးဖြတ် ဖွယ် ရှိပါတယ်။

BBC Burmese
https://www.bbc.com
ေဒၚစုဒါလီေအာင္အမႈ ၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းက သက္ေသ ထြက္ခ်က္ေတြက ဘာလဲ ေဒၚစုဒါလီေအာင္အမႈ ၃ ႀကိမ္ေျမာက္ ႐ုံးခ်ိန္းက သက္ေသ ထြက္ခ်က္ေတြက ဘာလဲ Reviewed by THITHTOOLWIN on 21:50 Rating: 5
Powered by Blogger.