ေျမပုံၿမိဳ႕နယ္မွာ ေဈးသည္လင္မယားႏွစ္ဦး ပစ္ခတ္ခံရ ကိုယ္ဝန္သည္ အမ်ိဳးသမီးေသဆုံး

ရခိုင္ျပည္နယ္ ေျမာက္ပိုင္းေဒသက စစ္ေရးပဋိပကၡေတြၾကား ေဒသခံေတြ ေသဆုံးတာ တိုးလာေန
(Zawgyi)⤵⤵⤵v
ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕နယ္ ယိုးေခ်ာင္းအထက္ပိုင္းက ႐ြာသာယာေက်း႐ြာမွာ ႏိုဝင္ဘာ ၁၀ ရက္ေန႔မနက္ပိုင္း ၉ နာရီေလာက္က ငါးလာေရာင္းတဲ့ ေဈးသည္လင္မယားႏွစ္ဦးကို ေသနတ္ထိမွန္ခဲ့ရာမွာ အမ်ိဳးသမီးတစ္ဦးေသဆုံး သြားတယ္လို႔ ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီပစ္ခတ္မႈဟာ ဘယ္လိုျဖစ္ပြားခဲ့လဲဆိုတာကို အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီး ပထမတန္း ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးကို ဘီဘီစီက ဆက္သြယ္ေမးျမန္းခဲ့ရာမွာေတာ့ သူ႔အေနနဲ႔ ဒီျဖစ္စဥ္ကို မသိရွိေသးဘူးလို႔ ေျပာပါတယ္။

"ကြၽန္ေတာ္ အဲ့ဒါမသိေသးဘူး။ သိရေတာ့ ျပန္ေျပာ ေပးပါမယ္"လို႔ ဗိုလ္မႉးႀကီးဝင္းေဇာ္ဦးက ေျပာပါတယ္။

ပစ္ခတ္မႈျဖစ္ပြားခဲ့တဲ့ ယိုးေခ်ာင္းေက်း႐ြာဟာ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တည္ရွိတဲ့ အမ္းၿမိဳ႕နယ္နဲ႔ ေျမပုံၿမိဳ႕တို႔အၾကားမွာ တည္ရွိေနတဲ့ ေဒသတစ္ခုျဖစ္ၿပီး အဲ့ဒီနယ္ေျမအတြင္းမွာ အခုရက္ပိုင္းအတြင္း တပ္မေတာ္စစ္ေၾကာင္းေတြက နယ္ေျမလုံၿခဳံေရးအတြက္ ေက်း႐ြာေတြကို ဝင္ေရာက္စစ္ေဆးမႈေတြ ျပဳလုပ္ေနတာရွိတယ္လို႔လည္း ေဒသခံေတြကေျပာပါတယ္။

အဲ့ဒီလင္မယားႏွစ္ေယာက္ဟာ သူတို႔ေနထိုင္တဲ့ ဝက္႐ူးေက်း႐ြာကေန မနက္ပိုင္းမွာ ယိုးေခ်ာင္းအထက္ပိုင္း ေက်း႐ြာေတြကို ငါးေရာင္းဖို႔အတြက္ စက္တပ္ေလွငယ္ေလးနဲ႔ ထြက္လာခဲ့ၾကတာျဖစ္ၿပီး ၉ နာရီေလာက္မွာ ႐ြာသာယာေက်း႐ြာဆိပ္ကမ္းကို အေရာက္မွာ တပ္မေတာ္စစ္ေၾကာင္း ေရာက္ေနတဲ့အတြက္ လွည့္ျပန္လာခဲ့ရာမွာ ႐ြာထဲကေန ေသနတ္နဲ႔ပစ္ခတ္လိုက္တာျဖစ္တယ္လို႔ ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဖသန္းက ဘီဘီစီကို ေျပာပါတယ္။

 ေအာက္တိုဘာ လတုန္းက မီးဝဆရာေတာ္ရဲ႕ ညာဘက္ ရင္အုံမွာ လက္နက္ႀကီး က်ည္စ မွန္
ေသနတ္က်ည္ဆံေၾကာင့္ အသက္ ၃၁ ႏွစ္အ႐ြယ္ ဝက္႐ူးေက်း႐ြာက ေဒၚဦခင္သန္းရဲ႕ ဘယ္ဘက္ရင္အုပ္ေပၚကို က်ည္ထိမွန္က ေလွေပၚမွာပဲ ေသဆုံးသြားခဲ့တာျဖစ္ၿပီး သူ႔အမ်ိဳးသားရဲ႕ေပါင္မွာလည္း ရွပ္ထိဒဏ္ရာရရွိသြားခဲ့တယ္လို႔ ေဒသခံေတြရဲ႕ေျပာဆိုခ်က္အရ သိရေၾကာင္း ဦးေဖသန္းကေျပာပါတယ္။

ေသဆုံးသူအမ်ိဳးသမီး ေဒၚဦးခင္သန္းရဲ႕ ဗိုက္ထဲမွာ ကိုယ္ဝန္ ၄ လပါရွိၿပီး ႏွစ္ႏွစ္အ႐ြယ္ သမီးငယ္ေလးတစ္ေယာက္က်န္ခဲ့ တယ္လို႔ လည္းသူကေျပာပါတယ္။

ေဒသခံေတြဟာ ေတာေတာင္နဲ႔ ျမစ္ေခ်ာင္းေတြကို အမွီျပဳၿပီး သစ္ခုတ္ဝါးခုတ္၊ ငါးရွာဟင္း လုပ္ကိုင္စားေသာက္ေနၾကရသူေတြျဖစ္ၿပီး အခုလိုမ်ိဳးျဖစ္စဥ္ေတြ ျဖစ္လာေနတဲ့အတြက္ စားေသာက္ေနထိုင္ေရးေတြလည္း ပိုမိုၿပီးေတာ့ အခက္အခဲေတြ ျဖစ္လာေနတယ္လို႔ ဝက္႐ူးေက်း႐ြာက အမည္မေဖာ္လိုသူတစ္ဦးက ေျပာပါတယ္။

အဲ့ဒီေသဆုံးသူရဲ႕ အေလာင္းကို ေျမပုံၿမိဳ႕ရဲစခန္းကိုယူေဆာင္ၿပီး ဆရာဝန္ရဲ႕ ေဆးစစ္ခ်က္ေတြကိုရယူထားဖို႔အတြက္ အႀကံျပဳထားေၾကာင္း ဦးေဖသန္းက ေျပာပါတယ္။

"စစ္တပ္႐ြာထဲကိုေရာက္ၿပီဆိုရင္ ေက်း႐ြာလူႀကီးေတြကလည္း ေရွာင္ေျပးသြားတယ္။ အဓိကေတာ့ သူတို႔လည္းစိုးရိမ္တာေပါ့ေနာ္။ သူတို႔ကို တစ္ခုခုခိုင္းမလား။ အေရးယူမလား။ အၾကပ္ကိုင္မလား။ ႐ြာလူႀကီးေတြကလည္း ေၾကာက္တာေပါ့။ ဘယ္သူမွ သြားမေတြ႕ဘူး။ သူတို႔ကလည္း သူတို႔ကိုမကူညီဘူး။ ဟိုဘက္ကိုကူညီတယ္လို႔ ထင္ေကင္းထင္မယ္။ ဆိုလိုတာကေတာ့ ေအာက္ေျခမွာ အုပ္ခ်ဳပ္ေရးယႏၲရားပ်က္ေနတယ္။ စစ္တပ္ကလည္း စစ္ဆင္ေရးဧရိယာထဲေရာက္လာၿပီဆိုရင္ ဘယ္သူ႔ကိုမွ မယုံေတာ့ဘူး။ အကုန္လုံး သူတို႔ကို အေႏွာင့္အယွက္ ေပးမယ္၊ သူတို႔သတင္းေတြပို႔မယ္လို႔ ျမင္လာတယ္။ အဲဒါေၾကာင့္ အရပ္သားေတြကို ပိုၿပီးေတာ့ တင္းက်ပ္မႈေတြ လုပ္လာတာေပါ့။"လို႔ ဦးေဖသန္းကေျပာပါတယ္။

ဒါ့အပင္ ေျမပုံၿမိဳ႕နယ္ ေရေခါင္းခ်ိန္ေက်း႐ြာကို ႏိုဝင္ဘာလ ၉ ရက္ေန႔မွာ တပ္မေတာ္စစ္ေၾကာင္းကေရာက္ရွိလာၿပီး ရွာေဖြမႈ၊ လူစာရင္းစစ္ေဆးတာေတြျပဳလုပ္လ်က္ရွိေနၿပီး ေဒသတြင္းက ငါးရွာ၊ ကဏန္းရွာသမားေတြကို ဆန္အေရာင္းအဝယ္လုပ္ေပးေနတဲ့ ဦးေအာင္သိန္းခင္ရဲ႕ေနအိမ္မွာ ဆန္အိတ္ ေတြကိုေတြ႕တဲ့အတြက္ ေခၚယူစစ္ေဆးခဲ့မႈေတြျပဳလုပ္ခဲ့တယ္လို႔ဆိုပါတယ္။

႐ြာသာယာေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉးကလည္း ေက်း႐ြာအတြင္းမွာ စစ္တပ္ေရာက္ေနေၾကာင္းနဲ႔ ႐ြာအဝင္အထြက္ေတြကို ပိတ္ထားေၾကာင္း အတည္ျပဳေျပာၾကားခဲ့တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္က ဆိုပါတယ္။

လုံၿခဳံေရးအရ ေခၚစစ္တာမ်ိဳးမဟုတ္ဘဲ အခုလိုပစ္ခတ္လိုက္တဲ့အေပၚမွာ နားမလည္ႏိုင္ဘူးလို႔ ဦးေဖသန္းကေျပာပါတယ္။

ရခိုင္ျပည္နယ္ကေက်း႐ြာေတြအနီးမွာ ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ ေသဆုံးသူ ၈၀ ေက်ာ္ခန႔္ရွိေနၿပီ ျဖစ္သလို ထိခိုက္ဒဏ္ရာရရွိသူ အရပ္သား အေရအတြက္ကလည္း ၁၃၀ ဝန္းက်င္ အထိ ျဖစ္လာေနၿပီလို႔ ရခိုင္ ျပည္နယ္ အေျခစိုက္ လူမႈေရး အဖြဲ႕ေတြနဲ႔ ကူညီေဆာင္႐ြက္ေနသူေတြရဲ႕ စာရင္းျပဳစုခ်က္ အရ သိရပါတယ္။

BBC Burmese
https://www.bbc.com
----------------
(Unicode)⤵⤵⤵
မြေပုံမြို့နယ်မှာ ဈေးသည်လင်မယားနှစ်ဦး ပစ်ခတ်ခံရ ကိုယ်ဝန်သည် အမျိုးသမီးသေဆုံး

Image caption ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသက စစ်ရေးပဋိပက္ခတွေကြား ဒေသခံတွေ သေဆုံးတာ တိုးလာနေ

ရခိုင်ပြည်နယ် မြေပုံမြို့နယ် ယိုးချောင်းအထက်ပိုင်းက ရွာသာယာကျေးရွာမှာ နိုဝင်ဘာ ၁၀ ရက်နေ့မနက်ပိုင်း ၉ နာရီလောက်က ငါးလာရောင်းတဲ့ ဈေးသည်လင်မယားနှစ်ဦးကို သေနတ်ထိမှန်ခဲ့ရာမှာ အမျိုးသမီးတစ်ဦးသေဆုံး သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုဟာ ဘယ်လိုဖြစ်ပွားခဲ့လဲဆိုတာကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီးဝင်းဇော်ဦးကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ ဒီဖြစ်စဉ်ကို မသိရှိသေးဘူးလို့ ပြောပါတယ်။

"ကျွန်တော် အဲ့ဒါမသိသေးဘူး။ သိရတော့ ပြန်ပြော ပေးပါမယ်"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ ယိုးချောင်းကျေးရွာဟာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိတဲ့ အမ်းမြို့နယ်နဲ့ မြေပုံမြို့တို့အကြားမှာ တည်ရှိနေတဲ့ ဒေသတစ်ခုဖြစ်ပြီး အဲ့ဒီနယ်မြေအတွင်းမှာ အခုရက်ပိုင်းအတွင်း တပ်မတော်စစ်ကြောင်းတွေက နယ်မြေလုံခြုံရေးအတွက် ကျေးရွာတွေကို ဝင်ရောက်စစ်ဆေးမှုတွေ ပြုလုပ်နေတာရှိတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

အဲ့ဒီလင်မယားနှစ်ယောက်ဟာ သူတို့နေထိုင်တဲ့ ဝက်ရူးကျေးရွာကနေ မနက်ပိုင်းမှာ ယိုးချောင်းအထက်ပိုင်း ကျေးရွာတွေကို ငါးရောင်းဖို့အတွက် စက်တပ်လှေငယ်လေးနဲ့ ထွက်လာခဲ့ကြတာဖြစ်ပြီး ၉ နာရီလောက်မှာ ရွာသာယာကျေးရွာဆိပ်ကမ်းကို အရောက်မှာ တပ်မတော်စစ်ကြောင်း ရောက်နေတဲ့အတွက် လှည့်ပြန်လာခဲ့ရာမှာ ရွာထဲကနေ သေနတ်နဲ့ပစ်ခတ်လိုက်တာဖြစ်တယ်လို့ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ဘီဘီစီကို ပြောပါတယ်။

Image caption အောက်တိုဘာ လတုန်းက မီးဝဆရာတော်ရဲ့ ညာဘက် ရင်အုံမှာ လက်နက်ကြီး ကျည်စ မှန်

သေနတ်ကျည်ဆံကြောင့် အသက် ၃၁ နှစ်အရွယ် ဝက်ရူးကျေးရွာက ဒေါ်ဦခင်သန်းရဲ့ ဘယ်ဘက်ရင်အုပ်ပေါ်ကို ကျည်ထိမှန်က လှေပေါ်မှာပဲ သေဆုံးသွားခဲ့တာဖြစ်ပြီး သူ့အမျိုးသားရဲ့ပေါင်မှာလည်း ရှပ်ထိဒဏ်ရာရရှိသွားခဲ့တယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရ သိရကြောင်း ဦးဖေသန်းကပြောပါတယ်။

သေဆုံးသူအမျိုးသမီး ဒေါ်ဦးခင်သန်းရဲ့ ဗိုက်ထဲမှာ ကိုယ်ဝန် ၄ လပါရှိပြီး နှစ်နှစ်အရွယ် သမီးငယ်လေးတစ်ယောက်ကျန်ခဲ့ တယ်လို့ လည်းသူကပြောပါတယ်။

ဒေသခံတွေဟာ တောတောင်နဲ့ မြစ်ချောင်းတွေကို အမှီပြုပြီး သစ်ခုတ်ဝါးခုတ်၊ ငါးရှာဟင်း လုပ်ကိုင်စားသောက်နေကြရသူတွေဖြစ်ပြီး အခုလိုမျိုးဖြစ်စဉ်တွေ ဖြစ်လာနေတဲ့အတွက် စားသောက်နေထိုင်ရေးတွေလည်း ပိုမိုပြီးတော့ အခက်အခဲတွေ ဖြစ်လာနေတယ်လို့ ဝက်ရူးကျေးရွာက အမည်မဖော်လိုသူတစ်ဦးက ပြောပါတယ်။

အဲ့ဒီသေဆုံးသူရဲ့ အလောင်းကို မြေပုံမြို့ရဲစခန်းကိုယူဆောင်ပြီး ဆရာဝန်ရဲ့ ဆေးစစ်ချက်တွေကိုရယူထားဖို့အတွက် အကြံပြုထားကြောင်း ဦးဖေသန်းက ပြောပါတယ်။

"စစ်တပ်ရွာထဲကိုရောက်ပြီဆိုရင် ကျေးရွာလူကြီးတွေကလည်း ရှောင်ပြေးသွားတယ်။ အဓိကတော့ သူတို့လည်းစိုးရိမ်တာပေါ့နော်။ သူတို့ကို တစ်ခုခုခိုင်းမလား။ အရေးယူမလား။ အကြပ်ကိုင်မလား။ ရွာလူကြီးတွေကလည်း ကြောက်တာပေါ့။ ဘယ်သူမှ သွားမတွေ့ဘူး။ သူတို့ကလည်း သူတို့ကိုမကူညီဘူး။ ဟိုဘက်ကိုကူညီတယ်လို့ ထင်ကေင်းထင်မယ်။ ဆိုလိုတာကတော့ အောက်ခြေမှာ အုပ်ချုပ်ရေးယန္တရားပျက်နေတယ်။ စစ်တပ်ကလည်း စစ်ဆင်ရေးဧရိယာထဲရောက်လာပြီဆိုရင် ဘယ်သူ့ကိုမှ မယုံတော့ဘူး။ အကုန်လုံး သူတို့ကို အနှောင့်အယှက် ပေးမယ်၊ သူတို့သတင်းတွေပို့မယ်လို့ မြင်လာတယ်။ အဲဒါကြောင့် အရပ်သားတွေကို ပိုပြီးတော့ တင်းကျပ်မှုတွေ လုပ်လာတာပေါ့။"လို့ ဦးဖေသန်းကပြောပါတယ်။

ဒါ့အပင် မြေပုံမြို့နယ် ရေခေါင်းချိန်ကျေးရွာကို နိုဝင်ဘာလ ၉ ရက်နေ့မှာ တပ်မတော်စစ်ကြောင်းကရောက်ရှိလာပြီး ရှာဖွေမှု၊ လူစာရင်းစစ်ဆေးတာတွေပြုလုပ်လျက်ရှိနေပြီး ဒေသတွင်းက ငါးရှာ၊ ကဏန်းရှာသမားတွေကို ဆန်အရောင်းအဝယ်လုပ်ပေးနေတဲ့ ဦးအောင်သိန်းခင်ရဲ့နေအိမ်မှာ ဆန်အိတ် တွေကိုတွေ့တဲ့အတွက် ခေါ်ယူစစ်ဆေးခဲ့မှုတွေပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ရွာသာယာကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ကျေးရွာအတွင်းမှာ စစ်တပ်ရောက်နေကြောင်းနဲ့ ရွာအဝင်အထွက်တွေကို ပိတ်ထားကြောင်း အတည်ပြုပြောကြားခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ်က ဆိုပါတယ်။

လုံခြုံရေးအရ ခေါ်စစ်တာမျိုးမဟုတ်ဘဲ အခုလိုပစ်ခတ်လိုက်တဲ့အပေါ်မှာ နားမလည်နိုင်ဘူးလို့ ဦးဖေသန်းကပြောပါတယ်။

ရခိုင်ပြည်နယ်ကကျေးရွာတွေအနီးမှာ ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၈၀ ကျော်ခန့်ရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိသူ အရပ်သား အရေအတွက်ကလည်း ၁၃၀ ဝန်းကျင် အထိ ဖြစ်လာနေပြီလို့ ရခိုင် ပြည်နယ် အခြေစိုက် လူမှုရေး အဖွဲ့တွေနဲ့ ကူညီဆောင်ရွက်နေသူတွေရဲ့ စာရင်းပြုစုချက် အရ သိရပါတယ်။

BBC Burmese
https://www.bbc.com
ေျမပုံၿမိဳ႕နယ္မွာ ေဈးသည္လင္မယားႏွစ္ဦး ပစ္ခတ္ခံရ ကိုယ္ဝန္သည္ အမ်ိဳးသမီးေသဆုံး ေျမပုံၿမိဳ႕နယ္မွာ ေဈးသည္လင္မယားႏွစ္ဦး ပစ္ခတ္ခံရ ကိုယ္ဝန္သည္ အမ်ိဳးသမီးေသဆုံး Reviewed by THITHTOOLWIN on 23:58 Rating: 5
Powered by Blogger.