ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ရပ္ ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ ႏိုင္ငံေရးပါတီ၅ခု ေထာက္ျပ

တင္ဒါေခၚယူမႈဟာ သမၼတ႐ုံးထုတ္ျပန္ခ်က္နဲ႔ ကိုက္ညီမႈ မရွိဘူးလို႔ ဆို
(Zawgyi)⤵⤵⤵
အေမရိကန္အေျခစိုက္ International Foundation for Electoral Systems (IFES)ကေ႐ြးေကာက္ပြဲေကာ္မရွင္ အေပၚ ကြန္ျပဴတာနဲ႔ အပိုအပိုပစၥည္း ေတြ ေထာက္ပံ့တာကို ႀကံခိုင္ေရးပါတီအပါအဝင္ ႏိုင္ငံေရးပါတီ ေတြကန္႔ကြက္လိုက္ပါတယ္။

(IFES)က ေထာက္ပံ့တဲ့ ကြန္ျပဴတာနဲ႔ အပိုပစၥည္း ဆိုင္ရာ တင္ဒါ ႏွစ္ေစာင္ ေခၚယူမႈနဲ႔ ပတ္သက္လို႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ရပ္ဟာ ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ မႏၲေလးတိုင္း ႀကံ့ခိုင္ ဖြံ႕ၿဖိဳးေရး ပါတီနဲ႔ တျခား ႏိုင္ငံေရး ပါတီေလးခု တို႔က ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။

(IFES) က ျမန္မာႏိုင္ငံ အတြက္ Laptop အလုံး ၁၃၀၀ နဲ႔ ဆက္စပ္ ပစၥည္း ၊ printer အလုံး ၃၃၀ တို႔အတြက္ တင္ဒါ ႏွစ္ေစာင္ တင္သြင္းမယ့္ အေၾကာင္းကို The Global New Light of Myanmar သတင္းစာမွာ ေအာက္တိုဘာ ၁၇ တရက္တည္း ေၾကာ္ျငာ ထည့္ၿပီးတင္ဒါ သြင္းခြင့္ ေပးခဲ့တဲ့ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ရပ္ဟာ သမၼတ ႐ုံးၫႊန္ၾကားခ်က္ နဲ႔ ကိုက္ညီမႈ မရွိဘူးလို႔ ဆိုပါတယ္။

(IFES) ဟာအျပည္ျပည္ဆိုင္ရာအက်ိဳးအျမတ္မယူေသာအဖြဲ႕အစည္းျဖစ္ၿပီး ႏိုင္ငံေပါင္း ၁၄၀ေက်ာ္ ပါဝင္ၿပီး၁၉၈၇ ခုႏွစ္မွာတည္ေထာင္ခဲ့ပါတယ္။ အေမရိကန္ ဗာဂ်ီးနီးယားမွာ အေျခစိုက္ပါတယ္။ ဒီအဖြဲ႕အစည္းဟာ ဖြံ႕ၿဖိဳးဆဲႏိုင္ငံမ်ားကေ႐ြးေကာက္ပြဲမ်ားအတြက္အေထာက္အပံ့နဲ႔ ပံ့ပိုးမႈမ်ားျပဳလုပ္ကူညီေနတာျဖစ္ပါတယ္။

ျမန္မာႏိုင္ငံမွာ ၂၀၁၅ ေ႐ြးေကာက္ပြဲတုန္းကလည္း အကူအညီေပးခဲ့ပါတယ္။

 ေ႐ြးေကာက္ပြဲ ေကာ္မရွင္ တင္ဒါကို ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ ႏိုင္ငံေရးပါတီ ငါးခု ေထာက္ျပ

IFES က ေထာက္ပံ့တဲ့ ဒီကြန္ျပဴတာနဲ႔ အပိုပစၥည္းေတြကို ၿမိဳ႕နယ္ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ေတြမွာ ျဖန္႔ေဝ သုံးစြဲဖို႔ ရည္႐ြယ္ထားေၾကာင္း ၊ IFES အဖြဲ႕အစည္း ဟာ USAID က အဓိက ေငြေၾကး ေထာက္ပံ့ထားတဲ့ အဖြဲ႕ ျဖစ္ေၾကာင္း ၊ ဒါေၾကာင့္ လာမယ့္ ေ႐ြးေကာက္ပြဲမွာ ျပည္ပ သံ႐ုံး အဖြဲ႕အစည္း တရပ္ရပ္က ပုဂၢိဳလ္ တေယာက္ေယာက္က ေ႐ြးေကာက္ပြဲကို လႊမ္းမိုး ပုံေဖာ္သြားႏိုင္ေၾကာင္းနဲ႔ အခု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ရဲ႕ လုပ္ရပ္ျဖစ္တဲ့ ျမန္မာ သတင္းစာေတြမွာ တင္ဒါေခၚတာကို မေၾကညာဘဲ အဂၤလိပ္ သတင္းစာ တေစာင္တည္းမွာ တရက္တည္း ေၾကာ္ျငာ ထည့္တာဟာ တျခား တင္ဒါ ၿပိဳင္ဖက္ေတြ အတြက္ အသိေနာက္က်ၿပီး မွ်တမႈ မရွိ ျဖစ္ေစႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ဘာေၾကာင့္ အခုလို ပြင့္လင္း ျမင္သာမႈ မရွိဘူးလို႔ ဆိုရတာလဲလို႔ ဘီဘီစီက ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီကို ေမးျမန္း ၾကည့္ရာမွာ သူတို႔ အေနနဲ႔ အေသးစိတ္ကို လာမယ့္ ရက္ပိုင္းအတြင္း သတင္းစာ ရွင္းလင္းပြဲ လုပ္သြားမယ္လို႔ တုန္႔ျပန္႔ေျဖၾကားခဲ့ပါတယ္။

ဒါ့အျပင္ IFES အေနနဲ႔ အထက္ပါ အခ်က္ေတြေၾကာင့္ တင္ဒါေတြကို ပယ္ဖ်က္ေပးဖို႔ နဲ႔ မွ်တစြာ ယွဥ္ၿပိဳင္ႏိုင္မယ့္ ႏိုင္ငံတကာ တင္ဒါသစ္ကို ပြင့္လင္း ျမင္သာမႈ ရွိေအာင္ ေခၚယူေပးဖို႔ကိုလည္း ေတာင္းဆို ထားပါတယ္။

ဒီေၾကညာခ်က္ကို မႏၲေလးတိုင္း ကိုယ္စားျပဳ ျပည္ေထာင္စု ႀကံ့ခိုင္ ဖြံ႕ၿဖိဳးေရး ပါတီ ၊ တိုင္းရင္းသား စည္းလုံး ညီၫြတ္ေရး ပါတီ ၊ ဒီမိုကရက္တစ္ ပါတီ (ျမန္မာ) ၊ ဝံသာႏု ဒီမိုကရက္တစ္ ပါတီ ၊ အမ်ိဳးသား တိုးတက္ေရးပါတီ တို႔ ငါးပါတီ ေပါင္းၿပီး လက္မွတ္ေရးထိုး ထုတ္ျပန္ ထားတာ ေတြ႕ရပါတယ္။

IFES အဖြဲ႕ဟာ ျမန္မာႏိုင္ငံမွာ ၂၀၁၃ ကတည္းက ေ႐ြးေကာက္ပြဲ ဆိုင္ရာ ကူညီမႈ ေပးေနတာ ျဖစ္ပါတယ္
ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အေနနဲ႔ တရားမွ်တဲ့ ေ႐ြးေကာက္ပြဲကို က်င္းပေပးဖို႔နဲ႔ တာ၀န္ရွိ ေ႐ြးေကာက္ပြဲ ေကာ္မရွင္ အဆင့္ဆင့္ကေန တဆင့္ ဘက္လိုက္မႈကင္းတဲ့ ၊ ေ႐ြးေကာက္ပြဲကို တာဝန္ခံႏိုင္တဲ့ ၊ ႏိုင္ငံေရး ပါတီ အမ်ားစု လက္ခံတဲ့ ၊ သိကၡာ သမာဓိ ရွိတဲ့ ပုဂၢိလ္ေတြနဲ႔ အစားထိုး ေဆာင္႐ြက္ေပးဖို႔ကိုလည္း ထုတ္ျပန္ေၾကညာခ်က္မွာ ေတာင္းဆိုထားပါတယ္။

International Foundation for Electoral Systems (IFES) အဖြဲ႕ဟာ အဂၤလန္က ဘုရင္မႀကီးရဲ႕ OBE (Order of the British Empire) ဘြဲ႕တံဆိပ္ ခ်ီးျမႇင့္ျခင္းခံထားရတဲ့ အဖြဲ႕အစည္း တခု ျဖစ္ၿပီး ဒီအဖြဲ႕အစည္းဟာ ျမန္မာႏိုင္ငံမွာ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ ႏွင့္ ၂၀၁၇ ခုႏွစ္ ၾကားျဖတ္ေ႐ြးေကာက္ပြဲ တို႔မွာ ပါ၀င္ကူညီခဲ့သလို ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္ နဲ႔ ၂၀၁၃ ခုႏွစ္ ကတည္းက ေ႐ြးေကာက္ပြဲဆိုင္ရာလုပ္ငန္းမ်ား ပူးေပါင္းေဆာင္႐ြက္လ်က္ရွိတဲ့ အဖြဲ႕လည္း ျဖစ္ပါတယ္။

အခုလို ႏိုင္ငံေရး ပါတီငါးခုရဲ႕ ထုတ္ျပန္ခ်က္နဲ႔ ပတ္သက္လို႔ ေမးျမန္းဖို႔ ျပည္ေထာင္စု ေ႐ြးေကာက္ပြဲ ေကာ္မရွင္ ေျပာခြင့္ရသူ ဆီ ဆက္သြယ္ခဲ့ေပမယ့္ အခ်ိန္မွီ တုံ႔ျပန္ခ်က္ မရခဲ့ပါဘူး။

BBC Burmese
https://www.bbc.com
-----------------
(Unicode)⤵⤵⤵
ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ရပ် ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးပါတီ၅ခု ထောက်ပြ

Image caption တင်ဒါခေါ်ယူမှုဟာ သမ္မတရုံးထုတ်ပြန်ချက်နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆို

အမေရိကန်အခြေစိုက် International Foundation for Electoral Systems (IFES)ကရွေးကောက်ပွဲကော်မရှင် အပေါ် ကွန်ပြူတာနဲ့ အပိုအပိုပစ္စည်း တွေ ထောက်ပံ့တာကို ကြံခိုင်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ တွေကန့်ကွက်လိုက်ပါတယ်။

(IFES)က ထောက်ပံ့တဲ့ ကွန်ပြူတာနဲ့ အပိုပစ္စည်း ဆိုင်ရာ တင်ဒါ နှစ်စောင် ခေါ်ယူမှုနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ဟာ ပွင့်လင်းမြင်သာမှု မရှိဘူးလို့ မန္တလေးတိုင်း ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီနဲ့ တခြား နိုင်ငံရေး ပါတီလေးခု တို့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

(IFES) က မြန်မာနိုင်ငံ အတွက် Laptop အလုံး ၁၃၀၀ နဲ့ ဆက်စပ် ပစ္စည်း ၊ printer အလုံး ၃၃၀ တို့အတွက် တင်ဒါ နှစ်စောင် တင်သွင်းမယ့် အကြောင်းကို The Global New Light of Myanmar သတင်းစာမှာ အောက်တိုဘာ ၁၇ တရက်တည်း ကြော်ငြာ ထည့်ပြီးတင်ဒါ သွင်းခွင့် ပေးခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ဟာ သမ္မတ ရုံးညွှန်ကြားချက် နဲ့ ကိုက်ညီမှု မရှိဘူးလို့ ဆိုပါတယ်။

(IFES) ဟာအပြည်ပြည်ဆိုင်ရာအကျိုးအမြတ်မယူသောအဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၄၀ကျော် ပါဝင်ပြီး၁၉၈၇ ခုနှစ်မှာတည်ထောင်ခဲ့ပါတယ်။ အမေရိကန် ဗာဂျီးနီးယားမှာ အခြေစိုက်ပါတယ်။ ဒီအဖွဲ့အစည်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများကရွေးကောက်ပွဲများအတွက်အထောက်အပံ့နဲ့ ပံ့ပိုးမှုများပြုလုပ်ကူညီနေတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း အကူအညီပေးခဲ့ပါတယ်။
Image caption ရွေးကောက်ပွဲ ကော်မရှင် တင်ဒါကို ပွင့်လင်းမြင်သာမှု မရှိဘူးလို့ နိုင်ငံရေးပါတီ ငါးခု ထောက်ပြ

IFES က ထောက်ပံ့တဲ့ ဒီကွန်ပြူတာနဲ့ အပိုပစ္စည်းတွေကို မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွေမှာ ဖြန့်ဝေ သုံးစွဲဖို့ ရည်ရွယ်ထားကြောင်း ၊ IFES အဖွဲ့အစည်း ဟာ USAID က အဓိက ငွေကြေး ထောက်ပံ့ထားတဲ့ အဖွဲ့ ဖြစ်ကြောင်း ၊ ဒါကြောင့် လာမယ့် ရွေးကောက်ပွဲမှာ ပြည်ပ သံရုံး အဖွဲ့အစည်း တရပ်ရပ်က ပုဂ္ဂိုလ် တယောက်ယောက်က ရွေးကောက်ပွဲကို လွှမ်းမိုး ပုံဖော်သွားနိုင်ကြောင်းနဲ့ အခု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ရပ်ဖြစ်တဲ့ မြန်မာ သတင်းစာတွေမှာ တင်ဒါခေါ်တာကို မကြေညာဘဲ အင်္ဂလိပ် သတင်းစာ တစောင်တည်းမှာ တရက်တည်း ကြော်ငြာ ထည့်တာဟာ တခြား တင်ဒါ ပြိုင်ဖက်တွေ အတွက် အသိနောက်ကျပြီး မျှတမှု မရှိ ဖြစ်စေနိုင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘာကြောင့် အခုလို ပွင့်လင်း မြင်သာမှု မရှိဘူးလို့ ဆိုရတာလဲလို့ ဘီဘီစီက ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကို မေးမြန်း ကြည့်ရာမှာ သူတို့ အနေနဲ့ အသေးစိတ်ကို လာမယ့် ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ လုပ်သွားမယ်လို့ တုန့်ပြန့်ဖြေကြားခဲ့ပါတယ်။

ဒါ့အပြင် IFES အနေနဲ့ အထက်ပါ အချက်တွေကြောင့် တင်ဒါတွေကို ပယ်ဖျက်ပေးဖို့ နဲ့ မျှတစွာ ယှဉ်ပြိုင်နိုင်မယ့် နိုင်ငံတကာ တင်ဒါသစ်ကို ပွင့်လင်း မြင်သာမှု ရှိအောင် ခေါ်ယူပေးဖို့ကိုလည်း တောင်းဆို ထားပါတယ်။

ဒီကြေညာချက်ကို မန္တလေးတိုင်း ကိုယ်စားပြု ပြည်ထောင်စု ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ ၊ ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၊ ဝံသာနု ဒီမိုကရက်တစ် ပါတီ ၊ အမျိုးသား တိုးတက်ရေးပါတီ တို့ ငါးပါတီ ပေါင်းပြီး လက်မှတ်ရေးထိုး ထုတ်ပြန် ထားတာ တွေ့ရပါတယ်။
ဓာတ်ပုံ မူပိုင် UEC
Image caption IFES အဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၁၃ ကတည်းက ရွေးကောက်ပွဲ ဆိုင်ရာ ကူညီမှု ပေးနေတာ ဖြစ်ပါတယ်

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ တရားမျှတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးဖို့နဲ့ တာဝန်ရှိ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ကနေ တဆင့် ဘက်လိုက်မှုကင်းတဲ့ ၊ ရွေးကောက်ပွဲကို တာဝန်ခံနိုင်တဲ့ ၊ နိုင်ငံရေး ပါတီ အများစု လက်ခံတဲ့ ၊ သိက္ခာ သမာဓိ ရှိတဲ့ ပုဂ္ဂိလ်တွေနဲ့ အစားထိုး ဆောင်ရွက်ပေးဖို့ကိုလည်း ထုတ်ပြန်ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

International Foundation for Electoral Systems (IFES) အဖွဲ့ဟာ အင်္ဂလန်က ဘုရင်မကြီးရဲ့ OBE (Order of the British Empire) ဘွဲ့တံဆိပ် ချီးမြှင့်ခြင်းခံထားရတဲ့ အဖွဲ့အစည်း တခု ဖြစ်ပြီး ဒီအဖွဲ့အစည်းဟာ မြန်မာနိုင်ငံမှာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ နှင့် ၂၀၁၇ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ တို့မှာ ပါဝင်ကူညီခဲ့သလို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် နဲ့ ၂၀၁၃ ခုနှစ် ကတည်းက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။

အခုလို နိုင်ငံရေး ပါတီငါးခုရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ မေးမြန်းဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ပြောခွင့်ရသူ ဆီ ဆက်သွယ်ခဲ့ပေမယ့် အချိန်မှီ တုံ့ပြန်ချက် မရခဲ့ပါဘူး။

BBC Burmese
https://www.bbc.com
ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ရပ္ ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ ႏိုင္ငံေရးပါတီ၅ခု ေထာက္ျပ ေ႐ြးေကာက္ပြဲေကာ္မရွင္ရဲ႕ လုပ္ရပ္ ပြင့္လင္းျမင္သာမႈ မရွိဘူးလို႔ ႏိုင္ငံေရးပါတီ၅ခု ေထာက္ျပ Reviewed by THITHTOOLWIN on 00:01 Rating: 5
Powered by Blogger.