ေျမပုံၿမိဳ႕နယ္မွာ ေသနတ္ပစ္ခံရလို႔ အမ်ိဳးသမီးတစ္ဦးေသဆုံး

ရခိုင္ျပည္နယ္ ေျမပုံၿမိဳ႕ပုံ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္၊ ေျမပုံၿမိဳ႕နယ္၊ ဝက္႐ူးေက်း႐ြာကေန ႐ြာသာ႐ြာေက်း႐ြာကို စက္ေလွနဲ႔ ငါးသြားေရာင္းတဲ့ လင္မယားႏွစ္ဦးဟာ ဒီေန႔မနက္မွာ ေသနတ္နဲ႔ပစ္ခတ္ခံရလို႔ အမ်ိဳးသမီးပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ပါတယ္။

ဒီေန႔မနက္ ၉ နာရီခန႔္မွာ ေျမပုံၿမိဳ႕နယ္၊ ေယာေခ်ာင္းအတြင္း ေမာင္းႏွင္ေနတဲ့ စက္ေလွတစ္စီးကို ႐ြာသာ႐ြာ ေက်း႐ြာမွာ အထိုင္ခ်ေနတဲ့ တပ္မေတာ္သားေတြက ေသနတ္နဲ႔ လွမ္းပစ္ခဲ့တာေၾကာင့္ စက္ေလွေပၚပါလာတဲ့ အမ်ိဳးသမီး ဘယ္ဘက္ရင္အုံကို က်ည္မွန္ၿပီး ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

ေသဆုံးသူ ေဒၚဦးခင္သန္း ဟာ အသက္ ၃၀ ခန႔္ရွိၿပီျဖစ္ပါတယ္။ ေဒၚခင္သန္းဦးရဲ႕ အမ်ိဳးေတာ္စပ္သူ တစ္ဦးက တပ္မေတာ္က ေဒၚဦးခင္သန္းတို႔ကို စစ္ေဆးေမးျမန္းၿပီးေနာက္ စက္ေလွလွည့္ထြက္လာခ်ိန္မွာ ေနာက္ကေန ပစ္ခတ္ခဲ့တာလို႔ RFA ကိုေျပာပါတယ္။

ေသဆုံးသြားသူ ေဒၚဦးခင္သန္းရဲ႕ ႐ုပ္အေလာင္းကို ေျမပုံၿမိဳ႕ကို သယ္ေဆာင္သြားၿပီး ေဆးစစ္ခ်က္ရယူတာနဲ႔ အမႈဖြင့္တာေတြ ဆက္လက္လုပ္ေဆာင္ေနတယ္လို႔ မိသားစုဝင္ေတြက ေျပာပါတယ္။

ေဒၚဦးခင္သန္းတို႔ ငါးသြားေရာင္းတဲ့ ႐ြာသာ႐ြာေက်း႐ြာကို တပ္မေတာ္က ဒီေန႔မနက္မွာ အင္အား ၁၀၀ ေလာက္နဲ႔ ေရာက္ရွိလာခဲ့ၿပီး တပ္မေတာ္သားေတြဟာ ႐ြာအျပင္နဲ႔ ႐ြာေတြထဲမွာ ဝင္ေရာက္ေနရာ ယူထားၾကတယ္လို႔ သိရပါတယ္။

တပ္မေတာ္က ႐ြာထဲကို ဘယ္သူမွ အဝင္အထြက္ ေပးမလုပ္ဘဲ ေနအိမ္ေတြထဲ တစ္အိမ္ဝင္ တစ္အိမ္ထြက္ သန္းေခါင္စာရင္းနဲ႔ လူဦးေရ တိုက္ဆိုင္စစ္ေဆးတာေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။

ေသဆုံးသြားသူ ေဒၚဦးခင္သန္း ေနထိုင္ရာ ဝက္႐ူး႐ြာကေန ႐ြာသာ႐ြာဟာ စက္ေလွနဲ႔သြားမယ္ဆိုရင္ တစ္နာရီနီးပါးသြားရပါတယ္။

ေျမပုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဖသန္းက ေဒသခံေသဆုံးမႈအတြက္ အေထြေထြ အုပ္ခ်ဳပ္ေရးမႉး႐ုံးကို ဆက္သြယ္ေဆာင္႐ြက္ထားေၾကာင္း ေျပာပါတယ္။

“မဦးခင္သန္းတို႔ လင္မယား ငါးသြားေရာင္းဖို႔ စက္ေလွနဲ႔ အဲကိုေရာက္တယ္။ ႐ြာမွာ တပ္ရွိတယ္။ အဝင္အထြက္ ပိတ္ထားတယ္ၾကားလို႔ လွည့္ျပန္တယ္ေျပာတယ္။ တပ္က လိုက္ေခၚတာလည္း မၾကားဘူး စက္ေလွနဲ႔ဆိုေတာ့ အဲဒါနဲ႔ လွမ္းပစ္တဲ့အခါမွာ မဦးခင္သန္းရဲ႕ ဘယ္ဘက္ရင္အုံကို ထိတယ္။ သူတို႔ က်ေနာ့္ကို သတင္းပို႔တဲ့အခါမွာ ဝက္႐ူးေက်း႐ြာျပန္ေရာက္ေနၿပီ။ က်ေနာ္လည္း ေျမပုံရဲစခန္းကို သြားပါလို႔ေျပာထားတယ္။ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို အေၾကာင္းၾကားထားတယ္”

မေန႔က မနက္ ၁၀ နာရီခန႔္မွာ ႐ြာသာ႐ြာေက်း႐ြာ ေျမာက္ဘက္ ငါးမိုင္ေက်ာ္အကြာက ေတာထဲကို တပ္မေတာ္ က ရဟတ္ယာဥ္ သုံးစီးနဲ႔ ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။

ဝါးသြားခုတ္တဲ့ ေဒသခံ ၁၀ ဦးနီးပါး ဗုံးႀကဲတဲ့ဒဏ္ကို ခံခဲ့ရၿပီး ထိခိုက္ေသဆုံးတာ မရွိခဲ့ဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

လက္ရွိမွာ ေဒသခံေတြအေနနဲ႔ မတရားဖမ္းဆီးခံရမွာကို စိုးရိမ္ေနၾကတယ္လို႔ အမည္မေဖာ္ရဲတဲ့ ႐ြာသာ႐ြာ ေက်း႐ြာက ေဒသခံ တစ္ဦးက RFA ကိုေျပာပါတယ္။

“ေတာထဲသြားၿပီး အလုပ္မလုပ္ရတဲ့အတြက္ က်ေနာ္တို႔မွာ စားဝတ္ေနေရး အခက္အခဲရွိတယ္။ အခုပုံစံမ်ိဳးနဲ႔ စစ္ေဆးၿပီး မတရားဖမ္းဆီးခံရမွာ က်ေနာ္တို႔အေနနဲ႔ စိုးရိမ္ေနတယ္”

ဒီေန႔မနက္ ႐ြာသာ႐ြာေက်း႐ြာကို ငါးလာေရာင္းတဲ့ ဝက္႐ူး႐ြာသူတစ္ဦး တပ္မေတာ္က ပစ္ခတ္လို႔ ေသဆုံးခဲ့ တယ္ဆိုတဲ့ သတင္းနဲ႔ ပတ္သက္ၿပီး မၾကားမိေသးဘူးလို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦး က တုံ႔ျပန္ပါတယ္။

“က်ေနာ္တို႔ ၾကားေတာ့ မၾကားဘူး အဲသတင္း ဟုတ္မဟုတ္ေတာ့ ေမးၾကည့္လိုက္ဦးမယ္။ က်ေနာ္တို႔က အဲ့ဒီဘက္မွာ သတင္းတစ္ခုၾကားထားတဲ့ အတြက္ နယ္ေျမရွင္းလင္းေနတာေတာ့ ရွိတယ္”

ေယာေခ်ာင္း၊ ကင္းတလင္း တဝိုက္မွာ ရကၡိဳင့္တပ္ေတာ္ AA က လႈပ္ရွားမႈေတြရွိၿပီး တပ္မေတာ္က ရွင္းလင္းေရး ေဆာင္႐ြက္ေနတာေတြရွိတယ္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္က တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေျပာၿပီး ေဒသခံေတြကေတာ့ တပ္မေတာ္ရဲ႕ နယ္ေျမရွင္းလင္းမႈေတြမွာ မွားယြင္းဖမ္းဆီးခံရမွာကို စိုးရိမ္ေနၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
မြေပုံမြို့နယ်မှာ သေနတ်ပစ်ခံရလို့ အမျိုးသမီးတစ်ဦးသေဆုံး

ရခိုင်ပြည်နယ် မြေပုံမြို့ပုံ
Photo: Google Map

ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ဝက်ရူးကျေးရွာကနေ ရွာသာရွာကျေးရွာကို စက်လှေနဲ့ ငါးသွားရောင်းတဲ့ လင်မယားနှစ်ဦးဟာ ဒီနေ့မနက်မှာ သေနတ်နဲ့ပစ်ခတ်ခံရလို့ အမျိုးသမီးပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။

ဒီနေ့မနက် ၉ နာရီခန့်မှာ မြေပုံမြို့နယ်၊ ယောချောင်းအတွင်း မောင်းနှင်နေတဲ့ စက်လှေတစ်စီးကို ရွာသာရွာ ကျေးရွာမှာ အထိုင်ချနေတဲ့ တပ်မတော်သားတွေက သေနတ်နဲ့ လှမ်းပစ်ခဲ့တာကြောင့် စက်လှေပေါ်ပါလာတဲ့ အမျိုးသမီး ဘယ်ဘက်ရင်အုံကို ကျည်မှန်ပြီး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူ ဒေါ်ဦးခင်သန်း ဟာ အသက် ၃၀ ခန့်ရှိပြီဖြစ်ပါတယ်။ ဒေါ်ခင်သန်းဦးရဲ့ အမျိုးတော်စပ်သူ တစ်ဦးက တပ်မတော်က ဒေါ်ဦးခင်သန်းတို့ကို စစ်ဆေးမေးမြန်းပြီးနောက် စက်လှေလှည့်ထွက်လာချိန်မှာ နောက်ကနေ ပစ်ခတ်ခဲ့တာလို့ RFA ကိုပြောပါတယ်။

သေဆုံးသွားသူ ဒေါ်ဦးခင်သန်းရဲ့ ရုပ်အလောင်းကို မြေပုံမြို့ကို သယ်ဆောင်သွားပြီး ဆေးစစ်ချက်ရယူတာနဲ့ အမှုဖွင့်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒေါ်ဦးခင်သန်းတို့ ငါးသွားရောင်းတဲ့ ရွာသာရွာကျေးရွာကို တပ်မတော်က ဒီနေ့မနက်မှာ အင်အား ၁၀၀ လောက်နဲ့ ရောက်ရှိလာခဲ့ပြီး တပ်မတော်သားတွေဟာ ရွာအပြင်နဲ့ ရွာတွေထဲမှာ ဝင်ရောက်နေရာ ယူထားကြတယ်လို့ သိရပါတယ်။

တပ်မတော်က ရွာထဲကို ဘယ်သူမှ အဝင်အထွက် ပေးမလုပ်ဘဲ နေအိမ်တွေထဲ တစ်အိမ်ဝင် တစ်အိမ်ထွက် သန်းခေါင်စာရင်းနဲ့ လူဦးရေ တိုက်ဆိုင်စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

သေဆုံးသွားသူ ဒေါ်ဦးခင်သန်း နေထိုင်ရာ ဝက်ရူးရွာကနေ ရွာသာရွာဟာ စက်လှေနဲ့သွားမယ်ဆိုရင် တစ်နာရီနီးပါးသွားရပါတယ်။

မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဒေသခံသေဆုံးမှုအတွက် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးကို ဆက်သွယ်ဆောင်ရွက်ထားကြောင်း ပြောပါတယ်။

“မဦးခင်သန်းတို့ လင်မယား ငါးသွားရောင်းဖို့ စက်လှေနဲ့ အဲကိုရောက်တယ်။ ရွာမှာ တပ်ရှိတယ်။ အဝင်အထွက် ပိတ်ထားတယ်ကြားလို့ လှည့်ပြန်တယ်ပြောတယ်။ တပ်က လိုက်ခေါ်တာလည်း မကြားဘူး စက်လှေနဲ့ဆိုတော့ အဲဒါနဲ့ လှမ်းပစ်တဲ့အခါမှာ မဦးခင်သန်းရဲ့ ဘယ်ဘက်ရင်အုံကို ထိတယ်။ သူတို့ ကျနော့်ကို သတင်းပို့တဲ့အခါမှာ ဝက်ရူးကျေးရွာပြန်ရောက်နေပြီ။ ကျနော်လည်း မြေပုံရဲစခန်းကို သွားပါလို့ပြောထားတယ်။ မြို့နယ်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားထားတယ်”

မနေ့က မနက် ၁၀ နာရီခန့်မှာ ရွာသာရွာကျေးရွာ မြောက်ဘက် ငါးမိုင်ကျော်အကွာက တောထဲကို တပ်မတော် က ရဟတ်ယာဉ် သုံးစီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဝါးသွားခုတ်တဲ့ ဒေသခံ ၁၀ ဦးနီးပါး ဗုံးကြဲတဲ့ဒဏ်ကို ခံခဲ့ရပြီး ထိခိုက်သေဆုံးတာ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိမှာ ဒေသခံတွေအနေနဲ့ မတရားဖမ်းဆီးခံရမှာကို စိုးရိမ်နေကြတယ်လို့ အမည်မဖော်ရဲတဲ့ ရွာသာရွာ ကျေးရွာက ဒေသခံ တစ်ဦးက RFA ကိုပြောပါတယ်။

“တောထဲသွားပြီး အလုပ်မလုပ်ရတဲ့အတွက် ကျနော်တို့မှာ စားဝတ်နေရေး အခက်အခဲရှိတယ်။ အခုပုံစံမျိုးနဲ့ စစ်ဆေးပြီး မတရားဖမ်းဆီးခံရမှာ ကျနော်တို့အနေနဲ့ စိုးရိမ်နေတယ်”

ဒီနေ့မနက် ရွာသာရွာကျေးရွာကို ငါးလာရောင်းတဲ့ ဝက်ရူးရွာသူတစ်ဦး တပ်မတော်က ပစ်ခတ်လို့ သေဆုံးခဲ့ တယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မကြားမိသေးဘူးလို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က တုံ့ပြန်ပါတယ်။

“ကျနော်တို့ ကြားတော့ မကြားဘူး အဲသတင်း ဟုတ်မဟုတ်တော့ မေးကြည့်လိုက်ဦးမယ်။ ကျနော်တို့က အဲ့ဒီဘက်မှာ သတင်းတစ်ခုကြားထားတဲ့ အတွက် နယ်မြေရှင်းလင်းနေတာတော့ ရှိတယ်”

ယောချောင်း၊ ကင်းတလင်း တဝိုက်မှာ ရက္ခိုင့်တပ်တော် AA က လှုပ်ရှားမှုတွေရှိပြီး တပ်မတော်က ရှင်းလင်းရေး ဆောင်ရွက်နေတာတွေရှိတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပြီး ဒေသခံတွေကတော့ တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုတွေမှာ မှားယွင်းဖမ်းဆီးခံရမှာကို စိုးရိမ်နေကြပါတယ်။

RFA Burmese
https://www.rfa.org
ေျမပုံၿမိဳ႕နယ္မွာ ေသနတ္ပစ္ခံရလို႔ အမ်ိဳးသမီးတစ္ဦးေသဆုံး ေျမပုံၿမိဳ႕နယ္မွာ ေသနတ္ပစ္ခံရလို႔ အမ်ိဳးသမီးတစ္ဦးေသဆုံး Reviewed by THITHTOOLWIN on 23:54 Rating: 5
Powered by Blogger.