ဘုတ္ျပင္းမွာ ေတာဆင္႐ိုင္းကိုသတ္ၿပီး အေရခြံခြာ၊ ႏွာေမာင္းျဖတ္ယူ

 ေတာဆင္႐ိုင္းကို အေရခြံ႕ခြာ၊ ႏွာေမာင္းျဖတ္ယူသြားတာ ဘိတ္နဲ႔ ေကာ့ေသာင္းခ႐ိုင္မွာ ၅ႏွစ္အတြင္း ပထမ ဆုံးပဲ၊ သတ္ခံရတာမဟုတ္ပဲ သူ႔သဘာဝအေလ်ာက္ေသတာေတြကေတာ့ ၄ေကာင္ေလာက္ပဲရွိတယ္
(Zawgyi)⤵⤵⤵

တနသၤာရီတိုင္းေဒသႀကီး၊ ဘုတ္ျပင္းၿမိဳ႕နယ္၊ ဝါးေခ်ာင္းေက်း႐ြာေတာထဲက ဆင္႐ိုင္းတေကာင္ကို သတ္ျဖတ္ၿပီး၊ ဆင္အေရခြံခြာကာ ႏွာေမာင္းပါျဖတ္ယူသြားတယ္လို႔ ဘုတ္ျပင္းၿမိဳ႕နယ္ သစ္ေတာအုပ္ ဦးတင္ေမာင္လတ္က ဘီဘီစီကို ႏိုဝင္ဘာလ ၁ရက္ေန႔မွာ ေျပာပါတယ္။

ဘုတ္ျပင္းၿမိဳ႕နယ္၊ ဝါးေခ်ာင္းေက်း႐ြာေတာထဲမွာ ေအာက္တိုဘာ ေနာက္ဆုံးပတ္အတြင္းမွာ ဆင္မုဆိုးေတြရဲ႕ သတ္ျဖတ္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။

သတ္ျဖတ္ခံရတဲ့ဆင္က ဟိုင္းဆင္အမ်ိဳးအစားျဖစ္ၿပီးေတာ့ အသက္႐ြယ္အားျဖင့္ ၄၅ႏွစ္အ႐ြယ္လို႔ သစ္ေတာဌာနက ခန႔္မွန္းထားပါတယ္။

"ေတာဆင္႐ိုင္းကို အေရခြံ႕ခြာ၊ ႏွာေမာင္းျဖတ္ယူသြားတာ ၿမိတ္ နဲ႔ ေကာ့ေသာင္းခ႐ိုင္မွာ ၅ႏွစ္အတြင္း ပထမ ဆုံးပဲ၊ သတ္ခံရတာမဟုတ္ဘဲ သူ႔သဘာဝအေလ်ာက္ေသတာေတြကေတာ့ ၄ေကာင္ေလာက္ပဲရွိတယ္" လို႔ ဦးတင္ေမာင္လတ္က ဘီဘီစီကိုေျပာပါတယ္။

သတ္ျဖတ္သြားတဲ့ ဆင္မုဆိုးကိုေတာ့ မဖမ္းမိေသးေပမယ့္ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝ ထိန္းသိမ္းေရး နယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ ျခင္း ဆိုင္ရာဥပေဒ ပုဒ္မ ၄၁နဲ႔ အမႈဖြင့္ကာ ဖမ္းဆီးႏိုင္ေရး ျပင္ဆင္ေန တယ္လို႔သိရပါတယ္။

ကမာၻလုံးဆိုင္ရာ ရန္ပုံေငြအဖြဲ႕ (ျမန္မာ) WWF-Myanmar ကေတာ့ ျမန္မာ့ဆင္ေတြက ႏွစ္အနည္းငယ္အတြင္းမွာ ေပ်ာက္ကြယ္ေတာ့မယ့္ အေနအထားကို ေရာက္ေနၿပီလို႔ ထုတ္ျပန္ထားပါတယ္။ ဆင္စြယ္၊ ဆင္သားေရနဲ႔ အျခားအစိတ္အပိုင္းေတြကို တရားမဝင္ေရာင္းခ်ဖို ဆင္ေတြကို အမဲလိုက္သတ္ျဖတ္တာေၾကာင့္ျဖစ္တယ္လို႔လည္း ဆိုပါတယ္။

ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝ ထိန္းသိမ္းေရး နယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ ျခင္း ဆိုင္ရာ ဥပေဒ ပုဒ္မ ၄၁ အရ မ်ိဳးသုဥ္းမယ့္ အႏၲရာယ္ကေန လုံးဝကာကြယ္ထားတဲ့ေတာ႐ိုင္း တိရိစာၦန္ ေတြကို သတ္ျဖတ္ရင္ေထာင္ဒဏ္ ၃ႏွစ္ကေန ၁၀ႏွစ္ အထိခ်မွတ္ႏိုင္တယ္လို႔ ၂ဝ၁၈ ခုႏွစ္ ေမလ ၂၁ ရက္ေန႔က အသစ္ျပင္ဆင္ ျပ႒ာန္းခဲ့ ပါတယ္။

၂၀၁၁ ခုႏွစ္က ေနာက္ဆုံးေကာက္ခံ ထားတဲ့ စာရင္းေတြအရ ျမန္မာႏိုင္ငံမွာ ေတာဆင္႐ိုင္းေကာင္ ေရ ၁,၄၀၀ နဲ႔ ၂,၀၀၀ ၾကားရွိႏိုင္တယ္လို႔ ခန႔္မွန္းထားၿပီး ဒီႏွစ္ေနာက္ပိုင္းေတြမွာ အသတ္ခံရမႈေတြ မ်ားလာတာေၾကာင့္ အဲ့ဒီ အေရအတြက္ထက္ အမ်ားႀကီးနည္းႏိုင္တယ္လို႔လည္း ဆင္ထိန္းသိမ္းေရးလုပ္ငန္းေတြ လုပ္ကိုင္ ေနသူေတြက ေျပာပါတယ္။

၂ဝ၁၅ ခုႏွစ္မွာ ေတာဆင္႐ိုင္း ၃၅ ေကာင္နဲ႔ ၂ဝ၁၆ မွာ ေတာဆင္႐ိုင္း ၂၆ ေကာင္၊ ၂ဝ၁၇-၁၈ ခုႏွစ္မွာ ၅၉ ေကာင္အထိ သတ္ျဖတ္ခံရတယ္ လို႔ စာရင္းဇယားေတြ အရ သိရပါတယ္။ ဆင္မုဆိုးေတြ အမဲလိုက္သတ္ျဖတ္မႈက အမ်ာဆုံးျဖစ္ၿပီး ေတာ့ ဧရာဝတီ၊ ပဲခူးႏွင့္ ရန္ကုန္တိုင္းေဒသႀကီး မွာ ေတာဆင္႐ိုင္းေတြ အမ်ားဆုံးသတ္ျဖတ္ခံေနရတယ္လို႔ သစ္ေတာဦးစီးဌာနက ထုတ္ျပန္တဲ့ စာရင္းေတြအရ သိရပါတယ္။

ျမန္မာႏိုင္ငံဟာ အိႏၵိယႏိုင္ငံၿပီးရင္ အာရွဆင္ေကာင္ေရ အမ်ားဆုံး ပိုင္ဆိုင္ထားတဲ့ ႏိုင္ငံျဖစ္ပါတယ္။ အရင္က ျမန္မာႏိုင္ငံမွာ ေတာဆင္႐ိုင္းေကာင္ေရ ၁ဝဝ,ဝဝ ခန႔္အထိ ရွိခဲ့ ၿပီးေတာ့ လက္ရွိ ျမန္မာႏိုင္ငံ ေတာဆင္႐ိုင္းေကာင္ေရဟာ ၂,ဝဝဝ ေအာက္ ေရာက္ရွိေနၿပီလို႔ ကြၽမ္းက်င္ပညာရွင္ေတြက ခန႔္မွန္းထား ၾကပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဘုတ်ပြင်းမှာ တောဆင်ရိုင်းကိုသတ်ပြီး အရေခွံခွာ၊ နှာမောင်းဖြတ်ယူ


Image caption တောဆင်ရိုင်းကို အရေခွံ့ခွာ၊ နှာမောင်းဖြတ်ယူသွားတာ ဘိတ်နဲ့ ကော့သောင်းခရိုင်မှာ ၅နှစ်အတွင်း ပထမ ဆုံးပဲ၊ သတ်ခံရတာမဟုတ်ပဲ သူ့သဘာဝအလျောက်သေတာတွေကတော့ ၄ကောင်လောက်ပဲရှိတယ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာတောထဲက ဆင်ရိုင်းတကောင်ကို သတ်ဖြတ်ပြီး၊ ဆင်အရေခွံခွာကာ နှာမောင်းပါဖြတ်ယူသွားတယ်လို့ ဘုတ်ပြင်းမြို့နယ် သစ်တောအုပ် ဦးတင်မောင်လတ်က ဘီဘီစီကို နိုဝင်ဘာလ ၁ရက်နေ့မှာ ပြောပါတယ်။

ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းကျေးရွာတောထဲမှာ အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှာ ဆင်မုဆိုးတွေရဲ့ သတ်ဖြတ်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

သတ်ဖြတ်ခံရတဲ့ဆင်က ဟိုင်းဆင်အမျိုးအစားဖြစ်ပြီးတော့ အသက်ရွယ်အားဖြင့် ၄၅နှစ်အရွယ်လို့ သစ်တောဌာနက ခန့်မှန်းထားပါတယ်။

"တောဆင်ရိုင်းကို အရေခွံ့ခွာ၊ နှာမောင်းဖြတ်ယူသွားတာ မြိတ် နဲ့ ကော့သောင်းခရိုင်မှာ ၅နှစ်အတွင်း ပထမ ဆုံးပဲ၊ သတ်ခံရတာမဟုတ်ဘဲ သူ့သဘာဝအလျောက်သေတာတွေကတော့ ၄ကောင်လောက်ပဲရှိတယ်" လို့ ဦးတင်မောင်လတ်က ဘီဘီစီကိုပြောပါတယ်။

သတ်ဖြတ်သွားတဲ့ ဆင်မုဆိုးကိုတော့ မဖမ်းမိသေးပေမယ့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်း ဆိုင်ရာဥပဒေ ပုဒ်မ ၄၁နဲ့ အမှုဖွင့်ကာ ဖမ်းဆီးနိုင်ရေး ပြင်ဆင်နေ တယ်လို့သိရပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ရန်ပုံငွေအဖွဲ့ (မြန်မာ) WWF-Myanmar ကတော့ မြန်မာ့ဆင်တွေက နှစ်အနည်းငယ်အတွင်းမှာ ပျောက်ကွယ်တော့မယ့် အနေအထားကို ရောက်နေပြီလို့ ထုတ်ပြန်ထားပါတယ်။ ဆင်စွယ်၊ ဆင်သားရေနဲ့ အခြားအစိတ်အပိုင်းတွေကို တရားမဝင်ရောင်းချဖို ဆင်တွေကို အမဲလိုက်သတ်ဖြတ်တာကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်း ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၁ အရ မျိုးသုဉ်းမယ့် အန္တရာယ်ကနေ လုံးဝကာကွယ်ထားတဲ့တောရိုင်း တိရိစ္ဆာန် တွေကို သတ်ဖြတ်ရင်ထောင်ဒဏ် ၃နှစ်ကနေ ၁၀နှစ် အထိချမှတ်နိုင်တယ်လို့ ၂ဝ၁၈ ခုနှစ် မေလ ၂၁ ရက်နေ့က အသစ်ပြင်ဆင် ပြဋ္ဌာန်းခဲ့ ပါတယ်။

၂၀၁၁ ခုနှစ်က နောက်ဆုံးကောက်ခံ ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင် ရေ ၁,၄၀၀ နဲ့ ၂,၀၀၀ ကြားရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး ဒီနှစ်နောက်ပိုင်းတွေမှာ အသတ်ခံရမှုတွေ များလာတာကြောင့် အဲ့ဒီ အရေအတွက်ထက် အများကြီးနည်းနိုင်တယ်လို့လည်း ဆင်ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ကိုင် နေသူတွေက ပြောပါတယ်။

၂ဝ၁၅ ခုနှစ်မှာ တောဆင်ရိုင်း ၃၅ ကောင်နဲ့ ၂ဝ၁၆ မှာ တောဆင်ရိုင်း ၂၆ ကောင်၊ ၂ဝ၁၇-၁၈ ခုနှစ်မှာ ၅၉ ကောင်အထိ သတ်ဖြတ်ခံရတယ် လို့ စာရင်းဇယားတွေ အရ သိရပါတယ်။ ဆင်မုဆိုးတွေ အမဲလိုက်သတ်ဖြတ်မှုက အမျာဆုံးဖြစ်ပြီး တော့ ဧရာဝတီ၊ ပဲခူးနှင့် ရန်ကုန်တိုင်းဒေသကြီး မှာ တောဆင်ရိုင်းတွေ အများဆုံးသတ်ဖြတ်ခံနေရတယ်လို့ သစ်တောဦးစီးဌာနက ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံပြီးရင် အာရှဆင်ကောင်ရေ အများဆုံး ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။ အရင်က မြန်မာနိုင်ငံမှာ တောဆင်ရိုင်းကောင်ရေ ၁ဝဝ,ဝဝ ခန့်အထိ ရှိခဲ့ ပြီးတော့ လက်ရှိ မြန်မာနိုင်ငံ တောဆင်ရိုင်းကောင်ရေဟာ ၂,ဝဝဝ အောက် ရောက်ရှိနေပြီလို့ ကျွမ်းကျင်ပညာရှင်တွေက ခန့်မှန်းထား ကြပါတယ်။

BBC Burmese
https://www.bbc.com
ဘုတ္ျပင္းမွာ ေတာဆင္႐ိုင္းကိုသတ္ၿပီး အေရခြံခြာ၊ ႏွာေမာင္းျဖတ္ယူ ဘုတ္ျပင္းမွာ ေတာဆင္႐ိုင္းကိုသတ္ၿပီး အေရခြံခြာ၊ ႏွာေမာင္းျဖတ္ယူ Reviewed by THITHTOOLWIN on 00:14 Rating: 5
Powered by Blogger.