ရေသ့ေတာင္က ဒဏ္ရာရသူႏွစ္ဦးကို ကယ္ထုတ္ဖို႔ ခက္ခဲေန

ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ကို ေတြ႔ရစဥ္
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ရေသ့ေတာင္ၿမိဳ႕နယ္ ေက်းလက္ေဒသက က်ည္ဒဏ္ရာရ လူနာ ႏွစ္ဦးကို ကယ္ထုတ္ဖို႔ ႀကိဳးစားေနေပမယ့္ ကယ္ထုတ္ဖို႔ခက္ခဲေနေၾကာင္း ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းရဲ႕ ရေသ့ေတာင္ၿမိဳ႕နယ္ တာဝန္ရိွသူက ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ ေျမာက္ပိုင္း ေက်ာက္ရံေက်းရြာက ၁၃ ႏွစ္အရြယ္ မႏွင္းေခ်နဲ႔ ငစင္ေဘာ္ ေက်းရြာက အသက္ ၆၀ ဝန္းက်င္အရြယ္ ေဒၚသိန္းညြန္႔မတို႔ ႏွစ္ဦးဟာ ေအာက္တိုဘာ ၃၀ ရက္ေန႔က က်ည္သင့္ဒဏ္ရာေတြ အသီးသီးရရိွထားၾကပါတယ္။

တပ္မေတာ္နဲ႔ ရကၡဳိင့္တပ္ေတာ္ (AA) တို႔ ရြာေတြအနီးအနားမွာ တိုက္ပြဲျဖစ္ေနတဲ့အတြက္ ဒီေန႔အထိ အဲဒီဒဏ္ရာရ လူနာႏွစ္ဦးကို ကယ္ထုတ္ယူဖို႔ ခက္ခဲေနတာပါ။

မေန႔က သူတို႔ႏွစ္ဦးကို ကယ္ထုတ္ဖို႔သြားေရာက္ရာမွာလည္း ေရတပ္ကတားလို႔ မသြားေရာက္ႏိုင္ခဲ့ဘူးလို႔ ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းရဲ႕ ရေသ့ေတာင္ၿမိဳ႕နယ္ တာဝန္ခံ ဦးလွေက်ာ္က ေျပာပါတယ္။

“ကၽြန္ေတာ့ကို ေနဗီကေနၿပီး လံုျခံဳေရးအရ တာဝန္မယူဘူးဆိုၿပီး ကၽြန္ေတာ့ကို သြားခြင့္မျပဳဘူးေလ။ သြားခြင့္မေပးေတာ့ ဒီေန႔အထိ မယူႏိုင္ေသးဘူး ကၽြန္ေတာ္တို႔က။ ေစာေစာကလည္း ေက်ာက္တန္းမွာ တိုက္ခိုက္မႈေတြျဖစ္ေနတယ္တဲ့။ မိုင္းခြဲတာ။ ဒါေၾကာင့္ ကၽြန္ေတာ့ကို သြားခြင့္မေပးႏိုင္ဘူးတဲ့။ လံုျခံဳေရးအရ စိတ္မခ်ရလို႔။ ဒီေန႔ထပ္သြားမယ္လို႔ စီစဥ္ထားတာ။ မသြားျဖစ္ေတာ့ဘူး။ မနက္ျဖန္မွ ထပ္စီစဥ္မယ္”

မေန႔က စက္ေလွနဲ႔ကယ္ထုတ္ဖို႔ သြားခ်ိန္မွာ ၾကက္ေျခနီအသင္းက တာဝန္ရိွသူေတြအျပင္ က်န္းမာေရးဝန္ထမ္းေတြလည္း လိုက္ပါသြားခဲ့ပါတယ္။ စစ္ေတြၿမိဳ႕ကို ဆက္လက္ပို႔ေဆာင္ဖို႔ အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႔ (ICRC) က ကူညီဖို႔ ျပင္ဆင္ထားတယ္လို႔ဆိုပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မွဴးႀကီး ဝင္းေဇာ္ဦးက စစ္ေဆးစိစစ္ရတာေတြဟာ တိုက္ပြဲျဖစ္ပြားေနတဲ့ေနရာျဖစ္လို႔ လံုျခံဳေရးအရ ေဆာင္ရြက္တာလို႔ ေျပာပါတယ္။

“နံပါတ္တစ္ကေတာ့ တိုက္ပြဲနယ္ေျမျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ အႏၱရာယ္ျဖစ္မွာစိုးလို႔ တားတာျဖစ္တယ္။ ဒုတိယအခ်က္ကလည္း အဲဒီနယ္ေျမဟာ ေအေအ က်င္လည္က်က္စားရာ နယ္ေျမျဖစ္တယ္။ (ေရႊနဒီေရယာဥ္ေပၚက) ကၽြန္ေတာ္တို႔အဖြဲ႔ကို ေခၚသြားတဲ့ေနရာျဖစ္တဲ့အတြက္မို႔လို႔ ေအေအအဖြဲ႔ေတြသည္ ဒဏ္ရာရသြားတယ္ဆိုတာလည္း ကၽြန္ေတာ္တို႔သိတယ္။ ေအေအ အဖြဲ႔ဟာ ဘယ္ေလာက္အထိ ရြာသားအသြင္ယူၿပီးလုပ္သလဲဆိုလို႔ရိွရင္ စစ္ေတြတို႔၊ မင္းျပားတို႔၊ ေျမာက္ဦးတို႔က ေဆး႐ံုေတြေပၚမွာ တက္ၿပီးေတာ့မွ ေဆးကုသတယ္။ ဒါကေတာ့ထားပါ။ ကၽြန္ေတာ္ မေျပာခ်င္ပါဘူး။ ကၽြန္ေတာ္တို႔ ေသခ်ာမရွာေဖြႏိုင္လို႔သာ ဒီလိုေဆး႐ံုတက္တာေပါ့။ အဲလိုမ်ိဳးေတြကို ကၽြန္ေတာ္တို႔ကသိရတဲ့ အခါက်ေတာ့ ကၽြန္ေတာ္တို႔က ဒါေတြကို ေသခ်ာစိစစ္ရာမွာဗ်။ စိစစ္ခ်င္တဲ့အတြက္ေၾကာင့္မို႔လို႔လည္း ဒါေတြဟာဒီလိုလုပ္တာျဖစ္တယ္။ တိုက္ပြဲမျဖစ္တဲ့နယ္ေျမဆိုရင္ ကၽြန္ေတာ္တို႔က ဒါေတြကို ဘယ္လိုမွ ကန္႔သတ္စရာအေၾကာင္းမရိွဘူး”

ေအာက္တိုဘာ ၃၀ ရက္ေန႔ ေန႔လယ္ပိုင္းက မညင္းေတာင္နဲ႔ မုတ္ဆိတ္ေခ်ာင္းေက်းရြာၾကားမွာ ႏွစ္ဘက္တိုက္ပြဲျဖစ္ပြားခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။

အဲဒီခ်ိန္မွာပဲ တိုက္ပြဲျဖစ္ပြားတဲ့ေနရာနဲ႔ တစ္မိုင္ေလာက္အကြာက ေက်ာက္ရံေက်းရြာမွာရိွတဲ့ မႏွင္းေခ်ထံရဲ႕ ဘယ္ဘက္လက္ကို က်ည္ထိမွန္ခဲ့တာျဖစ္ပါတယ္။

ဘယ္သူပစ္တဲ့က်ည္ဆိုတာကို မသိရဘူးလို႔ မိသားစုက ေျပာပါတယ္။

မႏွင္းေခ်တို႔မိသားစုဟာ အမ်က္ေတာင္ေက်းရြာကျဖစ္ၿပီးေတာ့ တိုက္ပြဲေတြေၾကာင့္ ေက်ာက္ရံေက်းရြာကို မိသားစုနဲ႔အတူ ထြက္ေျပးေရာက္ရိွ ခိုလံႈေနၾကတာျဖစ္ေၾကာင္း မႏွင္းေခ်ရဲ႕အဖိုးျဖစ္သူ ဦးစံလွေက်ာ္က ေျပာပါတယ္။

ဒဏ္ရာရတာ သံုးရက္ေျမာက္ရိွခဲ့ၿပီျဖစ္တာေၾကာင့္ ဒီေန႔မွာေတာ့ မနက္ ၇ နာရီကေနစၿပီး ေစတီေတာင္တိုက္နယ္ ေဆး႐ံုကိုစက္ေလွနဲ႔ ထြက္လာတာ ညေန ၄ နာရီေလာက္မွာ ဆရာဝန္နဲ႔ေတြ႔ခြင့္ရၿပီလို႔ အဖိုးျဖစ္သူ ဦးစံလွေက်ာ္က ေျပာပါတယ္။

“ေက်ာက္ရံရြာကို ေျပးလာတဲ့အခ်ိန္မွာ ေနာက္ေန႔မွာ တိုက္ပြဲျဖစ္တယ္။ တိုက္ပြဲျဖစ္ေနတုန္း အိမ္မွာထိုင္ေနခ်ိန္မွာ က်ည္ထိမွန္သြားတာ။ တိုက္ပြဲက မညင္းေတာင္နဲ႔ မုတ္ဆိတ္ေခ်ာင္း ေက်းရြာၾကားမွာျဖစ္တာ။ ဒီေနရာနဲ႔ဆို တစ္မိုင္ေလာက္ေဝးတယ္”

ေစတီေတာင္ တိုက္နယ္ေဆး႐ံုမွာ ဒဏ္ရာကို ဓာတ္မွန္ရိုက္ကူး စစ္ေဆးႏိုင္ျခင္း မရိွေၾကာင္း၊ ဒဏ္ရာအေျခအေနနဲ႔ ပတ္သက္လို႔ က်န္းမာေရး ဝန္ထမ္းေတြက အေသးစိတ္ မေျပာျပႏိုင္ခဲ့ေၾကာင္း မိသားစုဝင္ေတြက ေျပာပါတယ္။

မႏွင္းေခ်လိုပဲ ေနာက္ထပ္က်ည္ဒဏ္ရာရသြားတဲ့ ငစင္ေဘာ္ေက်းရြာက ေဒၚသိန္းညြန္႔မလည္း ရြာထဲမွာ ပိတ္မိေနဆဲျဖစ္ပါတယ္။

ေအာက္တိုဘာ ၃၀ ရက္ေန႔က တပ္မေတာ္စစ္ေၾကာင္းရြာထဲဝင္လာခ်ိန္မွာ ေဟာင္ေနတဲ့ေခြးကို ေသနတ္နဲ႔ လွမ္းပစ္ရာကေန ေဒၚသိန္းညြန္႔ ဘယ္ဘက္လက္ကို ထိမွန္သြားတာလို႔ ရြာသားေတြက ေျပာပါတယ္။

ငစင္ေဘာ္ေက်းရြာ ရာအိမ္မွဴးတစ္ဦးျဖစ္တဲ့ ဦးသိန္းထြန္းျဖဴက အခုလို ေျပာပါတယ္။

“ဗုဒၶဟူးေန႔က ရြာထဲကို တပ္မေတာ္ကဝင္လာေတာ့ ေခြးကိုေသနတ္နဲ႔ လွမ္းပစ္ရာမွာ ေဒၚသိန္းညႊန္႔မရဲ႕ လက္မွာ က်ည္ထိမွန္သြားတာေပါ့။ ICRC က လူနာကိုယူဖို႔လာတာ တပ္မေတာ္က မလာရလို႔ ျပန္သြားတယ္။ ဒီေန႔အခ်ိန္အထိ ကိုယ့္ရြာမွာပဲ ရိွေသးတာေပါ့။ သူတို႔ကေတာ့ ေဆးကုခ်င္တယ္လို႔ ေျပာတယ္။ က်ည္ထိမွန္သြားတဲ့ ဒဏ္ရာဆိုေတာ့ သူတို႔က စိုးရိမ္တာေပါ့ေလ။ ဒါေပမဲ့ ဘယ္ကိုမွသြားလာလို႔မရဘူး”

ေဒၚသိန္းညြန္႔မရဲ႕ ဒဏ္ရာကို တပ္မေတာ္စစ္ေၾကာင္းတစ္ခုမွာပါတဲ့ ေဆးမွဴးက ေဆးထည့္ေပးခဲ့တယ္လို႔ သိရပါတယ္။

ဒဏ္ရာေပ်ာက္ကင္းဖို႔အတြက္ မိသားစုက သင့္ေတာ္တဲ့ ေဆးရံုမွာ ကုသမႈခံယူလိုတယ္လို႔ ေျပာပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္အတြင္းမွာ အခုရက္ပိုင္း တပ္မေတာ္နဲ႔ ေအေအအဖြဲ႔တို႔ရဲ႕တိုက္ပြဲေတြဟာ ပိုမိုျပင္းထန္လာေနပါတယ္။

ရခိုင္ျပည္နယ္မွာ အခုႏွစ္အတြင္း လက္နက္က်ည္၊ မိုင္း စတာေတြေၾကာင့္ ေသဆံုးသူ ၉၀ ေက်ာ္ရိွေနၿပီး ဒဏ္ရာရသူကေတာ့ ၁၃၀ ေက်ာ္အထိရိွေနၿပီလို႔ ေဒသခံေတြက ေျပာၾကပါတယ္။

RFA Burmese
https://www.rfa.org
-------------
(Unicode)⤵⤵⤵
ရသေ့တောင်က ဒဏ်ရာရသူနှစ်ဦးကို ကယ်ထုတ်ဖို့ ခက်ခဲနေ

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်ကို တွေ့ရစဉ်
Photo: Google Map

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသက ကျည်ဒဏ်ရာရ လူနာ နှစ်ဦးကို ကယ်ထုတ်ဖို့ ကြိုးစားနေပေမယ့် ကယ်ထုတ်ဖို့ခက်ခဲနေကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာဝန်ရှိသူက ပြောပါတယ်။

ရသေ့တောင်မြို့နယ် မြောက်ပိုင်း ကျောက်ရံကျေးရွာက ၁၃ နှစ်အရွယ် မနှင်းချေနဲ့ ငစင်ဘော် ကျေးရွာက အသက် ၆၀ ဝန်းကျင်အရွယ် ဒေါ်သိန်းညွန့်မတို့ နှစ်ဦးဟာ အောက်တိုဘာ ၃၀ ရက်နေ့က ကျည်သင့်ဒဏ်ရာတွေ အသီးသီးရရှိထားကြပါတယ်။

တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ရွာတွေအနီးအနားမှာ တိုက်ပွဲဖြစ်နေတဲ့အတွက် ဒီနေ့အထိ အဲဒီဒဏ်ရာရ လူနာနှစ်ဦးကို ကယ်ထုတ်ယူဖို့ ခက်ခဲနေတာပါ။

မနေ့က သူတို့နှစ်ဦးကို ကယ်ထုတ်ဖို့သွားရောက်ရာမှာလည်း ရေတပ်ကတားလို့ မသွားရောက်နိုင်ခဲ့ဘူးလို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းရဲ့ ရသေ့တောင်မြို့နယ် တာဝန်ခံ ဦးလှကျော်က ပြောပါတယ်။

“ကျွန်တော့ကို နေဗီကနေပြီး လုံခြုံရေးအရ တာဝန်မယူဘူးဆိုပြီး ကျွန်တော့ကို သွားခွင့်မပြုဘူးလေ။ သွားခွင့်မပေးတော့ ဒီနေ့အထိ မယူနိုင်သေးဘူး ကျွန်တော်တို့က။ စောစောကလည်း ကျောက်တန်းမှာ တိုက်ခိုက်မှုတွေဖြစ်နေတယ်တဲ့။ မိုင်းခွဲတာ။ ဒါကြောင့် ကျွန်တော့ကို သွားခွင့်မပေးနိုင်ဘူးတဲ့။ လုံခြုံရေးအရ စိတ်မချရလို့။ ဒီနေ့ထပ်သွားမယ်လို့ စီစဉ်ထားတာ။ မသွားဖြစ်တော့ဘူး။ မနက်ဖြန်မှ ထပ်စီစဉ်မယ်”

မနေ့က စက်လှေနဲ့ကယ်ထုတ်ဖို့ သွားချိန်မှာ ကြက်ခြေနီအသင်းက တာဝန်ရှိသူတွေအပြင် ကျန်းမာရေးဝန်ထမ်းတွေလည်း လိုက်ပါသွားခဲ့ပါတယ်။ စစ်တွေမြို့ကို ဆက်လက်ပို့ဆောင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) က ကူညီဖို့ ပြင်ဆင်ထားတယ်လို့ဆိုပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက စစ်ဆေးစိစစ်ရတာတွေဟာ တိုက်ပွဲဖြစ်ပွားနေတဲ့နေရာဖြစ်လို့ လုံခြုံရေးအရ ဆောင်ရွက်တာလို့ ပြောပါတယ်။

“နံပါတ်တစ်ကတော့ တိုက်ပွဲနယ်မြေဖြစ်တဲ့အတွက်ကြောင့်မို့လို့ အန္တရာယ်ဖြစ်မှာစိုးလို့ တားတာဖြစ်တယ်။ ဒုတိယအချက်ကလည်း အဲဒီနယ်မြေဟာ အေအေ ကျင်လည်ကျက်စားရာ နယ်မြေဖြစ်တယ်။ (ရွှေနဒီရေယာဉ်ပေါ်က) ကျွန်တော်တို့အဖွဲ့ကို ခေါ်သွားတဲ့နေရာဖြစ်တဲ့အတွက်မို့လို့ အေအေအဖွဲ့တွေသည် ဒဏ်ရာရသွားတယ်ဆိုတာလည်း ကျွန်တော်တို့သိတယ်။ အေအေ အဖွဲ့ဟာ ဘယ်လောက်အထိ ရွာသားအသွင်ယူပြီးလုပ်သလဲဆိုလို့ရှိရင် စစ်တွေတို့၊ မင်းပြားတို့၊ မြောက်ဦးတို့က ဆေးရုံတွေပေါ်မှာ တက်ပြီးတော့မှ ဆေးကုသတယ်။ ဒါကတော့ထားပါ။ ကျွန်တော် မပြောချင်ပါဘူး။ ကျွန်တော်တို့ သေချာမရှာဖွေနိုင်လို့သာ ဒီလိုဆေးရုံတက်တာပေါ့။ အဲလိုမျိုးတွေကို ကျွန်တော်တို့ကသိရတဲ့ အခါကျတော့ ကျွန်တော်တို့က ဒါတွေကို သေချာစိစစ်ရာမှာဗျ။ စိစစ်ချင်တဲ့အတွက်ကြောင့်မို့လို့လည်း ဒါတွေဟာဒီလိုလုပ်တာဖြစ်တယ်။ တိုက်ပွဲမဖြစ်တဲ့နယ်မြေဆိုရင် ကျွန်တော်တို့က ဒါတွေကို ဘယ်လိုမှ ကန့်သတ်စရာအကြောင်းမရှိဘူး”

အောက်တိုဘာ ၃၀ ရက်နေ့ နေ့လယ်ပိုင်းက မညင်းတောင်နဲ့ မုတ်ဆိတ်ချောင်းကျေးရွာကြားမှာ နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီချိန်မှာပဲ တိုက်ပွဲဖြစ်ပွားတဲ့နေရာနဲ့ တစ်မိုင်လောက်အကွာက ကျောက်ရံကျေးရွာမှာရှိတဲ့ မနှင်းချေထံရဲ့ ဘယ်ဘက်လက်ကို ကျည်ထိမှန်ခဲ့တာဖြစ်ပါတယ်။

ဘယ်သူပစ်တဲ့ကျည်ဆိုတာကို မသိရဘူးလို့ မိသားစုက ပြောပါတယ်။

မနှင်းချေတို့မိသားစုဟာ အမျက်တောင်ကျေးရွာကဖြစ်ပြီးတော့ တိုက်ပွဲတွေကြောင့် ကျောက်ရံကျေးရွာကို မိသားစုနဲ့အတူ ထွက်ပြေးရောက်ရှိ ခိုလှုံနေကြတာဖြစ်ကြောင်း မနှင်းချေရဲ့အဖိုးဖြစ်သူ ဦးစံလှကျော်က ပြောပါတယ်။

ဒဏ်ရာရတာ သုံးရက်မြောက်ရှိခဲ့ပြီဖြစ်တာကြောင့် ဒီနေ့မှာတော့ မနက် ၇ နာရီကနေစပြီး စေတီတောင်တိုက်နယ် ဆေးရုံကိုစက်လှေနဲ့ ထွက်လာတာ ညနေ ၄ နာရီလောက်မှာ ဆရာဝန်နဲ့တွေ့ခွင့်ရပြီလို့ အဖိုးဖြစ်သူ ဦးစံလှကျော်က ပြောပါတယ်။

“ကျောက်ရံရွာကို ပြေးလာတဲ့အချိန်မှာ နောက်နေ့မှာ တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲဖြစ်နေတုန်း အိမ်မှာထိုင်နေချိန်မှာ ကျည်ထိမှန်သွားတာ။ တိုက်ပွဲက မညင်းတောင်နဲ့ မုတ်ဆိတ်ချောင်း ကျေးရွာကြားမှာဖြစ်တာ။ ဒီနေရာနဲ့ဆို တစ်မိုင်လောက်ဝေးတယ်”

စေတီတောင် တိုက်နယ်ဆေးရုံမှာ ဒဏ်ရာကို ဓာတ်မှန်ရိုက်ကူး စစ်ဆေးနိုင်ခြင်း မရှိကြောင်း၊ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့ ကျန်းမာရေး ဝန်ထမ်းတွေက အသေးစိတ် မပြောပြနိုင်ခဲ့ကြောင်း မိသားစုဝင်တွေက ပြောပါတယ်။

မနှင်းချေလိုပဲ နောက်ထပ်ကျည်ဒဏ်ရာရသွားတဲ့ ငစင်ဘော်ကျေးရွာက ဒေါ်သိန်းညွန့်မလည်း ရွာထဲမှာ ပိတ်မိနေဆဲဖြစ်ပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့က တပ်မတော်စစ်ကြောင်းရွာထဲဝင်လာချိန်မှာ ဟောင်နေတဲ့ခွေးကို သေနတ်နဲ့ လှမ်းပစ်ရာကနေ ဒေါ်သိန်းညွန့် ဘယ်ဘက်လက်ကို ထိမှန်သွားတာလို့ ရွာသားတွေက ပြောပါတယ်။

ငစင်ဘော်ကျေးရွာ ရာအိမ်မှူးတစ်ဦးဖြစ်တဲ့ ဦးသိန်းထွန်းဖြူက အခုလို ပြောပါတယ်။

“ဗုဒ္ဓဟူးနေ့က ရွာထဲကို တပ်မတော်ကဝင်လာတော့ ခွေးကိုသေနတ်နဲ့ လှမ်းပစ်ရာမှာ ဒေါ်သိန်းညွှန့်မရဲ့ လက်မှာ ကျည်ထိမှန်သွားတာပေါ့။ ICRC က လူနာကိုယူဖို့လာတာ တပ်မတော်က မလာရလို့ ပြန်သွားတယ်။ ဒီနေ့အချိန်အထိ ကိုယ့်ရွာမှာပဲ ရှိသေးတာပေါ့။ သူတို့ကတော့ ဆေးကုချင်တယ်လို့ ပြောတယ်။ ကျည်ထိမှန်သွားတဲ့ ဒဏ်ရာဆိုတော့ သူတို့က စိုးရိမ်တာပေါ့လေ။ ဒါပေမဲ့ ဘယ်ကိုမှသွားလာလို့မရဘူး”

ဒေါ်သိန်းညွန့်မရဲ့ ဒဏ်ရာကို တပ်မတော်စစ်ကြောင်းတစ်ခုမှာပါတဲ့ ဆေးမှူးက ဆေးထည့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဒဏ်ရာပျောက်ကင်းဖို့အတွက် မိသားစုက သင့်တော်တဲ့ ဆေးရုံမှာ ကုသမှုခံယူလိုတယ်လို့ ပြောပါတယ်။

ရသေ့တောင်မြို့နယ်အတွင်းမှာ အခုရက်ပိုင်း တပ်မတော်နဲ့ အေအေအဖွဲ့တို့ရဲ့တိုက်ပွဲတွေဟာ ပိုမိုပြင်းထန်လာနေပါတယ်။

ရခိုင်ပြည်နယ်မှာ အခုနှစ်အတွင်း လက်နက်ကျည်၊ မိုင်း စတာတွေကြောင့် သေဆုံးသူ ၉၀ ကျော်ရှိနေပြီး ဒဏ်ရာရသူကတော့ ၁၃၀ ကျော်အထိရှိနေပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

RFA Burmese
https://www.rfa.org
ရေသ့ေတာင္က ဒဏ္ရာရသူႏွစ္ဦးကို ကယ္ထုတ္ဖို႔ ခက္ခဲေန ရေသ့ေတာင္က ဒဏ္ရာရသူႏွစ္ဦးကို ကယ္ထုတ္ဖို႔ ခက္ခဲေန Reviewed by THITHTOOLWIN on 00:11 Rating: 5
Powered by Blogger.