အန္အယ္လ္ဒီပါတီက ႏုတ္ထြက္လိုက္တဲ့ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာ သက္သက္ခိုင္နဲ႔ အင္တာဗ်ဴး

 AFP/ Getty Images
(Zawgyi)⤵⤵⤵

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (အန္အယ္လ္ဒီ )ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ သက္သက္ခိုင္ဟာ ပါတီကေန ႏုတ္ထြက္လိုက္ပါတယ္။

သူဟာ ၂၀၁၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲမွာ အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ကေန ဒဂုံၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေနရာအတြက္ ဝင္ေရာက္ယွဥ္ၿပိဳင္ အႏိုင္ရရွိခဲ့တဲ့သူပါ။

အန္အယ္လ္ဒီ ပါတီက ၂၀၁၈ ခုႏွစ္ စက္တင္ဘာလအတြင္းမွာ သူ႔ကို ပါတီ တာဝန္ကေန ရပ္ဆိုင္းထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း ေအာက္တိုဘာလ ၃၀ ရက္ေန႔မွာေတာ့ အန္အယ္လ္ဒီ ပါတီကေန သူႏုတ္ထြက္ခြင့္ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

သူ ႏိုင္ငံေရးပါတီသစ္ထူေထာင္ဖို႔ စီစဥ္ေနတယ္လို႔လည္း ဆိုပါတယ္။

သူ႔ရဲ႕ပါတီအမည္ကို မေျပာေသးေပမယ့္ အဲဒီပါတီဟာ ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP) ဆိုတဲ့ သတင္းေတြ ထြက္ပါတယ္။

ေဒါက္တာ သက္သက္ခိုင္နဲ႔ ဘီဘီစီ အင္တာဗ်ဴး

ဘီဘီစီ - အန္အယ္လ္ဒီပါတီ ကေန ဘာေၾကာင့္ ႏုတ္ထြက္တာပါလဲ။

ေဒါက္တာ သက္သက္ခိုင္ - ၂၀၁၅ (ေ႐ြးေကာက္ပြဲ)ေအာင္ႏိုင္ေရးကာလကတည္းက စလို႔ ကြၽန္မကို မီဒီယာနဲ႔ စကားေျပာလို႔ဆိုၿပီး ေခၚယူၿပီးေတာ့ သတိေပးတာေတြ လုပ္တယ္ရွင့္၊ ထုေခ်လႊာတင္ပါတို႔ ဘာတို႔ အဲဒါေတြလည္း လုပ္တယ္ရွင့္၊ အဲဒါေတာ့ ေတာက္ေလွ်ာက္ေပါ့ေနာ္၊ အဲဒီလို လုပ္ၿပီးေတာ့ ၂၀၁၈ စက္တင္ဘာလက်ေတာ့ ျဗဳန္းစားႀကီး စာေရာက္လာပါတယ္ရွင့္၊ ေဒၚသက္သက္ခိုင္ကို ပါတီတာဝန္က ရပ္နားတယ္ေပါ့ေနာ္၊ ဟိုအေၾကာင္းျပခ်က္လည္း မရွိဘူး၊ ကြၽန္မအေနနဲ႔ေတာ့ ဒါပါတီတြင္းမွာ ဥပေဒမဲ့လုပ္တာမ်ိဳးလို႔ ျမင္တယ္၊ ၂၀၁၉ ထဲမွာ ကြၽန္မ လႊတ္ေတာ္အတြင္းမွာ တတိယအႀကိမ္ လႊတ္ေတာ္အတြင္းမွာ အဆိုတင္ တယ္ရွင့္၊ အဆိုတင္တဲ့အခါက်ေတာ့ ပါတီကို အရင္ျဖတ္ရတာေပါ့ေနာ္၊ ကြၽန္မ ပါတီကို အရင္တင္ပါတယ္၊ ပါတီက ျပင္ခိုင္းတာကိုလည္း ကြၽန္မျပင္ပါတယ္၊ ျပင္ၿပီးေတာ့မွ ကြၽန္မ လႊတ္ေတာ္ကို တင္ပါတယ္၊ ေထာက္ခံေပးမယ့္လူက်ေတာ့၊ ေဒၚသက္သက္ခိုင္ အဆိုကို ေထာက္ခံလို႔ရွိရင္ ပါတီကေနထုတ္မယ္လို႔ ေျပာပါတယ္ရွင့္၊ ၿပီးေတာ့ ပါတီတြင္းမွာလည္း ၂၀၂၀ အတြက္(ေ႐ြးေကာက္ခံအမတ္ ေ႐ြးမယ္) ဆိုရင္ ဘယ္သူ႔ကို ထည့္မယ္ ဘယ္သူ႔ကို မထည့္ဘူး၊ အဲဒါေတြ တိုးတိုးတိတ္တိတ္ေတြ ထြက္တာေပါ့၊ ကြၽန္မတို႔ ဒဂုံၿမိဳ႕နယ္မွာ ၄ ေယာက္ရွိတာ၊ တေယာက္ပဲျပန္ပါမယ္ဆိုတာလည္း ၾကားရတယ္။

ဆိုေတာ့ ထြက္ရျခင္းအေၾကာင္းရင္းက ၃ ခ်က္ပါ၊ နံပါတ္ ၁ က က်ေတာ့ ဒီမိုကေရစီနဲ႔မညီတဲ့ ကန္႔သတ္မႈေတြ ကြၽန္မကိုလုပ္တယ္၊ နံပါတ္ ၂ က က်ေတာ့ လႊတ္ေတာ္ ကိုယ္စားလွယ္ တေယာက္ရဲ႕ အခြင့္အေရးကို ကန္႔သတ္ဖို႔ႀကိဳးစားတယ္၊ ၿပီးေတာ့ နံပါတ္ ၃ က က်ေတာ့ ၂၀၂၀ (ေ႐ြးေကာက္ပြဲအတြက္)မွာလည္း ကြၽန္မကို ထည့္ေတာ့မွာမဟုတ္ဘူး ဆိုတဲ့အခါက်ေတာ့ ကြၽန္မ အန္အယ္ဒီက ႏုတ္ထြက္တာျဖစ္ပါတယ္ရွင့္၊

အဓိက ကြၽန္မဘာလို႔ႏုတ္ထြက္ရလဲ ဆိုလို႔ရွိရင္ ကြၽန္မ လြတ္လြတ္လပ္လပ္နဲ႔ လုပ္မယ္ဆိုရင္ ကြၽန္မ ဒီထက္ပိုၿပီးေတာ့မွ အလုပ္ေတြအမ်ားႀကီးလုပ္ႏိုင္ေသးတယ္လို႔လည္း ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္တဲ့အတြက္ အခုလို ႏုတ္ထြက္တာ ျဖစ္ပါတယ္ရွင့္။

ဘီဘီစီ - အဲဒီကိစၥေတြျဖစ္ခဲ့တုန္းက ဘာျဖစ္လို႔မေျပာခဲ့ပဲ ဒါေတြဘာျဖစ္လို႔ အခုမွထုတ္ေျပာ ရတာ ပါလဲ။

ေဒါက္တာ သက္သက္ခိုင္ - ေျပာခဲ့တာေတြလည္း ရွိတာေတြေတာ့ ရွိပါတယ္၊ အဓိကကေတာ့ ပါတီနဲ႔ ကြၽန္မ ျပႆနာမျဖစ္ခ်င္ဘူး၊ ႀကိဳးစားၿပီးေတာ့ သည္းဉာဥ္းခံၿပီးကြၽန္မ ေနခဲ့တယ္၊ ေခၚရင္လည္း သြားတာပဲ၊ ေမးရင္လည္းေျဖတာပဲ၊ စစ္ေဆးတယ္ဆိုရင္လည္း ကြၽန္မ မီဒီယာနဲ႔ ေျပာတယ္ဆိုတာ ကြၽန္မယုံၾကည္တဲ့အတိုင္း ဘာေၾကာင့္လဲ ဆိုတာ ေျပာပါတယ္ရွင့္၊ ပါတီတြင္း႐ုန္းကန္မႈေပါ့ေနာ္၊ ကြၽန္မအဲဒါေတြေတာ့ လုပ္ခဲ့ပါတယ္။

AFP/ Getty Images

ဘီဘီစီ - အခုလို ေ႐ြးေကာက္ပြဲဝင္ဖို႔ ပါတီေထာင္ဖို႔က အန္အယ္လ္ဒီကို စဝင္ကတည္းက ရည္႐ြယ္ခ်က္ရွိခဲ့တာလား။

ေဒါက္တာ သက္သက္ခိုင္ - ျပႆနာေတြေၾကာင့္ပါရွင့္၊ ကြၽန္မတသက္လုံးမွာ ပါတီေထာင္မယ္လို႔ တခါမွ မစဥ္းစားဖူးပါဘူး၊ ပါတီေထာင္တယ္ဆိုတာ လြယ္တဲ့ကိစၥ မဟုတ္ပါဘူးရွင့္၊ ကြၽန္မတို႔ကေတာ့ ဒီမိုကေရစီကို ယုံၾကည္မွလာပါဆိုေတာ့ ဒီမိုကေရစီကို ယုံၾကည္လို႔လာတယ္၊ ဒီမိုကေရစီနဲ႔ မကိုက္ညီတဲ့ ဆန္႔က်င္တဲ့ လုပ္ထုံးလုပ္နည္းေတြနဲ႔ ကြၽန္မတို႔ကို ေက်ာသားရင္သားခြဲျခားၿပီး လုပ္တယ္ေပါ့ေနာ္၊ ေနာက္ဆုံးေ႐ြးေကာက္ခံ ကိုယ္စားလွယ္တေယာက္ရဲ႕အခြင့္အေရးကို ဥပေဒနဲ႔မညီဘဲနဲ႔ ကန္႔သတ္ဖို႔ ႀကိဳးစားတယ္ေပါ့ေနာ္။

ေနာက္ပါတီေထာင္ရျခင္း အေၾကာင္းရင္းက တိုင္းျပည္တည္ေဆာက္ေရးအပိုင္းမွာ ကြၽန္မ ကလည္း တတပ္တအားက ပါဝင္ခ်င္တယ္ေပါ့ေနာ္၊ ပါဝင္ႏိုင္ေသးတယ္၊ ကြၽန္မဒီထက္ အမ်ားႀကီးလည္း လုပ္ႏိုင္ေသးတယ္လို႔ ယုံၾကည္တဲ့အတြက္ ကြၽန္မအခုလို ပါတီေထာင္တာ ျဖစ္ပါတယ္၊ ဒါေပမဲ့ ကြၽန္မတေယာက္တည္းေထာင္တာ မဟုတ္ပါဘူး၊ ကြၽန္မတို႔က စုေပါင္းဦးေဆာင္မႈနဲ႔ ေထာင္တာ ျဖစ္တယ္၊ ကြၽန္မတို႔လုပ္ငန္းရွင္ေတြ၊ စီးပြားေရး ပညာရွင္ေတြ၊ လူငယ္ပညာတတ္ေတြ၊ အေတြ႕အႀကဳံရင့္က်က္တဲ့ တတ္သိပညာရွင္ေတြနဲ႔ စုေပါင္းၿပီးေတာ့မွ ကြၽန္မတို႔တည္ေထာင္တာ ျဖစ္ပါတယ္ရွင့္။

ဘီဘီစီ - ႏိုင္ငံေရးအစဥ္အလာရွိတဲ့သူေတြ ဘယ္လိုလူမ်ိဳးေတြ ပါပါလဲ။

ေဒါက္တာ သက္သက္ခိုင္ - ပါတီနဲ႔ ပတ္သက္ၿပီးေတာ့ ကြၽန္မတို႔ပါတီကို ျပည္သူနဲ႔ မိတ္ဆက္တဲ့ပြဲလုပ္မယ္၊ သတင္းစာရွင္းလင္းပြဲလည္းလုပ္ပါမယ္၊ အဲဒီက်ရင္ ကြၽန္မတို႔ ပါတီ တည္ေထာင္တဲ့လူေတြ အားလုံးကေနၿပီးေတာ့ ကြၽန္မတို႔ဘယ္လို ပါတီမ်ိဳးလဲ၊ ဘယ္သူေတြပါသလဲ ဆိုတာ ကြၽန္မတို႔အားလုံး ခ်ျပမွာပါရွင့္။

ဘီဘီစီ - ပါတီမူဝါဒ၊ ပါတီရည္႐ြယ္ခ်က္အဲ့ေလာက္ ကိုေရာ ေျပာျပလို႔ရပါၿပီလား။

ေဒါက္တာ သက္သက္ခိုင္ - ကြၽန္မတို႔ သတင္းစာရွင္းလင္းပြဲက်ရင္ က်ယ္က်ယ္ျပန္႔ျပန္႔ ေျပာမွာပါ၊ အခုေတာ့ ေျပာလိုက္လို႔ရွိရင္ မျပည့္မစုံနဲ႔ျဖစ္ၿပီးေတာ့ေလ၊ တဝက္တပ်က္ႀကီး ျဖစ္မွာစိုးလို႔ပါ။

ဘီဘီစီ - အန္အယ္ဒီကေနလည္း အေ႐ြးခံခဲ့ဖူးတယ္၊ အခု ပါတီေထာင္ၿပီးေ႐ြးေကာက္ပြဲ ဝင္မွာေပါ့ေလ၊ အန္အယ္လ္ဒီလို ပါတီႀကီးေပါ့ေလ၊ လူထုေထာက္ခံမႈ ရထားတဲ့ ပါတီႀကီး ျဖစ္ေနဆဲ ဆိုေတာ့ အဲဒီပါတီကိုတကယ္ပဲ ယွဥ္ႏိုင္ပါ့မလား။

ေဒါက္တာ သက္သက္ခိုင္ - အဓိကကေတာ့ အန္အယ္လ္ဒီကို ယွဥ္ဖို႔လို႔ (ရည္႐ြယ္ၿပီး) ကြၽန္မတို႔ ပါတီေထာင္တာ မဟုတ္ပါဘူး၊ အဓိကက ဘာလဲဆိုရင္ ကြၽန္မတို႔ ပါတီစုံ ဒီမိုကေရစီဆိုတဲ့ အႏွစ္သာရ ျပည့္ဝေအာင္၊ ျပည္သူေတြ ေ႐ြးခ်ယ္စရာတခု တိုးလာဖို႔အတြက္ လုပ္တာပါ၊ ၿပီးလို႔ရွိရင္ ျပည္သူေတြရဲ႕ေထာက္ခံမႈနဲ႔ တိုင္းျပည္တည္ေဆာက္မႈမွာ ပါဝင္ဖို႔အတြက္ ကြၽန္မတို႔က လုပ္တာပါရွင့္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵

အန်အယ်လ်ဒီပါတီက နုတ်ထွက်လိုက်တဲ့ ပြည်သူ့လွှတ်တော်အမတ် ဒေါက်တာ သက်သက်ခိုင်နဲ့ အင်တာဗျူး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ )ပါတီက လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ သက်သက်ခိုင်ဟာ ပါတီကနေ နုတ်ထွက်လိုက်ပါတယ်။

သူဟာ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကနေ ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရရှိခဲ့တဲ့သူပါ။

အန်အယ်လ်ဒီ ပါတီက ၂၀၁၈ ခုနှစ် စက်တင်ဘာလအတွင်းမှာ သူ့ကို ပါတီ တာဝန်ကနေ ရပ်ဆိုင်းထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာလ ၃၀ ရက်နေ့မှာတော့ အန်အယ်လ်ဒီ ပါတီကနေ သူနုတ်ထွက်ခွင့် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

သူ နိုင်ငံရေးပါတီသစ်ထူထောင်ဖို့ စီစဉ်နေတယ်လို့လည်း ဆိုပါတယ်။

သူ့ရဲ့ပါတီအမည်ကို မပြောသေးပေမယ့် အဲဒီပါတီဟာ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) ဆိုတဲ့ သတင်းတွေ ထွက်ပါတယ်။

ဒေါက်တာ သက်သက်ခိုင်နဲ့ ဘီဘီစီ အင်တာဗျူး

ဘီဘီစီ - အန်အယ်လ်ဒီပါတီ ကနေ ဘာကြောင့် နုတ်ထွက်တာပါလဲ။

ဒေါက်တာ သက်သက်ခိုင် - ၂၀၁၅ (ရွေးကောက်ပွဲ)အောင်နိုင်ရေးကာလကတည်းက စလို့ ကျွန်မကို မီဒီယာနဲ့ စကားပြောလို့ဆိုပြီး ခေါ်ယူပြီးတော့ သတိပေးတာတွေ လုပ်တယ်ရှင့်၊ ထုချေလွှာတင်ပါတို့ ဘာတို့ အဲဒါတွေလည်း လုပ်တယ်ရှင့်၊ အဲဒါတော့ တောက်လျှောက်ပေါ့နော်၊ အဲဒီလို လုပ်ပြီးတော့ ၂၀၁၈ စက်တင်ဘာလကျတော့ ဗြုန်းစားကြီး စာရောက်လာပါတယ်ရှင့်၊ ဒေါ်သက်သက်ခိုင်ကို ပါတီတာဝန်က ရပ်နားတယ်ပေါ့နော်၊ ဟိုအကြောင်းပြချက်လည်း မရှိဘူး၊ ကျွန်မအနေနဲ့တော့ ဒါပါတီတွင်းမှာ ဥပဒေမဲ့လုပ်တာမျိုးလို့ မြင်တယ်၊ ၂၀၁၉ ထဲမှာ ကျွန်မ လွှတ်တော်အတွင်းမှာ တတိယအကြိမ် လွှတ်တော်အတွင်းမှာ အဆိုတင် တယ်ရှင့်၊ အဆိုတင်တဲ့အခါကျတော့ ပါတီကို အရင်ဖြတ်ရတာပေါ့နော်၊ ကျွန်မ ပါတီကို အရင်တင်ပါတယ်၊ ပါတီက ပြင်ခိုင်းတာကိုလည်း ကျွန်မပြင်ပါတယ်၊ ပြင်ပြီးတော့မှ ကျွန်မ လွှတ်တော်ကို တင်ပါတယ်၊ ထောက်ခံပေးမယ့်လူကျတော့၊ ဒေါ်သက်သက်ခိုင် အဆိုကို ထောက်ခံလို့ရှိရင် ပါတီကနေထုတ်မယ်လို့ ပြောပါတယ်ရှင့်၊ ပြီးတော့ ပါတီတွင်းမှာလည်း ၂၀၂၀ အတွက်(ရွေးကောက်ခံအမတ် ရွေးမယ်) ဆိုရင် ဘယ်သူ့ကို ထည့်မယ် ဘယ်သူ့ကို မထည့်ဘူး၊ အဲဒါတွေ တိုးတိုးတိတ်တိတ်တွေ ထွက်တာပေါ့၊ ကျွန်မတို့ ဒဂုံမြို့နယ်မှာ ၄ ယောက်ရှိတာ၊ တယောက်ပဲပြန်ပါမယ်ဆိုတာလည်း ကြားရတယ်။

ဆိုတော့ ထွက်ရခြင်းအကြောင်းရင်းက ၃ ချက်ပါ၊ နံပါတ် ၁ က ကျတော့ ဒီမိုကရေစီနဲ့မညီတဲ့ ကန့်သတ်မှုတွေ ကျွန်မကိုလုပ်တယ်၊ နံပါတ် ၂ က ကျတော့ လွှတ်တော် ကိုယ်စားလှယ် တယောက်ရဲ့ အခွင့်အရေးကို ကန့်သတ်ဖို့ကြိုးစားတယ်၊ ပြီးတော့ နံပါတ် ၃ က ကျတော့ ၂၀၂၀ (ရွေးကောက်ပွဲအတွက်)မှာလည်း ကျွန်မကို ထည့်တော့မှာမဟုတ်ဘူး ဆိုတဲ့အခါကျတော့ ကျွန်မ အန်အယ်ဒီက နုတ်ထွက်တာဖြစ်ပါတယ်ရှင့်၊

အဓိက ကျွန်မဘာလို့နုတ်ထွက်ရလဲ ဆိုလို့ရှိရင် ကျွန်မ လွတ်လွတ်လပ်လပ်နဲ့ လုပ်မယ်ဆိုရင် ကျွန်မ ဒီထက်ပိုပြီးတော့မှ အလုပ်တွေအများကြီးလုပ်နိုင်သေးတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့အတွက် အခုလို နုတ်ထွက်တာ ဖြစ်ပါတယ်ရှင့်။

ဘီဘီစီ - အဲဒီကိစ္စတွေဖြစ်ခဲ့တုန်းက ဘာဖြစ်လို့မပြောခဲ့ပဲ ဒါတွေဘာဖြစ်လို့ အခုမှထုတ်ပြော ရတာ ပါလဲ။

ဒေါက်တာ သက်သက်ခိုင် - ပြောခဲ့တာတွေလည်း ရှိတာတွေတော့ ရှိပါတယ်၊ အဓိကကတော့ ပါတီနဲ့ ကျွန်မ ပြဿနာမဖြစ်ချင်ဘူး၊ ကြိုးစားပြီးတော့ သည်းဉာဉ်းခံပြီးကျွန်မ နေခဲ့တယ်၊ ခေါ်ရင်လည်း သွားတာပဲ၊ မေးရင်လည်းဖြေတာပဲ၊ စစ်ဆေးတယ်ဆိုရင်လည်း ကျွန်မ မီဒီယာနဲ့ ပြောတယ်ဆိုတာ ကျွန်မယုံကြည်တဲ့အတိုင်း ဘာကြောင့်လဲ ဆိုတာ ပြောပါတယ်ရှင့်၊ ပါတီတွင်းရုန်းကန်မှုပေါ့နော်၊ ကျွန်မအဲဒါတွေတော့ လုပ်ခဲ့ပါတယ်။
ဓာတ်ပုံ မူပိုင် AFP/ Getty Images

ဘီဘီစီ - အခုလို ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ဖို့က အန်အယ်လ်ဒီကို စဝင်ကတည်းက ရည်ရွယ်ချက်ရှိခဲ့တာလား။

ဒေါက်တာ သက်သက်ခိုင် - ပြဿနာတွေကြောင့်ပါရှင့်၊ ကျွန်မတသက်လုံးမှာ ပါတီထောင်မယ်လို့ တခါမှ မစဉ်းစားဖူးပါဘူး၊ ပါတီထောင်တယ်ဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပါဘူးရှင့်၊ ကျွန်မတို့ကတော့ ဒီမိုကရေစီကို ယုံကြည်မှလာပါဆိုတော့ ဒီမိုကရေစီကို ယုံကြည်လို့လာတယ်၊ ဒီမိုကရေစီနဲ့ မကိုက်ညီတဲ့ ဆန့်ကျင်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ ကျွန်မတို့ကို ကျောသားရင်သားခွဲခြားပြီး လုပ်တယ်ပေါ့နော်၊ နောက်ဆုံးရွေးကောက်ခံ ကိုယ်စားလှယ်တယောက်ရဲ့အခွင့်အရေးကို ဥပဒေနဲ့မညီဘဲနဲ့ ကန့်သတ်ဖို့ ကြိုးစားတယ်ပေါ့နော်။

နောက်ပါတီထောင်ရခြင်း အကြောင်းရင်းက တိုင်းပြည်တည်ဆောက်ရေးအပိုင်းမှာ ကျွန်မ ကလည်း တတပ်တအားက ပါဝင်ချင်တယ်ပေါ့နော်၊ ပါဝင်နိုင်သေးတယ်၊ ကျွန်မဒီထက် အများကြီးလည်း လုပ်နိုင်သေးတယ်လို့ ယုံကြည်တဲ့အတွက် ကျွန်မအခုလို ပါတီထောင်တာ ဖြစ်ပါတယ်၊ ဒါပေမဲ့ ကျွန်မတယောက်တည်းထောင်တာ မဟုတ်ပါဘူး၊ ကျွန်မတို့က စုပေါင်းဦးဆောင်မှုနဲ့ ထောင်တာ ဖြစ်တယ်၊ ကျွန်မတို့လုပ်ငန်းရှင်တွေ၊ စီးပွားရေး ပညာရှင်တွေ၊ လူငယ်ပညာတတ်တွေ၊ အတွေ့အကြုံရင့်ကျက်တဲ့ တတ်သိပညာရှင်တွေနဲ့ စုပေါင်းပြီးတော့မှ ကျွန်မတို့တည်ထောင်တာ ဖြစ်ပါတယ်ရှင့်။

ဘီဘီစီ - နိုင်ငံရေးအစဉ်အလာရှိတဲ့သူတွေ ဘယ်လိုလူမျိုးတွေ ပါပါလဲ။

ဒေါက်တာ သက်သက်ခိုင် - ပါတီနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့ပါတီကို ပြည်သူနဲ့ မိတ်ဆက်တဲ့ပွဲလုပ်မယ်၊ သတင်းစာရှင်းလင်းပွဲလည်းလုပ်ပါမယ်၊ အဲဒီကျရင် ကျွန်မတို့ ပါတီ တည်ထောင်တဲ့လူတွေ အားလုံးကနေပြီးတော့ ကျွန်မတို့ဘယ်လို ပါတီမျိုးလဲ၊ ဘယ်သူတွေပါသလဲ ဆိုတာ ကျွန်မတို့အားလုံး ချပြမှာပါရှင့်။

ဘီဘီစီ - ပါတီမူဝါဒ၊ ပါတီရည်ရွယ်ချက်အဲ့လောက် ကိုရော ပြောပြလို့ရပါပြီလား။

ဒေါက်တာ သက်သက်ခိုင် - ကျွန်မတို့ သတင်းစာရှင်းလင်းပွဲကျရင် ကျယ်ကျယ်ပြန့်ပြန့် ပြောမှာပါ၊ အခုတော့ ပြောလိုက်လို့ရှိရင် မပြည့်မစုံနဲ့ဖြစ်ပြီးတော့လေ၊ တဝက်တပျက်ကြီး ဖြစ်မှာစိုးလို့ပါ။

ဘီဘီစီ - အန်အယ်ဒီကနေလည်း အရွေးခံခဲ့ဖူးတယ်၊ အခု ပါတီထောင်ပြီးရွေးကောက်ပွဲ ဝင်မှာပေါ့လေ၊ အန်အယ်လ်ဒီလို ပါတီကြီးပေါ့လေ၊ လူထုထောက်ခံမှု ရထားတဲ့ ပါတီကြီး ဖြစ်နေဆဲ ဆိုတော့ အဲဒီပါတီကိုတကယ်ပဲ ယှဉ်နိုင်ပါ့မလား။

ဒေါက်တာ သက်သက်ခိုင် - အဓိကကတော့ အန်အယ်လ်ဒီကို ယှဉ်ဖို့လို့ (ရည်ရွယ်ပြီး) ကျွန်မတို့ ပါတီထောင်တာ မဟုတ်ပါဘူး၊ အဓိကက ဘာလဲဆိုရင် ကျွန်မတို့ ပါတီစုံ ဒီမိုကရေစီဆိုတဲ့ အနှစ်သာရ ပြည့်ဝအောင်၊ ပြည်သူတွေ ရွေးချယ်စရာတခု တိုးလာဖို့အတွက် လုပ်တာပါ၊ ပြီးလို့ရှိရင် ပြည်သူတွေရဲ့ထောက်ခံမှုနဲ့ တိုင်းပြည်တည်ဆောက်မှုမှာ ပါဝင်ဖို့အတွက် ကျွန်မတို့က လုပ်တာပါရှင့်။

BBC Burmese
https://www.bbc.com
အန္အယ္လ္ဒီပါတီက ႏုတ္ထြက္လိုက္တဲ့ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာ သက္သက္ခိုင္နဲ႔ အင္တာဗ်ဴး အန္အယ္လ္ဒီပါတီက ႏုတ္ထြက္လိုက္တဲ့ ျပည္သူ႔လႊတ္ေတာ္အမတ္ ေဒါက္တာ သက္သက္ခိုင္နဲ႔ အင္တာဗ်ဴး Reviewed by THITHTOOLWIN on 00:18 Rating: 5
Powered by Blogger.