လားရႈိးၿမိဳ႕တြင္ အမ်ိဳးသားတဦး ဓားထိုးဒဏ္ရာျဖင့္ ေသဆုံး

(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၁ ရက္ ၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း လားရႈိးၿမိဳ႕ အမွတ္(၅) ရပ္ကြက္၊ ပန္အုပ္ ေက်ာင္းအနီးတြင္ အမ်ိဳးသားတဦး ဓားထိုးဒဏ္ရာျဖင့္ ေသဆုံးေၾကာင္း သတင္းရရွိသည္။

ေအာက္တိုဘာ ၃၁ ရက္ လားရႈိး အမွတ္ (၅) ရပ္ကြက္တြင္ အသက္ ၃၀ အ႐ြယ္ရွိ ကိုသက္ ဆုိသူ ဓားထိုးဒဏ္ရာျဖင့္ ေသဆုံးေနေၾကာင္း၊ ေသဆုံးသူသည္ မူးယစ္ေဆး သုံးစြဲသူဟု ယူဆရေၾကာင္း သွ်မ္းလူငယ္အဖြဲ႕ (TYO) မွ စိုင္းဟန္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ က်ေနာ္အထင္ မူးယစ္ေဆးေၾကာင့္ပဲ။ ဘာလို႔ လဲဆိုေတာ့ ရပ္ကြက္ (၅) မွာ မူးယစ္ေဆးသုံးတဲ့သူမ်ားတယ္။ မူးယစ္ေဆး သုံးသူအခ်င္းခ်င္း ျဖစ္တယ္လို႔ ထင္ပါတယ္ ” ဟု စိုင္းဟန္ က ေျပာသည္။

အဆိုပါ ေသဆုံးသူ သည္ ခါးႏွင့္ ဝဲေပါင္ တြင္ ထိုးသြင္းဒဏ္ရာ ရထားေၾကာင္း လည္း သိရသည္။

လက္ရွိမွာ ဓားထိုးခံရသည့္ ကိုသက္ ႏွင့္ ပတ္သက္ၿပီး လားရႈိးၿမိဳ႕ မန္မိုင္း ေတာင္ကုန္ မိအယ္(ခ) ဝဏၰစံ ကို လားရႈိးၿမိဳ႕ မရဲစခန္း မွ (ပ) ၄၅၃/ ၂၀၁၉ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ ကာ ဖမ္းဆီးထားေၾကာင္း လားရႈိးၿမိဳ႕ မရဲစခန္းမွ စုံစမ္းသိရသည္။

လားရႈိးၿမိဳ႕ ေပၚတြင္ မူးယစ္ေဆးဝါး အလြယ္တကူ ရရွိကာ မၾကာခဏ ဒုစ႐ိုက္မႈ ျဖစ္ပြားေၾကာင္း လည္း လားရႈိး ေဒသခံမ်ားက ေျပာသည္။

ယခုႏွစ္ ဇူလိုင္ ၈ ရက္တြင္လည္း အမွတ္(၆) ေ႐ႊလီရပ္ကြက္ တြင္ အရက္မူးၿပီး လမ္းသြားလမ္းလာမ်ားအား ဓားကိုင္ ကာ ရမ္းကားဆဲဆိုသည့္ အမ်ိဳးသား သည္ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉး ကို ဓားရွည္ျဖင့္ ခုတ္ခဲ့ေၾကာင္း သိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-----------------
(Unicode)⤵⤵⤵

လားရှိုးမြို့တွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံး

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာ ၁ ရက် ၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့ အမှတ်(၅) ရပ်ကွက်၊ ပန်အုပ် ကျောင်းအနီးတွင် အမျိုးသားတဦး ဓားထိုးဒဏ်ရာဖြင့် သေဆုံးကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၃၁ ရက် လားရှိုး အမှတ် (၅) ရပ်ကွက်တွင် အသက် ၃၀ အရွယ်ရှိ ကိုသက် ဆိုသူ ဓားထိုးဒဏ်ရာဖြင့် သေဆုံးနေကြောင်း၊ သေဆုံးသူသည် မူးယစ်ဆေး သုံးစွဲသူဟု ယူဆရကြောင်း သျှမ်းလူငယ်အဖွဲ့ (TYO) မှ စိုင်းဟန် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ ကျနော်အထင် မူးယစ်ဆေးကြောင့်ပဲ။ ဘာလို့ လဲဆိုတော့ ရပ်ကွက် (၅) မှာ မူးယစ်ဆေးသုံးတဲ့သူများတယ်။ မူးယစ်ဆေး သုံးသူအချင်းချင်း ဖြစ်တယ်လို့ ထင်ပါတယ် ” ဟု စိုင်းဟန် က ပြောသည်။

အဆိုပါ သေဆုံးသူ သည် ခါးနှင့် ဝဲပေါင် တွင် ထိုးသွင်းဒဏ်ရာ ရထားကြောင်း လည်း သိရသည်။

လက်ရှိမှာ ဓားထိုးခံရသည့် ကိုသက် နှင့် ပတ်သက်ပြီး လားရှိုးမြို့ မန်မိုင်း တောင်ကုန် မိအယ်(ခ) ဝဏ္ဏစံ ကို လားရှိုးမြို့ မရဲစခန်း မှ (ပ) ၄၅၃/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ကာ ဖမ်းဆီးထားကြောင်း လားရှိုးမြို့ မရဲစခန်းမှ စုံစမ်းသိရသည်။

လားရှိုးမြို့ ပေါ်တွင် မူးယစ်ဆေးဝါး အလွယ်တကူ ရရှိကာ မကြာခဏ ဒုစရိုက်မှု ဖြစ်ပွားကြောင်း လည်း လားရှိုး ဒေသခံများက ပြောသည်။

ယခုနှစ် ဇူလိုင် ၈ ရက်တွင်လည်း အမှတ်(၆) ရွှေလီရပ်ကွက် တွင် အရက်မူးပြီး လမ်းသွားလမ်းလာများအား ဓားကိုင် ကာ ရမ်းကားဆဲဆိုသည့် အမျိုးသား သည် ရပ်ကွက် အုပ်ချုပ်ရေးမှူး ကို ဓားရှည်ဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
လားရႈိးၿမိဳ႕တြင္ အမ်ိဳးသားတဦး ဓားထိုးဒဏ္ရာျဖင့္ ေသဆုံး လားရႈိးၿမိဳ႕တြင္ အမ်ိဳးသားတဦး ဓားထိုးဒဏ္ရာျဖင့္ ေသဆုံး Reviewed by THITHTOOLWIN on 00:21 Rating: 5
Powered by Blogger.