ပလက္ဝမွာ ညမထြက္ရအမိန႔္ ပထမဆုံးအႀကိမ္ ထုတ္ျပန္

ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝၿမိဳ႕နယ္ေျမပုံကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း ည ( ၆) နာရီကေန မနက္ (၆) နာရီအတြင္း အမိန႔္တစ္စုံတရာမရွိဘဲ လုံၿခဳံေရးတာဝန္ရွိသူမွအပ သြားလာလႈပ္ရွားမႈမျပဳဖို႔ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕  ခြင့္ျပဳခ်က္နဲ႔ ပထမဆုံးအႀကိမ္ အမိန႔္ထုတ္ျပန္လိုက္တာလို႔ ျပည္နယ္အစိုးရအဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ စည္ပင္သာယာေရးဝန္ႀကီး ဦးစိုးထက္ က ေျပာပါတယ္။

တိုက္ပြဲေတြျဖစ္ေနတဲ့အျပင္ အရပ္သားဖမ္းဆီးခံရမႈေတြ ရွိေနတဲ့အတြက္ အခုလို ထုတ္ျပန္တာျဖစ္တယ္လို႔ ဝန္ႀကီး ဦးစိုးထက္က RFA ကို ေျပာပါတယ္။

“လုံၿခဳံေရးအေျခအေနအရ သူမ်ားထက္ကို ပိုဆိုးတဲ့အတြက္ က်ေနာ္တို႔က မနက္ (၆) ၊ ည (၆) ကိုလုပ္ထားတာ၊ တေလာက စက္ေလွကေန ႏိုင္ငံျခားသား အိႏၵိယႏိုင္ငံသား ငါးဦးနဲ႔ လႊတ္ေတာ္ကိုယ္စားလွယ္ေတြေကာ ဆယ္ဦး ဖမ္းၿပီးေတာ့၊ … လႊတ္လိုက္တဲ့ ေနာက္မွာလည္း နယ္ေျမက ပိုမေအးခ်မ္းဘူး။ ၿပီးေတာ့ တိုက္ပြဲေတြလည္းျဖစ္၊ လူထုေတြကလည္း စစ္ေဘးေရွာင္ထြက္ေျပးရ အဲဒီလိုေတြ ျဖစ္ေနတယ္ေလ။ ဒီဟာမ်ိဳးက လုပ္သင့္ၿပီလို႔ ေအာက္ေျခက တင္ျပလာတဲ့ အေပၚမွာ ျပည္ေထာင္စုကို တင္ျပၿပီး ျပည္ေထာင္စုက ခြင့္ျပဳလို႔ ဒီေန႔မနက္ ထုတ္လိုက္တာပါ”

ရခိုင္ေဒသတိုက္ပြဲေတြ ပလက္ဝအထိ ကူးစက္လာတာ ကာလအတန္ၾကာ ရွိလာခ်ိန္မွာ ဒီအမိန႔္ ေပၚထြက္လာတာပါ။

တိုက္ပြဲကာလအတြင္း အစိုးရက ေကာက္ယူထားတဲ့ စာရင္းေတြအရ ပလက္ဝၿမိဳ႕နယ္မွာ AA က ဖမ္းဆီးသြားသူ  ၁၅၀ ခန႔္ရွိၿပီး အဲ့ဒီထဲက ျပန္လြတ္လာသူဟာ ၆၅ ဦး၊ ေသဆုံးသူ တစ္ဦးနဲ႔ ျပန္မလြတ္ေသးသူ ၈၄ ဦး ရွိေနတယ္လို႔ သိရပါတယ္။

ျပန္လြတ္မလာေသးသူေတြကေတာ့ ဇန္နဝါရီလက ခေမာင္းဝေက်း႐ြာမွာ ဖမ္းခံရတဲ့ ရခိုင္တိုင္းရင္းသား ၆၉ ဦး၊ သံေတာင္ေက်း႐ြာတဝိုက္က ခ်င္းတိုင္းရင္းသား ၁၃ ဦး၊ ေအာက္တိုဘာ ၂၉ ရက္က ဖမ္းဆီးခံရတဲ့ ေက်ာင္းအေထြေထြဝန္ထမ္း တစ္ဦး၊ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေဝွ႔တင္း တို႔ ျဖစ္တယ္လို႔ သိရပါတယ္။

ကင္းတလင္းေက်း႐ြာက  ဖမ္းဆီးခံရသူေတြထဲ တစ္ဦး ေသဆုံးၿပီး ၅၃ ဦး ျပန္လြတ္လာပါတယ္။ ဆုထူးပန္ကုမၸဏီက ရွစ္ဦး နဲ႔ တျခားကုမၸဏီဝန္ထမ္း တစ္ဦး၊ ေအာက္တိုဘာလအတြင္း မိသားစုဝင္ သုံးဦး အဖမ္းခံရၿပီး ျပန္လြတ္လာတယ္လို႔လည္း ျပည္နယ္အစိုးရအဖြဲ႕ဆီက သိရပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA အဖြဲ႕က ဖမ္းဆီးထားတဲ့ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို အျမန္ဆုံးျပန္လႊတ္ေပးဖို႔ တိုက္တြန္းေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕က ဒီေန႔ ေၾကညာခ်က္ ထုတ္လိုက္ပါတယ္။

ဦးေဝွ႔တင္းဟာ ျပည္သူေတြ မဲေပးေ႐ြးခ်ယ္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးျဖစ္တာေၾကာင့္ ဖမ္းဆီးထိန္းသိမ္းထားျခင္းဟာ ၿငိမ္းခ်မ္းေရး ႀကိဳးပမ္းေနမႈကို အေႏွာက္အယွက္ျဖစ္ေစေၾကာင္းလည္း NLD ပါတီရဲ႕ ထုတ္ျပန္ခ်က္မွာ ထည့္သြင္းေျပာဆိုထားပါတယ္။

ဒ့ါအျပင္ ဦးေဝွ႔တင္း ဖမ္းဆီးခံရတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ခ်င္းျပည္နယ္ ကိုယ္စားျပဳ လႊတ္ေတာ္ ကိုယ္စားလွယ္ သုံးဦးနဲ႔ NLD ပါတီ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ဝင္ေတြ ဒီေန႔ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီး ဖမ္းဆီးခံထားရတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ မိသားစုဝင္ေတြကို ဖုန္းနဲ႔ ဆက္သြယ္ အားေပးစကားေျပာခဲ့ေၾကာင္းလည္း သိရပါတယ္။

အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ျပန္လႊတ္ေပးဖို႔ NLD ပါတီက ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး AA ေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကို RFA က ေမးျမန္းဖို႔ႀကိဳးစားခဲ့ေပမယ့္ ဆက္သြယ္လို႔ မရခဲ့ပါဘူး။

အရပ္ဖက္အဖြဲ႕ေတြက ေကာက္ယူထားတဲ့ စာရင္းေတြအရ ပလက္ဝၿမိဳ႕နယ္အတြင္းမွာ စစ္ေရွာင္ ၁၀၀၀ ေက်ာ္ ရွိေနၿပီး မီးဇာ၊ သာယာကုန္းနဲ႔ ပလက္ဝၿမိဳ႕ေပၚက ရပ္ကြက္ေတြမွာ ခိုလႈံေနၾကတယ္လို႔ သိရပါတယ္။

ပလက္ဝစစ္ေဘးဒုကၡသည္ ကူညီကယ္ဆယ္ေရးအဖြဲ႕ ဥကၠ႒ ဦးေဝတန္းက နယ္ေျမ ေအးခ်မ္းမႈ မရွိေသးဘူးလို႔ ေျပာျပပါတယ္။

“စစ္ေဘးဒုကၡသည္ေတြေရာက္တာ ေလးလေလာက္ေတာ့ ရွိမယ္၊ စည္ေတာင္ေက်း႐ြာတို႔၊ ကင္းတလင္း ေက်း႐ြာတို႔ဘက္က ေျပးလာၾကတာ။ မေန႔တစ္ေန႔က လက္နက္ႀကီး ပစ္သံတို႔ဘာတို႔ ၾကားရတယ္ဗ်။ ပလက္ဝၿမိဳ႕ အေရွ႕ဘက္ကမ္းမွာ တပ္ရင္းရွိတယ္။ အဲဒီက ပစ္တယ္။ ဘယ္ကို ပစ္တယ္ဆိုတာေတာ့ မသိဘူး”

ဒီေန႔ထုတ္ျပန္တဲ့ ညမထြက္ရ အမိန႔္မွာ ပလက္ဝၿမိဳ႕နယ္အတြင္း လမ္းမႀကီး၊ အမ်ားျပည္သူသြားလမ္း၊ လမ္းသြယ္၊ လမ္းၾကားေတြမွာ ျပစ္မႈတစ္စုံတရာ က်ဴးလြန္ေသာ ရည္႐ြယ္ခ်က္နဲ႔ ျဖစ္ေစ၊ ဆူပူလိုတဲ့ ရည္႐ြယ္ခ်က္နဲ႔ ျဖစ္ေစ လူ ငါးဦးနဲ႔ အထက္ စုေဝးတာ၊ စီတန္းလွည့္လည္တာ မလုပ္ရဘူးလို႔လည္း ေရးသားထားပါတယ္။

ထုတ္ျပန္ခ်က္ မလိုက္နာသူကို  တည္ဆဲဥပေဒအရ ဖမ္းဆီးသြားမွာ ျဖစ္တယ္လို႔လည္း ဝန္ႀကီး ဦးစိုးထက္က ေျပာပါတယ္။

လုံၿခဳံေရးအရ ထုတ္လိုက္တဲ့ ညမထြက္ရအမိန႔္ေၾကာင့္ ေက်း႐ြာေတြဘက္က ေဒသခံေတြ ေတာင္ယာလုပ္ငန္း လုပ္ကိုင္ဖို႔ သြားလာရာမွာ အခက္အခဲရွိႏိုင္တယ္လို႔ ပလက္ဝၿမိဳ႕ခံ ဦးပီတာလြယ္လူးက ေျပာပါတယ္။

“အုပ္ခ်ဳပ္ေရးမႉးေတြက ေဒသခံေတြအတြက္ လုံၿခဳံေအာင္ဆိုၿပီးမွ ထုတ္လိုက္တာျဖစ္မွာပါ။ ပလက္ဝၿမိဳ႕နယ္လို႔ ေရးထားတဲ့အတြက္ နယ္ဘက္ကလူေတြက ေတာင္ယာေတြ၊ အခင္းေတြ လုပ္ၾကတာဆိုေတာ့ ေနမပူခင္မွာ ေတာင္ယာအခင္းေတြကို သြားေလ့ရွိတယ္။ ည (၆) နာရီကေန မနက္ (၆) နာရီအတြင္း မထြက္ရဘူးဆိုေတာ့ လယ္ယာလုပ္တဲ့သူေတြ၊ ေတာင္ယာလုပ္တဲ့သူေတြအတြက္ေတာ့ ဒုကၡေရာက္မယ္ ထင္တယ္”

ပလက္ဝၿမိဳ႕နယ္မွာ ထုတ္ထားတဲ့ ညမထြက္ရ အမိန႔္ဟာ ဒီေန႔က စတင္ၿပီး လာမယ့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလ ၉ ရက္ေန႔အထိ အက်ဳံးဝင္မွာ ျဖစ္ပါတယ္။

အလားတူ တပ္မေတာ္နဲ႔ AA အဖြဲ႕တို႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းက ရေသ့ေတာင္၊ ပုဏၰားကြၽန္း၊ ေက်ာက္ေတာ္၊ ေျမာက္ဦးနဲ႔ မင္းျပားၿမိဳ႕နယ္ေတြမွာလည္း ၿပီးခဲ့တဲ့ ဧၿပီလက ညမထြက္ရအမိန႔္ေတြ အသီးသီး ထုတ္ျပန္ခဲ့ပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ပလက်ဝမှာ ညမထွက်ရအမိန့် ပထမဆုံးအကြိမ် ထုတ်ပြန်

ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်မြေပုံကို တွေ့ရစဉ်
Photo: Google Map

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း ည ( ၆) နာရီကနေ မနက် (၆) နာရီအတွင်း အမိန့်တစ်စုံတရာမရှိဘဲ လုံခြုံရေးတာဝန်ရှိသူမှအပ သွားလာလှုပ်ရှားမှုမပြုဖို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့  ခွင့်ပြုချက်နဲ့ ပထမဆုံးအကြိမ် အမိန့်ထုတ်ပြန်လိုက်တာလို့ ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက် က ပြောပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့အပြင် အရပ်သားဖမ်းဆီးခံရမှုတွေ ရှိနေတဲ့အတွက် အခုလို ထုတ်ပြန်တာဖြစ်တယ်လို့ ဝန်ကြီး ဦးစိုးထက်က RFA ကို ပြောပါတယ်။

“လုံခြုံရေးအခြေအနေအရ သူများထက်ကို ပိုဆိုးတဲ့အတွက် ကျနော်တို့က မနက် (၆) ၊ ည (၆) ကိုလုပ်ထားတာ၊ တလောက စက်လှေကနေ နိုင်ငံခြားသား အိန္ဒိယနိုင်ငံသား ငါးဦးနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကော ဆယ်ဦး ဖမ်းပြီးတော့၊ … လွှတ်လိုက်တဲ့ နောက်မှာလည်း နယ်မြေက ပိုမအေးချမ်းဘူး။ ပြီးတော့ တိုက်ပွဲတွေလည်းဖြစ်၊ လူထုတွေကလည်း စစ်ဘေးရှောင်ထွက်ပြေးရ အဲဒီလိုတွေ ဖြစ်နေတယ်လေ။ ဒီဟာမျိုးက လုပ်သင့်ပြီလို့ အောက်ခြေက တင်ပြလာတဲ့ အပေါ်မှာ ပြည်ထောင်စုကို တင်ပြပြီး ပြည်ထောင်စုက ခွင့်ပြုလို့ ဒီနေ့မနက် ထုတ်လိုက်တာပါ”

ရခိုင်ဒေသတိုက်ပွဲတွေ ပလက်ဝအထိ ကူးစက်လာတာ ကာလအတန်ကြာ ရှိလာချိန်မှာ ဒီအမိန့် ပေါ်ထွက်လာတာပါ။

တိုက်ပွဲကာလအတွင်း အစိုးရက ကောက်ယူထားတဲ့ စာရင်းတွေအရ ပလက်ဝမြို့နယ်မှာ AA က ဖမ်းဆီးသွားသူ  ၁၅၀ ခန့်ရှိပြီး အဲ့ဒီထဲက ပြန်လွတ်လာသူဟာ ၆၅ ဦး၊ သေဆုံးသူ တစ်ဦးနဲ့ ပြန်မလွတ်သေးသူ ၈၄ ဦး ရှိနေတယ်လို့ သိရပါတယ်။

ပြန်လွတ်မလာသေးသူတွေကတော့ ဇန်နဝါရီလက ခမောင်းဝကျေးရွာမှာ ဖမ်းခံရတဲ့ ရခိုင်တိုင်းရင်းသား ၆၉ ဦး၊ သံတောင်ကျေးရွာတဝိုက်က ချင်းတိုင်းရင်းသား ၁၃ ဦး၊ အောက်တိုဘာ ၂၉ ရက်က ဖမ်းဆီးခံရတဲ့ ကျောင်းအထွေထွေဝန်ထမ်း တစ်ဦး၊ ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့တင်း တို့ ဖြစ်တယ်လို့ သိရပါတယ်။

ကင်းတလင်းကျေးရွာက  ဖမ်းဆီးခံရသူတွေထဲ တစ်ဦး သေဆုံးပြီး ၅၃ ဦး ပြန်လွတ်လာပါတယ်။ ဆုထူးပန်ကုမ္ပဏီက ရှစ်ဦး နဲ့ တခြားကုမ္ပဏီဝန်ထမ်း တစ်ဦး၊ အောက်တိုဘာလအတွင်း မိသားစုဝင် သုံးဦး အဖမ်းခံရပြီး ပြန်လွတ်လာတယ်လို့လည်း ပြည်နယ်အစိုးရအဖွဲ့ဆီက သိရပါတယ်။

ရက္ခိုင့်တပ်တော် AA အဖွဲ့က ဖမ်းဆီးထားတဲ့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တိုက်တွန်းကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဒီနေ့ ကြေညာချက် ထုတ်လိုက်ပါတယ်။

ဦးဝှေ့တင်းဟာ ပြည်သူတွေ မဲပေးရွေးချယ်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဟာ ငြိမ်းချမ်းရေး ကြိုးပမ်းနေမှုကို အနှောက်အယှက်ဖြစ်စေကြောင်းလည်း NLD ပါတီရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားပါတယ်။

ဒ့ါအပြင် ဦးဝှေ့တင်း ဖမ်းဆီးခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ချင်းပြည်နယ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ် သုံးဦးနဲ့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တွေ ဒီနေ့တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖမ်းဆီးခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် မိသားစုဝင်တွေကို ဖုန်းနဲ့ ဆက်သွယ် အားပေးစကားပြောခဲ့ကြောင်းလည်း သိရပါတယ်။

အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ NLD ပါတီက တောင်းဆိုချက်နဲ့ ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကို RFA က မေးမြန်းဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

အရပ်ဖက်အဖွဲ့တွေက ကောက်ယူထားတဲ့ စာရင်းတွေအရ ပလက်ဝမြို့နယ်အတွင်းမှာ စစ်ရှောင် ၁၀၀၀ ကျော် ရှိနေပြီး မီးဇာ၊ သာယာကုန်းနဲ့ ပလက်ဝမြို့ပေါ်က ရပ်ကွက်တွေမှာ ခိုလှုံနေကြတယ်လို့ သိရပါတယ်။

ပလက်ဝစစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝေတန်းက နယ်မြေ အေးချမ်းမှု မရှိသေးဘူးလို့ ပြောပြပါတယ်။

“စစ်ဘေးဒုက္ခသည်တွေရောက်တာ လေးလလောက်တော့ ရှိမယ်၊ စည်တောင်ကျေးရွာတို့၊ ကင်းတလင်း ကျေးရွာတို့ဘက်က ပြေးလာကြတာ။ မနေ့တစ်နေ့က လက်နက်ကြီး ပစ်သံတို့ဘာတို့ ကြားရတယ်ဗျ။ ပလက်ဝမြို့ အရှေ့ဘက်ကမ်းမှာ တပ်ရင်းရှိတယ်။ အဲဒီက ပစ်တယ်။ ဘယ်ကို ပစ်တယ်ဆိုတာတော့ မသိဘူး”

ဒီနေ့ထုတ်ပြန်တဲ့ ညမထွက်ရ အမိန့်မှာ ပလက်ဝမြို့နယ်အတွင်း လမ်းမကြီး၊ အများပြည်သူသွားလမ်း၊ လမ်းသွယ်၊ လမ်းကြားတွေမှာ ပြစ်မှုတစ်စုံတရာ ကျူးလွန်သော ရည်ရွယ်ချက်နဲ့ ဖြစ်စေ၊ ဆူပူလိုတဲ့ ရည်ရွယ်ချက်နဲ့ ဖြစ်စေ လူ ငါးဦးနဲ့ အထက် စုဝေးတာ၊ စီတန်းလှည့်လည်တာ မလုပ်ရဘူးလို့လည်း ရေးသားထားပါတယ်။

ထုတ်ပြန်ချက် မလိုက်နာသူကို  တည်ဆဲဥပဒေအရ ဖမ်းဆီးသွားမှာ ဖြစ်တယ်လို့လည်း ဝန်ကြီး ဦးစိုးထက်က ပြောပါတယ်။

လုံခြုံရေးအရ ထုတ်လိုက်တဲ့ ညမထွက်ရအမိန့်ကြောင့် ကျေးရွာတွေဘက်က ဒေသခံတွေ တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ သွားလာရာမှာ အခက်အခဲရှိနိုင်တယ်လို့ ပလက်ဝမြို့ခံ ဦးပီတာလွယ်လူးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေအတွက် လုံခြုံအောင်ဆိုပြီးမှ ထုတ်လိုက်တာဖြစ်မှာပါ။ ပလက်ဝမြို့နယ်လို့ ရေးထားတဲ့အတွက် နယ်ဘက်ကလူတွေက တောင်ယာတွေ၊ အခင်းတွေ လုပ်ကြတာဆိုတော့ နေမပူခင်မှာ တောင်ယာအခင်းတွေကို သွားလေ့ရှိတယ်။ ည (၆) နာရီကနေ မနက် (၆) နာရီအတွင်း မထွက်ရဘူးဆိုတော့ လယ်ယာလုပ်တဲ့သူတွေ၊ တောင်ယာလုပ်တဲ့သူတွေအတွက်တော့ ဒုက္ခရောက်မယ် ထင်တယ်”

ပလက်ဝမြို့နယ်မှာ ထုတ်ထားတဲ့ ညမထွက်ရ အမိန့်ဟာ ဒီနေ့က စတင်ပြီး လာမယ့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၉ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။

အလားတူ တပ်မတော်နဲ့ AA အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာလည်း ပြီးခဲ့တဲ့ ဧပြီလက ညမထွက်ရအမိန့်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
https://www.rfa.org
ပလက္ဝမွာ ညမထြက္ရအမိန႔္ ပထမဆုံးအႀကိမ္ ထုတ္ျပန္ ပလက္ဝမွာ ညမထြက္ရအမိန႔္ ပထမဆုံးအႀကိမ္ ထုတ္ျပန္ Reviewed by THITHTOOLWIN on 20:55 Rating: 5
Powered by Blogger.