ေက်ာင္းဝရံတာ ၿပိဳက်၍ ေက်ာင္းသူ ၂၄ ဦး ထိခိုက္ဒဏ္ရာရ

(Zawgyi)⤵⤵⤵
သထံု၊ ႏို၀င္ဘာ ၉

မြန္ျပည္နယ္၊ သထုံၿမိဳ႕နယ္၊ မရန္းကုန္းေက်း႐ြာမွာရွိတဲ့ မရမ္းကုန္းအထက္တန္းေက်ာင္း ဝရံတာၾကမ္းခင္း ၿပိဳ က်ၿပီး ေက်ာင္းသူ ၂၄ ဦး ထိခိုက္ဒဏ္ရာ ရရွိခဲ့တယ္လို႔ ကူညီေဆာင္႐ြေပးေနတဲ့ မိုးေကာင္းလူငယ္ကြန္ယက္ဥကၠဌ ကုိမိုးႏိုင္ထြန္းက ေျပာပါတယ္။


ယေန႔ေန႔လယ္ ၃ နာရီခန႔္က မရမ္းကုန္းအထက္တန္း ေက်ာင္းဝရံတာၾကမ္းခင္း ၿပိဳက်မႈေၾကာင့္ထိခိုက္ဒဏ္ရာ ရရွိသူမ်ားကုိ လက္ရွိအခ်ိန္မွာ သထုံၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံႀကီးသို႔ အတြင္းလူနာအျဖစ္ တင္ထားရတယ္လို႔ သိရပါတယ္။


" ေလာေလာဆယ္ အၾကမ္းဖ်င္း သိရတာေတာ့ ေက်ာင္းရဲ႕ ႀကံ႕ခိုင္မႈ အားနည္းတာလို႔ သိရတယ္။ ၿပိဳက်တာ က ႏွစ္ထပ္ေက်ာင္းေဆာင္ကေန ၿပိဳက်တာပါ " လို႔ု ကုိမိုးႏိုင္ထြန္းက ေျပာပါတယ္။

ထိခို္က္ဒဏ္ရာရရွိသူမ်ားမွာ ေက်ာင္းသူမ်ားသာျဖစ္ၿပီး၊ ဒဏ္ရာရရွိသူမ်ားမွာ နဝမတန္းႏွင့္ အဌမတန္းမွ ေက်ာင္းသူအမ်ားဆုံး ျဖစ္တယ္လို႔ သိရပါတယ္။

သထုံၿမိဳ႕နယ္ ျပည္သူ႔ေဆးရုံႀကီးသို႔အတြင္း လူနာအျဖစ္ တက္ေရာက္ေနသည့္ ေက်ာင္းသူ ၂၄ ဦးမွာ စိုးရိမ္ဖြယ္ရာအေျခအေန မရွိေသာ္လည္း ယေန႔ညမွာ ေဆးရုံက ဆင္းႏိုင္ေခ်မရွိပဲ ေဆးရုံမွာ ဆက္လက္ေစာင့္ၾကည့္ရ မယ္လို႔ သိရပါတယ္။

မင္းေခါင္
ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
------------------
(Unicode)⤵⤵⤵
ကျောင်းဝရံတာ ပြိုကျ၍ ကျောင်းသူ ၂၄ ဦး ထိခိုက်ဒဏ်ရာရ

သထုံ၊ နိုဝင်ဘာ ၉

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ မရန်းကုန်းကျေးရွာမှာရှိတဲ့ မရမ်းကုန်းအထက်တန်းကျောင်း ဝရံတာကြမ်းခင်း ပြို ကျပြီး ကျောင်းသူ ၂၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကူညီဆောင်ရွပေးနေတဲ့ မိုးကောင်းလူငယ်ကွန်ယက်ဥက္ကဌ ကိုမိုးနိုင်ထွန်းက ပြောပါတယ်။

ယနေ့နေ့လယ် ၃ နာရီခန့်က မရမ်းကုန်းအထက်တန်း ကျောင်းဝရံတာကြမ်းခင်း ပြိုကျမှုကြောင့်ထိခိုက်ဒဏ်ရာ ရရှိသူများကို လက်ရှိအချိန်မှာ သထုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တင်ထားရတယ်လို့ သိရပါတယ်။

" လောလောဆယ် အကြမ်းဖျင်း သိရတာတော့ ကျောင်းရဲ့ ကြံ့ခိုင်မှု အားနည်းတာလို့ သိရတယ်။ ပြိုကျတာ က နှစ်ထပ်ကျောင်းဆောင်ကနေ ပြိုကျတာပါ " လို့ ကိုမိုးနိုင်ထွန်းက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရရှိသူများမှာ ကျောင်းသူများသာဖြစ်ပြီး၊ ဒဏ်ရာရရှိသူများမှာ နဝမတန်းနှင့် အဌမတန်းမှ ကျောင်းသူအများဆုံး ဖြစ်တယ်လို့ သိရပါတယ်။

သထုံမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့အတွင်း လူနာအဖြစ် တက်ရောက်နေသည့် ကျောင်းသူ ၂၄ ဦးမှာ စိုးရိမ်ဖွယ်ရာအခြေအနေ မရှိသော်လည်း ယနေ့ညမှာ ဆေးရုံက ဆင်းနိုင်ချေမရှိပဲ ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ရ မယ်လို့ သိရပါတယ်။

မင်းခေါင်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ေက်ာင္းဝရံတာ ၿပိဳက်၍ ေက်ာင္းသူ ၂၄ ဦး ထိခိုက္ဒဏ္ရာရ ေက်ာင္းဝရံတာ ၿပိဳက်၍ ေက်ာင္းသူ ၂၄ ဦး ထိခိုက္ဒဏ္ရာရ Reviewed by THITHTOOLWIN on 20:47 Rating: 5
Powered by Blogger.