AA ေခၚသြားတဲ့ထဲက မီးသတ္ ခုႏွစ္ဦး ျပန္ေရာက္မလာေသး

ရကၡိဳင့္တပ္ေတာ္ AA က ျပန္လႊတ္ေပးလိုက္တဲ့ မီးသတ္တပ္ဖြဲ႕ဝင္အခ်ိဳ႕ကို ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵

ေအာက္တိုဘာ ၁၁ ရက္ေန႔က ရခိုင္ျပည္နယ္ ေျမာက္ဦးၿမိဳ႕နယ္ ထမရာဇ္႐ြာအနီးမွာ မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦးနဲ႔ အရပ္သား ၁၂ ဦးကို AA က ဖမ္းဆီးေခၚေဆာင္သြားခဲ့တာျဖစ္ပါတယ္။

အဲဒီထဲက အရပ္သား ၁၂ ဦးကို ေအာက္တိုဘာ ၂၇ ရက္ေန႔က ျပန္လႊတ္ေပးခဲ့ပါတယ္။

ႏိုဝင္ဘာ ၆ ရက္ေန႔မွာေတာ့ ဖမ္းဆီးထားတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ ၁၉ ဦးထဲက ဒုတိယ မီးသတ္ဦးစီးမႉး ဦးျမင့္ေဇာ္ဟာ ဖမ္းဆီးစစ္ေဆးေနစဥ္ ႏွလုံးရပ္ေသဆုံးသြားေၾကာင္း၊ က်န္တဲ့သူေတြကို  ျပန္လႊတ္ေပးလိုက္ေၾကာင္း AA က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။

၁၈ ဦးကို ျပန္လႊတ္ေပးလိုက္ၿပီလို႔ AA က ေျပာေပမယ့္ ၁၁ ဦးကိုသာ ျပန္လည္ လက္ခံရရွိထားေၾကာင္း ရခိုင္ျပည္နယ္ မီးသတ္ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉး ဦးစံေ႐ႊထြန္းက ေျပာပါတယ္။

“ကြၽန္ေတာ္လက္ခံထားတဲ့ ၁၁ ဦးရွိတယ္ဆိုတာပဲ ေျပာခ်င္ပါတယ္။ ခုႏွစ္ေယာက္က်န္တယ္ ကြၽန္ေတာ္တို႔ လိုက္လံစုံစမ္းၿပီး ဘယ္ေနရာမွာရွိေနလဲ သြားႀကိဳဖို႔ စီစဥ္ထားပါတယ္”

ျပန္ေရာက္လာတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြမွာ စိတ္ဒဏ္ရာရွိႏိုင္တဲ့အတြက္ ကုစားမႈေတြ လုပ္ေနရၿပီး ေတြ႕ဆုံမႈေတြ၊  ေမးျမန္းမႈေတြကို ကန႔္သတ္ထားတယ္လို႔ ေျပာပါတယ္။

သူတို႔ကိုေမးျမန္းၾကည့္တဲ့အခါမွာ AA က ထိန္းသိမ္းထားခ်ိန္မွာ စားေသာက္ေရးနဲ႔ က်န္းမာေရးအတြက္ စီစဥ္ေဆာင္႐ြက္ေပးတယ္လို႔လည္း ဆိုပါတယ္။

AA ေျပာခြင့္ရ ခိုင္သုခကေတာ့ သူတို႔က မီးသတ္သမား ၁၈ ဦးလုံးကို လႊတ္ၿပီးၿပီလို႔ RFA ကို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ဘက္က လႊတ္ေပးလိုက္တုန္းက ၁၈ ေယာက္အျပည့္ပဲဗ်။ သူတို႔သြားၾကၿပီး လမ္းခရီးမွာ ဘယ္လိုျဖစ္သြားလဲဆိုတာေတာ့ မေျပာတတ္ဘူး။ ေရာက္လာတဲ့ ၁၁ ေယာက္ကိုပဲ သူတို႔အေနနဲ႔ စုံစမ္းသင့္တာေပါ့ ဟို ခုႏွစ္ေယာက္ ဘာေၾကာင့္ မီးသတ္ဌာနကို ျပန္မလာတာလဲဆိုတာ ကြၽန္ေတာ္တို႔လည္း မေျပာတတ္ဘူး”

ႏိုဝင္ဘာ ၆ ရက္ေန႔ ညေနပိုင္းက ေျမာက္ဦးၿမိဳ႕နယ္ ေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး သုံးေယာက္ထံမွာ မီးသတ္ တပ္ဖြဲ႕ဝင္ေတြကို လႊဲေျပာင္းေပးခဲ့တာျဖစ္တယ္လို႔ AA က ေျပာပါတယ္။

လုံၿခဳံေရးအရ အမည္မေဖာ္လိုတဲ့ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတစ္ဦးကေတာ့ AA အဖြဲ႕က လာအပ္စဥ္မွာ မီးသတ္တပ္ဖြဲ႕ဝင္ ၁၁ ဦးကိုသာ လက္ခံရရွိခဲ့တာ ျဖစ္တယ္လို႔ RFA ကိုေျပာပါတယ္။

ရကၡိဳင့္တပ္ေတာ္ AA က ဖမ္းဆီးခဲ့တဲ့ ဆုထူးစံ ကုမၸဏီနဲ႔ နန္းမွန္သစၥာ ကုမၸဏီ ဝန္ထမ္း ကိုးဦး၊ ေ႐ႊျပည္သစ္ ယာဥ္လိုင္းေပၚက မီးသတ္တပ္ဖြဲ႕အတူ ဖမ္းဆီးခံထားရတဲ့ အရပ္သား ၁၂ ဦး၊ ေ႐ႊနဒီေရယာဥ္ေပၚက ဖမ္းဆီးခံရသူ ၂၅ ဦးနဲ႔ အခုတစ္ႀကိမ္ မီးသတ္တပ္ဖြဲ႕ဝင္ ၁၈ ဦးကို ျပန္လႊတ္ေပးခဲ့တာေၾကာင့္ အရပ္သားေတြကို ဖမ္းဆီးထားတာမရွိေတာ့ေၾကာင္း AA က ေၾကညာထားပါတယ္။

အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက AA ကထုတ္ျပန္တဲ့ စာရင္းဇယားပါ အခ်က္ေတြဟာ ေျမျပင္အေျခအေနနဲ႔ ကြဲလြဲမႈေတြရွိေနတယ္လို႔ ေျပာပါတယ္။

“စစ္ေရးနဲ႔ မပတ္သက္တဲ့ အရပ္သားေတြ အကုန္လႊတ္လိုက္ၿပီလို႔ေတာ့ ေျပာတယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဆီက ရရွိတဲ့ စာရင္းနဲ႔တြက္ၾကည့္ရင္ သူတို႔ဆီမွာ အမ်ားႀကီးက်န္ေသးတယ္။ ျပန္လႊတ္မလာေသးတဲ့ အဖြဲ႕ေတြ AA ကထုတ္ျပန္တဲ့စာရင္းေတြနဲ႔ ျပန္လႊတ္တဲ့စာရင္းေတြက အမ်ားႀကီးကြာဟမႈ ရွိတယ္။ ဒါကေတာ့ ကြၽန္ေတာ္ ေျပာလို႔ရတယ္”

တပ္မေတာ္က ရရွိထားတဲ့စာရင္းေတြအရဆိုရင္ ေ႐ႊနဒီအျမန္ေရယာဥ္ေပၚက ဖမ္းဆီးခံထားရသူ အေယာက္ ၃၀ နီးပါးနဲ႔ NLD လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္း အပါအဝင္ ပလက္ဝဘက္က ဖမ္းဆီးထားတဲ့သူ အေယာက္ ၂၀ စုစုေပါင္း အေယာက္ ၅၀ ေက်ာ္ AA အဖြဲ႕လက္ထဲမွာ က်န္ရွိေနေသးတယ္လို႔ ေျပာပါတယ္။

ရခိုင္ျပည္နယ္မွာ တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲေတြျဖစ္ပြားေနတာ တစ္ႏွစ္နီးပါး ရွိေနၿပီျဖစ္ၿပီး ႏွစ္ဘက္တပ္က ဖမ္းဆီးစစ္ေဆးခဲ့သူ ေဒသခံေတြ ရာနဲ႔ခ်ီ ရွိေနပါတယ္။ စာရင္းအတိအက်ကိုေတာ့ တပ္မေတာ္နဲ႔ AA က အတိအက် ထုတ္ျပန္ေျပာဆိုတာ မရွိပါဘူး။

တိုက္ပြဲေၾကာင့္ ေဒသခံ ခုႏွစ္ေသာင္းေက်ာ္ ေနရပ္စြန႔္ခြာ ထြက္ေျပးေနရၿပီး ေသဆုံးတဲ့အရပ္သား ၉၀ နီးပါးနဲ႔ ဒဏ္ရာရရွိတဲ့အရပ္သား ၁၃၀ ေက်ာ္ရွိတယ္လို႔ အရပ္ဖက္အဖြဲ႕အစည္းေတြက ေကာက္ယူထားတဲ့ စာရင္းေတြအရ သိရပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
AA ခေါ်သွားတဲ့ထဲက မီးသတ် ခုနှစ်ဦး ပြန်ရောက်မလာသေး

ရက္ခိုင့်တပ်တော် AA က ပြန်လွှတ်ပေးလိုက်တဲ့ မီးသတ်တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ်
Photo: Rakhine Fire Force

အောက်တိုဘာ ၁၁ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ထမရာဇ်ရွာအနီးမှာ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးနဲ့ အရပ်သား ၁၂ ဦးကို AA က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။

အဲဒီထဲက အရပ်သား ၁၂ ဦးကို အောက်တိုဘာ ၂၇ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပါတယ်။

နိုဝင်ဘာ ၆ ရက်နေ့မှာတော့ ဖမ်းဆီးထားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးထဲက ဒုတိယ မီးသတ်ဦးစီးမှူး ဦးမြင့်ဇော်ဟာ ဖမ်းဆီးစစ်ဆေးနေစဉ် နှလုံးရပ်သေဆုံးသွားကြောင်း၊ ကျန်တဲ့သူတွေကို  ပြန်လွှတ်ပေးလိုက်ကြောင်း AA က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

၁၈ ဦးကို ပြန်လွှတ်ပေးလိုက်ပြီလို့ AA က ပြောပေမယ့် ၁၁ ဦးကိုသာ ပြန်လည် လက်ခံရရှိထားကြောင်း ရခိုင်ပြည်နယ် မီးသတ်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးစံရွှေထွန်းက ပြောပါတယ်။

“ကျွန်တော်လက်ခံထားတဲ့ ၁၁ ဦးရှိတယ်ဆိုတာပဲ ပြောချင်ပါတယ်။ ခုနှစ်ယောက်ကျန်တယ် ကျွန်တော်တို့ လိုက်လံစုံစမ်းပြီး ဘယ်နေရာမှာရှိနေလဲ သွားကြိုဖို့ စီစဉ်ထားပါတယ်”

ပြန်ရောက်လာတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေမှာ စိတ်ဒဏ်ရာရှိနိုင်တဲ့အတွက် ကုစားမှုတွေ လုပ်နေရပြီး တွေ့ဆုံမှုတွေ၊  မေးမြန်းမှုတွေကို ကန့်သတ်ထားတယ်လို့ ပြောပါတယ်။

သူတို့ကိုမေးမြန်းကြည့်တဲ့အခါမှာ AA က ထိန်းသိမ်းထားချိန်မှာ စားသောက်ရေးနဲ့ ကျန်းမာရေးအတွက် စီစဉ်ဆောင်ရွက်ပေးတယ်လို့လည်း ဆိုပါတယ်။

AA ပြောခွင့်ရ ခိုင်သုခကတော့ သူတို့က မီးသတ်သမား ၁၈ ဦးလုံးကို လွှတ်ပြီးပြီလို့ RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ဘက်က လွှတ်ပေးလိုက်တုန်းက ၁၈ ယောက်အပြည့်ပဲဗျ။ သူတို့သွားကြပြီး လမ်းခရီးမှာ ဘယ်လိုဖြစ်သွားလဲဆိုတာတော့ မပြောတတ်ဘူး။ ရောက်လာတဲ့ ၁၁ ယောက်ကိုပဲ သူတို့အနေနဲ့ စုံစမ်းသင့်တာပေါ့ ဟို ခုနှစ်ယောက် ဘာကြောင့် မီးသတ်ဌာနကို ပြန်မလာတာလဲဆိုတာ ကျွန်တော်တို့လည်း မပြောတတ်ဘူး”

နိုဝင်ဘာ ၆ ရက်နေ့ ညနေပိုင်းက မြောက်ဦးမြို့နယ် ကျေးရွာ အုပ်ချုပ်ရေးမှူး သုံးယောက်ထံမှာ မီးသတ် တပ်ဖွဲ့ဝင်တွေကို လွှဲပြောင်းပေးခဲ့တာဖြစ်တယ်လို့ AA က ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကတော့ AA အဖွဲ့က လာအပ်စဉ်မှာ မီးသတ်တပ်ဖွဲ့ဝင် ၁၁ ဦးကိုသာ လက်ခံရရှိခဲ့တာ ဖြစ်တယ်လို့ RFA ကိုပြောပါတယ်။

ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးခဲ့တဲ့ ဆုထူးစံ ကုမ္ပဏီနဲ့ နန်းမှန်သစ္စာ ကုမ္ပဏီ ဝန်ထမ်း ကိုးဦး၊ ရွှေပြည်သစ် ယာဉ်လိုင်းပေါ်က မီးသတ်တပ်ဖွဲ့အတူ ဖမ်းဆီးခံထားရတဲ့ အရပ်သား ၁၂ ဦး၊ ရွှေနဒီရေယာဉ်ပေါ်က ဖမ်းဆီးခံရသူ ၂၅ ဦးနဲ့ အခုတစ်ကြိမ် မီးသတ်တပ်ဖွဲ့ဝင် ၁၈ ဦးကို ပြန်လွှတ်ပေးခဲ့တာကြောင့် အရပ်သားတွေကို ဖမ်းဆီးထားတာမရှိတော့ကြောင်း AA က ကြေညာထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက AA ကထုတ်ပြန်တဲ့ စာရင်းဇယားပါ အချက်တွေဟာ မြေပြင်အခြေအနေနဲ့ ကွဲလွဲမှုတွေရှိနေတယ်လို့ ပြောပါတယ်။

“စစ်ရေးနဲ့ မပတ်သက်တဲ့ အရပ်သားတွေ အကုန်လွှတ်လိုက်ပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီက ရရှိတဲ့ စာရင်းနဲ့တွက်ကြည့်ရင် သူတို့ဆီမှာ အများကြီးကျန်သေးတယ်။ ပြန်လွှတ်မလာသေးတဲ့ အဖွဲ့တွေ AA ကထုတ်ပြန်တဲ့စာရင်းတွေနဲ့ ပြန်လွှတ်တဲ့စာရင်းတွေက အများကြီးကွာဟမှု ရှိတယ်။ ဒါကတော့ ကျွန်တော် ပြောလို့ရတယ်”

တပ်မတော်က ရရှိထားတဲ့စာရင်းတွေအရဆိုရင် ရွှေနဒီအမြန်ရေယာဉ်ပေါ်က ဖမ်းဆီးခံထားရသူ အယောက် ၃၀ နီးပါးနဲ့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း အပါအဝင် ပလက်ဝဘက်က ဖမ်းဆီးထားတဲ့သူ အယောက် ၂၀ စုစုပေါင်း အယောက် ၅၀ ကျော် AA အဖွဲ့လက်ထဲမှာ ကျန်ရှိနေသေးတယ်လို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တို့ တိုက်ပွဲတွေဖြစ်ပွားနေတာ တစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး နှစ်ဘက်တပ်က ဖမ်းဆီးစစ်ဆေးခဲ့သူ ဒေသခံတွေ ရာနဲ့ချီ ရှိနေပါတယ်။ စာရင်းအတိအကျကိုတော့ တပ်မတော်နဲ့ AA က အတိအကျ ထုတ်ပြန်ပြောဆိုတာ မရှိပါဘူး။

တိုက်ပွဲကြောင့် ဒေသခံ ခုနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး သေဆုံးတဲ့အရပ်သား ၉၀ နီးပါးနဲ့ ဒဏ်ရာရရှိတဲ့အရပ်သား ၁၃၀ ကျော်ရှိတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

RFA Burmese
https://www.rfa.org
AA ေခၚသြားတဲ့ထဲက မီးသတ္ ခုႏွစ္ဦး ျပန္ေရာက္မလာေသး AA ေခၚသြားတဲ့ထဲက မီးသတ္ ခုႏွစ္ဦး ျပန္ေရာက္မလာေသး Reviewed by THITHTOOLWIN on 20:58 Rating: 5
Powered by Blogger.