
(Zawgyi)⤵⤵⤵




ဟိန်းကို(VOM)
-------------
(Unicode)⤵⤵⤵
တပ်မတော်ကတရားစွဲတဲ့ မြဝတီမင်ကြီးဆရာတော်ကို ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေး

မန္တလေး၊ နိုဝင်ဘာ ၇-၂၀၁၉

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး အဆင့်ရှိသူတစ်ဦးကနေ မြဝတီမင်းကြီးဆရာတော်ကို ပုဒ်မ(၅၀၀)နဲ့ တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့မနက်ပိုင်းက ပြည်ကြီးတံခွန်တရားရုံးမှာ ပထမအကြိမ်ရုံးချိန်း ပြုလုပ်ခဲ့ပြီး ဆရာတော်ကို ကိုယ်တိုင်ခံဝန်နဲ့ တရားရုံးက အာမခံပေးခဲ့ပါတယ်။

ခေတ်သစ်မီဒီယာနဲ့ တွေ့ဆုံမေးမြန်းမှုမှာ မြဝတီမင်းကြီးဆရာတော်က တပ်မတော်အကြီးအကဲနှင့်တပ်မတော်သားများအပေါ် နှစ်နာစေရန်ပြောဆိုခဲ့တဲ့အတွက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ်(၂)စစ်ကြောရေးနှင့် တည်းခိုရေးတပ်က တပ်မှူး ဒုတိယဗိုလ်မှူးကြီး သော်တာထွေးက မြဝတီမင်းကြီးဆရာတော်ကို ပုဒ်မ(၅၀၀)နဲ့တရားစွဲဆိုထားတဲ့အမှုဖြစ်ပါတယ်။

နောက်တစ်ပတ်ရုံးချိန်ကို နိုဝင်ဘာ(၂၂)ရက်နေ့ကို ချိန်းဆိုလိုက်တာဖြစ်ပါတယ်။

ဟိန်းကို(VOM)
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
တပ်မတော်ကတရားစွဲတဲ့ မြ၀တီမင်ကြီးဆရာတော်ကို ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေး တပ်မတော်ကတရားစွဲတဲ့ မြ၀တီမင်ကြီးဆရာတော်ကို ကိုယ်တိုင်ခံဝန်နဲ့ အာမခံပေး Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.