ေဟာင္ေကာင္အမတ္ တဦး တိုက္ခိုက္ခံရ

ေဟာင္ေကာင္အမတ္ Junius Ho Kwan-yiu

(Zawgyi/Unicode)

ေဟာင္ေကာင္ကၽြန္းက Richland Garden ေစ်းဝယ္ စင္တာနားမွာ ဓါးနဲ႔ လုိက္ထုိးသူတဦးေၾကာင့္ ေဟာင္ေကာင္အမတ္ Junius Ho Kwan-yiu ဆိုသူနဲ႔ သူ႔လက္ေထာက္ ႏွစ္ ဦး ဒဏ္ရာရသြားပါတယ္။

မစၥတာ Ho ဟာ- ေဟာင္ေကာင္ အထူးအုပ္ခ်ဳပ္ခြင့္ရေဒသ HKSAR ရဲ႕ ဥပေဒျပဳေကာင္စီအဖြဲ႔ဝင္ တဦးျဖစ္ပါတယ္။ လမ္းေပၚမွာ သူ ေလွ်ာက္ေနတုန္း လူတဦးက သူ႔ကို စကားလွမ္းေျပာရင္း ဓါးကို အိတ္ထဲက ႐ုတ္တရက္ ထုတ္လိုက္ၿပီး မစၥတာ Ho နဲ႔ သူ႔လူ ႏွစ္ ဦးကို လိုက္ထုိးတာ ျဖစ္ပါတယ္။

မစၥတာ Ho နားကပ္လာတဲ့ ဓါးသမားဟာ အျပာေရာင္ဝတ္စုံ ဝတ္ထားၿပီး လက္မွာ ပန္းစည္းကုိင္ေဆာင္ထားတယ္လို႔ မ်က္ျမင္ေတြက ေျပာပါတယ္။ သူဟာ မစၥတာ Ho ကို ေထာက္ခံအားေပးအျဖစ္ ဟန္ေဆာင္ ခ်ည္းကပ္ခဲ့တာလို႔ ရဲကေျပာပါတယ္။

ဓါးနဲ႔ လိုက္ထိုးသူကို ဖမ္းဆီးထားၿပီး စုံစမ္းစစ္ေဆးမႈ လုပ္ေနတယ္လို႔ ရဲကေျပာပါတယ္။ Ho ကိုေတာ့ ေဆးရုံပို႔ထားရပါတယ္။ အဲဒီေနာက္ မစၥတာ Ho က ေဟာင္ေကာင္မွာ ျငိမ္းခ်မ္းမႈ ျပန္ရလာဖုိ႔ အၾကမ္းဖက္မႈေတြကို ဆန္႔က်င္တိုက္ဖ်က္သြားမယ္လုိ႔ လူမႈမီဒီယာကေန ေရးသားခဲ့ပါတယ္။

ဒီတုိက္ခိုက္မႈကို အျပင္းထန္ ရႈတ္ခ်ေၾကာင္း ေဟာင္ေကာင္အစိုးရ ေျပာခြင့္ရက ဆုိပါတယ္။ ေဟာင္ေကာင္ျပည္သူေတြ တုိက္ခိုက္မႈနဲ႔ ႀကဳံလာ ႏိုင္တယ္လုိ႔ မစၥတာ Ho က သူ႔အျမင္ကို ၿပီးခဲ့တဲ့ရက္ပုိင္းထဲ China Global TV ကိုေျပာခဲ့တာပါ။

ဒီလို တုိက္ခိုက္ ၿခိမ္းေျခာက္မႈေတြ ရွိေပမဲ့ သူကေတာ့ လုပ္စရာရွိတာေတြကို ေနာက္ဆုတ္သြားမွာ မဟုတ္ဘူးလို႔ ဆုိပါတယ္။

[Unicode Version]

ဟောင်ကောင်အမတ်တဦး တိုက်ခိုက်ခံရ

ဟောင်ကောင်ကျွန်းက Richland Garden ဈေးဝယ် စင်တာနားမှာ ဓါးနဲ့ လိုက်ထိုးသူတဦးကြောင့် ဟောင်ကောင်အမတ် Junius Ho Kwan-yiu ဆိုသူနဲ့ သူ့လက်ထောက် နှစ် ဦး ဒဏ်ရာရသွားပါတယ်။

မစ္စတာ Ho ဟာ- ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသ HKSAR ရဲ့ ဥပဒေပြုကောင်စီအဖွဲ့ဝင် တဦးဖြစ်ပါတယ်။ လမ်းပေါ်မှာ သူ လျှောက်နေတုန်း လူတဦးက သူ့ကို စကားလှမ်းပြောရင်း ဓါးကို အိတ်ထဲက ရုတ်တရက် ထုတ်လိုက်ပြီး မစ္စတာ Ho နဲ့ သူ့လူ နှစ် ဦးကို လိုက်ထိုးတာ ဖြစ်ပါတယ်။

မစ္စတာ Ho နားကပ်လာတဲ့ ဓါးသမားဟာ အပြာရောင်ဝတ်စုံ ဝတ်ထားပြီး လက်မှာ ပန်းစည်းကိုင်ဆောင်ထားတယ်လို့ မျက်မြင်တွေက ပြောပါတယ်။ သူဟာ မစ္စတာ Ho ကိုထောက်ခံအားပေးအဖြစ် ဟန်ဆောင် ချည်းကပ်ခဲ့တာလို့ ရဲကပြောပါတယ်။

ဓါးနဲ့လိုက်ထိုးသူကို ဖမ်းဆီးထားပြီး စုံစမ်းစစ်ဆေးမှု လုပ်နေတယ်လို့ ရဲကပြောပါတယ်။ Ho ကိုတော့ ဆေးရုံပို့ထားရပါတယ်။ အဲဒီနောက် မစ္စတာ Ho က ဟောင်ကောင်မှာ ငြိမ်းချမ်းမှု ပြန်ရလာဖို့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ လူမှုမီဒီယာကနေ ရေးသားခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို အပြင်းထန် ရှုတ်ချကြောင်း ဟောင်ကောင်အစိုးရ ပြောခွင့်ရက ဆိုပါတယ်။ ဟောင်ကောင်ပြည်သူတွေ တိုက်ခိုက်မှုနဲ့ ကြုံလာ နိုင်တယ်လို့ မစ္စတာ Ho က သူ့အမြင်ကို ပြီးခဲ့တဲ့ရက်ပိုင်းထဲ China Global TV ကိုပြောခဲ့တာပါ။

ဒီလို တိုက်ခိုက် ခြိမ်းခြောက်မှုတွေ ရှိပေမဲ့ သူကတော့ လုပ်စရာရှိတာတွေကို နောက်ဆုတ်သွားမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

VOA Burmese
https://burmese.voanews.com
ေဟာင္ေကာင္အမတ္ တဦး တိုက္ခိုက္ခံရ ေဟာင္ေကာင္အမတ္ တဦး တိုက္ခိုက္ခံရ Reviewed by THITHTOOLWIN on 02:41 Rating: 5
Powered by Blogger.