စစ္တပ္ရဲ႕ လက္ကိုင္တုတ္လို႔ စြပ္စြဲခံရတဲ့ ဦးေဝွ႔တင္း အေျခအေန

ခ်င္းတိုင္းရင္းသား လႊတ္ေတာ္ အမတ္ကို ေအေအ ရခိုင္ လက္နက္ကိုင္အဖြဲ႕က ဖမ္းဆီးတာဟာ စိတ္၀မ္းကြဲျပားမႈ ျဖစ္ေစသလား
(Zawgyi)⤵⤵⤵
ပလက္၀ ၿမိဳ႕နယ္အတြင္း လူမ်ိဳးစု မ်ိဳးႏြယ္စုေတြ အၾကား အမုန္းစကား ေျပာဆို ေသြးထိုးလႈံ႕ေဆာ္ျခင္း ၊ ပလက္၀ ၿမိဳ႕နယ္အတြင္းက ရခိုင္လူမ်ိဳးေတြကို ရကၡိဳင့္တပ္ေတာ္နဲ႔ ဆက္စပ္ေနတယ္ဆိုၿပီး စစ္တပ္ကို တိုင္တန္းကာ အခက္ႀကဳံေအာင္ လုပ္ေနတဲ့အတြက္ ဦးေဝွ႔တင္း ကို ဖမ္းထားရတာလို႔ ရကၡိဳင့္တပ္ေတာ္ ေအေအက ေၾကညာခ်က္ ထုတ္ျပန္လိုက္ပါတယ္။ အျပည့္အစုံ သိရေအာင္ ေအေအ ေျပာခြင့္ရသူ ခိုင္သုခကို ဘီဘီစီက ေမးျမန္းထားပါတယ္။

BBC - ဦးေဝွ႔တင္း ရဲ႕ လက္ရွိ က်န္းမာေရး အေျခအေန ဘယ္လို ရွိပါသလဲ ။

AA - သူ႔က်န္းမာေရး အေျခအေန ေကာင္းပါတယ္ ၊ သူ႔ကို ကြၽန္ေတာ္တို႔ ေကာင္းေကာင္းမြန္မြန္ပဲ ထိန္းသိမ္းထားပါတယ္။

BBC - သူဟာ ျမန္မာ စစ္တပ္ရဲ႕ လက္ကိုင္တုတ္ အျဖစ္ လုပ္ေဆာင္ေနတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားေတာ့ ဘာေၾကာင့္ အခုလို ေျပာတာပါလဲ။

AA - ပလက္၀ ခ႐ိုင္ထဲမွာ ရခိုင္နဲ႔ တျခားေသာ ရခိုင္မ်ိဳးႏြယ္စုေတြၾကား အထူးသျဖင့္ ရခိုင္မုန္းတီးေရး လုပ္ေဆာင္ကာ လူမ်ိဳးေရး ဘာသာေရး ပဋိပကၡ ျဖစ္ေအာင္ ေတာက္ေလွ်ာက္ လုပ္ေဆာင္ေနတဲ့ အေထာက္အထားေတြ သူ႔ဆီက သိမ္းဆည္း ရမိထားလို႔ ေျပာရတာ ျဖစ္တယ္။

BBC - AAရဲ႕ အခုလို ေျပာၾကားခ်က္နဲ႔ ပတ္သက္လို႔ သက္ဆိုင္ရာ အဖြဲ႕အစည္း အသီးသီးက မဟုတ္မမွန္ေၾကာင္း ၊ သူတို႔အဖြဲ႕ေတြနဲ႔ ဦးေဝွ႔တင္း ဆက္စပ္မႈ မရွိပါဘူးလို႔ ေျပာတာေတြကို ထည့္သြင္း မစဥ္းစားေတာ့ဘူးလား ။

AA - သူ႔ဆီက သိမ္းဆည္း ရမိတဲ့ အေထာက္အထားေတြ ကြၽန္ေတာ္တို႔ လက္ထဲ ရွိပါတယ္ ၊ သူလုပ္ေဆာင္ ထားခဲ့တာေတြ ကြၽန္ေတာ္တို႔ စုေဆာင္း ရထားၿပီးပါၿပီ။

BBC - ဘယ္လို အေထာက္အထားေတြပါလဲ

AA - ခုခ်ိန္မွာ စုံစမ္းစစ္ေဆးေနဆဲပါ အေသးစိတ္ ေျပာလို႔ မရေသးပါဘူး။

းေဝွ႔တင္း ဟာ တပ္မေတာ္ရဲ႕ လက္ကိုင္တုတ္ လို႔ ေအေအ အဖြဲ႕က စြပ္စြဲထား
BBC - ဒါဆိုရင္ အမုန္းစကား ေျပာတာနဲ႔ စစ္တပ္ရဲ႕ လက္ကိုင္တုတ္လို႔ ဘယ္ေၾကာင့္ စပ္ဆက္ၿပီး ေျပာတာပါလဲ။

AA - သူဟာ ခမီးလူငယ္ေတြကို လွ်ိဳ႕ဝွက္ ဖြဲ႕စည္းၿပီး ULA/AA ရဲ႕ လႈပ္ရွားမႈေတြကို ေတာက္ေလွ်ာက္စုံစမ္း ေထာက္လွမ္းၿပီး စစ္တပ္ကို ေန႔စဥ္ သတင္းေပးေနတယ္ ၊ ၿပီးရင္ တခ်ိဳ႕ ကိစၥမွာ ပလက္၀က ရခိုင္ေတြကို ေအေအ ဆိုၿပီး စစ္တပ္ကို စာရင္းေပး ၊ စစ္တပ္က ဖမ္းၿပီး ဒုကၡျဖစ္ေအာင္ ေတာက္ေလွ်ာက္ သူလုပ္လာတာ ျဖစ္တယ္ ၊ ေနာက္ၿပီး ေအေအ ရဲ႕ လႈပ္ရွားမႈေတြကို သူ႔လူေတြက တဆင့္ ေန႔စဥ္ သတင္းရယူၿပီး စစ္တပ္ဆီကို သတင္းေပးေနတယ္ ၊ ဒါ့အျပင္ စစ္တပ္ရဲ႕ ေတာထဲမွာ လူေတြကို လက္စေဖ်ာက္ပစ္တာေတြကို သိသိႀကီးနဲ႔ ဒါကို ဖုံးဖိၿပီး ေအေအ ဖက္က လုပ္သလိုမ်ိဳး မဟုတ္မမွန္ သတင္း ျဖန္႔ခ်ိတယ္ ၊ အထူးသျဖင့္ ULA/AA ကို စစ္ေရး ႏိုင္ငံေရး အၾကပ္အတည္း ျဖစ္ေအာင္ ႏိုင္ငံတကာမွာ ဂုဏ္သိကၡာ က်ဆင္းေအာင္ ေတာက္ေလွ်ာက္ လုပ္ေနတဲ့ အေထာက္အထားေတြ ကြၽန္ေတာ္တို႔ လက္ထဲ ရွိေနပါၿပီ။

BBC - လူထု ေ႐ြးေကာက္ တင္ေျမႇာက္ ထားတဲ့ လႊတ္ေတာ္ အမတ္ တေယာက္ကို ဖမ္းဆီး ထိန္းသိမ္း စစ္ေဆးေနတာဟာ ေအေအ အတြက္ လူထု ယုံၾကည္မႈ က်ဆင္းေစတယ္လို႔ မထင္ဘူးလား ။

AA - ဒါကေတာ့ ခြဲျမင္တတ္ဖို႔ လိုပါတယ္ ၊ လူထုက ေ႐ြးေကာက္ တင္ေျမႇာက္တာနဲ႔ သူ႔အျဖစ္ေတြကို ခြဲျမင္ဖို႔ လိုပါတယ္ ၊ ဥပမာ လူထု တင္ေျမႇာက္ထားတိုင္း သူ႔ကို ဘာမွ အေရးမယူရဘူးလို႔ ဆိုတာ လက္ခံ ႏိုင္စရာ မရွိပါဘူး။ သူက ရခိုင္နဲ႔ ရခိုင္ မ်ိဳးႏြယ္စုေတြၾကား ပဋိပကၡ ျဖစ္ေအာင္ ဖန္တီးေနရင္ ကြၽန္ေတာ္တို႔က ဖမ္းသင့္ရင္ ဖမ္းရမယ္ ၊ စစ္ေဆးသင့္ရင္ စစ္ေဆးရမယ္ ၊ လႊတ္ေတာ္ ကိုယ္စားလွယ္ ျဖစ္တာနဲ႔ သူ႔ကို ဘာမွ မလုပ္ရေတာ့ဘူး ဆိုတာ ကေတာ့ မျဖစ္သင့္ဘူးလို႔ ယုံၾကည္တယ္ ။ ေဒါက္တာ ေအးေမာင္လို႔ ရခိုင္ တမ်ိဳးသားလုံးက ေထာက္ခံတဲ့ ေခါင္းေဆာင္က စာေပေဟာေျပာပြဲမွာ စကားေျပာမိတာနဲ႔ အစိုးရက ႏိုင္ငံေတာ္ ပုန္ကန္မႈနဲ႔ တစ္သက္တစ္ကြၽန္း ေထာင္ခ်ထားတာမ်ိဳးေတာင္ ရွိေသးတာပဲ။ ။

အစိုးရ အေနနဲ႔ ကိုယ့္လူအဖမ္းခံရမွ မတရားဘူး ေျပာမဲ့ အစား အစိုးရနဲ႔ စစ္ေခါင္းေဆာင္ေတြ တရားမွ်တမႈကို တန္ဖိုးထား လက္ခံၿပီး ျပည္သူကို ေလးေလးစားစား လက္ခံတတ္လာေအာင္ ႀကိဳးစားသင့္ပါတယ္ ၊ ေနာက္ၿပီး အန္အယ္ဒီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ဒီကိစၥက ၿငိမ္းခ်မ္းေရးႀကိဳးပမ္းမႈကို အေႏွာက္အယွက္ ျဖစ္ေစတယ္လို႔ ဆိုထားတာလည္း အေၾကာင္းျပခ်က္ တခုသာ ျဖစ္ပါတယ္။ ၿငိမ္းခ်မ္းေရး ဆိုတာက လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္ ကတည္းက တစ္ဆို႔ေနတာ ျဖစ္ၿပီး ဒါကလည္း စစ္တပ္ေၾကာင့္သာ ျဖစ္ပါတယ္ ။

BBC - ေဒါက္တာ ေအးေမာင္ကို ျပစ္ဒဏ္ခ်မွတ္မႈေၾကာင့္ အဲဒီတုန္းက စိတ္၀မ္းကြဲျပားမႈေတြ ျဖစ္ခဲ့တယ္ ဆိုေတာ့ အခုလည္း ခ်င္းတိုင္းရင္းသား အမတ္ တစ္ေယာက္ကို ေအေအလို ရခိုင္ လက္နက္ကိုင္ အဖြဲ႕က ဖမ္းဆီးတာဟာ လူမ်ိဳးစုေတြၾကား ေသြးခြဲမႈ မျဖစ္ေစဘူးလား။

AA - သူ႔ကို ခ်င္းလူမ်ိဳးမို႔ အန္အယ္ဒီ အမတ္မို႔ ဖမ္းတာ မဟုတ္ပါဘူး ၊ ပလက္ဝၿမိဳ႕နယ္ အတြင္း လူမ်ိဳးေရး ဘာသာေရး ျပႆနာ ျဖစ္လာေအာင္ ေနာက္ကြယ္က လူငယ္ေတြကို ေသြးခြဲမႈ လုပ္ ၊ ULA/AA လႈပ္ရွားမႈေတြကို ႏိုင္ငံေရး စစ္ေရး အၾကပ္အတည္း ျဖစ္ေအာင္ လုပ္တာေတြ အတြက္ အေထာက္အထား ရွိလို႔ စစ္ေဆးတာ ျဖစ္တယ္ ၊ ခ်င္းညီအစ္ကိုေတြ အေနနဲ႔လည္း ဒီကိစၥကို ခြဲျမင္တတ္ဖို႔ ေျပာခ်င္ပါတယ္။

BBC - ဖမ္းဆီးခံ လႊတ္ေတာ္ အမတ္ ဦးေဝွ႔တင္း နဲ႔ ပတ္သက္လို႔ သူ႔မိသားစုဝင္ ဇနီးသည္ကလည္း စိုးရိမ္ေနတယ္ ၊ ခ်င္းလူ႔အခြင့္အေရး အဖြဲ႕ေတြကလည္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆို ေနေတာ့ ဒါေတြကို ထည့္သြင္း စဥ္းစားဖို႔ ရွိပါသလား ။

AA - ဒီကိစၥကို သိၿပီးသား ျဖစ္ပါတယ္ ၊ အဲဒီ ခ်င္းလူ႔အခြင့္အေရး အဖြဲ႕ကို ဘယ္သူ ထိန္းခ်ဳပ္ထားသလဲ ၊ ဦးေဝွ႔တင္း နဲ႔ ဘယ္လို အဆက္အသြယ္ ရွိလဲ၊ အေပးအယူ ဘယ္လို ရွိလဲ ကြၽန္ေတာ္တို႔မွာ သတင္းအခ်က္အလက္ ျပည့္ျပည့္စုံစုံ ရထားၿပီးပါၿပီ၊ဒါေၾကာင့္ စစ္ေဆးေနပါတယ္။
ရခိုင္ျပည္နယ္ ဖြံ႕ၿဖိဳးေရးမွာ အေရးပါတဲ့ ကုလားတန္ စီမံကိန္းက လူေတြကို ဖမ္းဆီးမႈဟာ AA လက္နက္ကိုင္ အဖြဲ႕အေပၚေမးခြန္းထုတ္စရာျဖစ္ေန
BBC - ဦးေဝွ႔တင္း ျပန္လြတ္လာႏိုင္ေျခ ဘယ္ႏွစ္ရာခိုင္ႏႈန္း ရွိပါသလဲ ။

AA - စုံစမ္း စစ္ေဆးေနဆဲ ကာလ ျဖစ္ပါတယ္ ၊ ၿပီးမွ ပြင့္ပြင့္လင္းလင္း ျပည္သူကို အသိေပးသြားမွာပါ။

BBC - ခုရက္ပိုင္းတြင္းမွာဘဲ ေအေအ အဖြဲ႕ လက္ထဲ မီးသတ္ အရာရွိ တစ္ေယာက္ ဆုံးပါး ခဲ့ရတယ္ ဆိုေတာ့ ဦးေဝွ႔တင္း အတြက္ေကာ စိုးရိမ္စရာ မရွိဘူးလား။

AA - သူက က်န္းမာေရး ေကာင္းသူမို႔ စိုးရိမ္စရာ မရွိပါဘူး ။ ေအေအ အေနနဲ႔ မွန္မွန္ကန္ကန္ လုပ္ေနတဲ့ အဖြဲ႕အစည္း ျဖစ္လို႔ အမ်ားယုံၾကည္မႈ က်ဆင္းသြားမွာကိုလည္း မစိုးရိမ္မိပါဘူး။

BBC - ေအေအ ေၾကညာခ်က္ အဆုံးမွာ အခုလို လုပ္ရပ္မ်ိဳးနဲ႔ ပတ္သက္လို႔ ဘယ္သူကိုမဆို လုပ္သင့္ လုပ္ထိုက္တာ လုပ္သြားမယ္လို႔ ေရးသား ေဖာ္ျပ ထားေတာ့ ဦးေဝွ႔တင္း အျပင္ တျခားလူေတြကိုလည္း ပစ္မွတ္ ထားတာေတြ ရွိေနၿပီ ဆိုတဲ့ သေဘာလား။

AA - ဒီဟာကေတာ့ ဘယ္သူေတြ ပါဝင္ ပတ္သက္သလဲ ဆိုတာ ရွိမွာပါ ၊ ခုေတာ့ ဒီေလာက္ပဲ ေဖာ္ျပလို႔ ရလို႔ ဒီေလာက္ပဲ ေျပာျပႏိုင္တာ ျဖစ္ပါတယ္။

BBC - အဲဒီ ေဖာ္ျပခ်က္က က်န္တဲ့လူေတြကို ၿခိမ္းေျခာက္တဲ့ သေဘာလား။

AA - ဒီကိစၥကေတာ့ ေလာေလာ ဆယ္ ေျပာလို႔ မရေသးပါဘူး။

ခ်င္းတိုင္းရင္းသား လႊတ္ေတာ္အမတ္ဟာ စစ္တပ္ရဲ႕ လက္ကိုင္တုတ္ သဖြယ္ လုပ္ေဆာင္ေနတယ္လို႔ ေအေအ စြပ္စြဲ
ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၃ ရက္ေန႔က ဦးေဝွ႔တင္း အပါအဝင္ လူဆယ္ေယာက္ ပလက္ဝ နဲ႔ ေက်ာက္ေတာ္ၾကား မွာ ေအေအ အဖြဲ႕ရဲ႕ ဖမ္းဆီးတာ ခံခဲ့ၾကရပါတယ္။

ေအေအအဖြဲ႕ ဖမ္းထားတဲ့သူေတြထဲက အိႏၵိယႏိုင္ငံသား ၅ဦး ထဲမွာ တစ္ဦးက ေသဆုံးခဲ့ၿပီး က်န္ေလးဦး၊ စကားျပန္ႏွစ္ဦးနဲ႔ စပိဘုတ္ေမာင္းသူ ႏွစ္ဦးတို႔ကို ေအေအက နိဝင္ဘာ ၄ ရက္ေန႔ မနက္ပိုင္းမွာ ျပန္လည္ လႊတ္ေပးခဲ့ပါတယ္။

ဖမ္းဆီးခံလိုက္ရတဲ့ အိႏၵိယႏိုင္ငံသားေတြဟာ လက္ရွိ ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္အတြင္းမွာ အိႏၵိယအစိုးရက လုပ္ကိုင္ေဆာင္႐ြက္ေနတဲ့ ကုလားတန္ ဘက္စုံဖြံ႕ၿဖိဳးေရးစီမံကိန္းအတြက္ လာေရာက္ခဲ့ၾကတာျဖစ္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ေက်ာက္တန္းေက်း႐ြာအနီး ဖမ္းဆီးခံလိုက္ရတာျဖစ္ပါတယ္။

အခုဆိုရင္ေတာ့ အမ်ိဳးသား လႊတ္ေတာ္ အမတ္ ဦးေဝွ႔တင္း ကို ေအေအ ရခိုင္လက္နက္ကိုင္ အဖြဲ႕က ဖမ္းဆီး ထိန္းသိမ္းထားတာ တစ္ပတ္နီးပါး ရွိလာၿပီ ျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com/burmese/50367295
-------------
(Unicode)⤵⤵⤵
စစ်တပ်ရဲ့ လက်ကိုင်တုတ်လို့ စွပ်စွဲခံရတဲ့ ဦးဝှေ့တင်း အခြေအနေ

Image caption ချင်းတိုင်းရင်းသား လွှတ်တော် အမတ်ကို အေအေ ရခိုင် လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးတာဟာ စိတ်ဝမ်းကွဲပြားမှု ဖြစ်စေသလား

ပလက်၀ မြို့နယ်အတွင်း လူမျိုးစု မျိုးနွယ်စုတွေ အကြား အမုန်းစကား ပြောဆို သွေးထိုးလှုံ့ဆော်ခြင်း ၊ ပလက်၀ မြို့နယ်အတွင်းက ရခိုင်လူမျိုးတွေကို ရက္ခိုင့်တပ်တော်နဲ့ ဆက်စပ်နေတယ်ဆိုပြီး စစ်တပ်ကို တိုင်တန်းကာ အခက်ကြုံအောင် လုပ်နေတဲ့အတွက် ဦးဝှေ့တင်း ကို ဖမ်းထားရတာလို့ ရက္ခိုင့်တပ်တော် အေအေက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ အပြည့်အစုံ သိရအောင် အေအေ ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက မေးမြန်းထားပါတယ်။

BBC - ဦးဝှေ့တင်း ရဲ့ လက်ရှိ ကျန်းမာရေး အခြေအနေ ဘယ်လို ရှိပါသလဲ ။

AA - သူ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ် ၊ သူ့ကို ကျွန်တော်တို့ ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားပါတယ်။

BBC - သူဟာ မြန်မာ စစ်တပ်ရဲ့ လက်ကိုင်တုတ် အဖြစ် လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတော့ ဘာကြောင့် အခုလို ပြောတာပါလဲ။

AA - ပလက်၀ ခရိုင်ထဲမှာ ရခိုင်နဲ့ တခြားသော ရခိုင်မျိုးနွယ်စုတွေကြား အထူးသဖြင့် ရခိုင်မုန်းတီးရေး လုပ်ဆောင်ကာ လူမျိုးရေး ဘာသာရေး ပဋိပက္ခ ဖြစ်အောင် တောက်လျှောက် လုပ်ဆောင်နေတဲ့ အထောက်အထားတွေ သူ့ဆီက သိမ်းဆည်း ရမိထားလို့ ပြောရတာ ဖြစ်တယ်။

BBC - AAရဲ့ အခုလို ပြောကြားချက်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးက မဟုတ်မမှန်ကြောင်း ၊ သူတို့အဖွဲ့တွေနဲ့ ဦးဝှေ့တင်း ဆက်စပ်မှု မရှိပါဘူးလို့ ပြောတာတွေကို ထည့်သွင်း မစဉ်းစားတော့ဘူးလား ။

AA - သူ့ဆီက သိမ်းဆည်း ရမိတဲ့ အထောက်အထားတွေ ကျွန်တော်တို့ လက်ထဲ ရှိပါတယ် ၊ သူလုပ်ဆောင် ထားခဲ့တာတွေ ကျွန်တော်တို့ စုဆောင်း ရထားပြီးပါပြီ။

BBC - ဘယ်လို အထောက်အထားတွေပါလဲ

AA - ခုချိန်မှာ စုံစမ်းစစ်ဆေးနေဆဲပါ အသေးစိတ် ပြောလို့ မရသေးပါဘူး။
Image caption ဦးဝှေ့တင်း ဟာ တပ်မတော်ရဲ့ လက်ကိုင်တုတ် လို့ အေအေ အဖွဲ့က စွပ်စွဲထား

BBC - ဒါဆိုရင် အမုန်းစကား ပြောတာနဲ့ စစ်တပ်ရဲ့ လက်ကိုင်တုတ်လို့ ဘယ်ကြောင့် စပ်ဆက်ပြီး ပြောတာပါလဲ။

AA - သူဟာ ခမီးလူငယ်တွေကို လျှို့ဝှက် ဖွဲ့စည်းပြီး ULA/AA ရဲ့ လှုပ်ရှားမှုတွေကို တောက်လျှောက်စုံစမ်း ထောက်လှမ်းပြီး စစ်တပ်ကို နေ့စဉ် သတင်းပေးနေတယ် ၊ ပြီးရင် တချို့ ကိစ္စမှာ ပလက်ဝက ရခိုင်တွေကို အေအေ ဆိုပြီး စစ်တပ်ကို စာရင်းပေး ၊ စစ်တပ်က ဖမ်းပြီး ဒုက္ခဖြစ်အောင် တောက်လျှောက် သူလုပ်လာတာ ဖြစ်တယ် ၊ နောက်ပြီး အေအေ ရဲ့ လှုပ်ရှားမှုတွေကို သူ့လူတွေက တဆင့် နေ့စဉ် သတင်းရယူပြီး စစ်တပ်ဆီကို သတင်းပေးနေတယ် ၊ ဒါ့အပြင် စစ်တပ်ရဲ့ တောထဲမှာ လူတွေကို လက်စဖျောက်ပစ်တာတွေကို သိသိကြီးနဲ့ ဒါကို ဖုံးဖိပြီး အေအေ ဖက်က လုပ်သလိုမျိုး မဟုတ်မမှန် သတင်း ဖြန့်ချိတယ် ၊ အထူးသဖြင့် ULA/AA ကို စစ်ရေး နိုင်ငံရေး အကြပ်အတည်း ဖြစ်အောင် နိုင်ငံတကာမှာ ဂုဏ်သိက္ခာ ကျဆင်းအောင် တောက်လျှောက် လုပ်နေတဲ့ အထောက်အထားတွေ ကျွန်တော်တို့ လက်ထဲ ရှိနေပါပြီ။

BBC - လူထု ရွေးကောက် တင်မြှောက် ထားတဲ့ လွှတ်တော် အမတ် တယောက်ကို ဖမ်းဆီး ထိန်းသိမ်း စစ်ဆေးနေတာဟာ အေအေ အတွက် လူထု ယုံကြည်မှု ကျဆင်းစေတယ်လို့ မထင်ဘူးလား ။

AA - ဒါကတော့ ခွဲမြင်တတ်ဖို့ လိုပါတယ် ၊ လူထုက ရွေးကောက် တင်မြှောက်တာနဲ့ သူ့အဖြစ်တွေကို ခွဲမြင်ဖို့ လိုပါတယ် ၊ ဥပမာ လူထု တင်မြှောက်ထားတိုင်း သူ့ကို ဘာမှ အရေးမယူရဘူးလို့ ဆိုတာ လက်ခံ နိုင်စရာ မရှိပါဘူး။ သူက ရခိုင်နဲ့ ရခိုင် မျိုးနွယ်စုတွေကြား ပဋိပက္ခ ဖြစ်အောင် ဖန်တီးနေရင် ကျွန်တော်တို့က ဖမ်းသင့်ရင် ဖမ်းရမယ် ၊ စစ်ဆေးသင့်ရင် စစ်ဆေးရမယ် ၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်တာနဲ့ သူ့ကို ဘာမှ မလုပ်ရတော့ဘူး ဆိုတာ ကတော့ မဖြစ်သင့်ဘူးလို့ ယုံကြည်တယ် ။ ဒေါက်တာ အေးမောင်လို့ ရခိုင် တမျိုးသားလုံးက ထောက်ခံတဲ့ ခေါင်းဆောင်က စာပေဟောပြောပွဲမှာ စကားပြောမိတာနဲ့ အစိုးရက နိုင်ငံတော် ပုန်ကန်မှုနဲ့ တစ်သက်တစ်ကျွန်း ထောင်ချထားတာမျိုးတောင် ရှိသေးတာပဲ။ ။

အစိုးရ အနေနဲ့ ကိုယ့်လူအဖမ်းခံရမှ မတရားဘူး ပြောမဲ့ အစား အစိုးရနဲ့ စစ်ခေါင်းဆောင်တွေ တရားမျှတမှုကို တန်ဖိုးထား လက်ခံပြီး ပြည်သူကို လေးလေးစားစား လက်ခံတတ်လာအောင် ကြိုးစားသင့်ပါတယ် ၊ နောက်ပြီး အန်အယ်ဒီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဒီကိစ္စက ငြိမ်းချမ်းရေးကြိုးပမ်းမှုကို အနှောက်အယှက် ဖြစ်စေတယ်လို့ ဆိုထားတာလည်း အကြောင်းပြချက် တခုသာ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ဆိုတာက လွန်ခဲ့တဲ့ တစ်နှစ်လောက် ကတည်းက တစ်ဆို့နေတာ ဖြစ်ပြီး ဒါကလည်း စစ်တပ်ကြောင့်သာ ဖြစ်ပါတယ် ။

BBC - ဒေါက်တာ အေးမောင်ကို ပြစ်ဒဏ်ချမှတ်မှုကြောင့် အဲဒီတုန်းက စိတ်ဝမ်းကွဲပြားမှုတွေ ဖြစ်ခဲ့တယ် ဆိုတော့ အခုလည်း ချင်းတိုင်းရင်းသား အမတ် တစ်ယောက်ကို အေအေလို ရခိုင် လက်နက်ကိုင် အဖွဲ့က ဖမ်းဆီးတာဟာ လူမျိုးစုတွေကြား သွေးခွဲမှု မဖြစ်စေဘူးလား။

AA - သူ့ကို ချင်းလူမျိုးမို့ အန်အယ်ဒီ အမတ်မို့ ဖမ်းတာ မဟုတ်ပါဘူး ၊ ပလက်ဝမြို့နယ် အတွင်း လူမျိုးရေး ဘာသာရေး ပြဿနာ ဖြစ်လာအောင် နောက်ကွယ်က လူငယ်တွေကို သွေးခွဲမှု လုပ် ၊ ULA/AA လှုပ်ရှားမှုတွေကို နိုင်ငံရေး စစ်ရေး အကြပ်အတည်း ဖြစ်အောင် လုပ်တာတွေ အတွက် အထောက်အထား ရှိလို့ စစ်ဆေးတာ ဖြစ်တယ် ၊ ချင်းညီအစ်ကိုတွေ အနေနဲ့လည်း ဒီကိစ္စကို ခွဲမြင်တတ်ဖို့ ပြောချင်ပါတယ်။

BBC - ဖမ်းဆီးခံ လွှတ်တော် အမတ် ဦးဝှေ့တင်း နဲ့ ပတ်သက်လို့ သူ့မိသားစုဝင် ဇနီးသည်ကလည်း စိုးရိမ်နေတယ် ၊ ချင်းလူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြန်လွှတ်ပေးဖို့ တောင်းဆို နေတော့ ဒါတွေကို ထည့်သွင်း စဉ်းစားဖို့ ရှိပါသလား ။

AA - ဒီကိစ္စကို သိပြီးသား ဖြစ်ပါတယ် ၊ အဲဒီ ချင်းလူ့အခွင့်အရေး အဖွဲ့ကို ဘယ်သူ ထိန်းချုပ်ထားသလဲ ၊ ဦးဝှေ့တင်း နဲ့ ဘယ်လို အဆက်အသွယ် ရှိလဲ၊ အပေးအယူ ဘယ်လို ရှိလဲ ကျွန်တော်တို့မှာ သတင်းအချက်အလက် ပြည့်ပြည့်စုံစုံ ရထားပြီးပါပြီ၊ဒါကြောင့် စစ်ဆေးနေပါတယ်။
Image caption ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးမှာ အရေးပါတဲ့ ကုလားတန် စီမံကိန်းက လူတွေကို ဖမ်းဆီးမှုဟာ AA လက်နက်ကိုင် အဖွဲ့အပေါ်မေးခွန်းထုတ်စရာဖြစ်နေ

BBC - ဦးဝှေ့တင်း ပြန်လွတ်လာနိုင်ခြေ ဘယ်နှစ်ရာခိုင်နှုန်း ရှိပါသလဲ ။

AA - စုံစမ်း စစ်ဆေးနေဆဲ ကာလ ဖြစ်ပါတယ် ၊ ပြီးမှ ပွင့်ပွင့်လင်းလင်း ပြည်သူကို အသိပေးသွားမှာပါ။

BBC - ခုရက်ပိုင်းတွင်းမှာဘဲ အေအေ အဖွဲ့ လက်ထဲ မီးသတ် အရာရှိ တစ်ယောက် ဆုံးပါး ခဲ့ရတယ် ဆိုတော့ ဦးဝှေ့တင်း အတွက်ကော စိုးရိမ်စရာ မရှိဘူးလား။

AA - သူက ကျန်းမာရေး ကောင်းသူမို့ စိုးရိမ်စရာ မရှိပါဘူး ။ အေအေ အနေနဲ့ မှန်မှန်ကန်ကန် လုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်လို့ အများယုံကြည်မှု ကျဆင်းသွားမှာကိုလည်း မစိုးရိမ်မိပါဘူး။

BBC - အေအေ ကြေညာချက် အဆုံးမှာ အခုလို လုပ်ရပ်မျိုးနဲ့ ပတ်သက်လို့ ဘယ်သူကိုမဆို လုပ်သင့် လုပ်ထိုက်တာ လုပ်သွားမယ်လို့ ရေးသား ဖော်ပြ ထားတော့ ဦးဝှေ့တင်း အပြင် တခြားလူတွေကိုလည်း ပစ်မှတ် ထားတာတွေ ရှိနေပြီ ဆိုတဲ့ သဘောလား။

AA - ဒီဟာကတော့ ဘယ်သူတွေ ပါဝင် ပတ်သက်သလဲ ဆိုတာ ရှိမှာပါ ၊ ခုတော့ ဒီလောက်ပဲ ဖော်ပြလို့ ရလို့ ဒီလောက်ပဲ ပြောပြနိုင်တာ ဖြစ်ပါတယ်။

BBC - အဲဒီ ဖော်ပြချက်က ကျန်တဲ့လူတွေကို ခြိမ်းခြောက်တဲ့ သဘောလား။

AA - ဒီကိစ္စကတော့ လောလော ဆယ် ပြောလို့ မရသေးပါဘူး။
Image caption ချင်းတိုင်းရင်းသား လွှတ်တော်အမတ်ဟာ စစ်တပ်ရဲ့ လက်ကိုင်တုတ် သဖွယ် လုပ်ဆောင်နေတယ်လို့ အေအေ စွပ်စွဲ

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ ရက်နေ့က ဦးဝှေ့တင်း အပါအဝင် လူဆယ်ယောက် ပလက်ဝ နဲ့ ကျောက်တော်ကြား မှာ အေအေ အဖွဲ့ရဲ့ ဖမ်းဆီးတာ ခံခဲ့ကြရပါတယ်။

အေအေအဖွဲ့ ဖမ်းထားတဲ့သူတွေထဲက အိန္ဒိယနိုင်ငံသား ၅ဦး ထဲမှာ တစ်ဦးက သေဆုံးခဲ့ပြီး ကျန်လေးဦး၊ စကားပြန်နှစ်ဦးနဲ့ စပိဘုတ်မောင်းသူ နှစ်ဦးတို့ကို အေအေက နိဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ အိန္ဒိယနိုင်ငံသားတွေဟာ လက်ရှိ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်အတွင်းမှာ အိန္ဒိယအစိုးရက လုပ်ကိုင်ဆောင်ရွက်နေတဲ့ ကုလားတန် ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်းအတွက် လာရောက်ခဲ့ကြတာဖြစ်ပြီး ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီး ဖမ်းဆီးခံလိုက်ရတာဖြစ်ပါတယ်။

အခုဆိုရင်တော့ အမျိုးသား လွှတ်တော် အမတ် ဦးဝှေ့တင်း ကို အေအေ ရခိုင်လက်နက်ကိုင် အဖွဲ့က ဖမ်းဆီး ထိန်းသိမ်းထားတာ တစ်ပတ်နီးပါး ရှိလာပြီ ဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
စစ္တပ္ရဲ႕ လက္ကိုင္တုတ္လို႔ စြပ္စြဲခံရတဲ့ ဦးေဝွ႔တင္း အေျခအေန စစ္တပ္ရဲ႕ လက္ကိုင္တုတ္လို႔ စြပ္စြဲခံရတဲ့ ဦးေဝွ႔တင္း အေျခအေန Reviewed by THITHTOOLWIN on 21:25 Rating: 5
Powered by Blogger.