ေဆးေျခာက္ တရားဝင္ျဖစ္ေရး ဥပေဒပညာရွင္ေတြနဲ႔ အေကာင္ထည္ေဖာ္မယ္ ေျပာ

 ေဆးေျခာက္တရားဝင္ ျဖစ္ေျမာက္ေရး ေတာင္းဆို လူပ္ရွားမႈေတြ ဆက္လုပ္သြားမယ္
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ေဆးေျခာက္ တရားဝင္ ျဖစ္ေျမာက္ေရး လိုလားသူေတြဟာ ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ ေဆြးေႏြးၿပီး ဒီကိစၥကို အေကာင္အထည္ေဖာ္မယ္လို႔ ေျပာပါတယ္။

လႊတ္ေတာ္တြင္းက ျဖစ္ေစ၊ လႊတ္ေတာ္ျပင္ပက ျဖစ္ေစ နယ္ပယ္အသီးသီးက ကြၽမ္းက်င္သူေတြ၊ ဥပေဒပညာရွင္ေတြနဲ႔ တိုင္ပင္ေဆြးေႏြးၿပီး ေဆးေျခာက္ သုံးစြဲမႈ တရားဝင္ ျဖစ္ေျမာက္ေရးအတြက္ ေတာင္းဆို လူပ္ရွားမႈေတြ ဆက္လုပ္သြားမယ္လို႔လည္း ဒီလူပ္ရွားမႈကို ဦးေဆာင္သူ ကိုစိန္လွေမာင္ ကေျပာပါတယ္။

ၿပီးခဲ့တဲ့ ႏိုဝင္ဘာလ ၁၁ရက္ေန႔က ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ မီးပုံးပ်ံ ၁၁၁လုံး လႊတ္တင္ၿပီး ေဆးေျခာက္ တရားဝင္ ျဖစ္ေျမာက္ေရး ေတာင္းဆိုခဲ့တဲ့ ကိုစိန္လွေမာင္ကို ၿငိမ္းစုစီပုဒ္မ၁၉ နဲ႔ ေက်ာက္တံတား ရဲစခန္းက အမႈဖြင့္ တရားစြဲခဲ့ပါတယ္။

အဲဒီအမႈ ပထမဆုံး ႐ုံးခ်ိန္းကို ႏိုဝင္ဘာ ၂၅ရက္ေန႔က ေက်ာက္တံတား တရား႐ုံးမွာ စတင္ၾကားနာခဲ့အၿပီးမွာ ကိုစိန္လွေမာင္ကို ဒဏ္ေငြ ႏွစ္ေသာင္းက်ပ္ အမိန႔္ခ်မွတ္လိုက္ပါတယ္။

 ေဆးေျခာက္ကို မူးယစ္ေဆးလို႔ သတ္မွတ္ထားမႈဟာ ေခတ္ေနာက္က်ေနၿပီလို႔ဆို
ျမန္မာႏိုင္ငံမွာ ေဆးေျခာက္ တရားဝင္ျဖစ္ေျမာက္ေရး လႈပ္ရွားမႈေတြကို ရန္ကုန္၊ မႏၲေလး၊ ေတာင္ႀကီး ၿမိဳ႕ေတြမွာ ႏိုဝင္ဘာလ ၁၁ ရက္ေန႔က စတင္ခဲ့တာပါ။

ေဆးေျခာက္ကို မူးယစ္ေဆးအျဖစ္ ျမန္မာလူ႔အဖြဲ႕အစည္းက သတ္မွတ္ထားမႈဟာ ေခတ္ေနာက္က်ေနၿပီလို႔လည္း ကိုစိန္လွေမာင္ကေျပာပါတယ္။

"ကြၽန္ေတာ္တို႔ တစ္ကိုယ္ေရ သုံးစြဲတာကို တရားဝင္ေအာင္ ခြင့္ျပဳေစခ်င္တာ၊ လက္ရွိ ခ်မွတ္ထားတဲ့ ဥပေဒက မတရားဘူးလို႔ ထင္တယ္၊ နည္းနည္းေလး မိတာနဲ႔ ေထာင္ ေလးငါးႏွစ္ေလာက္ကို က်သြားတယ္။အဲဒါနဲ႔ ပတ္သက္ၿပီးလည္း ျပင္ခ်င္တယ္၊ ေနာက္တစ္ခုက ေဆးေျခာက္ဟာ မူးယစ္ေဆး တစ္ခုတည္း မဟုတ္ဘဲ ေဆးပညာဘက္မွာေရာ စက္မႈလုပ္ငန္းေတြမွာပါ သုံးလို႔ရေတာ့ ျမန္မာႏိုင္ငံမွာ တရားဝင္ စိုက္ပ်ိဳးခြင့္ရဖို႔လည္း ကႊန္ေတာ္တို႔က ေတာင္းဆိုတာပါ" လို႔ သူက ေျပာပါတယ္။

"ႏိုင္ငံတကာမွာလည္း ေဆးေျခာက္ပင္ကေန ကုန္ပစၥည္းေတြ ထုတ္တယ္၊ အစားအေသာက္ေတြ ထုတ္တယ္၊ ေဆးဝါးေတြ ထုတ္လုပ္ေနပါၿပီ"လို႔ သူက ေျပာပါတယ္။

ေဆးေျခာက္ကို ေဆးလိပ္ထဲမွာ ေဆး႐ြက္ႀကီးနဲ႔ ေရာၿပီး ေသာက္ၾကသလို မီးရႈိၿပီး အေငြ႕ကို နည္းမ်ိဳးစုံနဲ႔ ရႉရႈိက္ၾကပါတယ္ ။

ဒါ့အျပင္ လက္ဘက္ေျခာက္၊ အၾကမ္းေျခာက္လို အသုံးျပဳတာ၊ မုန႔္မ်ိဳးစုံနဲ႔ ဟင္းေတြမွာ ထည့္သြင္း ခ်က္လုပ္ စားေသာက္တတ္ၾကတာေတြ ရွိပါတယ္။

 ႏိုင္ငံတကာမွာလည္း ခြင့္ျပဳေပးလ်က္ရွိေန
ေဆးေျခာက္နဲ႔ စိတ္မူမမွန္မႈ ဆက္စပ္ေနတယ္ ဆိုၿပီး အျငင္းပြားဖြယ္ အၾကာင္းအရာေတြကလည္း ျမန္မာ လူ႔အဖြဲ႕စည္းမွာ ယုံၾကည္ၾကသူေတြရွိပါတယ္ ။

ျမန္မာႏိုင္ငံက ေဆးေျခာက္ တရားဝင္ ျဖစ္ေျမာက္ေရး လိုလားသူေတြကေတာ့ ေဆးေျခာက္ကေန ကင္ဆာ ခုခံအားက်ဆင္းမႈ၊ ေအအိုင္ဒီအက္စ္၊ ပိုလီယို လို ေရာဂါေတြအတြက္ ေဆးထုတ္လို႔ ရၿပီး ႏိုင္ငံတကာမွာလည္း ခြင့္ျပဳေပးေနတယ္လို႔လည္း ေျပာပါတယ္။

ဒါေပမယ့္ လက္ရွိ ဥပေဒေတြအရ ေဆးေျခာက္ဟာ မူးယစ္ေဆးဝါးထဲမွာ ပါဝင္ေနဆဲ ျဖစ္ၿပီးေတာ့ သတ္မွတ္ထားတာထက္ မ်ားတဲ့ ပမာဏ လက္ဝယ္ေတြ႕ရင္ ေထာင္ ၃ ႏွစ္ကေန ၅ ႏွစ္ေလာက္ အထိ ျပစ္ဒဏ္ က်ခံရႏိုင္ပါတယ္။

ေဆးေျခာက္ တရားဝင္ျဖစ္ေျမာက္ေရး လူပ္ရွားသူေတြက ႏိုင္ငံအတြင္း တရားဝင္ စိုက္ခြင့္ ရေရးကိုလည္း ေတာင္းဆိုထားၾကပါတယ္။

လက္ရွိ မူးယစ္ေဆးဝါးဥပေဒကို ျပင္ဆင္ဖို႔ ရွိ
ေဆးေျခာက္မ်ိဳးႏြယ္ပင္ တစ္မ်ိဳးျဖစ္တဲ့ စက္မႈေလွ်ာ္ပင္ Industrial Hemp ကို တရားဝင္ စိုက္ပ်ိဳးခြင့္ ေပးႏိုင္ဖို႔အတြက္ လက္ရွိ မူးယစ္ေဆးဝါးဥပေဒကို ျပင္ဆင္ဖို႔ ျပည္သူ႔လႊတ္ေတာ္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ေက်းလက္ေဒသ ဖြံ႕ၿဖိဳးေရး ေကာ္မတီက လုပ္ေဆာင္ေနပါတယ္။

စက္မႈေလွ်ာ္ပင္မွာ မူးယစ္ထုံထိုင္းေစတဲ့ အာနိသင္ ဝ.၃ ရာခိုင္ႏႈန္းေလာက္ပဲ ပါတာ ျဖစ္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာနကလည္း အပင္ေတြကို ေဆးေျခာက္ပင္လို႔ မသတ္မွတ္ဘဲ မူးယစ္ေဆးဥပေဒထဲမွာ ထည့္သြင္း သတ္မွတ္ဖို႔ သေဘာတူထားၿပီလို႔ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးနဲ႔ ေက်းလက္ေဒသ ဖြံၿဖိဳးေရးေကာ္မတီ ဥကၠ႒ ဦးရန္လင္းက ေျပာပါတယ္။

လာမယ့္ ဒီဇင္ဘာလထဲမွာေတာ့ လႊတ္ေတာ္မွာ ေဆြးေႏြးၾကဖို႔ ရွိေနပါတယ္။

ဒီလႈပ္ရွား ေတာင္းဆိုမႈဟာ ျမန္မာႏိုင္ငံမွာ ေဆးေျခာက္ တရားဝင္ျဖစ္ေျမာက္ေရး ပထမဆုံး ေတာင္းဆိုမႈလည္း ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံမွာေဆးေျခာက္ တရားဝင္ျဖစ္ေရး လႈပ္ရွားမႈေတြကို ဆက္လက္ အရွိန္ျမႇင့္ လုပ္ေဆာင္သြားမယ္လို႔လည္း သူတို႔က ေျပာပါတယ္။

BBC Burmese
https://www.bbc.com
--------------
(Unicode)⤵⤵⤵
ဆေးခြောက် တရားဝင်ဖြစ်ရေး ဥပဒေပညာရှင်တွေနဲ့ အကောင်ထည်ဖော်မယ် ပြော

Image caption ဆေးခြောက်တရားဝင် ဖြစ်မြောက်ရေး တောင်းဆို လူပ်ရှားမှုတွေ ဆက်လုပ်သွားမယ်

မြန်မာနိုင်ငံမှာ ဆေးခြောက် တရားဝင် ဖြစ်မြောက်ရေး လိုလားသူတွေဟာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင် ဆွေးနွေးပြီး ဒီကိစ္စကို အကောင်အထည်ဖော်မယ်လို့ ပြောပါတယ်။

လွှတ်တော်တွင်းက ဖြစ်စေ၊ လွှတ်တော်ပြင်ပက ဖြစ်စေ နယ်ပယ်အသီးသီးက ကျွမ်းကျင်သူတွေ၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆေးခြောက် သုံးစွဲမှု တရားဝင် ဖြစ်မြောက်ရေးအတွက် တောင်းဆို လူပ်ရှားမှုတွေ ဆက်လုပ်သွားမယ်လို့လည်း ဒီလူပ်ရှားမှုကို ဦးဆောင်သူ ကိုစိန်လှမောင် ကပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ရက်နေ့က မြို့တော်ခန်းမရှေ့မှာ မီးပုံးပျံ ၁၁၁လုံး လွှတ်တင်ပြီး ဆေးခြောက် တရားဝင် ဖြစ်မြောက်ရေး တောင်းဆိုခဲ့တဲ့ ကိုစိန်လှမောင်ကို ငြိမ်းစုစီပုဒ်မ၁၉ နဲ့ ကျောက်တံတား ရဲစခန်းက အမှုဖွင့် တရားစွဲခဲ့ပါတယ်။

အဲဒီအမှု ပထမဆုံး ရုံးချိန်းကို နိုဝင်ဘာ ၂၅ရက်နေ့က ကျောက်တံတား တရားရုံးမှာ စတင်ကြားနာခဲ့အပြီးမှာ ကိုစိန်လှမောင်ကို ဒဏ်ငွေ နှစ်သောင်းကျပ် အမိန့်ချမှတ်လိုက်ပါတယ်။
Image caption ဆေးခြောက်ကို မူးယစ်ဆေးလို့ သတ်မှတ်ထားမှုဟာ ခေတ်နောက်ကျနေပြီလို့ဆို

မြန်မာနိုင်ငံမှာ ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး လှုပ်ရှားမှုတွေကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး မြို့တွေမှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တာပါ။

ဆေးခြောက်ကို မူးယစ်ဆေးအဖြစ် မြန်မာလူ့အဖွဲ့အစည်းက သတ်မှတ်ထားမှုဟာ ခေတ်နောက်ကျနေပြီလို့လည်း ကိုစိန်လှမောင်ကပြောပါတယ်။

"ကျွန်တော်တို့ တစ်ကိုယ်ရေ သုံးစွဲတာကို တရားဝင်အောင် ခွင့်ပြုစေချင်တာ၊ လက်ရှိ ချမှတ်ထားတဲ့ ဥပဒေက မတရားဘူးလို့ ထင်တယ်၊ နည်းနည်းလေး မိတာနဲ့ ထောင် လေးငါးနှစ်လောက်ကို ကျသွားတယ်။အဲဒါနဲ့ ပတ်သက်ပြီးလည်း ပြင်ချင်တယ်၊ နောက်တစ်ခုက ဆေးခြောက်ဟာ မူးယစ်ဆေး တစ်ခုတည်း မဟုတ်ဘဲ ဆေးပညာဘက်မှာရော စက်မှုလုပ်ငန်းတွေမှာပါ သုံးလို့ရတော့ မြန်မာနိုင်ငံမှာ တရားဝင် စိုက်ပျိုးခွင့်ရဖို့လည်း ကွှန်တော်တို့က တောင်းဆိုတာပါ" လို့ သူက ပြောပါတယ်။

"နိုင်ငံတကာမှာလည်း ဆေးခြောက်ပင်ကနေ ကုန်ပစ္စည်းတွေ ထုတ်တယ်၊ အစားအသောက်တွေ ထုတ်တယ်၊ ဆေးဝါးတွေ ထုတ်လုပ်နေပါပြီ"လို့ သူက ပြောပါတယ်။

ဆေးခြောက်ကို ဆေးလိပ်ထဲမှာ ဆေးရွက်ကြီးနဲ့ ရောပြီး သောက်ကြသလို မီးရှိုပြီး အငွေ့ကို နည်းမျိုးစုံနဲ့ ရှူရှိုက်ကြပါတယ် ။

ဒါ့အပြင် လက်ဘက်ခြောက်၊ အကြမ်းခြောက်လို အသုံးပြုတာ၊ မုန့်မျိုးစုံနဲ့ ဟင်းတွေမှာ ထည့်သွင်း ချက်လုပ် စားသောက်တတ်ကြတာတွေ ရှိပါတယ်။
Image caption နိုင်ငံတကာမှာလည်း ခွင့်ပြုပေးလျက်ရှိနေ

ဆေးခြောက်နဲ့ စိတ်မူမမှန်မှု ဆက်စပ်နေတယ် ဆိုပြီး အငြင်းပွားဖွယ် အကြာင်းအရာတွေကလည်း မြန်မာ လူ့အဖွဲ့စည်းမှာ ယုံကြည်ကြသူတွေရှိပါတယ် ။

မြန်မာနိုင်ငံက ဆေးခြောက် တရားဝင် ဖြစ်မြောက်ရေး လိုလားသူတွေကတော့ ဆေးခြောက်ကနေ ကင်ဆာ ခုခံအားကျဆင်းမှု၊ အေအိုင်ဒီအက်စ်၊ ပိုလီယို လို ရောဂါတွေအတွက် ဆေးထုတ်လို့ ရပြီး နိုင်ငံတကာမှာလည်း ခွင့်ပြုပေးနေတယ်လို့လည်း ပြောပါတယ်။

ဒါပေမယ့် လက်ရှိ ဥပဒေတွေအရ ဆေးခြောက်ဟာ မူးယစ်ဆေးဝါးထဲမှာ ပါဝင်နေဆဲ ဖြစ်ပြီးတော့ သတ်မှတ်ထားတာထက် များတဲ့ ပမာဏ လက်ဝယ်တွေ့ရင် ထောင် ၃ နှစ်ကနေ ၅ နှစ်လောက် အထိ ပြစ်ဒဏ် ကျခံရနိုင်ပါတယ်။

ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး လူပ်ရှားသူတွေက နိုင်ငံအတွင်း တရားဝင် စိုက်ခွင့် ရရေးကိုလည်း တောင်းဆိုထားကြပါတယ်။
Image caption လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ဖို့ ရှိ

ဆေးခြောက်မျိုးနွယ်ပင် တစ်မျိုးဖြစ်တဲ့ စက်မှုလျှော်ပင် Industrial Hemp ကို တရားဝင် စိုက်ပျိုးခွင့် ပေးနိုင်ဖို့အတွက် လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ကော်မတီက လုပ်ဆောင်နေပါတယ်။

စက်မှုလျှော်ပင်မှာ မူးယစ်ထုံထိုင်းစေတဲ့ အာနိသင် ဝ.၃ ရာခိုင်နှုန်းလောက်ပဲ ပါတာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အပင်တွေကို ဆေးခြောက်ပင်လို့ မသတ်မှတ်ဘဲ မူးယစ်ဆေးဥပဒေထဲမှာ ထည့်သွင်း သတ်မှတ်ဖို့ သဘောတူထားပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသ ဖွံဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက ပြောပါတယ်။

လာမယ့် ဒီဇင်ဘာလထဲမှာတော့ လွှတ်တော်မှာ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

ဒီလှုပ်ရှား တောင်းဆိုမှုဟာ မြန်မာနိုင်ငံမှာ ဆေးခြောက် တရားဝင်ဖြစ်မြောက်ရေး ပထမဆုံး တောင်းဆိုမှုလည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆေးခြောက် တရားဝင်ဖြစ်ရေး လှုပ်ရှားမှုတွေကို ဆက်လက် အရှိန်မြှင့် လုပ်ဆောင်သွားမယ်လို့လည်း သူတို့က ပြောပါတယ်။

BBC Burmese
https://www.bbc.com
ေဆးေျခာက္ တရားဝင္ျဖစ္ေရး ဥပေဒပညာရွင္ေတြနဲ႔ အေကာင္ထည္ေဖာ္မယ္ ေျပာ ေဆးေျခာက္ တရားဝင္ျဖစ္ေရး ဥပေဒပညာရွင္ေတြနဲ႔ အေကာင္ထည္ေဖာ္မယ္ ေျပာ Reviewed by THITHTOOLWIN on 08:39 Rating: 5
Powered by Blogger.