မုဒိမ္းသမားေတြဟာ အားကိုးရာမဲ့ေတြကို ပစ္မွတ္ထားေလ့ရွိ

ကမာၻေပၚက အမ်ိဳးသမီး သုံးပုံတပုံဟာ သူတို႔ဘ၀ တေလ်ာက္ ႐ုပ္ပိုင္းနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ႀကဳံခဲ့ရတယ္လို႔ ကုလ အစီရင္ခံစာ ေဖာ္ျပ
(Zawgyi)⤵⤵⤵
အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈ ပုံစံ အမ်ိဳးမ်ိဳးရွိတဲ့ အနက္ ႐ုပ္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ နဲ႔ လိင္ပိုင္း ဆိုင္ရာ အၾကမ္းဖက္မႈေတြ အျဖစ္အမ်ားဆုံးပဲလို႔ အမ်ိဳးသမီး အေရး တက္ႂကြ လႈပ္ရွားသူေတြက ေျပာပါတယ္။

အခုႏွစ္ပိုင္းေတြ အတြင္း ျမန္မာႏိုင္ငံမွာ သက္ငယ္မုဒိမ္းမႈေတြ တိုးလာေနၿပီး ကေလးငယ္ေတြ ကို ေၾကာက္လန္႔ေအာင္လုပ္၊ မေအာ္ႏိုင္ေအာင္ ပါးစပ္ပိတ္ရင္း၊ ႏွာေခါင္းပါ ပိတ္မိ အသက္ရႈ မြန္းက်ပ္ ေသဆုံးမႈေတြလည္း အမ်ားအျပား ရွိေနၿပီး ေနာက္ဆုံးမွာ အေလာင္းသာ ေတြ႕ရလို႔ က်ဴးလြန္သူေတြကို မေဖာ္ထုတ္ႏိုင္ေသးတဲ့ အျဖစ္ေတြ မ်ားစြာ ရွိတယ္လို႔ သူတို႔က ဆိုပါတယ္။

ျမန္မာႏိုင္ငံ အမ်ိဳးသမီးမ်ား အဖြဲ႕ခ်ဳပ္ရဲ႕ ထုတ္ျပန္ခ်က္အရ ၂၀၁၈ - ၂၀၁၉ မွာ အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈ ၂၃၈ မႈ ရွိေၾကာင္း သူတို႔ ေကာက္ယူထားတဲ့ မွတ္တမ္းေတြ အေပၚ အေျခခံၿပီး ေျပာပါတယ္။

အေၾကာင္းရင္းခံကေတာ့ တရားမွ်တမႈ မရရွိဘဲ ကင္းလြတ္ခြင့္ ရေနတဲ့ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ ရွိေနတာေၾကာင့္လို႔ ဆိုၿပီး လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြနဲ႔ အျပင္ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြ ထိခိုက္ ဒဏ္ရာရ အသက္ဆုံးရႈံးေနရတယ္လို႔ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ကမာၻေပၚမွာ အမ်ိဳးသမီးနဲ႔ မိန္းကေလးေတြ အေပၚ အၾကမ္းဖက္မႈေတြ က်ယ္က်ယ္ျပန္႔ျပန္႔ျဖစ္ေနၿပီး ဒီလိုေၾကာက္မက္ဖြယ္ လူ႔အခြင့္အေရး ခ်ိဳးေဖာက္သူေတြကို ထိေရာက္စြာ အေရးယူမႈ မရွိတာ ၊ မိန္းကေလးေတြ ကိုယ္တိုင္ကိုက ရွက္ေၾကာက္လို႔ ထုတ္မေျပာၾကတာနဲ႔ က်ားမ တန္းတူ ညီမွ်မႈ မရွိတာေတြေၾကာင့္ ဒီအၾကမ္းဖက္မႈေတြကို မေဖာ္ထုတ္ႏိုင္ခဲ့ၾကဘူးလို႔ UN Women အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

႐ုပ္ပိုင္းဆိုင္ရာ နဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္ ခံရတဲ့ အမ်ိဳးသမီး သုံးပုံ တစ္ပုံ ရွိတဲ့ အနက္ သူတို႔အထဲက တဝက္ေလာက္ဟာ သူတို႔ရဲ႕ လက္တြဲေဖာ္ေတြ မိသားစု၀င္ေတြရဲ႕ လက္ခ်က္နဲ႔ အၾကမ္းဖက္မႈေတြေၾကာင့္ အသက္ဆုံးရႈံး ခဲ့ရတာ ျဖစ္တယ္လို႔ ကုလသမဂၢ ထုတ္ျပန္ခ်က္မွာ ေရးသားထားပါတယ္။

အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈလို႔ ေျပာလိုက္ရင္ ႐ုပ္ပိုင္း ဆိုင္ရာ အၾကမ္းဖက္မႈ ၊ စိတ္ပိုင္း ဆိုင္ရာ အၾကမ္းဖက္မႈ ၊ စီးပြားေရး ၊ ဘာသာေရးနဲ႔ ဓေလ့ ထုံးတမ္း ဆိုင္ရာ အၾကမ္းဖက္မႈ ၊ နည္းပညာ ဆိုင္ရာ အၾကမ္းဖက္မႈ ၊ အိမ္တြင္း အၾကမ္းဖက္မႈ နဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈ ရယ္လို႔ ရွိတဲ့ အနက္ ျမန္မာ ႏိုင္ငံမွာေတာ့ ႐ုပ္ပိုင္းနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြက အမ်ားဆုံး ျဖစ္တယ္လို႔ မြန္ျပည္နယ္မွာ အမ်ိဳးသမီး အေရး လိုက္ပါ ေဆာင္႐ြက္ေပးေနတဲ့ ေဒၚခင္သန္းေထြးက ေျပာပါတယ္။

 အၾကမ္းဖက္ခံရသူေတြကို အိမ္တိုင္ရာေရာက္ ေတြ႕ဆုံ ကူညီေပးမႈေတြ လုပ္ေဆာင္ရ
သူငယ္ခ်င္း ျဖစ္သူအိမ္မွာ လိုက္အိပ္ရင္း သူငယ္ခ်င္းရဲ႕ ဖခင္ ျဖစ္သူက သူ႔ေျခေတြ လက္ေတြကို ႀကိဳးနဲ႔တုပ္ ပါးစပ္ကို အ၀တ္နဲ႔ ဆို႔ကာ လိင္ပိုင္းဆိုင္ရာ အဓမၼျပဳက်င့္ ခံခဲ့ရတယ္လို႔ က်ိဳက္ထို ၿမိဳ႕က မဇင္မာ (အမည္လႊဲ) က ေျပာပါတယ္။

၂၀၁၈ ခုႏွစ္တုန္းက အသက္ ၁၄ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ မဇင္မာဟာ အဲဒီလို သူ႔ကို အဓမၼျပဳက်င့္သူ အမ်ိဳးသားရဲ႕ ဇနီးကို ဒီအေၾကာင္း ေျပာျပ တိုင္ၾကားခဲ့ေပမယ့္ လက္မခံ ခဲ့တာေၾကာင့္ ဘာလုပ္ရမွန္း မသိျဖစ္ခဲ့တယ္လို႔ သူက ဆိုပါတယ္။

တတိယ အႀကိမ္ လိင္ေစာ္ကားခံရတဲ့ အခ်ိန္မွာ ေအာ္ဟစ္ အကူအညီ ေတာင္းခဲ့တာေၾကာင့္ အနီးအနား ပတ္ဝန္းက်င္က လူေတြ သိသြားခဲ့ၿပီး သူကိုယ္တိုင္လည္း နီးစပ္ရာ အမ်ိဳးသမီး ေရးရာ အဖြဲ႕ေတြဆီ အကူအညီ ေတာင္းခံခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

အခုအခါမွာ မုဒိမ္းသမားဟာ အခ်ဳပ္က်လ်က္ ရွိတယ္လို႔လည္း သူက ဆိုပါတယ္။

လိင္ေစာ္ကားသူေတြ တရားဥပေဒေအာက္က လြတ္ေျမာက္ေနတဲ့ အေပၚ အမ်ိဳးသမီး အေရး လႈပ္ရွားသူေတြ ေတာင္းဆို
ဒီလိုေစာ္ကားခံရမႈေၾကာင့္ ရလာတဲ့ ရွစ္လ အ႐ြယ္ သမီးေလးနဲ႔ အတူ လူ႔ေလာကထဲ ဘ၀ ႏွစ္ခု ရပ္တည္ႏိုင္ဖို႔ မဇင္မာ တေယာက္ ႐ုန္းကန္ ႀကိဳးစား ေနရၿပီ ျဖစ္ပါတယ္။

တဖက္မွာလည္း အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေစာ္ကားခံရမႈကို ပတ္ဝန္းက်င္က အျပဳသေဘာနဲ႔ မျမင္ဘဲ ခံရသူရဲ႕ ေလာ္မာ ေဖာက္ျပားမႈ အျဖစ္ ေျပာဆို တုံ႔ျပန္မႈေတြကိုလည္း ႀကံ့ႀကံ့ခိုင္ ရင္ဆိုင္ခဲ့ရပါတယ္။

အခုေတာ့ ေမာ္လၿမိဳင္ ၿမိဳ႕ေပၚ တက္လာၿပီး အမ်ိဳးသမီး အခြင့္အေရး တက္ႂကြ လႈပ္ရွားတဲ့ အဖြဲ႕ေတြရဲ႕ အကူအညီနဲ႔ သင္တန္းေတြတက္ ဘ၀တူသမားေတြ တမိုးေအာက္ထဲ ေနထိုင္ၾကရင္း အင္အားေတြ ျပန္ျဖစ္ခဲ့ရတယ္လို႔ သူက ေျပာပါတယ္။

တကယ္ေတာ့ မဇင္မာဟာ အသက္ ၄ႏွစ္ အ႐ြယ္မွာ မိဘရင္း ျဖစ္သူေတြက သူစိမ္းတစ္ေယာက္ကို ေမြးစားဖို႔ ေပးခဲ့တာပါ ။

အဲဒီ ေမြးစား မိဘေတြက သူ႔ကို အိမ္အကူအျဖစ္ အသုံးခ်ရာက ေနာက္ပိုင္းမွာ အထည္ခ်ဳပ္ သမ ဘ၀ကို ေရာက္သြားခဲ့ၿပီး ေဆြမ်ိဳး မိဘ မရွိတဲ့ အတြက္ သူငယ္ခ်င္းအိမ္ လိုက္အိပ္ရင္း လိင္ပိုင္းဆိုင္ရာ က်ဴးလြန္ ေစာ္ကား ခံခဲ့ရတာ ျဖစ္တယ္လို႔ သူ႔ကို ေစာင့္ေရွာက္ထားတဲ့ အမ်ိဳးသမီး အဖြဲ႕ေတြက ေျပာပါတယ္။

အခုလို အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြကို တရားဥပေဒပိုင္း အရ ရင္ဆိုင္ဖို႔ ကူညီေပးရသလို သူတို႔ရဲ႕ စိတ္ပိုင္း ႐ုပ္ပိုင္း ျပန္လည္ ထူေထာင္ဖို႔ အတြက္ ေဆြးေႏြး အသိပညာ ေပးမႈေတြကို ေရတို အေနနဲ႔ ႏွစ္ပိုင္းခြဲ ကူညီ လုပ္ေဆာင္ေပးတယ္လို႔ ေဒၚခင္သန္းေထြးက ေျပာပါတယ္။
 အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈေတြ အနက္ ႐ုပ္ပိုင္းနဲ႔ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈက အမ်ားဆုံးျဖစ္

၂၀၁၀ ကတည္းက အမ်ိဳးသမီး အေရး လိုက္ပါ ေဆာင္႐ြက္ေပးေနတဲ့သူ တေယာက္ အေနနဲ႔ နည္းမ်ိဳးစုံနဲ႔ အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေပါင္း ၂ဝ၀၀ ေက်ာ္ ေလာက္ကို ကူညီကယ္တင္ခဲ့ရဖူးၿပီး အဲဒီအထဲက အမႈ အမ်ားစုဟာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြ ျဖစ္တယ္လို႔ သူက ဆိုပါတယ္။

မြန္ျပည္နယ္ တဝိုက္မွာ အခု ၂၀၁၉ တႏွစ္ တည္းမွာ သူတို႔ ကိုင္တြယ္ ေျဖရွင္းေပးရတဲ့ အမႈေပါင္း ၄၀၀ ေက်ာ္ရွိၿပီး အဲဒီ အထဲမွာ သက္ငယ္ မုဒိမ္းမႈက ၂၅ခု ထက္မနည္း ရွိတယ္လို႔ သူက ေျပာပါတယ္။

အခုအခါ ကေလးငယ္ေလးေတြကို ႀကံစည္မႈ ပိုမို မ်ားျပားလာတဲ့ အျပင္ သူတို႔ကို လိင္ပိုင္း က်ဴးလြန္ၿပီးရင္ သတ္ပစ္ေလ့ ရွိတဲ့အတြက္ အ႐ြယ္မေရာက္ေသးတဲ့ လူမမည္ မိန္းကေလးေတြ အသက္ဆုံးရႈံး ေနၾကရတယ္လို႔ သူက ေထာက္ျပထားပါတယ္။

 ပညာေပးေဆြးေႏြးမႈေတြလုပ္ၿပီး အၾကမ္းဖက္ ခံရသူေတြ ဘ၀ ျမႇင့္တင္ေရး ေဆာင္႐ြက္ေနရ

ဒါေၾကာင့္ လူမႈ အဖြဲ႕အစည္း အတြင္း မသိနားမလည္ ေသးတဲ့ မိန္းကေလးငယ္ေလးေတြကို ဂ႐ုတစိုက္ ၾကည့္ရႈ ေစာင့္ေရွာက္ဖို႔ လိုေနၿပီဆိုတာ ျပသေနတယ္လို႔ သူက ေျပာပါတယ္။

အခု ဆိုရင္ အ႐ြယ္မေရာက္ေသးတဲ့ မိန္းကေလးေတြကို ေက်ာင္းေတြမွာ သူတို႔ လိုခ်င္တာေတြနဲ႔ မွ်ားေခၚကာ က်ဴးလြန္မႈေတြ ရွိလာေနတယ္လို႔ သူက ဆိုပါတယ္။

က်ဴးလြန္ခံရတဲ့ ကေလးငယ္ေလးေတြဟာ ျပန္မေျဖ ျပန္မေျပာတက္တဲ့ အတြက္ အခုလို သူတို႔အေပၚ ပစ္မွတ္ထားလာတာလို႔လည္း ေဒၚခင္သန္းေထြးက ရွင္းျပပါတယ္။

ဒါေပမယ့္ အမ်ိဳးသမီး ေရးရာ အဖြဲ႕ေတြရဲ႕ ေဒသတြင္း စစ္တမ္း ေကာက္ယူမႈေတြ အရ အခုအခါ ျပည့္တန္ဆာေတြကို ႏွိပ္ကြပ္ တာေတြ ၊ လိင္လုပ္သား အလြယ္တကူ ရွာမရေတြက အ႐ြယ္မေရာက္ေသးသူေတြ အေပၚ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္တဲ့ အေၾကာင္းရင္း တရပ္ျဖစ္တယ္လို႔ ၄ဝ ရာခိုင္ႏႈန္းေသာ အမ်ိဳးသားေတြက ေျဖဆိုထားေၾကာင္း သူက ေျပာပါတယ္။

အၾကမ္းဖက္ခံရတဲ့ အမ်ိဳးသမီးေတြ ႐ုပ္ပိုင္း စိတ္ပိုင္း ဆိုင္ရာ ျပန္လည္ ထူေထာင္ဖို႔ သင္တန္းေပး ေဆြးေႏြး

လိင္ပိုင္းဆိုင္ရာ က်ဴးလြန္တဲ့ အမ်ိဳးသားေတြ အေနနဲ႔ အားကိုးရာမဲ့တဲ့ မိန္းကေလးေတြ ၊ ျပန္မေျပာႏိုင္ ၊ ျပန္မေျပာတတ္တဲ့ ကေလးေတြကို ပစ္မွတ္ထား ေစာ္ကားေလ့ရွိတယ္လို႔လည္း သူက ရွင္းျပပါတယ္။

အမ်ိဳးသမီးေတြ အေပၚ အၾကမ္းဖက္မႈ မ်ိဳးစုံ ရွိတဲ့ အနက္ အခုလို လိင္ပိုင္းဆိုင္ရာ အၾကမ္းမႈ တိုးလာရတာဟာ ကိစၥျဖစ္ၿပီးမွ သိရတာ ၊ အရင္ကထက္ အခုအခါ ျပစ္မႈ ျပစ္ဒဏ္ ႀကီးေလးစြာ ခ်မွတ္ေပမယ့္ က်ဴးလြန္သူကို မိတာ ၁၀မႈမွာ တမႈေလာက္ပဲ ရွိတာ ၊ အခင္းျဖစ္ေပၚလို႔ တရား႐ုံးေရာက္တဲ့အခါ မိသားစုေတြက ေလ်ာ္ေၾကးေငြ ခပ္ေပါေပါနဲ႔ လက္ခံ သေဘာတူေလ့ရွိတာစတဲ့ အေၾကာင္းေတြကလည္း အမ်ိဳးသမီးထု အၾကမ္းဖက္ ခံရမႈကို အားေပးေနသလို ျဖစ္ေနတယ္လို႔ သူက ေထာက္ျပခဲ့ပါတယ္။

အၾကမ္းဖက္မႈ က်ဴးလြန္သူေတြကို ျပစ္မႈ ျပစ္ဒဏ္ခ်မွတ္တာ ၊ အမ်ိဳးသမီးေတြကို ေနရာေပး အေလးထားလာတာ ၊ အၾကမ္းဖက္မႈ ဆိုင္ရာ စည္းမ်ဥ္း ဥပေဒေတြကို ခိုင္မာေအာင္ တည္ေဆာက္ၿပီး က်င့္သုံးတာ စတဲ့ အခ်က္ေတြဟာ လိင္ပိုင္းဆိုင္ရာ အၾကမ္းဖက္မႈေတြကို ထိထိေရာက္ေရာက္ တိုးျမႇင့္ ကိုင္တြယ္ ေျဖရွင္းသြားေစႏိုင္မယ့္ အေၾကာင္းအခ်က္ေတြ ျဖစ္တယ္လို႔ UN Women အစီရင္ခံစာမွာ တိုက္တြန္း ထားပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
မုဒိမ်းသမားတွေဟာ အားကိုးရာမဲ့တွေကို ပစ်မှတ်ထားလေ့ရှိ

ဓာတ်ပုံ မူပိုင် AFP/Getty Images
Image caption ကမ္ဘာပေါ်က အမျိုးသမီး သုံးပုံတပုံဟာ သူတို့ဘ၀ တလျောက် ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကြုံခဲ့ရတယ်လို့ ကုလ အစီရင်ခံစာ ဖော်ပြ

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ပုံစံ အမျိုးမျိုးရှိတဲ့ အနက် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု နဲ့ လိင်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှုတွေ အဖြစ်အများဆုံးပဲလို့ အမျိုးသမီး အရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။

အခုနှစ်ပိုင်းတွေ အတွင်း မြန်မာနိုင်ငံမှာ သက်ငယ်မုဒိမ်းမှုတွေ တိုးလာနေပြီး ကလေးငယ်တွေ ကို ကြောက်လန့်အောင်လုပ်၊ မအော်နိုင်အောင် ပါးစပ်ပိတ်ရင်း၊ နှာခေါင်းပါ ပိတ်မိ အသက်ရှု မွန်းကျပ် သေဆုံးမှုတွေလည်း အများအပြား ရှိနေပြီး နောက်ဆုံးမှာ အလောင်းသာ တွေ့ရလို့ ကျူးလွန်သူတွေကို မဖော်ထုတ်နိုင်သေးတဲ့ အဖြစ်တွေ များစွာ ရှိတယ်လို့ သူတို့က ဆိုပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများ အဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်အရ ၂၀၁၈ - ၂၀၁၉ မှာ အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု ၂၃၈ မှု ရှိကြောင်း သူတို့ ကောက်ယူထားတဲ့ မှတ်တမ်းတွေ အပေါ် အခြေခံပြီး ပြောပါတယ်။

အကြောင်းရင်းခံကတော့ တရားမျှတမှု မရရှိဘဲ ကင်းလွတ်ခွင့် ရနေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာကြောင့်လို့ ဆိုပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အပြင် အမျိုးသမီးနဲ့ ကလေးသူငယ်တွေ ထိခိုက် ဒဏ်ရာရ အသက်ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ အမျိုးသမီးနဲ့ မိန်းကလေးတွေ အပေါ် အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး ဒီလိုကြောက်မက်ဖွယ် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို ထိရောက်စွာ အရေးယူမှု မရှိတာ ၊ မိန်းကလေးတွေ ကိုယ်တိုင်ကိုက ရှက်ကြောက်လို့ ထုတ်မပြောကြတာနဲ့ ကျားမ တန်းတူ ညီမျှမှု မရှိတာတွေကြောင့် ဒီအကြမ်းဖက်မှုတွေကို မဖော်ထုတ်နိုင်ခဲ့ကြဘူးလို့ UN Women အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရုပ်ပိုင်းဆိုင်ရာ နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် ခံရတဲ့ အမျိုးသမီး သုံးပုံ တစ်ပုံ ရှိတဲ့ အနက် သူတို့အထဲက တဝက်လောက်ဟာ သူတို့ရဲ့ လက်တွဲဖော်တွေ မိသားစုဝင်တွေရဲ့ လက်ချက်နဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံး ခဲ့ရတာ ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုလို့ ပြောလိုက်ရင် ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ၊ စိတ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု ၊ စီးပွားရေး ၊ ဘာသာရေးနဲ့ ဓလေ့ ထုံးတမ်း ဆိုင်ရာ အကြမ်းဖက်မှု ၊ နည်းပညာ ဆိုင်ရာ အကြမ်းဖက်မှု ၊ အိမ်တွင်း အကြမ်းဖက်မှု နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ရယ်လို့ ရှိတဲ့ အနက် မြန်မာ နိုင်ငံမှာတော့ ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက အများဆုံး ဖြစ်တယ်လို့ မွန်ပြည်နယ်မှာ အမျိုးသမီး အရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption အကြမ်းဖက်ခံရသူတွေကို အိမ်တိုင်ရာရောက် တွေ့ဆုံ ကူညီပေးမှုတွေ လုပ်ဆောင်ရ

သူငယ်ချင်း ဖြစ်သူအိမ်မှာ လိုက်အိပ်ရင်း သူငယ်ချင်းရဲ့ ဖခင် ဖြစ်သူက သူ့ခြေတွေ လက်တွေကို ကြိုးနဲ့တုပ် ပါးစပ်ကို အဝတ်နဲ့ ဆို့ကာ လိင်ပိုင်းဆိုင်ရာ အဓမ္မပြုကျင့် ခံခဲ့ရတယ်လို့ ကျိုက်ထို မြို့က မဇင်မာ (အမည်လွှဲ) က ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းက အသက် ၁၄နှစ် အရွယ်သာ ရှိသေးတဲ့ မဇင်မာဟာ အဲဒီလို သူ့ကို အဓမ္မပြုကျင့်သူ အမျိုးသားရဲ့ ဇနီးကို ဒီအကြောင်း ပြောပြ တိုင်ကြားခဲ့ပေမယ့် လက်မခံ ခဲ့တာကြောင့် ဘာလုပ်ရမှန်း မသိဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

တတိယ အကြိမ် လိင်စော်ကားခံရတဲ့ အချိန်မှာ အော်ဟစ် အကူအညီ တောင်းခဲ့တာကြောင့် အနီးအနား ပတ်ဝန်းကျင်က လူတွေ သိသွားခဲ့ပြီး သူကိုယ်တိုင်လည်း နီးစပ်ရာ အမျိုးသမီး ရေးရာ အဖွဲ့တွေဆီ အကူအညီ တောင်းခံခဲ့ရတယ်လို့ သူက ပြောပါတယ်။

အခုအခါမှာ မုဒိမ်းသမားဟာ အချုပ်ကျလျက် ရှိတယ်လို့လည်း သူက ဆိုပါတယ်။
ဓာတ်ပုံ မူပိုင် WLB facebook
Image caption လိင်စော်ကားသူတွေ တရားဥပဒေအောက်က လွတ်မြောက်နေတဲ့ အပေါ် အမျိုးသမီး အရေး လှုပ်ရှားသူတွေ တောင်းဆို

ဒီလိုစော်ကားခံရမှုကြောင့် ရလာတဲ့ ရှစ်လ အရွယ် သမီးလေးနဲ့ အတူ လူ့လောကထဲ ဘ၀ နှစ်ခု ရပ်တည်နိုင်ဖို့ မဇင်မာ တယောက် ရုန်းကန် ကြိုးစား နေရပြီ ဖြစ်ပါတယ်။

တဖက်မှာလည်း အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ စော်ကားခံရမှုကို ပတ်ဝန်းကျင်က အပြုသဘောနဲ့ မမြင်ဘဲ ခံရသူရဲ့ လော်မာ ဖောက်ပြားမှု အဖြစ် ပြောဆို တုံ့ပြန်မှုတွေကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ခဲ့ရပါတယ်။

အခုတော့ မော်လမြိုင် မြို့ပေါ် တက်လာပြီး အမျိုးသမီး အခွင့်အရေး တက်ကြွ လှုပ်ရှားတဲ့ အဖွဲ့တွေရဲ့ အကူအညီနဲ့ သင်တန်းတွေတက် ဘဝတူသမားတွေ တမိုးအောက်ထဲ နေထိုင်ကြရင်း အင်အားတွေ ပြန်ဖြစ်ခဲ့ရတယ်လို့ သူက ပြောပါတယ်။

တကယ်တော့ မဇင်မာဟာ အသက် ၄နှစ် အရွယ်မှာ မိဘရင်း ဖြစ်သူတွေက သူစိမ်းတစ်ယောက်ကို မွေးစားဖို့ ပေးခဲ့တာပါ ။

အဲဒီ မွေးစား မိဘတွေက သူ့ကို အိမ်အကူအဖြစ် အသုံးချရာက နောက်ပိုင်းမှာ အထည်ချုပ် သမ ဘဝကို ရောက်သွားခဲ့ပြီး ဆွေမျိုး မိဘ မရှိတဲ့ အတွက် သူငယ်ချင်းအိမ် လိုက်အိပ်ရင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကား ခံခဲ့ရတာ ဖြစ်တယ်လို့ သူ့ကို စောင့်ရှောက်ထားတဲ့ အမျိုးသမီး အဖွဲ့တွေက ပြောပါတယ်။

အခုလို အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေကို တရားဥပဒေပိုင်း အရ ရင်ဆိုင်ဖို့ ကူညီပေးရသလို သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ပြန်လည် ထူထောင်ဖို့ အတွက် ဆွေးနွေး အသိပညာ ပေးမှုတွေကို ရေတို အနေနဲ့ နှစ်ပိုင်းခွဲ ကူညီ လုပ်ဆောင်ပေးတယ်လို့ ဒေါ်ခင်သန်းထွေးက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှုတွေ အနက် ရုပ်ပိုင်းနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက အများဆုံးဖြစ်

၂၀၁၀ ကတည်းက အမျိုးသမီး အရေး လိုက်ပါ ဆောင်ရွက်ပေးနေတဲ့သူ တယောက် အနေနဲ့ နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးပေါင်း ၂ဝ၀၀ ကျော် လောက်ကို ကူညီကယ်တင်ခဲ့ရဖူးပြီး အဲဒီအထဲက အမှု အများစုဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

မွန်ပြည်နယ် တဝိုက်မှာ အခု ၂၀၁၉ တနှစ် တည်းမှာ သူတို့ ကိုင်တွယ် ဖြေရှင်းပေးရတဲ့ အမှုပေါင်း ၄၀၀ ကျော်ရှိပြီး အဲဒီ အထဲမှာ သက်ငယ် မုဒိမ်းမှုက ၂၅ခု ထက်မနည်း ရှိတယ်လို့ သူက ပြောပါတယ်။

အခုအခါ ကလေးငယ်လေးတွေကို ကြံစည်မှု ပိုမို များပြားလာတဲ့ အပြင် သူတို့ကို လိင်ပိုင်း ကျူးလွန်ပြီးရင် သတ်ပစ်လေ့ ရှိတဲ့အတွက် အရွယ်မရောက်သေးတဲ့ လူမမည် မိန်းကလေးတွေ အသက်ဆုံးရှုံး နေကြရတယ်လို့ သူက ထောက်ပြထားပါတယ်။
ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption ပညာပေးဆွေးနွေးမှုတွေလုပ်ပြီး အကြမ်းဖက် ခံရသူတွေ ဘ၀ မြှင့်တင်ရေး ဆောင်ရွက်နေရ

ဒါကြောင့် လူမှု အဖွဲ့အစည်း အတွင်း မသိနားမလည် သေးတဲ့ မိန်းကလေးငယ်လေးတွေကို ဂရုတစိုက် ကြည့်ရှု စောင့်ရှောက်ဖို့ လိုနေပြီဆိုတာ ပြသနေတယ်လို့ သူက ပြောပါတယ်။

အခု ဆိုရင် အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေကို ကျောင်းတွေမှာ သူတို့ လိုချင်တာတွေနဲ့ မျှားခေါ်ကာ ကျူးလွန်မှုတွေ ရှိလာနေတယ်လို့ သူက ဆိုပါတယ်။

ကျူးလွန်ခံရတဲ့ ကလေးငယ်လေးတွေဟာ ပြန်မဖြေ ပြန်မပြောတက်တဲ့ အတွက် အခုလို သူတို့အပေါ် ပစ်မှတ်ထားလာတာလို့လည်း ဒေါ်ခင်သန်းထွေးက ရှင်းပြပါတယ်။

ဒါပေမယ့် အမျိုးသမီး ရေးရာ အဖွဲ့တွေရဲ့ ဒေသတွင်း စစ်တမ်း ကောက်ယူမှုတွေ အရ အခုအခါ ပြည့်တန်ဆာတွေကို နှိပ်ကွပ် တာတွေ ၊ လိင်လုပ်သား အလွယ်တကူ ရှာမရတွေက အရွယ်မရောက်သေးသူတွေ အပေါ် လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အကြောင်းရင်း တရပ်ဖြစ်တယ်လို့ ၄ဝ ရာခိုင်နှုန်းသော အမျိုးသားတွေက ဖြေဆိုထားကြောင်း သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Daw Khin Than Htwe facebook
Image caption အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေ ရုပ်ပိုင်း စိတ်ပိုင်း ဆိုင်ရာ ပြန်လည် ထူထောင်ဖို့ သင်တန်းပေး ဆွေးနွေး

လိင်ပိုင်းဆိုင်ရာ ကျူးလွန်တဲ့ အမျိုးသားတွေ အနေနဲ့ အားကိုးရာမဲ့တဲ့ မိန်းကလေးတွေ ၊ ပြန်မပြောနိုင် ၊ ပြန်မပြောတတ်တဲ့ ကလေးတွေကို ပစ်မှတ်ထား စော်ကားလေ့ရှိတယ်လို့လည်း သူက ရှင်းပြပါတယ်။

အမျိုးသမီးတွေ အပေါ် အကြမ်းဖက်မှု မျိုးစုံ ရှိတဲ့ အနက် အခုလို လိင်ပိုင်းဆိုင်ရာ အကြမ်းမှု တိုးလာရတာဟာ ကိစ္စဖြစ်ပြီးမှ သိရတာ ၊ အရင်ကထက် အခုအခါ ပြစ်မှု ပြစ်ဒဏ် ကြီးလေးစွာ ချမှတ်ပေမယ့် ကျူးလွန်သူကို မိတာ ၁၀မှုမှာ တမှုလောက်ပဲ ရှိတာ ၊ အခင်းဖြစ်ပေါ်လို့ တရားရုံးရောက်တဲ့အခါ မိသားစုတွေက လျော်ကြေးငွေ ခပ်ပေါပေါနဲ့ လက်ခံ သဘောတူလေ့ရှိတာစတဲ့ အကြောင်းတွေကလည်း အမျိုးသမီးထု အကြမ်းဖက် ခံရမှုကို အားပေးနေသလို ဖြစ်နေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။

အကြမ်းဖက်မှု ကျူးလွန်သူတွေကို ပြစ်မှု ပြစ်ဒဏ်ချမှတ်တာ ၊ အမျိုးသမီးတွေကို နေရာပေး အလေးထားလာတာ ၊ အကြမ်းဖက်မှု ဆိုင်ရာ စည်းမျဉ်း ဥပဒေတွေကို ခိုင်မာအောင် တည်ဆောက်ပြီး ကျင့်သုံးတာ စတဲ့ အချက်တွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် တိုးမြှင့် ကိုင်တွယ် ဖြေရှင်းသွားစေနိုင်မယ့် အကြောင်းအချက်တွေ ဖြစ်တယ်လို့ UN Women အစီရင်ခံစာမှာ တိုက်တွန်း ထားပါတယ်။

BBC Burmese
https://www.bbc.com
မုဒိမ္းသမားေတြဟာ အားကိုးရာမဲ့ေတြကို ပစ္မွတ္ထားေလ့ရွိ မုဒိမ္းသမားေတြဟာ အားကိုးရာမဲ့ေတြကို ပစ္မွတ္ထားေလ့ရွိ Reviewed by THITHTOOLWIN on 08:45 Rating: 5
Powered by Blogger.