ဘူးသီးေတာင္ စစ္ခုံ႐ုံးၾကားနာမႈ ျပည္သူေတြ ေလ့လာႏိုင္

ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးေဆာင္တဲ့အဖြဲ႕ ဂူတာျပင္႐ြာခံေတြနဲ႔ ၂၀၁၈ ေဖေဖာ္ဝါရီ ၂ ရက္ေန႔ကေတြ႕ဆုံစဥ္
(Zawgyi)⤵⤵⤵
ဘူးသီးေတာင္ၿမိဳ႕နယ္က ဂူတာျပင္ေက်း႐ြာမွာ အစုလိုက္အၿပဳံလိုက္သတ္ျဖတ္ၿပီး ျမႇပ္ႏွံထားတဲ့ကိစၥနဲ႔ ပတ္သက္ၿပီး တပ္မေတာ္အက္ဥပေဒကို ေက်ာ္လြန္ေဆာင္႐ြက္ခဲ့တဲ့ တပ္မေတာ္သားတခ်ိဳ႕ကို ဗိုလ္ခ်ဳပ္ျမတ္ေက်ာ္ ဦးစီးတဲ့အဖြဲ႕က ဒီေန႔ ဘူးသီးေတာင္နယ္ေျမခံတပ္ရင္းထဲမွာ စစ္တရား႐ုံးၾကားနာမႈကို ဒီကေန႔စတင္လိုက္ ပါတယ္။

၂၀၁၇ တပ္မေတာ္စစ္ဆင္ေရးေၾကာင့္ ႐ိုဟင္ဂ်ာ ၇ သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးရတဲ့ကိစၥမွာ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္၊ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ လက္ရွိ သမၼတ၊ သမၼတေဟာင္း ႏွစ္ဦးတို႔ဟာ တာဝန္ရွိသူမ်ားအျဖစ္ စြပ္စြဲခံရၿပီးေတာ့ ႏိုင္ငံတကာတရား႐ုံး ICJ ၊ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC နဲ႔ အာဂ်င္တီးနားက ဖက္ဒရယ္ခ႐ိုင္တရား႐ုံးေတြမွာ အမႈဖြင့္ခံထားရတဲ့ အခ်ိန္နဲ႔ တၿပိဳင္နက္တည္းမွာပဲ အခုလို ထုတ္ျပန္လာတာျဖစ္ပါတယ္။

ေမာင္ေတာၿမိဳ႕နယ္ အင္းဒင္ေက်း႐ြာက ႐ိုဟင္ဂ်ာ ၁၀ ဦးကို တပ္မေတာ္သားေတြနဲ႔ လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက သတ္ျဖတ္ခဲ့တာေၾကာင့္၊ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ မတ္လက ေထာင္ဒဏ္ ၁၀ ႏွစ္ခ်မွတ္ခံခဲ့ရပါတယ္။ ဒါေပမဲ့ ကာကြယ္ေရးစစ္ဦးစီးခ်ဳပ္က လြတ္ၿငိမ္းခ်မ္းသာခြင့္ျပဳလိုက္လို႔ တပ္မေတာ္သား ၇ ဦးဟာ ျပစ္ဒဏ္မေစ့ခင္ လြတ္ေျမာက္သြားခဲ့မႈဟာလည္း ေဝဖန္မႈေတြ ရွိခဲ့ပါတယ္။

အခုဂူတာျပင္ျဖစ္စဥ္ဟာ အင္းဒင္ကိစၥတုန္းကလို မလုပ္ေတာ့ဘူးလို႔ ယူဆႏိုင္ေၾကာင္းနဲ႔ အခုဂူတာျပင္ကိစၥကို ထိေရာက္တဲ့ အေရးယူမႈေတြ ျပဳလုပ္လိမ့္မယ္လို႔ ယူဆေၾကာင္း တရားလႊတ္ေတာ္ေရွ႕ေန ဦးႀကီးျမင့္က ေျပာပါတယ္။

“အခုကိစၥမွာေတာ့ ရွင္းရွင္းေျပာရင္ အဲဒီလို မလုပ္ရဲေတာ့ဘူးလို႔ ကြၽန္ေတာ္တို႔ ယူဆႏိုင္တယ္။ ဘာလို႔လဲဆိုေတာ့ ႏိုင္ငံတကာရဲ႕ဖိအားေအာက္မွာ စစ္ရမယ္။ အေလာင္းေတြကလည္းေတြ႕၊ သတ္တာကလည္း ေသခ်ာေနၿပီ။ ၿပီးေတာ့ အင္းဒင္လူသတ္မႈက်ေတာ့ ၉ လေလာက္နဲ႔ လႊတ္ေပးလိုက္တာဗ်။ ႏိုင္ငံတကာက စိတ္ဆိုးတာလည္း အဲဒါေတြပါတယ္။ ဒါေၾကာင့္မို႔လို႔ အဲဒီအျဖစ္အပ်က္ေတြကို ၾကည့္ၿပီးေတာ့ ဒီတခါ ဂူတာျပင္မွာေတာ့ ထိေရာက္တဲ့ အေရးယူမႈေတြ ျပဳလုပ္လိမ့္မယ္လို႔ ယူဆပါတယ္။”

ဒါ့အျပင္ ဦးေနဝင္းလက္ထက္ ၁၉၄၈ ဥပေဒအရ အရပ္ဖက္ခုံ႐ုံးေတြကိုတင္ခဲ့သလို ေလ့လာခြင့္လည္းရခဲ့ေၾကာင္းနဲ႔ အခု ၂၀၀၈ အေျခခံဥပေဒအရ တပ္မေတာ္သားက်ဴးလြန္တဲ့အမႈေတြကို ျပည္သူေတြ လုံးဝသိခြင့္မရွိေတာ့သလို တရားစြဲခြင့္လည္း မရွိေတာ့ဘူးလို႔ ေရွ႕ေနဦးႀကီးျမင့္က ေျပာပါတယ္။

တပ္မေတာ္အေနနဲ႔ ဂူတာျပင္ကိစၥကို စုံစမ္းစစ္ေဆးမယ္ အျပစ္ေပးအေရးယူမယ္ဆိုရင္ ဒီကိစၥကို တတ္ႏိုင္သမွ် ပြင့္လင္းျမင္သာမႈရွိရွိ ျပည္သူေတြအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း သိရွိႏိုင္ေအာင္ ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ႏိုင္ငံေရးေလ့လာသုံးသပ္သူ ေဒါက္တာရန္မ်ိဳးသိမ္းက ေျပာပါတယ္။

“တပ္မေတာ္အေနနဲ႔ ခုံ႐ုံးဖြဲ႕ၿပီးေတာ့ ဂူတာျပင္ကိစၥကို စုံးစမ္းစစ္ေဆးမယ္၊ ေနာက္အျပစ္ေပးအေရးယူမယ္ဆိုရင္ ဒီကိစၥကို တတ္ႏိုင္သမွ် ပြင့္လင္းျမင္သာမႈရွိရွိနဲ႔ အမ်ားျပည္သူအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းကလည္း သိရွိေအာင္ေဆာင္႐ြက္ႏိုင္ဖို႔ အေရးႀကီးတယ္လို႔ ျမင္တယ္။ အဓိကကေတာ့ တရားဥပေဒစိုးမိုးေရးမ႑ိဳင္ကို ျမန္မာႏိုင္ငံထဲမွာ ပိုၿပီးေတာ့ ခိုင္မာသထက္ ခိုင္မာေအာင္ တပ္မေတာ္ကလည္း ေဆာင္႐ြက္ေနတယ္ဆိုတာကို ခိုင္ခိုင္မာမာ သက္ေသျပဳႏိုင္ဖို႔ အေရးႀကီးလို႔ ျမင္ပါတယ္”

ရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဟာင္း ဦးေမာင္ေမာင္အုန္းကေတာ့ အားလုံးေဘာင္အတြင္းက ေဆာင္႐ြက္တယ္ ဆိုတာ ျပလိုတဲ့သေဘာပါဝင္ေၾကာင္းနဲ႔ တဖက္ကလည္း ဟိႏၵဴေတြ အသတ္ခံရတဲ့ကိစၥ၊ ရခိုင္တိုင္းရင္းသားေတြ အသတ္ခံရတဲ့ကိစၥေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ တပ္မေတာ္ကလည္း လုပ္သင့္လုပ္ထိုက္တာကို လုပ္တာျဖစ္ၿပီး အစိုးရကလည္း ထိန္းေက်ာင္းသင့္တာကို ထိန္းေက်ာင္းတာျဖစ္ၿပီး မွန္ကန္မႈကိုျပဖို႔အတြက္ အေထာက္အကူ တစ္ခုျဖစ္လားဆိုတာ ေမွ်ာင္လင့္ေၾကာင္းေျပာပါတယ္။

“အားလုံးက ေဘာင္အတြင္းက ေဆာင္႐ြက္တယ္ဆိုတဲ့ဟာကို ျပခ်င္တဲ့သေဘာလည္းပါသလို ဒီဘက္က ဟိႏၵဴေတြ အသတ္ခံရတဲ့ကိစၥ၊ ရခိုင္တိုင္းရင္းသားေတြ အသတ္ခံရတဲ့ကိစၥေတြ ဒါေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့မွ တပ္မေတာ္က လုပ္သင့္လုပ္ထိုက္တာကိုလုပ္တယ္။ အစိုးရကလည္း လုပ္သင့္လုပ္ထိုက္သာကို လုပ္တယ္။ ထိန္းေက်ာင္းသင့္တာကို ထိန္းေက်ာင္းတယ္။ ဒီဟာ အမွန္တရား Right ဆိုတာကို ျပသဖို႔အတြက္ ေထာက္အကူတစ္ခု ျဖစ္မလားလို႔ ဒီလိုပဲ ေမွ်ာ္လင့္ပါတယ္။”

တပ္မေတာ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္တဲ့ သူေတြကို အျပစ္ေပးအေရးယူမယ့္ တရားစီရင္ေရး ဘယ္ေလာက္ထိ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိမလဲဆိုတာ အင္းဒင္လိုကိစၥမ်ိဳးျဖစ္ထားတာဆိုေတာ့ ႏိုင္ငံတကာက ယုံၾကည္ဖို႔ ေတာ္ေတာ္ခဲယင္းမယ္လို႔ Fortify Rights အဖြဲ႕ရဲ႕  ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး ကြၽမ္းက်င္သူ နစ္ကီဒိုင္းမြန္းက သုံးသပ္ထားပါတယ္။

“တပ္မေတာ္အေနနဲ႔ အခုခ်ိန္မွာပဲ ဂူတာျပင္ကိစၥကို လုပ္ျပတယ္ဆိုေပမယ့္ အေရးယူဖို႔ လုပ္တယ္ဆိုတဲ့ ကိစၥရပ္ကလည္း ႏိုင္ငံတကာကို သူတို႔က ျပည္တြင္းမွာ ဒါမ်ိဳးေတြ အေရးယူေနပါတယ္ဆိုတဲ့ဟာေလာက္ကိုပဲ ခ်ျပဖို႔ ျဖစ္မွာေပါ့ေနာ္။ တကယ္တမ္း ႏိုင္ငံတကာက သူတို႔ရဲ႕လုပ္ရပ္ကို ယုံၾကည္ဖို႔ကေတာ့ အရမ္းကို ခက္ခဲလိမ့္မယ္လို႔ သုံးသပ္ပါတယ္။”

တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ စစ္တရား႐ုံး လုပ္ထုံလုပ္နည္းေတြ အရ ေခ်ပတာေတြ၊ ျပန္ေျပာတာေတြ၊ ျပန္ၿပီးေမးခြန္းထုတ္တာေတြလုပ္တာရွိေၾကာင္းနဲ႔ အေၾကာင္းအခ်င္း အရာအရ အျငင္းဖြဲ႕မႈေတြ မရွိဘူးဆိုရင္ ေယ်ဘုယအေနနဲ႔ စစ္တရား႐ုံးက နယ္ဘက္တရား႐ုံးေတြထက္ ပိုၿပီးျမန္ဆန္တယ္လို႔ ေျပာပါတယ္။

နယ္ေျမခံတပ္မွာ လုပ္ေနတယ္ဆိုတာဟာ ပြင့္လင္းျမင္သာမႈရွိတဲ့ စစ္ေဆးေဆာင္႐ြက္ေနတာျဖစ္ေၾကာင္းနဲ႔ စစ္တရား႐ုံးၿပီးသြားရင္ ဘယ္သူေတြကို ဘယ္မႈနဲ႔ ဘာေၾကာင့္မို႔လို႔ ဘယ္လိုအေရးယူေဆာင္႐ြက္ခဲ့တယ္ဆို ထုတ္ျပန္ေပးသြားမယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက RFA ကို ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ အခုလုပ္ေနတယ္ဆိုတာဟာလည္း သူကေတာ့ Open Court နဲ႔ လုပ္ေနတာျဖစ္ပါတယ္။ အဲဒီ နယ္ေျမခံတပ္မွာ လုပ္ေနတယ္ဆိုတဲ့ဟာသည္ ပြင့္လင္းျမင္သာမႈရွိတဲ့ စစ္ေဆးစီရင္မႈနဲ႔ ကြၽန္ေတာ္တို႔ ေဆာင္႐ြက္ေနတာျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔က ဒီဟာနဲ႔ပတ္သက္ရင္ စစ္တရား႐ုံးၿပီးသြားလို႔ရွိရင္ ကြၽန္ေတာ္ ခဏခဏေျပာပါတယ္ သတင္းထုတ္ျပန္ေပးပါမယ္။ ဘယ္သူေတြကို ဘယ္အမႈနဲ႔ ဘာေၾကာင့္မိုလို႔ ဘယ္လို အေရးယူေဆာင္႐ြက္ခဲ့တယ္ဆိုကို ထုတ္ျပန္ေပးမွာျဖစ္ပါတယ္။”

ဒါ့အျပင္ ဒီစစ္တရားခုံ႐ုံးကို မိသားစုဝင္ေတြ ဝင္ေရာက္ၾကားနာခြင့္ရွိေၾကာင္း၊ နယ္ေျမလုံၿခဳံေရးအေျခအေနရပဲ ကန႔္သတ္မႈ ရွိေကာင္းရွိႏိုင္မွာျဖစ္ေၾကာင္းနဲ႔ တပ္မေတာ္နည္းဥပေဒ (၇၉)အရ လွ်ိဳဝွက္တရားခြင္ စီရင္ဆုံး ျဖတ္ရန္ ၫြန္ၾကားထားတဲ့ အမႈခင္းမွအပ က်န္အမႈေတြဟာ လူသိရွင္ၾကား တရားခြင္ေတြျဖစ္လို႔လည္း  ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

တပ္မေတာ္ဘက္ကေတာ့ တရားခြင္ကို သာမန္အရပ္သားေတြပါ ဝင္ေရာက္နားေထာင္လို႔ရတဲ့အေၾကာင္းေျပာ ေပမယ့္ ေဒသခံလႊတ္ေတာ္ကိုယ္စားလွယ္တခ်ိဳ႕ကေတာ့ ဒီကိစၥကို သိရွိျခင္းမရွိၾကပါဘူး။

AP သတင္းဌာနရဲ႕၂၀၁၈ ခုႏွစ္က ေဖာ္ျပခဲ့တဲ့သတင္းထဲမွာ ၂ဝ၁၇ ခုႏွစ္ ဩဂုတ္လအတြင္း၊ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ အစိုးရလုံၿခဳံေရးတပ္ဖြဲ႕ေတြ တုံ႔ျပန္ေဆာင္႐ြက္ခဲ့တဲ့ စစ္ေရးေဆာင္႐ြက္ခ်က္ေတြေၾကာင့္ ဂူတာျပင္မွာ ႐ိုဟင္ဂ်ာအေယာက္ ၄ဝဝ ဝန္းက်င္အထိ ေသဆုံးခဲ့ႏိုင္ေၾကာင္း ဘဂၤလားေဒ့ရွ္ေရာက္ ဒုကၡသည္ေတြရဲ႕ ထြက္ဆိုခ်က္ေတြရွိတယ္လို႔ ေဖာ္ျပထားပါတယ္။

ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဂူတာျဖစ္စဥ္မွာ ေသဆုံးသူ ၁၉ ဦးရွိေၾကာင္း စက္တင္ဘာလတုန္းက RFA ကို ေျဖၾကားထားပါတယ္။ ဒါေပမဲ့ အဲဒီ ၁၉ ဦးဟာ အၾကမ္းဖက္သမားေတြျဖစ္တယ္လို႔လည္း သူက ဆိုပါတယ္။

အဲဒီ ဂူတာျပင္ေက်း႐ြာ တပ္မေတာ္စစ္ဆင္ေရးကို UN က လူမ်ိဳးတုံး သတ္ျဖတ္မႈလို႔ သတ္မွတ္ထားတဲ့အျပင္  တာဝန္ရွိသူေတြကို ေဖာ္ထုတ္အေရးယူေပးဖို႔ အေမရိကန္၊ ကုလသမဂၢနဲ႔ ႏိုင္ငံတကာ လူ႔အခြင့္အေရးေတြ အဖြဲ႕ေတြက ၂၀၁၈ ခုႏွစ္ကတည္းက ေတာင္းဆိုထားပါတယ္။

လြတ္လပ္ေသာ စုံစမ္းစစ္ေဆးေရးေကာ္မရွင္ ICOE နဲ႔လည္း ပူးေပါင္းေဆာင္႐ြက္လွ်က္ရွိၿပီးေတာ့ ျပစ္မႈ ထင္ရွားတယ္လို႔ ICOE ရဲ႕ အစီရင္ခံစာမွာပါရွိလာမယ္ဆိုလည္း ဥပေဒနဲ႔အညီ ဆက္လက္စုံစမ္းမယ္လို႔ မေန႔က တပ္မေတာ္ရဲ႕ သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

RFA Burmese
https://www.rfa.org
----------------
(Unicode)⤵⤵⤵
ဘူးသီးတောင် စစ်ခုံရုံးကြားနာမှု ပြည်သူတွေ လေ့လာနိုင်

ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့အဖွဲ့ ဂူတာပြင်ရွာခံတွေနဲ့ ၂၀၁၈ ဖေဖော်ဝါရီ ၂ ရက်နေ့ကတွေ့ဆုံစဉ်
Photo: Information Committee

ဘူးသီးတောင်မြို့နယ်က ဂူတာပြင်ကျေးရွာမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်ပြီး မြှပ်နှံထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်အက်ဥပဒေကို ကျော်လွန်ဆောင်ရွက်ခဲ့တဲ့ တပ်မတော်သားတချို့ကို ဗိုလ်ချုပ်မြတ်ကျော် ဦးစီးတဲ့အဖွဲ့က ဒီနေ့ ဘူးသီးတောင်နယ်မြေခံတပ်ရင်းထဲမှာ စစ်တရားရုံးကြားနာမှုကို ဒီကနေ့စတင်လိုက် ပါတယ်။

၂၀၁၇ တပ်မတော်စစ်ဆင်ရေးကြောင့် ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးရတဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်ရှိ သမ္မတ၊ သမ္မတဟောင်း နှစ်ဦးတို့ဟာ တာဝန်ရှိသူများအဖြစ် စွပ်စွဲခံရပြီးတော့ နိုင်ငံတကာတရားရုံး ICJ ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC နဲ့ အာဂျင်တီးနားက ဖက်ဒရယ်ခရိုင်တရားရုံးတွေမှာ အမှုဖွင့်ခံထားရတဲ့ အချိန်နဲ့ တပြိုင်နက်တည်းမှာပဲ အခုလို ထုတ်ပြန်လာတာဖြစ်ပါတယ်။

မောင်တောမြို့နယ် အင်းဒင်ကျေးရွာက ရိုဟင်ဂျာ ၁၀ ဦးကို တပ်မတော်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တာကြောင့်၊ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မတ်လက ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရပါတယ်။ ဒါပေမဲ့ ကာကွယ်ရေးစစ်ဦးစီးချုပ်က လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်လို့ တပ်မတော်သား ၇ ဦးဟာ ပြစ်ဒဏ်မစေ့ခင် လွတ်မြောက်သွားခဲ့မှုဟာလည်း ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။

အခုဂူတာပြင်ဖြစ်စဉ်ဟာ အင်းဒင်ကိစ္စတုန်းကလို မလုပ်တော့ဘူးလို့ ယူဆနိုင်ကြောင်းနဲ့ အခုဂူတာပြင်ကိစ္စကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်လိမ့်မယ်လို့ ယူဆကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“အခုကိစ္စမှာတော့ ရှင်းရှင်းပြောရင် အဲဒီလို မလုပ်ရဲတော့ဘူးလို့ ကျွန်တော်တို့ ယူဆနိုင်တယ်။ ဘာလို့လဲဆိုတော့ နိုင်ငံတကာရဲ့ဖိအားအောက်မှာ စစ်ရမယ်။ အလောင်းတွေကလည်းတွေ့၊ သတ်တာကလည်း သေချာနေပြီ။ ပြီးတော့ အင်းဒင်လူသတ်မှုကျတော့ ၉ လလောက်နဲ့ လွှတ်ပေးလိုက်တာဗျ။ နိုင်ငံတကာက စိတ်ဆိုးတာလည်း အဲဒါတွေပါတယ်။ ဒါကြောင့်မို့လို့ အဲဒီအဖြစ်အပျက်တွေကို ကြည့်ပြီးတော့ ဒီတခါ ဂူတာပြင်မှာတော့ ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်လိမ့်မယ်လို့ ယူဆပါတယ်။”

ဒါ့အပြင် ဦးနေဝင်းလက်ထက် ၁၉၄၈ ဥပဒေအရ အရပ်ဖက်ခုံရုံးတွေကိုတင်ခဲ့သလို လေ့လာခွင့်လည်းရခဲ့ကြောင်းနဲ့ အခု ၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သားကျူးလွန်တဲ့အမှုတွေကို ပြည်သူတွေ လုံးဝသိခွင့်မရှိတော့သလို တရားစွဲခွင့်လည်း မရှိတော့ဘူးလို့ ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

တပ်မတော်အနေနဲ့ ဂူတာပြင်ကိစ္စကို စုံစမ်းစစ်ဆေးမယ် အပြစ်ပေးအရေးယူမယ်ဆိုရင် ဒီကိစ္စကို တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရှိ ပြည်သူတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိရှိနိုင်အောင် ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။

“တပ်မတော်အနေနဲ့ ခုံရုံးဖွဲ့ပြီးတော့ ဂူတာပြင်ကိစ္စကို စုံးစမ်းစစ်ဆေးမယ်၊ နောက်အပြစ်ပေးအရေးယူမယ်ဆိုရင် ဒီကိစ္စကို တတ်နိုင်သမျှ ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အများပြည်သူအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကလည်း သိရှိအောင်ဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်တယ်။ အဓိကကတော့ တရားဥပဒေစိုးမိုးရေးမဏ္ဍိုင်ကို မြန်မာနိုင်ငံထဲမှာ ပိုပြီးတော့ ခိုင်မာသထက် ခိုင်မာအောင် တပ်မတော်ကလည်း ဆောင်ရွက်နေတယ်ဆိုတာကို ခိုင်ခိုင်မာမာ သက်သေပြုနိုင်ဖို့ အရေးကြီးလို့ မြင်ပါတယ်”

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးမောင်မောင်အုန်းကတော့ အားလုံးဘောင်အတွင်းက ဆောင်ရွက်တယ် ဆိုတာ ပြလိုတဲ့သဘောပါဝင်ကြောင်းနဲ့ တဖက်ကလည်း ဟိန္ဒူတွေ အသတ်ခံရတဲ့ကိစ္စ၊ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတဲ့ကိစ္စတွေနဲ့ ပေါင်းစပ်ပြီးတော့ တပ်မတော်ကလည်း လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဖြစ်ပြီး အစိုးရကလည်း ထိန်းကျောင်းသင့်တာကို ထိန်းကျောင်းတာဖြစ်ပြီး မှန်ကန်မှုကိုပြဖို့အတွက် အထောက်အကူ တစ်ခုဖြစ်လားဆိုတာ မျှောင်လင့်ကြောင်းပြောပါတယ်။

“အားလုံးက ဘောင်အတွင်းက ဆောင်ရွက်တယ်ဆိုတဲ့ဟာကို ပြချင်တဲ့သဘောလည်းပါသလို ဒီဘက်က ဟိန္ဒူတွေ အသတ်ခံရတဲ့ကိစ္စ၊ ရခိုင်တိုင်းရင်းသားတွေ အသတ်ခံရတဲ့ကိစ္စတွေ ဒါတွေနဲ့ ပေါင်းစပ်ပြီးတော့မှ တပ်မတော်က လုပ်သင့်လုပ်ထိုက်တာကိုလုပ်တယ်။ အစိုးရကလည်း လုပ်သင့်လုပ်ထိုက်သာကို လုပ်တယ်။ ထိန်းကျောင်းသင့်တာကို ထိန်းကျောင်းတယ်။ ဒီဟာ အမှန်တရား Right ဆိုတာကို ပြသဖို့အတွက် ထောက်အကူတစ်ခု ဖြစ်မလားလို့ ဒီလိုပဲ မျှော်လင့်ပါတယ်။”

တပ်မတော်ရဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ သူတွေကို အပြစ်ပေးအရေးယူမယ့် တရားစီရင်ရေး ဘယ်လောက်ထိ တာဝန်ယူမှု၊ တာဝန်ခံမှုရှိမလဲဆိုတာ အင်းဒင်လိုကိစ္စမျိုးဖြစ်ထားတာဆိုတော့ နိုင်ငံတကာက ယုံကြည်ဖို့ တော်တော်ခဲယင်းမယ်လို့ Fortify Rights အဖွဲ့ရဲ့  မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်သူ နစ်ကီဒိုင်းမွန်းက သုံးသပ်ထားပါတယ်။

“တပ်မတော်အနေနဲ့ အခုချိန်မှာပဲ ဂူတာပြင်ကိစ္စကို လုပ်ပြတယ်ဆိုပေမယ့် အရေးယူဖို့ လုပ်တယ်ဆိုတဲ့ ကိစ္စရပ်ကလည်း နိုင်ငံတကာကို သူတို့က ပြည်တွင်းမှာ ဒါမျိုးတွေ အရေးယူနေပါတယ်ဆိုတဲ့ဟာလောက်ကိုပဲ ချပြဖို့ ဖြစ်မှာပေါ့နော်။ တကယ်တမ်း နိုင်ငံတကာက သူတို့ရဲ့လုပ်ရပ်ကို ယုံကြည်ဖို့ကတော့ အရမ်းကို ခက်ခဲလိမ့်မယ်လို့ သုံးသပ်ပါတယ်။”

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ စစ်တရားရုံး လုပ်ထုံလုပ်နည်းတွေ အရ ချေပတာတွေ၊ ပြန်ပြောတာတွေ၊ ပြန်ပြီးမေးခွန်းထုတ်တာတွေလုပ်တာရှိကြောင်းနဲ့ အကြောင်းအချင်း အရာအရ အငြင်းဖွဲ့မှုတွေ မရှိဘူးဆိုရင် ယျေဘုယအနေနဲ့ စစ်တရားရုံးက နယ်ဘက်တရားရုံးတွေထက် ပိုပြီးမြန်ဆန်တယ်လို့ ပြောပါတယ်။

နယ်မြေခံတပ်မှာ လုပ်နေတယ်ဆိုတာဟာ ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်ဆေးဆောင်ရွက်နေတာဖြစ်ကြောင်းနဲ့ စစ်တရားရုံးပြီးသွားရင် ဘယ်သူတွေကို ဘယ်မှုနဲ့ ဘာကြောင့်မို့လို့ ဘယ်လိုအရေးယူဆောင်ရွက်ခဲ့တယ်ဆို ထုတ်ပြန်ပေးသွားမယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ အခုလုပ်နေတယ်ဆိုတာဟာလည်း သူကတော့ Open Court နဲ့ လုပ်နေတာဖြစ်ပါတယ်။ အဲဒီ နယ်မြေခံတပ်မှာ လုပ်နေတယ်ဆိုတဲ့ဟာသည် ပွင့်လင်းမြင်သာမှုရှိတဲ့ စစ်ဆေးစီရင်မှုနဲ့ ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီဟာနဲ့ပတ်သက်ရင် စစ်တရားရုံးပြီးသွားလို့ရှိရင် ကျွန်တော် ခဏခဏပြောပါတယ် သတင်းထုတ်ပြန်ပေးပါမယ်။ ဘယ်သူတွေကို ဘယ်အမှုနဲ့ ဘာကြောင့်မိုလို့ ဘယ်လို အရေးယူဆောင်ရွက်ခဲ့တယ်ဆိုကို ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။”

ဒါ့အပြင် ဒီစစ်တရားခုံရုံးကို မိသားစုဝင်တွေ ဝင်ရောက်ကြားနာခွင့်ရှိကြောင်း၊ နယ်မြေလုံခြုံရေးအခြေအနေရပဲ ကန့်သတ်မှု ရှိကောင်းရှိနိုင်မှာဖြစ်ကြောင်းနဲ့ တပ်မတော်နည်းဥပဒေ (၇၉)အရ လျှိုဝှက်တရားခွင် စီရင်ဆုံး ဖြတ်ရန် ညွန်ကြားထားတဲ့ အမှုခင်းမှအပ ကျန်အမှုတွေဟာ လူသိရှင်ကြား တရားခွင်တွေဖြစ်လို့လည်း  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်ဘက်ကတော့ တရားခွင်ကို သာမန်အရပ်သားတွေပါ ဝင်ရောက်နားထောင်လို့ရတဲ့အကြောင်းပြော ပေမယ့် ဒေသခံလွှတ်တော်ကိုယ်စားလှယ်တချို့ကတော့ ဒီကိစ္စကို သိရှိခြင်းမရှိကြပါဘူး။

AP သတင်းဌာနရဲ့၂၀၁၈ ခုနှစ်က ဖော်ပြခဲ့တဲ့သတင်းထဲမှာ ၂ဝ၁၇ ခုနှစ် ဩဂုတ်လအတွင်း၊ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ အစိုးရလုံခြုံရေးတပ်ဖွဲ့တွေ တုံ့ပြန်ဆောင်ရွက်ခဲ့တဲ့ စစ်ရေးဆောင်ရွက်ချက်တွေကြောင့် ဂူတာပြင်မှာ ရိုဟင်ဂျာအယောက် ၄ဝဝ ဝန်းကျင်အထိ သေဆုံးခဲ့နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ ထွက်ဆိုချက်တွေရှိတယ်လို့ ဖော်ပြထားပါတယ်။

ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဂူတာဖြစ်စဉ်မှာ သေဆုံးသူ ၁၉ ဦးရှိကြောင်း စက်တင်ဘာလတုန်းက RFA ကို ဖြေကြားထားပါတယ်။ ဒါပေမဲ့ အဲဒီ ၁၉ ဦးဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ ဂူတာပြင်ကျေးရွာ တပ်မတော်စစ်ဆင်ရေးကို UN က လူမျိုးတုံး သတ်ဖြတ်မှုလို့ သတ်မှတ်ထားတဲ့အပြင်  တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ အမေရိကန်၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးတွေ အဖွဲ့တွေက ၂၀၁၈ ခုနှစ်ကတည်းက တောင်းဆိုထားပါတယ်။

လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ICOE နဲ့လည်း ပူးပေါင်းဆောင်ရွက်လျှက်ရှိပြီးတော့ ပြစ်မှု ထင်ရှားတယ်လို့ ICOE ရဲ့ အစီရင်ခံစာမှာပါရှိလာမယ်ဆိုလည်း ဥပဒေနဲ့အညီ ဆက်လက်စုံစမ်းမယ်လို့ မနေ့က တပ်မတော်ရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RFA Burmese
https://www.rfa.org
ဘူးသီးေတာင္ စစ္ခုံ႐ုံးၾကားနာမႈ ျပည္သူေတြ ေလ့လာႏိုင္ ဘူးသီးေတာင္ စစ္ခုံ႐ုံးၾကားနာမႈ ျပည္သူေတြ ေလ့လာႏိုင္ Reviewed by THITHTOOLWIN on 21:28 Rating: 5
Powered by Blogger.