အနိမ့္ဆုံးလုပ္ခလစာကို အလုပ္သမားသမဂၢမ်ား စစ္တမ္းေကာက္ယူေန

အနိမ့္ဆုံးလုပ္ခလစာကို အလုပ္သမားသမဂၢမ်ား စစ္တမ္းေကာက္ယူေန
(Zawgyi)⤵⤵⤵
အနိမ့္ဆုံးလုပ္ခ လစာသတ္မွတ္ခ်က္ကို အစိုးရက တစ္ရက္ကို ၄၈၀ဝ ဆိုၿပီး သတ္မွတ္ထားခဲ့ေပမယ့္ ေနထိုင္မႈ ကုန္က်စရိတ္ေတြ တေျဖးေျဖး တိုးျမင့္လာတာေၾကာင့္ အခုအခါ သတ္မွတ္ထားတဲ့ အနိမ့္ဆုံး လုပ္ခလစာဟာ လုံေလာက္မႈ မရွိတာေတြ႕ရတယ္လို႔ အလုပ္သမားအေရး ေဆာင္႐ြက္ေနသူေတြက ေျပာပါတယ္။

အလုပ္သမားေတြရဲ႕ အနိမ့္ဆုံးလုပ္ခ လစာနဲ႔ ေန႔စဥ္စားဝတ္ေနေရး အတြက္ အသုံးစရိတ္ေတြကို CTUM ေခၚ ျမန္မာႏိုင္ငံလုံးဆိုင္ရာ အလုပ္သမားမ်ား သမဂၢမ်ား အဖြဲ႕ခ်ဳပ္ကလိုက္လံစစ္တမ္းေကာက္ယူေနတာျဖစ္ပါတယ္။

အဲဒီ့အဖြဲ႕က လက္ေထာက္ အေထြေထြ အတြင္းေရးမႉး မၿဖိဳးစႏၵာစိုးက " ေနထိုင္မႈ ကုန္က်စရိတ္ကို ေကာက္ခံတဲ့အခါ စားတာရယ္ ဝတ္တာရယ္ ေနတာရယ္ သုံးမ်ိဳးစလုံးမွာ ကုန္ေဈးႏႈန္းတက္လာတယ္။ ဥပမာ - စက္မႈဇုန္ေတြမွာ အလုပ္သမားေတြ စားေနတဲ့ တစ္မနက္ကို ငါးရာဆိုတဲ့ ဟာက အစားအေသာက္နဲ႔ ပတ္သက္လို႔ အရည္အေသြးက်သြားတယ္။ အာဟာရတန္ဖိုးျပည့္ေအာင္ထက္ လူကို အႏၲရာယ္ျဖစ္တဲ့ ပစၥည္းေတြပိုသုံးစြဲလာတယ္" လို႔ေျပာပါတယ္။

တကယ္အာဟာရျပည့္တဲ့အစားအေသာက္ကို စားဖို႔ဆိုရင္ေတာ့ အခုလက္ရွိ ရေနတဲ့လုပ္ခ လစာနဲ႔ လုံေလာက္မႈေတြ မရွိသလို ေနထိုင္မႈစရိတ္မွာလည္း အိမ္ငွားခေတြတိုးလာတာနဲ႔ လွ်ပ္စစ္ မီတာခ အစိုးရက တိုးျမႇင့္ေကာက္တာေၾကာင့္ လွ်ပ္စစ္မီတာခနဲ႔ သက္ဆိုင္တဲ့ အေျခခံစားေသာက္ကုန္လူသုံးကုန္စရိတ္ ေတြကလည္း တေျဖးေျဖးတိုးလာတာေတြ႕ရတယ္လို႔ အလုပ္သမားအေရး ေလ့လာေစာင့္ၾကည့္သူေတြက ဆိုပါတယ္။

အနိမ့္ဆုံးလုပ္ခ လစာကို အခေၾကးေငြဆိုင္ရာ အမ်ိဳးသားေကာ္မတီက ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၂ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ၿပီး ေမ ၁၄ ရက္ေန႔မွာ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာနက အတည္ျပဳ ထုတ္ျပန္ခဲ့ပါတယ္။

ဒီလို အတည္ျပဳ ထုတ္ျပန္ခဲ့ေပမယ့္လည္း တစ္ခ်ိဳ႕ စက္႐ုံေတြက အလုပ္သမားေတြဟာ အနိမ့္ဆုံးလုပ္ခ လစာကို မရရွိတဲ့အတြက္ ဆႏၵထုတ္ေဖာ္တာေတြ လုပ္ခဲ့ရပါတယ္။

အခုလို ကုန္ေဈးႏႈန္းနဲ႔ မကိုက္ညီတဲ့ အေျခခံလုပ္ခ လစာကို တိုးဖို႔အတြက္ ဥပေဒအရ ႏွစ္ႏွစ္ၾကာမွ တိုးသင့္ မတိုးသင့္ကို ျပန္လည္ သုံးသပ္ႏိုင္မယ္လို႔ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အား ဝန္ႀကီးဌာန အၿမဲတမ္အတြင္းဝန္ ဦးမ်ိဳးေအာင္က ၾသဂုတ္လ ၂၅ ရက္ေန႔က ဘီဘီစီကို ေျပာခဲ့ပါတယ္။

အေျခခံလုပ္အားခကို တိုးျမႇင့္တာကို ႏွစ္ႏွစ္ၾကာမွ တိုးျမႇင့္သင့္၊ မတိုးသင့္ စတာကို အမ်ိဳးသားအဆင့္ အနည္းဆုံး အခေၾကးေငြ ေကာ္မတီက ျပန္လည္ သုံးသပ္ဖို႔ကို အလုပ္သမား ဥပေဒက ျပဌာန္းထားပါတယ္။

လွ်ပ္စစ္မီတာခေတြကို အစိုးရက တိုးျမႇင့္ေကာက္ခံမႈေၾကာင့္ လွ်ပ္စစ္နဲ႔ ပတ္သက္ ဆက္ႏြယ္တဲ့ အေျခခံစားေသာက္ကုန္ေစ်းႏႈန္း ျမင့္တက္လာၿပီး အလုပ္သမားေတြရဲ႕ အေဆာင္ခ၊ လွ်ပ္စစ္သုံးစြဲခ အျပင္ စားဝတ္ေနေရး အသုံးစရိတ္ေတြလည္း တိုးလာေၾကာင့္ အေျခခံ လုပ္အားလစာနဲ႔ မေလာက္မငွ ျဖစ္ေနၾကတာ ျဖစ္ပါတယ္။

အခုခ်ိန္အထိေတာ့ အစိုးရ သတ္မွတ္ထားတဲ့ တေန႔ ၄၈၀ဝ လုပ္ခလစာဟာ မေလာက္ငွဘူးဆိုတဲ့ အခ်က္ေတြကိုေတြ႕ရွိထားၿပီး လက္ရွိကုန္ေဈးႏႈန္းနဲ႔ ကိုက္ညီတဲ့ လုပ္ခလစာ ဘယ္ေလာက္ ထိ သတ္မွတ္ရမယ္ဆိုတာကိုေတာ့ စစ္တမ္းေတြ ေကာက္ယူတုန္းပဲ ျဖစ္တယ္လို႔ အလုပ္သမား သဂၢေတြက ဆိုပါတယ္။

BBC Burmese
https://www.bbc.com
---------------
(Unicode)⤵⤵⤵
အနိမ့်ဆုံးလုပ်ခလစာကို အလုပ်သမားသမဂ္ဂများ စစ်တမ်းကောက်ယူနေ

ဓာတ်ပုံ မူပိုင် Paula Bronstein/gettyimage
Image caption အနိမ့်ဆုံးလုပ်ခလစာကို အလုပ်သမားသမဂ္ဂများ စစ်တမ်းကောက်ယူနေ

အနိမ့်ဆုံးလုပ်ခ လစာသတ်မှတ်ချက်ကို အစိုးရက တစ်ရက်ကို ၄၈၀ဝ ဆိုပြီး သတ်မှတ်ထားခဲ့ပေမယ့် နေထိုင်မှု ကုန်ကျစရိတ်တွေ တဖြေးဖြေး တိုးမြင့်လာတာကြောင့် အခုအခါ သတ်မှတ်ထားတဲ့ အနိမ့်ဆုံး လုပ်ခလစာဟာ လုံလောက်မှု မရှိတာတွေ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

အလုပ်သမားတွေရဲ့ အနိမ့်ဆုံးလုပ်ခ လစာနဲ့ နေ့စဉ်စားဝတ်နေရေး အတွက် အသုံးစရိတ်တွေကို CTUM ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားများ သမဂ္ဂများ အဖွဲ့ချုပ်ကလိုက်လံစစ်တမ်းကောက်ယူနေတာဖြစ်ပါတယ်။

အဲဒီ့အဖွဲ့က လက်ထောက် အထွေထွေ အတွင်းရေးမှူး မဖြိုးစန္ဒာစိုးက " နေထိုင်မှု ကုန်ကျစရိတ်ကို ကောက်ခံတဲ့အခါ စားတာရယ် ဝတ်တာရယ် နေတာရယ် သုံးမျိုးစလုံးမှာ ကုန်ဈေးနှုန်းတက်လာတယ်။ ဥပမာ - စက်မှုဇုန်တွေမှာ အလုပ်သမားတွေ စားနေတဲ့ တစ်မနက်ကို ငါးရာဆိုတဲ့ ဟာက အစားအသောက်နဲ့ ပတ်သက်လို့ အရည်အသွေးကျသွားတယ်။ အာဟာရတန်ဖိုးပြည့်အောင်ထက် လူကို အန္တရာယ်ဖြစ်တဲ့ ပစ္စည်းတွေပိုသုံးစွဲလာတယ်" လို့ပြောပါတယ်။

တကယ်အာဟာရပြည့်တဲ့အစားအသောက်ကို စားဖို့ဆိုရင်တော့ အခုလက်ရှိ ရနေတဲ့လုပ်ခ လစာနဲ့ လုံလောက်မှုတွေ မရှိသလို နေထိုင်မှုစရိတ်မှာလည်း အိမ်ငှားခတွေတိုးလာတာနဲ့ လျှပ်စစ် မီတာခ အစိုးရက တိုးမြှင့်ကောက်တာကြောင့် လျှပ်စစ်မီတာခနဲ့ သက်ဆိုင်တဲ့ အခြေခံစားသောက်ကုန်လူသုံးကုန်စရိတ် တွေကလည်း တဖြေးဖြေးတိုးလာတာတွေ့ရတယ်လို့ အလုပ်သမားအရေး လေ့လာစောင့်ကြည့်သူတွေက ဆိုပါတယ်။

အနိမ့်ဆုံးလုပ်ခ လစာကို အခကြေးငွေဆိုင်ရာ အမျိုးသားကော်မတီက ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပြီး မေ ၁၄ ရက်နေ့မှာ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဒီလို အတည်ပြု ထုတ်ပြန်ခဲ့ပေမယ့်လည်း တစ်ချို့ စက်ရုံတွေက အလုပ်သမားတွေဟာ အနိမ့်ဆုံးလုပ်ခ လစာကို မရရှိတဲ့အတွက် ဆန္ဒထုတ်ဖော်တာတွေ လုပ်ခဲ့ရပါတယ်။

အခုလို ကုန်ဈေးနှုန်းနဲ့ မကိုက်ညီတဲ့ အခြေခံလုပ်ခ လစာကို တိုးဖို့အတွက် ဥပဒေအရ နှစ်နှစ်ကြာမှ တိုးသင့် မတိုးသင့်ကို ပြန်လည် သုံးသပ်နိုင်မယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်အတွင်းဝန် ဦးမျိုးအောင်က သြဂုတ်လ ၂၅ ရက်နေ့က ဘီဘီစီကို ပြောခဲ့ပါတယ်။

အခြေခံလုပ်အားခကို တိုးမြှင့်တာကို နှစ်နှစ်ကြာမှ တိုးမြှင့်သင့်၊ မတိုးသင့် စတာကို အမျိုးသားအဆင့် အနည်းဆုံး အခကြေးငွေ ကော်မတီက ပြန်လည် သုံးသပ်ဖို့ကို အလုပ်သမား ဥပဒေက ပြဌာန်းထားပါတယ်။

လျှပ်စစ်မီတာခတွေကို အစိုးရက တိုးမြှင့်ကောက်ခံမှုကြောင့် လျှပ်စစ်နဲ့ ပတ်သက် ဆက်နွယ်တဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း မြင့်တက်လာပြီး အလုပ်သမားတွေရဲ့ အဆောင်ခ၊ လျှပ်စစ်သုံးစွဲခ အပြင် စားဝတ်နေရေး အသုံးစရိတ်တွေလည်း တိုးလာကြောင့် အခြေခံ လုပ်အားလစာနဲ့ မလောက်မငှ ဖြစ်နေကြတာ ဖြစ်ပါတယ်။

အခုချိန်အထိတော့ အစိုးရ သတ်မှတ်ထားတဲ့ တနေ့ ၄၈၀ဝ လုပ်ခလစာဟာ မလောက်ငှဘူးဆိုတဲ့ အချက်တွေကိုတွေ့ရှိထားပြီး လက်ရှိကုန်ဈေးနှုန်းနဲ့ ကိုက်ညီတဲ့ လုပ်ခလစာ ဘယ်လောက် ထိ သတ်မှတ်ရမယ်ဆိုတာကိုတော့ စစ်တမ်းတွေ ကောက်ယူတုန်းပဲ ဖြစ်တယ်လို့ အလုပ်သမား သဂ္ဂတွေက ဆိုပါတယ်။

BBC Burmese
https://www.bbc.com
အနိမ့္ဆုံးလုပ္ခလစာကို အလုပ္သမားသမဂၢမ်ား စစ္တမ္းေကာက္ယူေန အနိမ့္ဆုံးလုပ္ခလစာကို အလုပ္သမားသမဂၢမ်ား စစ္တမ္းေကာက္ယူေန Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.