႐ိုဟင္ဂ်ာအေရးေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ကုလအတြင္းေရးမႉးခ်ဳပ္ ေမတၱာရပ္ခံ

အာဆီယံအစည္းအေဝးမွာ ေတြ႕ရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ကုလအတြင္းေရးမႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္
(Zawgyi)⤵⤵⤵
၃၅ ႀကိမ္ေျမာက္ အေရွ႕ေတာင္အာရွႏိုင္ငံမ်ားအဖြဲ႕ (အာဆီယံ)ထိပ္သီး အစည္း အေဝးနဲ႔ ဆက္စပ္အစည္းအေဝးေတြကို ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕မွာ ႏိုဝင္ဘာ ၃ ရက္ေန႔မွာ က်င္းပေနပါတယ္။

အာဆီယံေခါင္းေဆာင္ေတြရဲ႕အစည္းအေဝးေတြ အျပင္ တျခား ဆက္စပ္ အစည္း အေဝးေတြ ျဖစ္တဲ့ အာဆီယံ-ကုလသမဂၢ၊ အာဆီယံ-အိႏၵိယ၊ အာဆီယံ-အေမရိကန္ အစည္းအေဝးေတြကိုလည္း က်င္းပပါတယ္။ အာဆီယံထိပ္သီးအစည္းအေဝးကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္လည္း တက္ေရာက္ေနပါတယ္။

အာဆီယံနဲ႔ ဆက္စပ္ အစည္းအေဝးကို လာေရာက္တဲ့ ကုလသမဂၢ အတြင္းေရး မႉးခ်ဳပ္ အန္တိုနီယို ဂူတားရက္စ္က ႐ိုဟင္ဂ်ာအေရးကို ေဒၚေအာင္ဆန္းစုၾကည္ အေနနဲ႔ ေျဖရွင္းေပးဖို႔ တိုက္႐ိုက္ ေမတၱာရပ္ခံ လိုက္ပါတယ္။

အာဆီယံ-ကုလသမဂၢ ထိပ္သီးအစည္းအေဝး

"ႏိုင္ငံတကာက သတ္မွတ္ထားတဲ့ စံခ်ိန္စံႏႈန္းနဲ႔ အညီ ဒုကၡသည္ေတြ သူတို႔ရဲ႕သေဘာဆႏၵနဲ႔ သိကၡာရွိရွိ ျပန္လာႏိုင္ဖို႔ အေထာက္အကူ ျပဳမယ့္ အေျခအေနကို ဖန္တီးေပးဖို႔ လိုပါတယ္" လို႔ မစၥတာ ဂူတားရက္စ္က ေျပာပါတယ္။

ဒီအေရးနဲ႔ ပတ္သက္ၿပီး တစုံတရာ အေရးယူေဆာင္႐ြက္မႈ မရွိဘူးဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္ကို ကုလသမဂၢက ေဝဖန္ပါတယ္။

ဒီအစည္းအေဝးမွာ ကမာၻ႔အႀကီးဆုံး ကုန္သြယ္ေရး သေဘာတူညီခ်က္ကို အာဆီယံနဲ႔ ေဒသတြင္း ေခါင္းေဆာင္ေတြအၾကား အၿပီးသတ္ သေဘာတူညီဖို႔က ေႏွာင့္ေႏွး ႏိုင္တယ္လို႔ သတင္းေတြမွာ ေဖာ္ျပပါတယ္။

တ႐ုတ္က ေထာက္ခံထားတဲ့ ေဒသတခုလုံး အက်ဳံးဝင္တဲ့ စီးပြားေရး လက္တြဲဖက္ (RCEP)ဆိုၿပီး အမည္ေပးထားတဲ့ ကုန္သြယ္ေရး သေဘာတူစာခ်ဳပ္ကို ေနာက္ဆုံး အခ်ိန္မွာ အိႏၵိယက သေဘာမတူခဲ့လို႔ ေႏွာင့္ေႏွးမႈေတြ ျဖစ္ခဲ့တယ္လို႔ ထိုင္း အေျခစိုက္ ဘန္ေကာက္ပိုစ့္ သတင္းမွာ ေရးပါတယ္။

ဒီသေဘာတူညီခ်က္ကို ေထာက္ခံရင္ ႏိုင္ငံရဲ႕ ထုတ္လုပ္မႈ သြင္းကုန္ေတြတိုးၿပီး စိုက္ပ်ိဳးေရး က႑အေပၚမွာ အက်ိဳး သက္ေရာက္မႈ ရွိလာႏိုင္တဲ့ အေပၚ စိုးရိမ္ ပူပန္လို႔ အိႏၵိယက မေထာက္ခံတာလို႔လည္း ဆိုပါတယ္။

ဒါ့အျပင္ တ႐ုတ္နဲ႔ ဗီယက္နမ္အၾကားေတာင္တ႐ုတ္ပင္လယ္ အေရး ကိစၥနဲ႔ ပတ္သက္ၿပီး မေျပလည္မႈေတြရွိေနေပမယ့္ ဒီအစည္းအေဝးမွာ တ႐ုတ္နဲ႔ ဗီယက္နမ္ ဝန္ႀကီးခ်ဳပ္တို႔ ေတြ႕ဆုံခဲ့ပါတယ္။

ႏွစ္ဖက္စလုံးက ေရေၾကာင္းဆိုင္ရာ ကိစၥေတြနဲ႔ ပိုမို ပူးေပါင္း ေဆာင္႐ြက္ႏိုင္မယ့္ အေျခအေနေတြ ဖန္တီးေပးဖို႔ ေဆြးေႏြးခဲ့တယ္လို႔ ဆိုပါ တယ္။

အာဆီယံစီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈထိပ္သီး အစည္းအေဝးမွာ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာ။

အာဆီယံအစည္းအေဝးမွာ ျမန္မာ့စီးပြားေရးနဲ႔ ပတ္သက္လို႔ ဘာေျပာလဲ။

ႏိုဝင္ဘာ ၂ ရက္ေန႔က အာဆီယံစီးပြားေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈထိပ္သီး အစည္းအေဝး မိန႔္ခြန္းမွာ ေဒၚေအာင္ဆန္းစုၾကည္က ျမန္မာ့ စီးပြားေရးဟာ တိုးတက္ႏႈန္း ၆ ကေန ၇ ရာခိုင္ႏႈန္းနဲ႔ ႏွစ္စဥ္ ထိန္းသိမ္းထားႏိုင္ၿပီး ဒီႏႈန္းဟာ အာရွမွာ အျမန္ဆုံး တိုးတက္ မႈႏႈန္း ျဖစ္တယ္လို႔ ေျပာပါတယ္။

လက္ရွိ ေကာင္းမြန္တဲ့ စီးပြားေရးအေျခအေနကို အသုံးျပဳၿပီး ဖန္တီးမႈဆိုင္ရာ လုပ္ငန္းေတြ၊ တီထြင္ႀကံဆမႈ သုေတသနလုပ္ငန္းေတြ၊ ရင္းႏွီးျမဳပ္ႏွံမႈနဲ႔ ဒစ္ဂ်စ္ တယ္စီးပြားေရးလုပ္ငန္းေတြ ျမႇင့္တင္ေပးေပးတာကတဆင့္ လူစြမ္းအား အရင္း အျမစ္ဖြံၿဖိဳးေရး ေဆာင္႐ြက္ဖို႔ကို သံႏၷိ႒ာန္ခ်ထားတယ္လို႔လည္း သူက ေျပာပါ တယ္။

ဒီထိပ္သီးေဆြးေႏြးပြဲကို တက္ေရာက္ခဲ့တဲ့ ျမန္မာႏိုင္ငံက စြန႔္ဦးတီထြင္လုပ္ငန္း ရွင္ျဖစ္တဲ့ ဉာဏ္ႀကီးရွင္ေကာ္ဖီလုပ္ငန္း တည္ေထာင္သူ ဦးေငြထြန္းက ေဒၚေအာင္ ဆန္းစုၾကည္မွာ တိက်တဲ့ အစီအစဥ္ေတြ ရွိေနတာေၾကာင့္ အခုလို ရဲရဲဝံ့ဝံ့ ေျပာရဲတာ ျဖစ္တယ္လို႔ ေျပာပါတယ္။

"ကြၽန္ေတာ္စင္ကာပူတုန္းကလည္း တက္ျဖစ္တယ္၊ ဘန္ေကာက္မွာလည္း တက္ ျဖစ္တယ္၊ ဘန္ေကာက္မွာ ပိုၿပီးေတာ့ ကြၽန္ေတာ္ထင္တယ္ အစီအစဥ္က ေကာင္း လာတယ္၊ ခိုင္မာလာ တယ္၊ အဲဒီအတြက္ ပိုၿပီး ျဖစ္ႏိုင္ေခ်ရွိတယ္လို႔ ထင္တယ္၊ ေနာက္တခုက အက္ဖ္ဒီအိုင္ (ႏိုင္ငံျခားတိုက္႐ိုက္ ရင္းႏွီးျမဳပ္ႏွံမႈ)ကို လုပ္ၾကတဲ့ ေနရာမွာ တခ်ိဳ႕ႏိုင္ငံေတြက ရီဆို႔စ္ (အရင္းအျမစ္)ကိုပဲ အဓိကထား စဥ္စားတဲ့ အခ်ိန္မွာ ေဒၚေအာင္ဆန္းစုၾကည္ ေျပာသြားတာက ရီဆို႔စ္တင္မဟုတ္ဘဲနဲ႔ လူ႔စြမ္းအား အရင္းအျမစ္ကိုပါပိုၿပီးစဥ္းစားဖို႔ ဆိုတာေလး ထည့္ေျပာသြားတာ သိရပါတယ္" လို႔ သူက ေျပာပါတယ္။

LILLIAN SUWANRUMPHA

ဒါေပမဲ့ ရခိုင္အေရး ကိစၥနဲ႔ပတ္သက္ၿပီး ျမန္မာအေပၚ ဖိအားေပးမႈေတြ ရွိေနတဲ့ အတြက္ အေရွ႕ေတာင္ အာရွအပါအဝင္ အာဆီယံရဲ႕ ေဆြးေႏြးဘက္ ထိပ္သီး ႏိုင္ငံေတြ ျမန္မာႏိုင္ငံမွာ လာေရာက္ ရင္းႏွီးျမဳပ္ႏွံမလားဆိုတဲ့ စိုးရိမ္မႈေတြကလည္း ရွိေနပါတယ္။

"ရင္းႏွီးျမဳပ္ႏွံတဲ့သူေတြနဲ႔ ေတာ္ေတာ္မ်ားမ်ား စကားေျပာ ျဖစ္တယ္၊ ရင္းႏွီးျမဳပ္ႏွံ တဲ့သူေတြကို ကြၽန္ေတာ္ ရွင္းျပတာက ျမန္မာႏိုင္ငံက ဒီတေနရာထဲမွာ ျဖစ္ေနတာ မဟုတ္ဘူး၊ က်န္တဲ့ ကိစၥေတြ အမ်ားႀကီး ျပဳျပင္ေျပာင္းလဲဖို႔ လိုေသးတယ္၊ ရခိုင္ ကိစၥေၾကာင့္ ဆက္ၿပီးေတာ့မသြားဘဲ လုပ္မယ္ဆိုရင္ ပိုၿပီးဆိုးတဲ့ အေျခအေန တခုကို ျဖစ္ႏိုင္တယ္၊ အဲေတာ့ ကြၽန္ေတာ္တို႔မွာ ေ႐ြးစရာက ပိုၿပီးဆိုးတဲ့ အေျခ အေနတခုကို သြားမလား၊ ျပဳျပင္ေျပာင္းလဲမႈကို လက္ခံမလား" လို႔ ဦးေငြထြန္းက ေျပာပါတယ္။

BBC Burmese
https://www.bbc.com
------------------
(Unicode)⤵⤵⤵
ရိုဟင်ဂျာအရေးဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်ကို ကုလအတွင်းရေးမှူးချုပ် မေတ္တာရပ်ခံ


Image caption အာဆီယံအစည်းအဝေးမှာ တွေ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်

၃၅ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ)ထိပ်သီး အစည်း အဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ နိုဝင်ဘာ ၃ ရက်နေ့မှာ ကျင်းပနေပါတယ်။

အာဆီယံခေါင်းဆောင်တွေရဲ့အစည်းအဝေးတွေ အပြင် တခြား ဆက်စပ် အစည်း အဝေးတွေ ဖြစ်တဲ့ အာဆီယံ-ကုလသမဂ္ဂ၊ အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန် အစည်းအဝေးတွေကိုလည်း ကျင်းပပါတယ်။ အာဆီယံထိပ်သီးအစည်းအဝေးကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်လည်း တက်ရောက်နေပါတယ်။

အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးကို လာရောက်တဲ့ ကုလသမဂ္ဂ အတွင်းရေး မှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ရိုဟင်ဂျာအရေးကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဖြေရှင်းပေးဖို့ တိုက်ရိုက် မေတ္တာရပ်ခံ လိုက်ပါတယ်။
ဓာတ်ပုံ မူပိုင် MANAN VATSYAYANA
Image caption အာဆီယံ-ကုလသမဂ္ဂ ထိပ်သီးအစည်းအဝေး

"နိုင်ငံတကာက သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ အညီ ဒုက္ခသည်တွေ သူတို့ရဲ့သဘောဆန္ဒနဲ့ သိက္ခာရှိရှိ ပြန်လာနိုင်ဖို့ အထောက်အကူ ပြုမယ့် အခြေအနေကို ဖန်တီးပေးဖို့ လိုပါတယ်" လို့ မစ္စတာ ဂူတားရက်စ်က ပြောပါတယ်။

ဒီအရေးနဲ့ ပတ်သက်ပြီး တစုံတရာ အရေးယူဆောင်ရွက်မှု မရှိဘူးဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ကုလသမဂ္ဂက ဝေဖန်ပါတယ်။

ဒီအစည်းအဝေးမှာ ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူညီချက်ကို အာဆီယံနဲ့ ဒေသတွင်း ခေါင်းဆောင်တွေအကြား အပြီးသတ် သဘောတူညီဖို့က နှောင့်နှေး နိုင်တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

တရုတ်က ထောက်ခံထားတဲ့ ဒေသတခုလုံး အကျုံးဝင်တဲ့ စီးပွားရေး လက်တွဲဖက် (RCEP)ဆိုပြီး အမည်ပေးထားတဲ့ ကုန်သွယ်ရေး သဘောတူစာချုပ်ကို နောက်ဆုံး အချိန်မှာ အိန္ဒိယက သဘောမတူခဲ့လို့ နှောင့်နှေးမှုတွေ ဖြစ်ခဲ့တယ်လို့ ထိုင်း အခြေစိုက် ဘန်ကောက်ပိုစ့် သတင်းမှာ ရေးပါတယ်။

ဒီသဘောတူညီချက်ကို ထောက်ခံရင် နိုင်ငံရဲ့ ထုတ်လုပ်မှု သွင်းကုန်တွေတိုးပြီး စိုက်ပျိုးရေး ကဏ္ဍအပေါ်မှာ အကျိုး သက်ရောက်မှု ရှိလာနိုင်တဲ့ အပေါ် စိုးရိမ် ပူပန်လို့ အိန္ဒိယက မထောက်ခံတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် တရုတ်နဲ့ ဗီယက်နမ်အကြားတောင်တရုတ်ပင်လယ် အရေး ကိစ္စနဲ့ ပတ်သက်ပြီး မပြေလည်မှုတွေရှိနေပေမယ့် ဒီအစည်းအဝေးမှာ တရုတ်နဲ့ ဗီယက်နမ် ဝန်ကြီးချုပ်တို့ တွေ့ဆုံခဲ့ပါတယ်။

နှစ်ဖက်စလုံးက ရေကြောင်းဆိုင်ရာ ကိစ္စတွေနဲ့ ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်မယ့် အခြေအနေတွေ ဖန်တီးပေးဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါ တယ်။
ဓာတ်ပုံ မူပိုင် LILLIAN SUWANRUMPHA
Image caption အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြော။

အာဆီယံအစည်းအဝေးမှာ မြန်မာ့စီးပွားရေးနဲ့ ပတ်သက်လို့ ဘာပြောလဲ။

နိုဝင်ဘာ ၂ ရက်နေ့က အာဆီယံစီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှုထိပ်သီး အစည်းအဝေး မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့ စီးပွားရေးဟာ တိုးတက်နှုန်း ၆ ကနေ ၇ ရာခိုင်နှုန်းနဲ့ နှစ်စဉ် ထိန်းသိမ်းထားနိုင်ပြီး ဒီနှုန်းဟာ အာရှမှာ အမြန်ဆုံး တိုးတက် မှုနှုန်း ဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိ ကောင်းမွန်တဲ့ စီးပွားရေးအခြေအနေကို အသုံးပြုပြီး ဖန်တီးမှုဆိုင်ရာ လုပ်ငန်းတွေ၊ တီထွင်ကြံဆမှု သုတေသနလုပ်ငန်းတွေ၊ ရင်းနှီးမြုပ်နှံမှုနဲ့ ဒစ်ဂျစ် တယ်စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ပေးပေးတာကတဆင့် လူစွမ်းအား အရင်း အမြစ်ဖွံဖြိုးရေး ဆောင်ရွက်ဖို့ကို သံန္နိဋ္ဌာန်ချထားတယ်လို့လည်း သူက ပြောပါ တယ်။

ဒီထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံက စွန့်ဦးတီထွင်လုပ်ငန်း ရှင်ဖြစ်တဲ့ ဉာဏ်ကြီးရှင်ကော်ဖီလုပ်ငန်း တည်ထောင်သူ ဦးငွေထွန်းက ဒေါ်အောင် ဆန်းစုကြည်မှာ တိကျတဲ့ အစီအစဉ်တွေ ရှိနေတာကြောင့် အခုလို ရဲရဲဝံ့ဝံ့ ပြောရဲတာ ဖြစ်တယ်လို့ ပြောပါတယ်။

"ကျွန်တော်စင်ကာပူတုန်းကလည်း တက်ဖြစ်တယ်၊ ဘန်ကောက်မှာလည်း တက် ဖြစ်တယ်၊ ဘန်ကောက်မှာ ပိုပြီးတော့ ကျွန်တော်ထင်တယ် အစီအစဉ်က ကောင်း လာတယ်၊ ခိုင်မာလာ တယ်၊ အဲဒီအတွက် ပိုပြီး ဖြစ်နိုင်ချေရှိတယ်လို့ ထင်တယ်၊ နောက်တခုက အက်ဖ်ဒီအိုင် (နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံမှု)ကို လုပ်ကြတဲ့ နေရာမှာ တချို့နိုင်ငံတွေက ရီဆို့စ် (အရင်းအမြစ်)ကိုပဲ အဓိကထား စဉ်စားတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာက ရီဆို့စ်တင်မဟုတ်ဘဲနဲ့ လူ့စွမ်းအား အရင်းအမြစ်ကိုပါပိုပြီးစဉ်းစားဖို့ ဆိုတာလေး ထည့်ပြောသွားတာ သိရပါတယ်" လို့ သူက ပြောပါတယ်။
ဓာတ်ပုံ မူပိုင် LILLIAN SUWANRUMPHA

ဒါပေမဲ့ ရခိုင်အရေး ကိစ္စနဲ့ပတ်သက်ပြီး မြန်မာအပေါ် ဖိအားပေးမှုတွေ ရှိနေတဲ့ အတွက် အရှေ့တောင် အာရှအပါအဝင် အာဆီယံရဲ့ ဆွေးနွေးဘက် ထိပ်သီး နိုင်ငံတွေ မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံမလားဆိုတဲ့ စိုးရိမ်မှုတွေကလည်း ရှိနေပါတယ်။

"ရင်းနှီးမြုပ်နှံတဲ့သူတွေနဲ့ တော်တော်များများ စကားပြော ဖြစ်တယ်၊ ရင်းနှီးမြုပ်နှံ တဲ့သူတွေကို ကျွန်တော် ရှင်းပြတာက မြန်မာနိုင်ငံက ဒီတနေရာထဲမှာ ဖြစ်နေတာ မဟုတ်ဘူး၊ ကျန်တဲ့ ကိစ္စတွေ အများကြီး ပြုပြင်ပြောင်းလဲဖို့ လိုသေးတယ်၊ ရခိုင် ကိစ္စကြောင့် ဆက်ပြီးတော့မသွားဘဲ လုပ်မယ်ဆိုရင် ပိုပြီးဆိုးတဲ့ အခြေအနေ တခုကို ဖြစ်နိုင်တယ်၊ အဲတော့ ကျွန်တော်တို့မှာ ရွေးစရာက ပိုပြီးဆိုးတဲ့ အခြေ အနေတခုကို သွားမလား၊ ပြုပြင်ပြောင်းလဲမှုကို လက်ခံမလား" လို့ ဦးငွေထွန်းက ပြောပါတယ်။

BBC Burmese
https://www.bbc.com
႐ိုဟင္ဂ်ာအေရးေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ကုလအတြင္းေရးမႉးခ်ဳပ္ ေမတၱာရပ္ခံ ႐ိုဟင္ဂ်ာအေရးေျဖရွင္းဖို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ကုလအတြင္းေရးမႉးခ်ဳပ္ ေမတၱာရပ္ခံ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.