ေက်ာက္မဲၿမိဳ႕ မိုင္းတင္း ရပ္ေက်း ဥကၠဌ အပါအဝင္ႏွင့္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္သတ္ခံရ

(Zawgyi)⤵⤵⤵
စက္တင္ဘာ ၃၊၂၀၁၉

သွ်မ္းျပည္နယ္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕ နမ့္ခုံး စားေသာက္ဆိုင္ တြင္ မိုင္းတင္း ရပ္ေက်း ဥကၠဌ ႏွင့္ လိုက္ပါလာသည့္ အမ်ိဳးသား ၂ဦး ယေန႔ ေန႔လည္ ၁နာရီခြဲတြင္ ေသနတ္ပစ္ ခံရၿပီး ေသဆုံးခဲ့ေၾကာင္း သတင္းရရွိသည္။

ျဖစ္စဥ္မွာ ေက်ာက္မဲၿမိဳု႔ နမ့္ခုံးစားေသာက္ဆိုင္ထဲတြင္ ေက်ာက္မဲၿမိဳ႕နယ္ မိုင္းတင္း ရပ္ေက်း ဥကၠဌ ဦးထြန္းရင္ ႏွင့္ အတူ လိုက္ပါလာသည့္ အမ်ိဳးသား ၂ဦးကို အမည္မသိ လက္နက္ကိုင္ အဖြဲ႕ မွ ေသနတ္ပစ္သြားကာ ေသဆုံးခဲ့ေၾကာင္း ေက်ာက္မဲ ဇီဝိတ လူမႈကူညီေရး အသင္း ဥကၠဌ ဦးတင္ေမာင္သိန္း က ေျပာသည္။

“ ဒီေန႔ ေန႔လည္ ၁နာရီခြဲမွာ ေသနတ္ပစ္ခံရတာပါ။ ၂ဦးကေတာ့ အဲ့ေနရာမွာပဲ ပြဲခ်င္းၿပီး ေသဆုံးသြားတယ္။ တဦးကေတာ့ ေဆး႐ုံမွာ ေသဆုံးသြားတယ္” ဟု ဦးတင္ေမာင္သိန္း ေျပာျပသည္။

အဆိုပါ ေသနတ္ပစ္ခံရသည့္ အမ်ိဳးသား ၃ဦးသည့္ နမ့္ခုံးစားေသာက္ဆိုင္တြင္ ထိုင္ၿပီး စားေသာက္ေနခ်ိန္ အမည္မသိ လက္နက္ကိုင္ သူမ်ားက ဝင္ေရာက္ပစ္ခတ္သည္မွ ႐ုပ္ရွင္ ထဲမွ အက္ရွင္ဇာတ္ကား ႏွင့္ တူေၾကာင္း ေက်ာက္မဲ ေဒသခံမ်ားေျပာဆိုခ်က္ အရ သိရသည္။

“ ေက်ာက္မဲၿမိဳ႕ေပၚ ေန႔ခင္း လူသြားလာမ်ားတဲ့အခ်ိန္ စားေသာက္ဆိုင္ထဲ ဝင္ၿပီး ပစ္ရဲတဲ့တာကေတာ့ တရားဥပေဒ စိုးမိုးမႈ ကင္းမဲ့ေနၿပီ” ဟု ေက်ာက္မဲၿမိဳ႕ ေဒသခံ စိုင္းၫႊန႔္ က သွ်မ္းသံေတာ္ဆင့္သို႔ေျပာသည္။

ေသနတ္ပစ္ခံရၿပီး ေသဆုံးသြားသူမ်ားမွာ မိုင္းတင္း ရပ္ေက်း ဥကၠဌ အသက္ ၃၇ ႏွစ္ အ႐ြယ္ ဦးစိုင္းထြန္းရင္ သည္ ရင္စို႔ ဒဏ္ရာ တခ်က္ ၊ ယာဘက္ခါး ေဖာက္ထြက္ တခ်က္၊ ဝဲဘက္ခါး ေဖာက္ထြက္ တခ်က္ ထိမွန္းခဲ့ၿပီ၊ အသက္ ၄၉ ႏွစ္ ဦးစိုင္းေအာင္သိန္း ယာလက္ေမာင္း ၊ ရင္အုံေဖာက္ထြက္ တခ်က္ ထိမွန္ ေသဆုံးခဲ့သည္။

ထို႔ျပင္ အသက္ ၅၇ ႏွစ္ အ႐ြယ္ ဦးဆုေဇယ် သည္ ယာဘက္ေက်ာ မွ ဝမ္းဗိုက္ ေဖာက္ထြက္ ဒဏ္ရာ တခ်က္ျဖင့္ ထိမွန္ၿပီး ေဆး႐ုံတြင္ ေသဆုံးခဲ့ေၾကာင္း ရဲမွတ္တမ္းအရ သိရသည္။

လက္ရွိ အခ်ိန္ထိ မည္သည့္ လက္နက္ကိုင္ အဖြဲ႕မွ လာေရာက္ ပစ္ခတ္သည္ ကို မသိရွိေသးေၾကာင္း၊ စုံစမ္းေနေသးေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ နယ္အတြင္း လက္နက္ကိုင္ တပ္ဖြဲ႕ ေပါင္းစုံ လႈပ္ရွားသည့္ နယ္ေျမ ေဒသျဖစ္ၿပီး မၾကာခဏ အရပ္သားျပည္သူ ပစ္ခတ္ခံရ ကာ တႀကိမ္တခါမွ် တရားခံေပၚေပါက္ျခင္းမရွိခဲ့ေပ။

ယခုႏွစ္ ေအာက္တိုဘာ ၁၅ ရက္ တြင္ လည္း လားရႈိးၿမိဳ႕နယ္ မန္ေကာင္းေက်း႐ြာ အုပ္ခ်ဳပ္ေရးမႉး ဦးမာကူး အား အမည္မသိ လက္နက္ကိုင္မွ ေသနတ္ပစ္သတ္ခဲ့ ေသးသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
------------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့ မိုင်းတင်း ရပ်ကျေး ဥက္ကဌ အပါအဝင်နှင့် အမျိုးသား ၂ဦး သေနတ်ပစ်သတ်ခံရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

စက်တင်ဘာ ၃၊၂၀၁၉

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ နမ့်ခုံး စားသောက်ဆိုင် တွင် မိုင်းတင်း ရပ်ကျေး ဥက္ကဌ နှင့် လိုက်ပါလာသည့် အမျိုးသား ၂ဦး ယနေ့ နေ့လည် ၁နာရီခွဲတွင် သေနတ်ပစ် ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ကျောက်မဲမြိုု့ နမ့်ခုံးစားသောက်ဆိုင်ထဲတွင် ကျောက်မဲမြို့နယ် မိုင်းတင်း ရပ်ကျေး ဥက္ကဌ ဦးထွန်းရင် နှင့် အတူ လိုက်ပါလာသည့် အမျိုးသား ၂ဦးကို အမည်မသိ လက်နက်ကိုင် အဖွဲ့ မှ သေနတ်ပစ်သွားကာ သေဆုံးခဲ့ကြောင်း ကျောက်မဲ ဇီဝိတ လူမှုကူညီရေး အသင်း ဥက္ကဌ ဦးတင်မောင်သိန်း က ပြောသည်။

“ ဒီနေ့ နေ့လည် ၁နာရီခွဲမှာ သေနတ်ပစ်ခံရတာပါ။ ၂ဦးကတော့ အဲ့နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတယ်။ တဦးကတော့ ဆေးရုံမှာ သေဆုံးသွားတယ်” ဟု ဦးတင်မောင်သိန်း ပြောပြသည်။

အဆိုပါ သေနတ်ပစ်ခံရသည့် အမျိုးသား ၃ဦးသည့် နမ့်ခုံးစားသောက်ဆိုင်တွင် ထိုင်ပြီး စားသောက်နေချိန် အမည်မသိ လက်နက်ကိုင် သူများက ဝင်ရောက်ပစ်ခတ်သည်မှ ရုပ်ရှင် ထဲမှ အက်ရှင်ဇာတ်ကား နှင့် တူကြောင်း ကျောက်မဲ ဒေသခံများပြောဆိုချက် အရ သိရသည်။

“ ကျောက်မဲမြို့ပေါ် နေ့ခင်း လူသွားလာများတဲ့အချိန် စားသောက်ဆိုင်ထဲ ဝင်ပြီး ပစ်ရဲတဲ့တာကတော့ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီ” ဟု ကျောက်မဲမြို့ ဒေသခံ စိုင်းညွှန့် က သျှမ်းသံတော်ဆင့်သို့ပြောသည်။

သေနတ်ပစ်ခံရပြီး သေဆုံးသွားသူများမှာ မိုင်းတင်း ရပ်ကျေး ဥက္ကဌ အသက် ၃၇ နှစ် အရွယ် ဦးစိုင်းထွန်းရင် သည် ရင်စို့ ဒဏ်ရာ တချက် ၊ ယာဘက်ခါး ဖောက်ထွက် တချက်၊ ဝဲဘက်ခါး ဖောက်ထွက် တချက် ထိမှန်းခဲ့ပြီ၊ အသက် ၄၉ နှစ် ဦးစိုင်းအောင်သိန်း ယာလက်မောင်း ၊ ရင်အုံဖောက်ထွက် တချက် ထိမှန် သေဆုံးခဲ့သည်။

ထို့ပြင် အသက် ၅၇ နှစ် အရွယ် ဦးဆုဇေယျ သည် ယာဘက်ကျော မှ ဝမ်းဗိုက် ဖောက်ထွက် ဒဏ်ရာ တချက်ဖြင့် ထိမှန်ပြီး ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

လက်ရှိ အချိန်ထိ မည်သည့် လက်နက်ကိုင် အဖွဲ့မှ လာရောက် ပစ်ခတ်သည် ကို မသိရှိသေးကြောင်း၊ စုံစမ်းနေသေးကြောင်း သိရသည်။

ကျောက်မဲမြို့ နယ်အတွင်း လက်နက်ကိုင် တပ်ဖွဲ့ ပေါင်းစုံ လှုပ်ရှားသည့် နယ်မြေ ဒေသဖြစ်ပြီး မကြာခဏ အရပ်သားပြည်သူ ပစ်ခတ်ခံရ ကာ တကြိမ်တခါမျှ တရားခံပေါ်ပေါက်ခြင်းမရှိခဲ့ပေ။

ယခုနှစ် အောက်တိုဘာ ၁၅ ရက် တွင် လည်း လားရှိုးမြို့နယ် မန်ကောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမာကူး အား အမည်မသိ လက်နက်ကိုင်မှ သေနတ်ပစ်သတ်ခဲ့ သေးသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕ မိုင္းတင္း ရပ္ေက်း ဥကၠဌ အပါအဝင္ႏွင့္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္သတ္ခံရ ေက်ာက္မဲၿမိဳ႕ မိုင္းတင္း ရပ္ေက်း ဥကၠဌ အပါအဝင္ႏွင့္ အမ်ိဳးသား ၂ဦး ေသနတ္ပစ္သတ္ခံရ Reviewed by THITHTOOLWIN on 09:18 Rating: 5
Powered by Blogger.