ပုံညာေတာင္အဆင္း သရက္ပင္ေကြ႕တြင္ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္သျဖင့္ ၆ ဦးေသ ၄၁ ဦး ဒဏ္ရာရရွိ

(Zawgyi)⤵⤵⤵
ဂန႔္ေဂါ ႏိုဝင္ဘာ ၂၃

ပုလဲ- ဂန႔္ေဂါ ကားလမ္း ပုံညာေတာင္အဆင္း သရက္ပင္ေကြ႕ တြင္ ႏိုဝင္ဘာ ၂၂ ရက္ ညေန ၄ နာရီ ၄၅ မိနစ္ခန႔္က ပုလဲၿမိဳ႕နယ္ေနသူ ယာဥ္ေမာင္း ဦးသန႔္ဇင္ဦး ေမာင္းႏွင္သည့္ ေျခာက္ ဘီး ေမာ္ေတာ္ ယာဥ္သည္ ဘရိတ္ေပါက္၍ အရွိန္မထိန္းႏိုင္ဘဲ တိမ္းေမွာက္သြားသျဖင့္ ယာဥ္ေပၚတြင္ လိုက္ပါလာသည့္ခရီးသည္မ်ားအနက္ ၆ ဦးေသဆုံး၍ ၄၁ ဦး ဒဏ္ရာရရွိသြားေၾကာင္း သိရသည္။

ယာဥ္ေပၚတြင္ ပုလဲၿမိဳ႕နယ္ ႐ြာသစ္ေက်း႐ြာ အလႉပြဲသို႔ သြားေရာက္ၾကသည့္ ထီးလင္းၿမိဳ႕နယ္ ေျမာင္းႀကီးေက်း႐ြာ၊ မိုးေကာင္းေက်း႐ြာ ႏွင့္ ဂန႔္ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း႐ြာတို႔မွ ခရီးသည္မ်ားအနက္ တိမ္းေမွာက္သည့္ေနရာတြင္ ၄ ဦး ေသဆုံး၍ ၄၃ ဦးဒဏ္ရာ ရရွိၾကကာ ဒဏ္ရာရရွိသူမ်ားအား ေက်ာၿမိဳ႕ တိုက္နယ္ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ကုသစဥ္ ၂ ဦးမွာ ထပ္မံေသဆုံးေၾကာင္း သိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ စပ္လ်ဥ္း၍ ဂန႔္ေဂါၿမိဳ႕ ၿမိဳ႕မရဲတပ္ဖြဲ႕စခန္းက ယာဥ္ေမာင္းျဖစ္သူ ဦးသန႔္ဇင္ဦး အား အမႈဖြင့္ အေရးယူ ေဆာင္႐ြက္ထားေၾကာင္း သိရသည္။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
---------------
(Unicode)⤵⤵⤵
ပုံညာတောင်အဆင်း သရက်ပင်ကွေ့တွင် မော်တော်ယာဉ် တိမ်းမှောက်သဖြင့် ၆ ဦးသေ ၄၁ ဦး ဒဏ်ရာရရှိ

ဂန့်ဂေါ နိုဝင်ဘာ ၂၃

ပုလဲ- ဂန့်ဂေါ ကားလမ်း ပုံညာတောင်အဆင်း သရက်ပင်ကွေ့ တွင် နိုဝင်ဘာ ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ပုလဲမြို့နယ်နေသူ ယာဉ်မောင်း ဦးသန့်ဇင်ဦး မောင်းနှင်သည့် ခြောက် ဘီး မော်တော် ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားသဖြင့် ယာဉ်ပေါ်တွင် လိုက်ပါလာသည့်ခရီးသည်များအနက် ၆ ဦးသေဆုံး၍
၄၁ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယာဉ်ပေါ်တွင် ပုလဲမြို့နယ် ရွာသစ်ကျေးရွာ အလှူပွဲသို့ သွားရောက်ကြသည့် ထီးလင်းမြို့နယ် မြောင်းကြီးကျေးရွာ၊ မိုးကောင်းကျေးရွာ နှင့် ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာတို့မှ ခရီးသည်များအနက် တိမ်းမှောက်သည့်နေရာတွင် ၄ ဦး သေဆုံး၍ ၄၃ ဦးဒဏ်ရာ ရရှိကြကာ ဒဏ်ရာရရှိသူများအား ကျောမြို့ တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ၂ ဦးမှာ ထပ်မံသေဆုံးကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ ဂန့်ဂေါမြို့ မြို့မရဲတပ်ဖွဲ့စခန်းက ယာဉ်မောင်းဖြစ်သူ ဦးသန့်ဇင်ဦး အား အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
ပုံညာေတာင္အဆင္း သရက္ပင္ေကြ႕တြင္ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္သျဖင့္ ၆ ဦးေသ ၄၁ ဦး ဒဏ္ရာရရွိ ပုံညာေတာင္အဆင္း သရက္ပင္ေကြ႕တြင္ ေမာ္ေတာ္ယာဥ္ တိမ္းေမွာက္သျဖင့္ ၆ ဦးေသ ၄၁ ဦး ဒဏ္ရာရရွိ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.