ညမထြက္ရတဲ့ ပုဏၰားကြၽန္းမွာ ႏွစ္ဦး အပစ္ခံရလို႔ ေျခေထာက္ ဒဏ္ရာရ

ရခိုင္ျပည္နယ္ေျမာက္ပိုင္း ပုဏၰားကြၽန္းၿမိဳ႕ကို ျမင္ေတြ႕ရစဥ္
(Zawgyi)⤵⤵⤵
ရကၡိဳင့္တပ္ေတာ္ AA နဲ႔ တပ္မေတာ္ တိုက္ပြဲကာလအတြင္း ထိခိုက္ဒဏ္ရာရသူေတြ ရွိတဲ့အထဲမွာ အခုလို ပစ္ခတ္မႈေတြေၾကာင့္ ထိခိုက္သူေတြဟာလည္း တစ္စိတ္တစ္ပိုင္း ပါဝင္ပါတယ္။

ပုဏၰားကြၽန္းၿမိဳ႕က တပ္မေတာ္ တပ္ရင္း ၅၅၀ ေရွ႕မွာ မေန႔ညက ၿမိဳ႕ခံႏွစ္ဦး ဆိုင္ကယ္နဲ႔ျဖတ္သြားခ်ိန္မွာ ပစ္ခတ္ခံရတာျဖစ္ပါတယ္။

အခုေတာ့ ပုဏၰားကြၽန္းေဆး႐ုံမွာ သူတို႔ႏွစ္ဦး ကုသမႈ ခံယူေနတယ္လို႔  အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္လတ္က ေျပာပါတယ္။

“ညက ၉ နာရီေက်ာ္မွာ အဲဒီတပ္ရင္း ၅၅၀ ေရွ႕ကျဖတ္သြားတာ၊ ရန္ကုန္-စစ္ေတြ ကားလမ္းမေပၚမွာ သူတို႔အခ်ိန္လုၿပီး ျဖတ္သြားတာထင္ပါတယ္၊ အဲမွာပစ္တာ၊ တစ္ေယာက္ကေပါင္မွာ တစ္ေယာက္ကေျခသလုံးမွာထင္တယ္ ထိသြားတာ၊ အခုေတာ့ ပုဏၰားကြၽန္းၿမိဳ႕နယ္ ေဆး႐ုံမွာထင္ပါတယ္”

ပုဏၰားကြၽန္းၿမိဳ႕နယ္ဟာ ည ၉ နာရီကေန မနက္ ၆နာရီအထိ အျပင္မထြက္ရဆိုတဲ့ ညမထြက္ရအမိန႔္ ပုဒ္မ ၁၄၄ ထုတ္ထားတဲ့ ၿမိဳ႕နယ္ေတြထဲက တစ္ခုျဖစ္ပါတယ္။ မေန႔ညက ပစ္ခတ္မႈဟာ ညမထြက္ရအမိန႔္ထုတ္ထားတဲ့ ည ၉ နာရီ ေက်ာ္သြားတဲ့ေနာက္ပိုင္း ျဖစ္သြားခဲ့တာပါ။

ဒီကိစၥနဲ႔ပတ္သက္ၿပီး အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို RFA က ဆက္သြယ္ေမးျမန္းရာမွာေတာ့ တပ္မေတာ္က အစစ္အေဆးမခံတဲ့ ဆိုင္ကယ္ေတြကိုသာ သတိေပး ပစ္ခတ္တာလို႔ ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

“က်ေနာ္မၾကားရေသးဘူး၊ မဟုတ္ဘူးထင္တယ္၊ ပစ္ရင္ က်ေနာ္တို႔အေၾကာင္းၾကားမွာေပါ့ က်ေနာ္တို႔ေတာင္မသိဘူး၊ က်ေနာ္တို႔မွာ ၉ နာရီေနာက္ပိုင္း စစ္တာေဆးတာ မရွိပါဘူး၊ ၿမိဳ႕ေပၚေတြမွာ မလုပ္ပါဘူး၊ စစ္တဲ့ေဆးတဲ့အခ်ိန္ရွိရင္ေတာ့ က်ေနာ္တို႔ကစစ္မယ္၊ တားခိုင္းတဲ့အခါ၊ ရပ္ခိုင္းတဲ့အခါမွာ မရပ္ဘဲေျပးမယ္ဆိုရင္ေတာ့ ေျခာက္လွန႔္ပစ္မယ္ ဒါပဲရွိတယ္”

ညမထြက္ရအမိန႔္ ထုတ္ျပန္ထားေပမယ့္ တပ္မေတာ္ဘက္က ကန႔္သတ္တာမ်ိဳးေတြ မလုပ္ဘဲ တခ်ိဳ႕ၿမိဳ႕နယ္ေတြ၊ ေက်း႐ြာေတြမွာ ညဘက္သြားလာတာေတြရွိတယ္လို႔လည္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးက ေျပာပါတယ္။

ရခိုင္ျပည္နယ္ထဲက ညမထြက္ရအမိန႔္ ထုတ္ထားတဲ့ ၿမိဳ႕တခ်ိဳ႕မွာ အခုလိုပစ္ခတ္တာေတြေၾကာင့္ ေသဆုံးမႈတခ်ိဳ႕လည္း ရွိခဲ့ပါတယ္။

ၾသဂုတ္လ ၁ ရက္ေန႔က - စစ္ေတြၿမိဳ႕နယ္နဲ႔ ပုဏၰားကြၽန္းၿမိဳ႕နယ္အစပ္မွာ တပ္မေတာ္ဘက္က ပစ္ခတ္လို႔ ဆိုင္ကယ္ေမာင္းႏွင္လာတဲ့ လူငယ္တစ္ဦး ေသဆုံးခဲ့ပါတယ္။

ေအာက္တိုဘာ ၂ ရက္ေန႔ကလည္း ေက်ာက္ေတာ္ၿမိဳ႕ အေပါက္ဝေက်း႐ြာမွာ ဆိုင္ကယ္ေမာင္းလာသူတစ္ဦးကို တပ္မေတာ္က တားဆီးရာမွာ ဆိုင္ကယ္မရပ္ေပးလို႔ဆိုၿပီး ပစ္ခတ္လိုက္တာေၾကာင့္ ေသဆုံးခဲ့ပါတယ္။

တပ္မေတာ္ဘက္ကေတာ့ လုံၿခဳံေရးအရစစ္ေဆးဖို႔ ဆိုင္ကယ္ရပ္တန႔္ခိုင္းတာကို မရပ္တန႔္ဘဲ ေမာင္းႏွင္တာေၾကာင့္ ပစ္ခတ္တာလို႔ ထုတ္ျပန္ထားပါတယ္။

ညမထြက္ရအမိန႔္ကို အေၾကာင္းျပၿပီး ပစ္ခတ္တာ မျဖစ္သင့္ဘူးလို႔ ရခိုင္ျပည္နယ္အေျခစိုက္ လူ႔အခြင့္အေရးကာကြယ္ျမႇင့္တင္ေရးအဖြဲ႕ ဒါ႐ိုက္တာ ဦးျမတ္ထြန္းက ေျပာပါတယ္။

“ဒါကေတာ့ အေၾကာင္းျပၿပီး ရမ္းသမ္းပစ္တယ္လို႔ျမင္ပါတယ္၊ ဥပေဒတစ္ခုအေၾကာင္းျပၿပီး အျပစ္မဲ့ျပည္သူေတြကို ရမ္းသမ္းပစ္ခတ္တာဟာ ခ်ိဳးေဖာက္မႈတစ္ခုပဲလို႔ ျမင္တယ္၊ ပစ္တဲ့ေနရာကလည္း ၿမိဳ႕ထဲမွာျဖစ္ေနတာ၊ အဲအခ်ိန္မွာတခ်ိဳ႕လည္း အလုပ္အကိုင္နဲ႔ပတ္သက္လို႔ ၿမိဳ႕ထဲက ကိုယ္အိမ္ကိုယ္ သြားလာတာေတြရွိတာေပါ့၊ အဲဒါေတြကို လွမ္းပစ္တာဆိုရင္ လြန္တာေပါ့ဗ်ာ၊ မျဖစ္သင့္ဘူးလို႔ထင္တယ္”

နယ္ေျမမတည္ၿငိမ္မႈေၾကာင့္ ဒီလို ညမထြက္ရအမိန႔္ထုတ္ထားေပမယ့္ ေဒသခံေတြမွာလည္း ညဘက္အေရးတႀကီး သြားလာဖို႔ အေျခအေနေတြ ျဖစ္လာတတ္ပါတယ္။

အမည္မေဖာ္လိုတဲ့ အုပ္ခ်ဳပ္ေရးမႉးတစ္ဦးကေတာ့ က်န္းမာေရးနဲ႔ အျခားအေရးေပၚကိစၥတစ္ခုခုအတြက္ ည ၉နာရီ ေနာက္ပိုင္း အျပင္ထြက္မယ္ ဆိရင္ အုပ္ခ်ဳပ္ေရးမႉးေတြကို အေၾကာင္းၾကားၿပီး သြားလာလို႔ရတယ္လို႔ ဆိုပါတယ္။

“မျဖစ္မေနသြားရမယ့္ က်န္းမာေရးကိစၥတို႔ဘာတို႔ဆိုရင္ က်ေနာ္တို႔ကေန ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ဖုန္းနဲ႔တင္ျပတယ္၊ သူကေနတဆင့္ ရဲတို႔တပ္တို႔ကို အေၾကာင္းၾကားတာေပါ့၊ အဲဒါဆိုရင္သြားလို႔ရပါတယ္၊ အသိေပးထားရင္”

ရခိုင္ျပည္နယ္မွာ ပုဏၰားကြၽန္းအပါအဝင္ ေက်ာက္ေတာ္၊ ေျမပုံ၊ မင္းျပား၊ ေျမာက္ဦး စတဲ့ ငါးၿမိဳ႕နယ္မွာ AA နဲ႔ တပ္မေတာ္တို႔ တိုက္ပြဲေတြျဖစ္ၿပီးေနာက္ပိုင္း ညမထြက္ရအမိန႔္ ပုဒ္မ ၁၄၄ ထုတ္ျပန္ထားတာ ျဖစ္ပါတယ္။

RFA Burmese
https://www.rfa.org
-----------------
(Unicode)⤵⤵⤵
ညမထွက်ရတဲ့ ပုဏ္ဏားကျွန်းမှာ နှစ်ဦး အပစ်ခံရလို့ ခြေထောက် ဒဏ်ရာရ

ရခိုင်ပြည်နယ်မြောက်ပိုင်း ပုဏ္ဏားကျွန်းမြို့ကို မြင်တွေ့ရစဉ်
ဓါတ်ပုံ - မင်းသိန်းအောင်/ RFA

ရက္ခိုင့်တပ်တော် AA နဲ့ တပ်မတော် တိုက်ပွဲကာလအတွင်း ထိခိုက်ဒဏ်ရာရသူတွေ ရှိတဲ့အထဲမှာ အခုလို ပစ်ခတ်မှုတွေကြောင့် ထိခိုက်သူတွေဟာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ပါတယ်။

ပုဏ္ဏားကျွန်းမြို့က တပ်မတော် တပ်ရင်း ၅၅၀ ရှေ့မှာ မနေ့ညက မြို့ခံနှစ်ဦး ဆိုင်ကယ်နဲ့ဖြတ်သွားချိန်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။

အခုတော့ ပုဏ္ဏားကျွန်းဆေးရုံမှာ သူတို့နှစ်ဦး ကုသမှု ခံယူနေတယ်လို့  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က ပြောပါတယ်။

“ညက ၉ နာရီကျော်မှာ အဲဒီတပ်ရင်း ၅၅၀ ရှေ့ကဖြတ်သွားတာ၊ ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှာ သူတို့အချိန်လုပြီး ဖြတ်သွားတာထင်ပါတယ်၊ အဲမှာပစ်တာ၊ တစ်ယောက်ကပေါင်မှာ တစ်ယောက်ကခြေသလုံးမှာထင်တယ် ထိသွားတာ၊ အခုတော့ ပုဏ္ဏားကျွန်းမြို့နယ် ဆေးရုံမှာထင်ပါတယ်”

ပုဏ္ဏားကျွန်းမြို့နယ်ဟာ ည ၉ နာရီကနေ မနက် ၆နာရီအထိ အပြင်မထွက်ရဆိုတဲ့ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ထားတဲ့ မြို့နယ်တွေထဲက တစ်ခုဖြစ်ပါတယ်။ မနေ့ညက ပစ်ခတ်မှုဟာ ညမထွက်ရအမိန့်ထုတ်ထားတဲ့ ည ၉ နာရီ ကျော်သွားတဲ့နောက်ပိုင်း ဖြစ်သွားခဲ့တာပါ။

ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့ တပ်မတော်က အစစ်အဆေးမခံတဲ့ ဆိုင်ကယ်တွေကိုသာ သတိပေး ပစ်ခတ်တာလို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

“ကျနော်မကြားရသေးဘူး၊ မဟုတ်ဘူးထင်တယ်၊ ပစ်ရင် ကျနော်တို့အကြောင်းကြားမှာပေါ့ ကျနော်တို့တောင်မသိဘူး၊ ကျနော်တို့မှာ ၉ နာရီနောက်ပိုင်း စစ်တာဆေးတာ မရှိပါဘူး၊ မြို့ပေါ်တွေမှာ မလုပ်ပါဘူး၊ စစ်တဲ့ဆေးတဲ့အချိန်ရှိရင်တော့ ကျနော်တို့ကစစ်မယ်၊ တားခိုင်းတဲ့အခါ၊ ရပ်ခိုင်းတဲ့အခါမှာ မရပ်ဘဲပြေးမယ်ဆိုရင်တော့ ခြောက်လှန့်ပစ်မယ် ဒါပဲရှိတယ်”

ညမထွက်ရအမိန့် ထုတ်ပြန်ထားပေမယ့် တပ်မတော်ဘက်က ကန့်သတ်တာမျိုးတွေ မလုပ်ဘဲ တချို့မြို့နယ်တွေ၊ ကျေးရွာတွေမှာ ညဘက်သွားလာတာတွေရှိတယ်လို့လည်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက ညမထွက်ရအမိန့် ထုတ်ထားတဲ့ မြို့တချို့မှာ အခုလိုပစ်ခတ်တာတွေကြောင့် သေဆုံးမှုတချို့လည်း ရှိခဲ့ပါတယ်။

သြဂုတ်လ ၁ ရက်နေ့က - စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တပ်မတော်ဘက်က ပစ်ခတ်လို့ ဆိုင်ကယ်မောင်းနှင်လာတဲ့ လူငယ်တစ်ဦး သေဆုံးခဲ့ပါတယ်။

အောက်တိုဘာ ၂ ရက်နေ့ကလည်း ကျောက်တော်မြို့ အပေါက်ဝကျေးရွာမှာ ဆိုင်ကယ်မောင်းလာသူတစ်ဦးကို တပ်မတော်က တားဆီးရာမှာ ဆိုင်ကယ်မရပ်ပေးလို့ဆိုပြီး ပစ်ခတ်လိုက်တာကြောင့် သေဆုံးခဲ့ပါတယ်။

တပ်မတော်ဘက်ကတော့ လုံခြုံရေးအရစစ်ဆေးဖို့ ဆိုင်ကယ်ရပ်တန့်ခိုင်းတာကို မရပ်တန့်ဘဲ မောင်းနှင်တာကြောင့် ပစ်ခတ်တာလို့ ထုတ်ပြန်ထားပါတယ်။

ညမထွက်ရအမိန့်ကို အကြောင်းပြပြီး ပစ်ခတ်တာ မဖြစ်သင့်ဘူးလို့ ရခိုင်ပြည်နယ်အခြေစိုက် လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေးအဖွဲ့ ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောပါတယ်။

“ဒါကတော့ အကြောင်းပြပြီး ရမ်းသမ်းပစ်တယ်လို့မြင်ပါတယ်၊ ဥပဒေတစ်ခုအကြောင်းပြပြီး အပြစ်မဲ့ပြည်သူတွေကို ရမ်းသမ်းပစ်ခတ်တာဟာ ချိုးဖောက်မှုတစ်ခုပဲလို့ မြင်တယ်၊ ပစ်တဲ့နေရာကလည်း မြို့ထဲမှာဖြစ်နေတာ၊ အဲအချိန်မှာတချို့လည်း အလုပ်အကိုင်နဲ့ပတ်သက်လို့ မြို့ထဲက ကိုယ်အိမ်ကိုယ် သွားလာတာတွေရှိတာပေါ့၊ အဲဒါတွေကို လှမ်းပစ်တာဆိုရင် လွန်တာပေါ့ဗျာ၊ မဖြစ်သင့်ဘူးလို့ထင်တယ်”

နယ်မြေမတည်ငြိမ်မှုကြောင့် ဒီလို ညမထွက်ရအမိန့်ထုတ်ထားပေမယ့် ဒေသခံတွေမှာလည်း ညဘက်အရေးတကြီး သွားလာဖို့ အခြေအနေတွေ ဖြစ်လာတတ်ပါတယ်။

အမည်မဖော်လိုတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးကတော့ ကျန်းမာရေးနဲ့ အခြားအရေးပေါ်ကိစ္စတစ်ခုခုအတွက် ည ၉နာရီ နောက်ပိုင်း အပြင်ထွက်မယ် ဆိရင် အုပ်ချုပ်ရေးမှူးတွေကို အကြောင်းကြားပြီး သွားလာလို့ရတယ်လို့ ဆိုပါတယ်။

“မဖြစ်မနေသွားရမယ့် ကျန်းမာရေးကိစ္စတို့ဘာတို့ဆိုရင် ကျနော်တို့ကနေ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းနဲ့တင်ပြတယ်၊ သူကနေတဆင့် ရဲတို့တပ်တို့ကို အကြောင်းကြားတာပေါ့၊ အဲဒါဆိုရင်သွားလို့ရပါတယ်၊ အသိပေးထားရင်”

ရခိုင်ပြည်နယ်မှာ ပုဏ္ဏားကျွန်းအပါအဝင် ကျောက်တော်၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး စတဲ့ ငါးမြို့နယ်မှာ AA နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပြီးနောက်ပိုင်း ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

RFA Burmese
https://www.rfa.org
ညမထြက္ရတဲ့ ပုဏၰားကြၽန္းမွာ ႏွစ္ဦး အပစ္ခံရလို႔ ေျခေထာက္ ဒဏ္ရာရ ညမထြက္ရတဲ့ ပုဏၰားကြၽန္းမွာ ႏွစ္ဦး အပစ္ခံရလို႔ ေျခေထာက္ ဒဏ္ရာရ Reviewed by THITHTOOLWIN on 22:09 Rating: 5
Powered by Blogger.