နမ့္ဆန္မွာ တပ္မေတာ္စစ္ေၾကာင္းက လက္နက္ခဲယမ္း အေျမာက္အမ်ား သိမ္းဆည္းရမိ

ဓါတ္ပုံ-တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး
(Zawgyi)⤵⤵⤵
ေတာင္ႀကီး၊ ႏိုဝင္ဘာ ၂၃

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ နမ့္ဆန္ၿမိဳ႕နယ္၊ ဟိုမိန္းေက်း႐ြာအနီးမွာ ႏိုဝင္ဘာလ၂၂ရက္က တပ္မေတာ္မွလက္နက္ခဲယမ္း အေျမာက္အမ်ားကို သိမ္းဆည္းရမိခဲ့တယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးရဲ႕ သတင္းထုတ္ျပန္ခ်က္အရ သိရပါတယ္။

ဓါတ္ပုံ-တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

နမ့္ဆန္ၿမိဳ႕နယ္၊ ဟူးခင္ေက်း႐ြာအုပ္စု၊ ဟိုမိန္းေက်း႐ြာနဲ႔အနီးတဝိုက္မွာ ႏိုဝင္ဘာလအတြင္းက ျမန္မာ့တပ္မေတာ္နဲ႔ TNLAတို႔ ထိေတြ႕ပစ္ခတ္မႈေတြ ျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

အဲဒီလို ထိေတြ႕ပစ္ခတ္မႈေတြျဖစ္ပြားခဲ့တဲ့ေနရာေတြကို တပ္မေတာ္မွ အေသးစိတ္ရွင္းလင္းခဲ့ရာ ႏိုဝင္ဘာလ ၂၂ရက္၊ နံနက္ပိုင္းအခ်ိန္က ဟိုမိန္းေက်း႐ြာရဲ႕ အေရွ႕ေတာင္ဘက္မွာ TNLAရဲ႕လက္နက္သိုဝွက္သိမ္းဆည္းရာ ေနရာ(၃)ခုကို ေတြ႕ရွိခဲ့တာ ျဖစ္ပါတယ္။

ဓါတ္ပုံ-တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး

အဆိုပါ ေနရာ(၃)ခုကေန FN-6 ပခုံးထမ္း ေလယာဥ္ပစ္လက္နက္ ၁လက္၊ လက္ပစ္ဗုံး ၃၇ လုံး၊ TNLA ယူနီေဖာင္းမ်ိဳးစုံ ထည့္ထားတဲ့ အိတ္အႀကီး ၇၇အိတ္၊ အမ္(၂၂)ေသနတ္ ၃၉ လက္၊ K-12 ေသနတ္ ၆၉လက္၊ အမ္(၁၆)ေသနတ္ ၉ လက္၊ စက္ေသနတ္အလတ္စား ၂၉ လက္၊ အာရ္ပီဂ်ီ(၇) ၁၆လက္၊ အာရ္ပီဂ်ီ(၂) ၅လက္၊ ၁၂ ဗို႔ဆလိုက္ ၂လက္၊ ၇.၆၂ မီလီမီတာ က်ည္ ၄၃၁၆၀ေတာင့္၊ ဒသမ ၅ က်ည္ ၃၀၀၀ေတာင့္၊ အမ္(၂၂) က်ည္ ၁၀၅ေတာင့္၊ အမ္(၂၂) က်ည္အိမ္ ၁၄၀၀ခု၊ ယမ္းေပ်ာ့ ၂၀ပုံး၊ လက္ပစ္ဗုံး ၈၄၃လုံး၊ ၆၀မမဗုံးသီး ၉၈လုံး၊ ၆၀မမထိပ္ဖူး ၉၀လုံး၊ ၄၀မမဗုံးသီး ၁၄၈လုံး၊ အားျမႇင့္ယမ္းဗူး ၈၈၅ဗူးတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။

သတင္း-ရဲရင့္ဇြဲ(ေ႐ႊႀတိဂံ)
ေ႐ႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵
နမ့်ဆန်မှာ တပ်မတော်စစ်ကြောင်းက လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိ

တောင်ကြီး၊ နိုဝင်ဘာ ၂၃

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်မြို့နယ်၊ ဟိုမိန်းကျေးရွာအနီးမှာ နိုဝင်ဘာလ၂၂ရက်က တပ်မတော်မှလက်နက်ခဲယမ်း အမြောက်အများကို သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နမ့်ဆန်မြို့နယ်၊ ဟူးခင်ကျေးရွာအုပ်စု၊ ဟိုမိန်းကျေးရွာနဲ့အနီးတဝိုက်မှာ နိုဝင်ဘာလအတွင်းက မြန်မာ့တပ်မတော်နဲ့ TNLAတို့ ထိတွေ့ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အဲဒီလို ထိတွေ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့တဲ့နေရာတွေကို တပ်မတော်မှ အသေးစိတ်ရှင်းလင်းခဲ့ရာ နိုဝင်ဘာလ ၂၂ရက်၊ နံနက်ပိုင်းအချိန်က ဟိုမိန်းကျေးရွာရဲ့ အရှေ့တောင်ဘက်မှာ TNLAရဲ့လက်နက်သိုဝှက်သိမ်းဆည်းရာ နေရာ(၃)ခုကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ နေရာ(၃)ခုကနေ FN-6 ပခုံးထမ်း လေယာဉ်ပစ်လက်နက် ၁လက်၊ လက်ပစ်ဗုံး ၃၇ လုံး၊ TNLA ယူနီဖောင်းမျိုးစုံ ထည့်ထားတဲ့ အိတ်အကြီး ၇၇အိတ်၊ အမ်(၂၂)သေနတ် ၃၉ လက်၊ K-12 သေနတ် ၆၉လက်၊ အမ်(၁၆)သေနတ် ၉ လက်၊ စက်သေနတ်အလတ်စား ၂၉ လက်၊ အာရ်ပီဂျီ(၇) ၁၆လက်၊ အာရ်ပီဂျီ(၂) ၅လက်၊ ၁၂ ဗို့ဆလိုက် ၂လက်၊ ၇.၆၂ မီလီမီတာ ကျည် ၄၃၁၆၀တောင့်၊ ဒသမ ၅ ကျည် ၃၀၀၀တောင့်၊ အမ်(၂၂) ကျည် ၁၀၅တောင့်၊ အမ်(၂၂) ကျည်အိမ် ၁၄၀၀ခု၊ ယမ်းပျော့ ၂၀ပုံး၊ လက်ပစ်ဗုံး ၈၄၃လုံး၊ ၆၀မမဗုံးသီး ၉၈လုံး၊ ၆၀မမထိပ်ဖူး ၉၀လုံး၊ ၄၀မမဗုံးသီး ၁၄၈လုံး၊ အားမြှင့်ယမ်းဗူး ၈၈၅ဗူးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

သတင်း-ရဲရင့်ဇွဲ(ရွှေတြိဂံ)
ဓါတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
နမ့္ဆန္မွာ တပ္မေတာ္စစ္ေၾကာင္းက လက္နက္ခဲယမ္း အေျမာက္အမ်ား သိမ္းဆည္းရမိ နမ့္ဆန္မွာ တပ္မေတာ္စစ္ေၾကာင္းက လက္နက္ခဲယမ္း အေျမာက္အမ်ား သိမ္းဆည္းရမိ Reviewed by THITHTOOLWIN on 22:03 Rating: 5
Powered by Blogger.