ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၀၀နီးပါး တိမ္းေရွာင္ေနရ

(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၁၈၊၂၀၁၉

သွ်မ္းျပည္ ေျမာက္ပိုင္း ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တအာင္း(ပေလာင္) အမ်ိဳးသားလြတ္ေျမာက္ေရး တပ္မေတာ္(TNLA) ႏွင့္ ျမန္မာ့တပ္မေတာ္ တို႔ ယခုလအတြင္း ျဖစ္ပြားသည့္ တိုက္ပြဲေၾကာင့္ ေဒသခံ ျပည္သူမ်ားထြက္ေျပးတိမ္ေရွာင္ေနရသည္။

ထို တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ ႏိုဝင္ဘာ ၁၅ရက္တြင္ ေက်ာက္မဲၿမိဳ႕နယ္ ခြန္ေကာ္၊ ေတာ့ဖယ္ႏွင့္ အုံအြီးေက်း႐ြာ မွ ေဒသခံ ၃၀၀ နီးပါးသည္ စစ္ေရွာင္ ေနရသည္။

စစ္ေရွာင္မ်ားသည္ ယခင္တြင္ ခုံငင္းေက်း႐ြာ ရွိဘုန္းႀကီးေက်ာင္းတြင္ စစ္ေရွာင္ခဲ့ၿပီး၊ ထိုေနရာတြင္ စစ္ေရွာင္မ်ားအတြက္ ေရအခက္အခဲ၊ ေနထိုင္မႈ အခက္အခဲမ်ားစြာ ရင္ဆိုင္ႀကဳံေတြ႕ရသျဖင့္ ယမန္ေန႔ (ႏိုဝင္ဘာ ၁၇) ၌ နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္း ေက်း႐ြာသို႔ ထပ္မံ ထြက္ေျပး တိမ္းေရွာင္ခဲ့ရေၾကာင္း ေက်ာက္မဲၿမိဳ႕နယ္ တအာင္း အမ်ိဳးသားပါတီ တာဝန္ခံ မိုင္းရန္ႏိုင္ က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

“ စစ္ေရွာင္ ၂၈၀ ေက်ာ္ က အစမွာ ေက်ာက္မဲၿမိဳ႕နယ္ ခုံငင္း ေက်း႐ြာ ထြက္ေျပးတိမ္းေရွာင္တယ္။ အဲ့ေနရာက ေရ အဆင္မေျပ ဘူး။ လူေနအိမ္ကလည္း သိပ္မရွိေတာ့ မေန႔က သူတို႔ ထပ္ၿပီး နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္းေက်း႐ြာ ကို ထပ္မံ ေျပာင္းရတယ္” ဟု မိုင္းရန္ႏိုင္ က ဆိုသည္။

ေက်ာက္မဲၿမိဳု႔နယ္ ခုံငင္းေက်း႐ြာ ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ ပန္နင္းေက်း႐ြာသည္ မိုင္ အကြာအေဝး ၆မိုင္ ခန႔္ရွိေၾကာင္းသိရသည္။

စစ္ေဘးေရွာင္အမ်ားစုသည္ အမ်ိဳးသမီး ႏွင့္ ကေလးငယ္မ်ားျဖစ္ၿပီး၊ လက္ရွိေတာင္ေပၚရာသီဥတုသည္ ေအးသည့္ရာသီျဖစ္သျဖင့္ အေႏြးထည္မ်ားလိုအပ္ေၾကာင္း၊ စားစရာမ်ားလည္း လိုအပ္ေနေၾကာင္း စစ္ေရွာင္ကို ကူညီေနသည့္ အမ်ိဳးသားတဦးက ေျပာသည္။

“ အခုကစစ္ေရးေတြ တင္းမာေနေတာ့ သူတို႔ျပန္ဖို႔ ခက္မယ္။ တိုက္ပြဲက ဘယ္ခ်ိန္ျပန္ျဖစ္မယ္မသိေသးဘူး။ ထြက္ေျပးလာေတာ့ ဘာမွ မပါလာဘူး။ အခုက ေအးၿပီဆိုေတာ့ အေႏြးထည္ေတြ ေတာ့လိုမယ္” ဟု လိုက္ပါကူညီသည့္ ၎ အမ်ိဳးသားက ဆိုသည္။

TNLA ႏွင့္ ျမန္မာ့တပ္မေတာ္သည့္ ေအာက္တိုဘာ လမွ စတင္ကာ ယေန႔တိုင္ထိ စစ္ေရး တင္းမာေနေၾကာင္းသိရသည္။

“ လက္ရွိေတာ့ တိုက္ပြဲေတြ ၿငိမ္တယ္။ အေျခအေနေနာ့ မေကာင္းေသးဘူး။ တပ္ေတြ တက္လာတယ္လို႔ ေျပာတယ္” ဟု ေက်ာက္မဲၿမိဳ႕နယ္ မန္းေခါက္ေက်း႐ြာ မွ ေဒသခံ ဦးသန္းေအာင္က သွ်မ္းသံေတာ္ဆင့္ သို႔ေျပာသည္။

တိုက္ပြဲမ်ားျဖစ္ပြားမႈေၾကာင့္ မန္ေခါက္ေက်း႐ြာ အတြင္း လူေနအိမ္မ်ား၊ ဘုရားေက်ာင္မ်ား ထိခိုက္မႈ ရွိေၾကာင္းလည္း ဦးသန္းေအာင္ က ေျပာသည္။

“ မေန႔ ညက လက္နက္ႀကီးေတြ ဆက္တိုက္ပစ္တယ္။ က်ေနာ္တို႔ မန္ေခါက္ ဘုရားလည္း လက္နက္ႀကီးထိတယ္။ ေနအိမ္ေတြလည္း ထိတယ္။ လူေတာ့ ထိတာ မၾကားေသဘူး” ဟု ဦးသန္းေအာင္ က ထပ္ေလာင္းေျပာသည္။

လက္ရွိမွာ ေက်ာက္မဲၿမိဳ႕နယ္ ႏွင့္ နမ့္ဆန္ၿမိဳ႕နယ္ အတြင္း TNLA ႏွင့္ ျမန္မာ့တပ္မေတာ္ စစ္ေရး တင္းမာမႈမ်ားဆက္လိုက္ရွိေနကာ ေဒသခံ ျပည္သူမ်ား တိုက္ပြဲ မည္သည့္ အခ်ိန္ျဖစ္မည္ကို စိုးရိမ္ ထိတ္လန႔္မႈ ျဖင့္ေနထိုင္ေနရေၾကာင္းသိရသည္။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
-------------
(Unicode)⤵⤵⤵
ကျောက်မဲမြို့နယ် အတွင်း တိုက်ပွဲကြောင့် စစ်ရှောင် ၃၀၀နီးပါး တိမ်းရှောင်နေရ

သျှမ်းသံတော်ဆင့်၊ နန်းဆိုင်နွမ်

နိုဝင်ဘာ ၁၈၊၂၀၁၉

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် အတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA) နှင့် မြန်မာ့တပ်မတော် တို့ ယခုလအတွင်း ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံ ပြည်သူများထွက်ပြေးတိမ်ရှောင်နေရသည်။

ထို တိုက်ပွဲများဖြစ်ပွားမှုကြောင့် နိုဝင်ဘာ ၁၅ရက်တွင် ကျောက်မဲမြို့နယ် ခွန်ကော်၊ တော့ဖယ်နှင့် အုံအွီးကျေးရွာ မှ ဒေသခံ ၃၀၀ နီးပါးသည် စစ်ရှောင် နေရသည်။

စစ်ရှောင်များသည် ယခင်တွင် ခုံငင်းကျေးရွာ ရှိဘုန်းကြီးကျောင်းတွင် စစ်ရှောင်ခဲ့ပြီး၊ ထိုနေရာတွင် စစ်ရှောင်များအတွက် ရေအခက်အခဲ၊ နေထိုင်မှု အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့ရသဖြင့် ယမန်နေ့ (နိုဝင်ဘာ ၁၇) ၌ နမ့်ဆန်မြို့နယ် ပန်နင်း ကျေးရွာသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း ကျောက်မဲမြို့နယ် တအာင်း အမျိုးသားပါတီ တာဝန်ခံ မိုင်းရန်နိုင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။

“ စစ်ရှောင် ၂၈၀ ကျော် က အစမှာ ကျောက်မဲမြို့နယ် ခုံငင်း ကျေးရွာ ထွက်ပြေးတိမ်းရှောင်တယ်။ အဲ့နေရာက ရေ အဆင်မပြေ ဘူး။ လူနေအိမ်ကလည်း သိပ်မရှိတော့ မနေ့က သူတို့ ထပ်ပြီး နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာ ကို ထပ်မံ ပြောင်းရတယ်” ဟု မိုင်းရန်နိုင် က ဆိုသည်။

ကျောက်မဲမြိုု့နယ် ခုံငင်းကျေးရွာ နှင့် နမ့်ဆန်မြို့နယ် ပန်နင်းကျေးရွာသည် မိုင် အကွာအဝေး ၆မိုင် ခန့်ရှိကြောင်းသိရသည်။

စစ်ဘေးရှောင်အများစုသည် အမျိုးသမီး နှင့် ကလေးငယ်များဖြစ်ပြီး၊ လက်ရှိတောင်ပေါ်ရာသီဥတုသည် အေးသည့်ရာသီဖြစ်သဖြင့် အနွေးထည်များလိုအပ်ကြောင်း၊ စားစရာများလည်း လိုအပ်နေကြောင်း စစ်ရှောင်ကို ကူညီနေသည့် အမျိုးသားတဦးက ပြောသည်။

“ အခုကစစ်ရေးတွေ တင်းမာနေတော့ သူတို့ပြန်ဖို့ ခက်မယ်။ တိုက်ပွဲက ဘယ်ချိန်ပြန်ဖြစ်မယ်မသိသေးဘူး။ ထွက်ပြေးလာတော့ ဘာမှ မပါလာဘူး။ အခုက အေးပြီဆိုတော့ အနွေးထည်တွေ တော့လိုမယ်” ဟု လိုက်ပါကူညီသည့် ၎င်း အမျိုးသားက ဆိုသည်။

TNLA နှင့် မြန်မာ့တပ်မတော်သည့် အောက်တိုဘာ လမှ စတင်ကာ ယနေ့တိုင်ထိ စစ်ရေး တင်းမာနေကြောင်းသိရသည်။

“ လက်ရှိတော့ တိုက်ပွဲတွေ ငြိမ်တယ်။ အခြေအနေနော့ မကောင်းသေးဘူး။ တပ်တွေ တက်လာတယ်လို့ ပြောတယ်” ဟု ကျောက်မဲမြို့နယ် မန်းခေါက်ကျေးရွာ မှ ဒေသခံ ဦးသန်းအောင်က သျှမ်းသံတော်ဆင့် သို့ပြောသည်။

တိုက်ပွဲများဖြစ်ပွားမှုကြောင့် မန်ခေါက်ကျေးရွာ အတွင်း လူနေအိမ်များ၊ ဘုရားကျောင်များ ထိခိုက်မှု ရှိကြောင်းလည်း ဦးသန်းအောင် က ပြောသည်။

“ မနေ့ ညက လက်နက်ကြီးတွေ ဆက်တိုက်ပစ်တယ်။ ကျနော်တို့ မန်ခေါက် ဘုရားလည်း လက်နက်ကြီးထိတယ်။ နေအိမ်တွေလည်း ထိတယ်။ လူတော့ ထိတာ မကြားသေဘူး” ဟု ဦးသန်းအောင် က ထပ်လောင်းပြောသည်။

လက်ရှိမှာ ကျောက်မဲမြို့နယ် နှင့် နမ့်ဆန်မြို့နယ် အတွင်း TNLA နှင့် မြန်မာ့တပ်မတော် စစ်ရေး တင်းမာမှုများဆက်လိုက်ရှိနေကာ ဒေသခံ ပြည်သူများ တိုက်ပွဲ မည်သည့် အချိန်ဖြစ်မည်ကို စိုးရိမ် ထိတ်လန့်မှု ဖြင့်နေထိုင်နေရကြောင်းသိရသည်။

Panglong(Burmese)
https://www.facebook.com/ShanNewsBurmese
ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၀၀နီးပါး တိမ္းေရွာင္ေနရ ေက်ာက္မဲၿမိဳ႕နယ္ အတြင္း တိုက္ပြဲေၾကာင့္ စစ္ေရွာင္ ၃၀၀နီးပါး တိမ္းေရွာင္ေနရ Reviewed by THITHTOOLWIN on 19:59 Rating: 5
Powered by Blogger.