
(Zawgyi)⤵⤵⤵
ရန်ကုန်၊ နိုဝင်ဘာ ၁၈






ဘညွှန့်
--------------
(Unicode)⤵⤵⤵
NCA-S EAO အဖွဲ့နှင့် အစိုးရတို့ ချင်းမိုင်မြို့မှာ တွေ့ဆုံမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၈

NCA-S EAO အဖွဲ့နှင့် အစိုးရကိုယ်စားလှယ်အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ တွေ့ဆုံသွားဖို့ရှိပြီး RCSS နှင့် KNU အဖွဲ့များအား သီးခြားစီ တွေ့ဆုံဖို့ရှိတယ်လို့ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မည့် အဖွဲဝင်များ၏ ပြောကြားချက်အရ သိရှိရပါတယ်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက် နက်ကိုင် အဖွဲ့အစည်းများ (NCA-S EAO) အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၁၆ မှ ၁၈ ရက် နေ့အထိ ကျင်းပခဲ့ပါတယ်။

“ နိုဝင်ဘာ ၁၉ ရက် (မနက်ဖြန်)မှာတော့ RCSS နဲ့ အစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ သီးခြားတွေ့ဆုံသွားမှာပါ။ ၂၂ ရက်နေ့မှာတော့ KNU နဲ့ တွေ့ဆုံသွားမှာ ဖြစ်တယ်။ အဓိကကတော့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည် စတင်နိုင်ဖို့ ဖြစ်ပါတယ်” လို့ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်မယ့် ကိုယ်စာလှယ်တစ်ဦးက ပြောပါတယ်။

သုံး ရက်တာ ကျင်းပခဲ့တဲ့ အစည်းအဝေးဟာ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေးအဖွဲ့ရဲ့ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ အစည်းအဝေး ဖြစ်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်‌နေ့မှာ ကျင်းပခဲ့တဲ့ အစည်းအဝေး နှုတ်ခွန်းဆက် အဖွင့်အမှာစကားနဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ မှာ ကျင်းပတဲ့ အစည်းအဝေး၏ နိဂုံးချုပ် အမှာစကားတို့ကို့အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးကြီး စိုင်းငင်းမှ ပြောကြား ခဲ့ပြီး ဗိုလ်မှူးကြီး စိုင်းငင်းရဲ့ ပြောကြားချက်များကို အောက်မှာ ဖော်ပြထားပါတယ်။

ဘညွှန့်
ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
NCA-S EAO အဖွဲ့နှင့် အစိုးရတို့ ချင်းမိုင်မြို့မှာ တွေ့ဆုံမည် NCA-S EAO အဖွဲ့နှင့် အစိုးရတို့ ချင်းမိုင်မြို့မှာ တွေ့ဆုံမည် Reviewed by THITHTOOLWIN on 19:56 Rating: 5
Powered by Blogger.