ထုတ္ျပန္ခ်က္အတုေတြ အေပၚ အေျခခံၿပီး သမၼတ႐ုံးက ရကၡိဳင့္တပ္ေတာ္အေပၚ အေျခအျမစ္မရွိ စြပ္စြဲတယ္လို႔ ေအေအေျပာ

အေျခအျမစ္မရွိ စြပ္စြဲတယ္လို႔ ေအေအေျပာ
(Zawgyi)⤵⤵⤵
ႏိုဝင္ဘာ ၁၅ ရက္ေန႔က ေနျပည္ေတာ္မွာ က်င္းပျပဳလုပ္ခဲ့တဲ့ သမၼတ႐ုံးသတင္းစာရွင္းလင္းပြဲမွာ သမၼတ ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ေအေအ လက္နက္ကိုင္အဖြဲ႕ရဲ႕လုပ္ရပ္ဟာ ဆိုမာလီယာ ပင္လယ္ဓါးျပေတြရဲ႕ လုပ္ရပ္သေဘာမ်ိဳး ဆန္ေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အဲဒီေျပာဆိုခ်က္ဟာ ရကၡိဳင့္တပ္ေတာ္ေအေအကေန ဖမ္းဆီးထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ရဲ႕ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ဖမ္းဆီးလိုက္ၿပီး ေနာက္မွာ ေအေအရဲ႕အမွတ္တံဆိပ္ပါ ထုတ္ျပန္ခ်က္ေတြကို အေျခခံၿပီးေတာ့ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းဟာ အိႏၵိယႏိုင္ငံသားေတြနဲ႔ ႏိုဝင္ဘာ ၃ရက္ေန႔ မနက္ ၁၀ နာရီေလာက္က ကုလားတန္ျမစ္ေၾကာင္းအတြင္း စပိဘုတ္ႏွစ္စီးနဲ႔ သြားလာေနစဥ္ ေအေအတပ္ဖြဲ႕ရဲ႕ ေခါင္ေဆာင္မႈကို ခံခဲ့ရတာျဖစ္ပါတယ္။

အိႏၵိယႏိုင္ငံသား ၅ ဦးအပါအဝင္ ၉ ဦးကို ေနာက္ေန႔မွာ ျပန္လည္လႊတ္ေပးခဲ့ေပမယ့္ ဦးေဝွ႔တင္းကို ဆက္လက္ဖမ္းဆီးထားခဲ့ တာျဖစ္ပါတယ္။
 ဦးေဝွ႔တင္းကို ဆက္လက္ဖမ္းဆီးထားခဲ့
ဦးေဝွ႔တင္းကို ဆက္လက္ဖမ္းဆီးထားတာနဲ႔ပတ္သက္လို႔ ဘာေၾကာင့္ဖမ္းဆီးခဲ့ရတယ္၊ ဘာေၾကာင့္ လႊတ္မေပးဘဲ ဘာေတြေဆာင္႐ြက္ေနတယ္ဆိုတာကို ရကၡိဳင့္တပ္ေတာ္ေအေအက ႏိုဝင္ဘာ ၁၀ ရက္ေန႔က ထုတ္ျပန္ခ်က္တစ္ေစာင္ကို ထုတ္ျပန္ခဲ့ၿပီး အဲ့ဒီေနာက္ပိုင္းမွာ ဦးေဝွ႔တင္းနဲ႔ပတ္သက္တဲ့ ေအေအရဲ႕ အမွတ္တံဆိပ္ပါ ထုတ္ျပန္ခ်က္ႏွစ္ေစာင္ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။

"အဲဒီထုတ္ျပန္ခ်က္ အတုေတြဟာ အစိုးရနဲ႔ စစ္တပ္ေလာ္ဘီေတြကေနၿပီးေတာ့ မဟုတ္မမွန္ လုပ္ႀကံဝါဒ ျဖန႔္ေနတယ္ဆိုတာကို ကြၽန္ေတာ္တို႔ ထင္ထင္ရွားရွားေတြ႕ရမွာျဖစ္တယ္။ ဆိုေတာ့ အခု ဦးေဇာ္ေဌး ကိုယ္တိုင္ကေနၿပီးေတာ့ အဲဒီထုတ္ျပန္ခ်က္အတုေတြကို ကိုင္ၿပီးေတာ့ ကြၽန္ေတာ္တို႔ ရကၡိဳင့္တပ္ေတာ္ အေပၚမွာ သြားပုတ္ေလလြင့္ အေျခအျမစ္မရွိ စြပ္စြဲတဲ့ ဥစၥာကေတာ့ လူႀကီးလူေကာင္းမဆန္သလို သူတို႔ရဲ႕အရည္အခ်င္းနဲ႔ စိတ္ေနသေဘာထားကို ကြက္ကြက္ကြင္းကြင္းေဖာ္ျပေနတာျဖစ္တယ္ဗ်။"လို႔ ရကၡိဳင့္တပ္ေတာ္ ေအေအရဲ႕ ေျပာခြင့္ရသူ ခိုင္သုခက ဘီဘီစီကို ေျပာဆိုသြားပါတယ္။

ဦးေဝွ႔တင္းဟာ ျမန္မာ့တပ္မေတာ္ကို ေအေအအေၾကာင္းသတင္းေပးျခင္း၊ ရခိုင္ေဒသတြင္း ရင္းႏွီးျမဳပ္ႏွံမႈ ေတြကို ရကၡိဳင့္တပ္ေတာ္ေအေအအား အသိမေပးဘဲ ျပဳလုပ္ေစတာ၊ ရခိုင္ျပည္သူလူထုအက်ိဳးစီးပြားအေပၚ သစၥာေဖာက္ဖ်က္တာေတြရွိခဲ့သလို ဒဏ္ေၾကးေငြ က်ပ္သိန္း ၃၀၀၀ နဲ႔လာေရာက္ေ႐ြးယူဖို႔ အေၾကာင္းၾကား တယ္ဆိုၿပီး ေရးသားထားတဲ့ ထုတ္ျပန္ခ်က္ဟာ အရင္ထြက္လာခဲ့တာျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္ေတြနဲ႔ မေရွးမေႏွာင္းမွာဦးေဝွ႔တင္းကို တပ္မေတာ္စစ္ေၾကာင္း ထိုးစစ္ဆင္တိုက္ခိုက္မႈ ေတြျပဳလုပ္ခ်ိန္ ထြက္ေျပးေနရတဲ့အတြက္ ႏွလုံးေဖာက္ၿပီး ေသဆုံးသြားတယ္လို႔ ႏိုဝင္ဘာ ၁၅ ရက္ေန႔ ရက္စြဲနဲ႔ ေနာက္ထပ္တစ္ေစာင္ ထြက္ရွိလာခဲ့တာျဖစ္ပါတယ္။

ဒီထုတ္ျပန္ခ်က္ေတြဟာ ရကၡိဳင့္တပ္ေတာ္ေအေအဘက္ေန ထုတ္ျပန္ခဲ့တဲ့ထုတ္ျပန္ခ်က္ေတြမဟုတ္ဘဲ တပ္မေတာ္နဲ႔ အစိုးရေလာ္ဘီေတြက ရည္႐ြယ္ခ်က္ရွိရွိနဲ႔ ထုတ္ျပန္ခဲ့တဲ့ ထုတ္ျပန္ခ်က္အတုေတြ သာျဖစ္တယ္လို႔ ေအေအဘက္က ျငင္းဆို တုန႔္ျပန္ခဲ့ပါတယ္။

ဒါနဲပတ္သက္လို႔ အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းဦးစီးပထမတန္း ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကို ဘီဘီစီက ေမးျမန္းခဲ့ရာမွာေတာ့ သူ႔အေနနဲ႔ ဒီအေပၚမွာ ဘာမွတ္ခ်က္မွ မေပးလိုဘူးလို႔ တုန႔္ျပန္ခဲ့ပါတယ္။

လက္ရွိမွာ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ေကာင္းေကာင္းမြန္မြန္ ထိန္းသိမ္းထားရွိေၾကာင္းနဲ႔ ဆက္လက္စစ္ေဆးမႈေတြျပဳလုပ္ေနၿပီး က်န္းက်န္းမာမာရွိေနတယ္လို႔ ခိုင္သုခကေျပာပါတယ္။

ျပည္သူေတြ ေ႐ြးေကာက္တင္ေျမႇာက္ထားတဲ့ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဝွ႔တင္းကို ရကၡိဳင့္တပ္ေတာ္ ေအေအကေန ဖမ္းဆီးထားတဲ့အေပၚမွာ ေဝဖန္မႈေတြရွိေနသလို တိုင္းရင္းသားအဖြဲ႕အစည္းေတြနဲ႔ ႏိုင္ငံေရး အသိုင္းအဝန္းေတြက ျပန္လည္လႊတ္ေပးဖို႔ ေတာင္းဆိုေနၾကတဲ့အခ်ိန္မွာ အခုလိုမ်ိဳး ထုတ္ျပန္ခ်က္ အတုေတြ ထြက္လာခဲ့တာျဖစ္ပါတယ္။

BBC Burmese
https://www.bbc.com
-------------
(Unicode)⤵⤵⤵
.ထုတ်ပြန်ချက်အတုတွေ အပေါ် အခြေခံပြီး သမ္မတရုံးက ရက္ခိုင့်တပ်တော်အပေါ် အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေပြော
ဓာတ်ပုံ မူပိုင် SAW YAN NAING
Image caption အခြေအမြစ်မရှိ စွပ်စွဲတယ်လို့ အေအေပြော

နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သမ္မတရုံးသတင်းစာရှင်းလင်းပွဲမှာ သမ္မတ ရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အေအေ လက်နက်ကိုင်အဖွဲ့ရဲ့လုပ်ရပ်ဟာ ဆိုမာလီယာ ပင်လယ်ဓါးပြတွေရဲ့ လုပ်ရပ်သဘောမျိုး ဆန်ကြောင်း ပြောဆိုခဲ့ပါတယ်။

အဲဒီပြောဆိုချက်ဟာ ရက္ခိုင့်တပ်တော်အေအေကနေ ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းဆီးလိုက်ပြီး နောက်မှာ အေအေရဲ့အမှတ်တံဆိပ်ပါ ထုတ်ပြန်ချက်တွေကို အခြေခံပြီးတော့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းဟာ အိန္ဒိယနိုင်ငံသားတွေနဲ့ နိုဝင်ဘာ ၃ရက်နေ့ မနက် ၁၀ နာရီလောက်က ကုလားတန်မြစ်ကြောင်းအတွင်း စပိဘုတ်နှစ်စီးနဲ့ သွားလာနေစဉ် အေအေတပ်ဖွဲ့ရဲ့ ခေါင်ဆောင်မှုကို ခံခဲ့ရတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံသား ၅ ဦးအပါအဝင် ၉ ဦးကို နောက်နေ့မှာ ပြန်လည်လွှတ်ပေးခဲ့ပေမယ့် ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားခဲ့ တာဖြစ်ပါတယ်။

ဓာတ်ပုံ မူပိုင် HLUTTAW
Image caption ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားခဲ့

ဦးဝှေ့တင်းကို ဆက်လက်ဖမ်းဆီးထားတာနဲ့ပတ်သက်လို့ ဘာကြောင့်ဖမ်းဆီးခဲ့ရတယ်၊ ဘာကြောင့် လွှတ်မပေးဘဲ ဘာတွေဆောင်ရွက်နေတယ်ဆိုတာကို ရက္ခိုင့်တပ်တော်အေအေက နိုဝင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အဲ့ဒီနောက်ပိုင်းမှာ ဦးဝှေ့တင်းနဲ့ပတ်သက်တဲ့ အေအေရဲ့ အမှတ်တံဆိပ်ပါ ထုတ်ပြန်ချက်နှစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

"အဲဒီထုတ်ပြန်ချက် အတုတွေဟာ အစိုးရနဲ့ စစ်တပ်လော်ဘီတွေကနေပြီးတော့ မဟုတ်မမှန် လုပ်ကြံဝါဒ ဖြန့်နေတယ်ဆိုတာကို ကျွန်တော်တို့ ထင်ထင်ရှားရှားတွေ့ရမှာဖြစ်တယ်။ ဆိုတော့ အခု ဦးဇော်ဌေး ကိုယ်တိုင်ကနေပြီးတော့ အဲဒီထုတ်ပြန်ချက်အတုတွေကို ကိုင်ပြီးတော့ ကျွန်တော်တို့ ရက္ခိုင့်တပ်တော် အပေါ်မှာ သွားပုတ်လေလွင့် အခြေအမြစ်မရှိ စွပ်စွဲတဲ့ ဥစ္စာကတော့ လူကြီးလူကောင်းမဆန်သလို သူတို့ရဲ့အရည်အချင်းနဲ့ စိတ်နေသဘောထားကို ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာဖြစ်တယ်ဗျ။"လို့ ရက္ခိုင့်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ဘီဘီစီကို ပြောဆိုသွားပါတယ်။

ဦးဝှေ့တင်းဟာ မြန်မာ့တပ်မတော်ကို အေအေအကြောင်းသတင်းပေးခြင်း၊ ရခိုင်ဒေသတွင်း ရင်းနှီးမြုပ်နှံမှု တွေကို ရက္ခိုင့်တပ်တော်အေအေအား အသိမပေးဘဲ ပြုလုပ်စေတာ၊ ရခိုင်ပြည်သူလူထုအကျိုးစီးပွားအပေါ် သစ္စာဖောက်ဖျက်တာတွေရှိခဲ့သလို ဒဏ်ကြေးငွေ ကျပ်သိန်း ၃၀၀၀ နဲ့လာရောက်ရွေးယူဖို့ အကြောင်းကြား တယ်ဆိုပြီး ရေးသားထားတဲ့ ထုတ်ပြန်ချက်ဟာ အရင်ထွက်လာခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်တွေနဲ့ မရှေးမနှောင်းမှာဦးဝှေ့တင်းကို တပ်မတော်စစ်ကြောင်း ထိုးစစ်ဆင်တိုက်ခိုက်မှု တွေပြုလုပ်ချိန် ထွက်ပြေးနေရတဲ့အတွက် နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ နိုဝင်ဘာ ၁၅ ရက်နေ့ ရက်စွဲနဲ့ နောက်ထပ်တစ်စောင် ထွက်ရှိလာခဲ့တာဖြစ်ပါတယ်။

ဒီထုတ်ပြန်ချက်တွေဟာ ရက္ခိုင့်တပ်တော်အေအေဘက်နေ ထုတ်ပြန်ခဲ့တဲ့ထုတ်ပြန်ချက်တွေမဟုတ်ဘဲ တပ်မတော်နဲ့ အစိုးရလော်ဘီတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်အတုတွေ သာဖြစ်တယ်လို့ အေအေဘက်က ငြင်းဆို တုန့်ပြန်ခဲ့ပါတယ်။

ဒါနဲပတ်သက်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို ဘီဘီစီက မေးမြန်းခဲ့ရာမှာတော့ သူ့အနေနဲ့ ဒီအပေါ်မှာ ဘာမှတ်ချက်မှ မပေးလိုဘူးလို့ တုန့်ပြန်ခဲ့ပါတယ်။

လက်ရှိမှာ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားရှိကြောင်းနဲ့ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်နေပြီး ကျန်းကျန်းမာမာရှိနေတယ်လို့ ခိုင်သုခကပြောပါတယ်။

ပြည်သူတွေ ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ရက္ခိုင့်တပ်တော် အေအေကနေ ဖမ်းဆီးထားတဲ့အပေါ်မှာ ဝေဖန်မှုတွေရှိနေသလို တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ နိုင်ငံရေး အသိုင်းအဝန်းတွေက ပြန်လည်လွှတ်ပေးဖို့ တောင်းဆိုနေကြတဲ့အချိန်မှာ အခုလိုမျိုး ထုတ်ပြန်ချက် အတုတွေ ထွက်လာခဲ့တာဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com
ထုတ္ျပန္ခ်က္အတုေတြ အေပၚ အေျခခံၿပီး သမၼတ႐ုံးက ရကၡိဳင့္တပ္ေတာ္အေပၚ အေျခအျမစ္မရွိ စြပ္စြဲတယ္လို႔ ေအေအေျပာ ထုတ္ျပန္ခ်က္အတုေတြ အေပၚ အေျခခံၿပီး သမၼတ႐ုံးက ရကၡိဳင့္တပ္ေတာ္အေပၚ အေျခအျမစ္မရွိ စြပ္စြဲတယ္လို႔ ေအေအေျပာ Reviewed by THITHTOOLWIN on 20:02 Rating: 5
Powered by Blogger.