ထုိင္းစက္ရံုမွ ျမန္မာလုပ္သားလစာျပန္ရေရး သံရံုးကူညီေန

Photo: Labour Hittai
(Zawgyi)⤵⤵⤵

ထုိင္းႏိုင္ငံ နခြန္ပထုန္ခရိုင္မွာရွိတဲ့ ထေနာင္စီၾကက္သားစက္ရုံက ျမန္မာႏိုင္ငံသား ၂၇၀ လုပ္ခလစာ မရတာေၾကာင့္ ျမန္မာသံရံုး အလုပ္သမားေရးရာ တာဝန္ရိွသူေတြက လုပ္ခလစာ အျပည့္အဝရရွိေရး ကူညီေဆာင္ရြက္ေပးေနပါတယ္။

စက္ရုံမွာ အလုပ္သမားေတြကုိ ယခင္က ၁၅ ရက္ တစ္ႀကိမ္ လုပ္ခရွင္းေပးခဲ့ေပမယ့္ လုပ္ခမရရွိတာ ၄၅ ရက္ ၾကာသြားတာေၾကာင့္ မေန႔က သြားေရာက္ညႇိနိႈင္းေျဖရွင္းေပးခဲ့တာလို႔ သိရပါတယ္။

မေန႔က ၁၅ ရက္စာရရွိခဲ့ၿပီး က်န္ရွိေနတဲ့ ရက္ ၃ဝ စာ ဆက္လက္ရရွိေရးကုိ ထုိင္းႏိုင္ငံဆုိင္ရာ တာဝန္ရွိသူေတြနဲ႔ ညႇိနိႈင္းေဆာင္ရြက္ေပးေနေၾကာင္း အလုပ္သမားသံအရာရွိ ဦးေဇာ္မင္းေထြးက RFA ကုိ ေျပာပါတယ္။

ဒါ့အျပင္ အလုပ္ေျပာင္းေရႊ႕လုိတဲ့ အလုပ္သမားေတြကိုလည္း အလုပ္အကုိင္ရွာေဖြေရး ေအဂ်င္စီေတြနဲ႔ ခ်ိတ္ဆက္ေဆာင္ရြက္ေပးေနတယ္လို႔ ဆိုပါတယ္။

ထေနာင္စီၾကက္သားစက္ရုံမွာ ကေမာၻဒီယားႏိုင္ငံသား အလုပ္သမား ၅၀ ခန္႔လည္း ဝင္ေရာက္လုပ္ကုိင္ေနၿပီး သူတို႔လည္း အလားတူျပႆနာနဲ႔ ရင္ဆိုင္ရတယ္လို႔ သိရပါတယ္။

ၿမိဳ႕ေတာ္ ဘန္ေကာက္နဲ႔ ၃၅ မုိင္ေလာက္သာေဝးတဲ့ အဲဒီစက္ရုံမွာ ဝင္ေရာက္လုပ္ကုိင္ေနတဲ့ အလုပ္သမားေတြထဲမွာ တစ္ႏွစ္ မျပည့္ေသးတဲ့သူေတြရိွသလို လုပ္သက္ ေျခာက္ႏွစ္ေလာက္အထိ ရွိေနသူေတြ ပါဝင္တယ္လို႔ သိရပါတယ္။

ျမန္မာျပည္က သြားေရာက္ အလုပ္လုပ္ကိုင္သူေတြထဲက အမ်ားအျပားဟာ လစာပံုမွန္မရတာ၊ အစိုးရသတ္မွတ္ႏႈန္းထားအတုိင္း မရရိွတာေတြနဲ႔ ၾကဳံရေလ့ရိွပါတယ္။

ဒီစက္ရံုတည္ရိွရာ နခြန္ပထြန္ခရိုင္ဟာ ဘန္ေကာက္ဝန္းက်င္ခရိုင္ အမ်ားအျပားလိုပဲ အလုပ္သမား တစ္ေယာက္ရဲ႕ တစ္ေန႔တာ အနည္းဆံုး လုပ္အားခကို ၃၂၅ ဘတ္ သက္မွတ္ထားတာပါ။ ဒါဟာ ျမန္မာက်ပ္ တစ္ေသာင္းေျခာက္ေထာင္နဲ႔ ညီမွ်တဲ့ပမာဏျဖစ္ပါတယ္။

ဒီသတ္မွတ္ခ်က္ဟာ ထိုင္းႏိုင္ငံသားေတြအတြက္သာမက ျပည္ပကေန လာေရာက္လုပ္ကိုင္သူေတြအတြက္လည္း အက်ဳံးဝင္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
--------------
(Unicode)⤵⤵⤵

ထိုင်းစက်ရုံမှ မြန်မာလုပ်သားလစာပြန်ရရေး သံရုံးကူညီနေ

 ထိုင်းနိုင်ငံ နခွန်ပထုန်ခရိုင်မှာရှိတဲ့ ထနောင်စီကြက်သားစက်ရုံက မြန်မာနိုင်ငံသား ၂၇၀ လုပ်ခလစာ မရတာကြောင့် မြန်မာသံရုံး အလုပ်သမားရေးရာ တာဝန်ရှိသူတွေက လုပ်ခလစာ အပြည့်အဝရရှိရေး ကူညီဆောင်ရွက်ပေးနေပါတယ်။

စက်ရုံမှာ အလုပ်သမားတွေကို ယခင်က ၁၅ ရက် တစ်ကြိမ် လုပ်ခရှင်းပေးခဲ့ပေမယ့် လုပ်ခမရရှိတာ ၄၅ ရက် ကြာသွားတာကြောင့် မနေ့က သွားရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့တာလို့ သိရပါတယ်။

မနေ့က ၁၅ ရက်စာရရှိခဲ့ပြီး ကျန်ရှိနေတဲ့ ရက် ၃ဝ စာ ဆက်လက်ရရှိရေးကို ထိုင်းနိုင်ငံဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆောင်ရွက်ပေးနေကြောင်း အလုပ်သမားသံအရာရှိ ဦးဇော်မင်းထွေးက RFA ကို ပြောပါတယ်။

ဒါ့အပြင် အလုပ်ပြောင်းရွှေ့လိုတဲ့ အလုပ်သမားတွေကိုလည်း အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

ထနောင်စီကြက်သားစက်ရုံမှာ ကမ္ဘောဒီယားနိုင်ငံသား အလုပ်သမား ၅၀ ခန့်လည်း ဝင်ရောက်လုပ်ကိုင်နေပြီး သူတို့လည်း အလားတူပြဿနာနဲ့ ရင်ဆိုင်ရတယ်လို့ သိရပါတယ်။

မြို့တော် ဘန်ကောက်နဲ့ ၃၅ မိုင်လောက်သာဝေးတဲ့ အဲဒီစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေထဲမှာ တစ်နှစ် မပြည့်သေးတဲ့သူတွေရှိသလို လုပ်သက် ခြောက်နှစ်လောက်အထိ ရှိနေသူတွေ ပါဝင်တယ်လို့ သိရပါတယ်။

မြန်မာပြည်က သွားရောက် အလုပ်လုပ်ကိုင်သူတွေထဲက အများအပြားဟာ လစာပုံမှန်မရတာ၊ အစိုးရသတ်မှတ်နှုန်းထားအတိုင်း မရရှိတာတွေနဲ့ ကြုံရလေ့ရှိပါတယ်။

ဒီစက်ရုံတည်ရှိရာ နခွန်ပထွန်ခရိုင်ဟာ ဘန်ကောက်ဝန်းကျင်ခရိုင် အများအပြားလိုပဲ အလုပ်သမား တစ်ယောက်ရဲ့ တစ်နေ့တာ အနည်းဆုံး လုပ်အားခကို ၃၂၅ ဘတ် သက်မှတ်ထားတာပါ။ ဒါဟာ မြန်မာကျပ် တစ်သောင်းခြောက်ထောင်နဲ့ ညီမျှတဲ့ပမာဏဖြစ်ပါတယ်။

ဒီသတ်မှတ်ချက်ဟာ ထိုင်းနိုင်ငံသားတွေအတွက်သာမက ပြည်ပကနေ လာရောက်လုပ်ကိုင်သူတွေအတွက်လည်း အကျုံးဝင်ပါတယ်။

Photo: Labour Hittai
RFA Burmese
https://www.facebook.com/rfaburmese
ထုိင္းစက္ရံုမွ ျမန္မာလုပ္သားလစာျပန္ရေရး သံရံုးကူညီေန ထုိင္းစက္ရံုမွ ျမန္မာလုပ္သားလစာျပန္ရေရး သံရံုးကူညီေန Reviewed by THITHTOOLWIN on 20:30 Rating: 5
Powered by Blogger.