ပါတီေထာင္ခြင့္ရသြားတဲ့ ေဒၚသက္သက္ခုိင္ NLD ကေန ႏုတ္ထြက္


ရန္ကုန္ၿမိဳ႕က နာမည္ေက်ာ္ လႊတ္ေတာ္အမတ္တစ္ဦးျဖစ္တဲ့ ေဒၚသက္သက္ခိုင္က ပါတီသစ္ မွတ္ပံုတင္ႏိုင္ေၾကာင္း ေရြးေကာက္ပဲြေကာ္မရွင္က ခြင့္ျပဳၿပီး ေနာက္တစ္ေန႔မွာ အမ်ဳိးသားဒီမိုကေရစီအဖဲြ႔ခ်ဳပ္ (NLD) ကေန ႏုတ္ထြက္စာ တင္လုိက္ပါတယ္။

အခုေတာ့ NLD က သူ႔ကို ႏုတ္ထြက္ခြင့္ျပဳလုိက္ပါၿပီ။

ေအာက္တိုဘာ ၂၃ မွာ မွတ္ပံုတင္ခြင့္ရလုိက္တဲ့ ျပည္သူ႔ေရွ႕ေဆာင္ပါတီ (People's Pioneer Party - PPP) ဟာ လာမယ့္ႏွစ္ ေရြးေကာက္ပြဲမွာ ဝင္ေရာက္ယွဥ္ၿပိဳင္သြားမယ္လို႔ ရန္ကုန္၊ ဒဂုံၿမိဳ႕နယ္ မဲဆႏၵနယ္က အမတ္ ေဒၚသက္သက္ခုိင္က RFA ကို ေျပာပါတယ္။

PPP ပါတီကုိ ေခါင္းေဆာင္ ၁၅ ဦးနဲ႔ တည္ေထာင္ခြင့္ျပဳခဲ့ေၾကာင္း ျပည္ေထာင္စု ေရြးေကာက္ပြဲေကာ္မရွင္ ေျပာေရးဆုိခြင့္ရွိသူ ဦးျမင့္ႏိုင္က ေျပာပါတယ္။ ဒါေပမဲ့ အဲဒီ ၁၅ ဦးထဲ ဘယ္သူေတြ ပါဝင္တယ္ဆုိတာကိုေတာ့ ထုတ္ေဖာ္ေျပာဆုိျခင္း မရွိပါဘူး။

ေဒၚသက္သက္ခုိင္ကေတာ့ ပါတီကို ပညာရွင္ေတြ၊ အေတြ႔အၾကဳံရွိသူေတြ၊ စီးပြားေရးလုပ္ငန္းရွင္ေတြနဲ႔ လူငယ္ေတြ စုေပါင္းၿပီး တည္ေထာင္သြားမွာျဖစ္တယ္လို႔ ေျပာပါတယ္။

သူဦးေဆာင္တည္ေထာင္ထားတဲ့ ပါတီဟာ NLD လုိ အရွိန္အဝါႀကီးတဲ့ ေခါင္းေဆာင္တစ္ဦးေပၚမွာ မွီခုိၿပီး လုပ္ကုိင္ရတဲ့ ပါတီမ်ဳိးမဟုတ္တဲ့အျပင္ ေထာက္ခံသူအမာခံ ပရိသတ္ရွိၿပီးသား ျပည္ေထာင္စု ၾကံ႕ခိုင္ေရးနဲ႔ ဖံြ႔ၿဖိဳးေရးပါတီတုိ႔လုိလည္း မဟုတ္ဘူးလုိ႔ ေဒၚသက္သက္ခုိင္က ေျပာပါတယ္။

NLD နဲ႔ တျခား ပါတီေတြမွာ လုပ္ကိုင္ေနသူေတြ စိတ္ဝင္စားတယ္ဆုိရင္ ပူးေပါင္းေဆာင္ရြက္ဖို႔ ဖိတ္ေခၚလိုတယ္လို႔ သူက ေျပာပါတယ္။

လတ္တေလာမွာေတာ့ ပါတီငယ္ေလးေတြနဲ႔ လက္တြဲလုပ္ေဆာင္သြားမွာျဖစ္ၿပီး ၂၀၂၀ ေရြးေကာက္ပြဲအတြက္ ဝင္ၿပိဳင္ဖို႔ မဲဆႏၵနယ္ေျမအခ်ဳိ႕လည္း ေရြးခ်ယ္ၿပီးသားရွိတယ္လို႔ ေဒၚသက္သက္ခုိင္က ဆက္ေျပာပါတယ္။

ပညာတတ္ လုပ္ငန္းရွင္တစ္ဦးလည္းျဖစ္တဲ့ ေဒၚသက္သက္ခုိင္ဟာ NLD ပါတီထဲမွာ ေခါင္းေဆာင္ပိုင္းနဲ႔ သဟဇာတမျဖစ္ခဲ့ပါဘူး။ လႊတ္ေတာ္တြင္း ေဆြးေႏြးခ်က္တခ်ဳိ႕နဲ႔ ပတ္သက္ၿပီး ပါတီက သူ႔ကို သတိေပးခဲ့ဖူးပါတယ္။ လုပ္ပိုင္ခြင့္ အႀကီးအက်ယ္ ကန္႔သတ္ခံခ့ဲရတယ္လို႔ သူက သတင္းဌာနေတြကို ေျပာပါတယ္။

အသက္ ၅၂ ႏွစ္အရြယ္၊ မႏၱေလးတုိင္းေဒသႀကီး မိုးကုတ္ၿမိဳ႕နယ္ဇာတိ ေဒၚသက္သက္ခုိင္ဟာ ေဆးပညာဘဲြ႔ရရိွခဲ့ေပမယ့္ ဆရာဝန္ဘဝကို မေရြးခ်ယ္ခဲ့ဘဲ စီးပြားေရးလုပ္ငန္းရွင္ ျဖစ္လာပါတယ္။ ၂၀၁၅ မွာေတာ့ ႏိုင္ငံေရးနယ္ပယ္ထဲ ေရာက္လာပါတယ္။ နာမည္ေက်ာ္ အဆိုေတာ္၊ သရုပ္ေဆာင္ ထြန္းအိျႏၵာဗိုလ္ရဲ႕ အစ္မ ေတာ္စပ္သူလည္း ျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/rfaburmese
--------------
(Unicode)⤵⤵⤵

ပါတီထောင်ခွင့်ရသွားတဲ့ ဒေါ်သက်သက်ခိုင် NLD ကနေ နုတ်ထွက်

 ရန်ကုန်မြို့က နာမည်ကျော် လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ ဒေါ်သက်သက်ခိုင်က ပါတီသစ် မှတ်ပုံတင်နိုင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုပြီး နောက်တစ်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကနေ နုတ်ထွက်စာ တင်လိုက်ပါတယ်။

အခုတော့ NLD က သူ့ကို နုတ်ထွက်ခွင့်ပြုလိုက်ပါပြီ။

အောက်တိုဘာ ၂၃ မှာ မှတ်ပုံတင်ခွင့်ရလိုက်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ (People's Pioneer Party - PPP) ဟာ လာမယ့်နှစ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ ရန်ကုန်၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်က အမတ် ဒေါ်သက်သက်ခိုင်က RFA ကို ပြောပါတယ်။

PPP ပါတီကို ခေါင်းဆောင် ၁၅ ဦးနဲ့ တည်ထောင်ခွင့်ပြုခဲ့ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်နိုင်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီ ၁၅ ဦးထဲ ဘယ်သူတွေ ပါဝင်တယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

ဒေါ်သက်သက်ခိုင်ကတော့ ပါတီကို ပညာရှင်တွေ၊ အတွေ့အကြုံရှိသူတွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လူငယ်တွေ စုပေါင်းပြီး တည်ထောင်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။

သူဦးဆောင်တည်ထောင်ထားတဲ့ ပါတီဟာ NLD လို အရှိန်အဝါကြီးတဲ့ ခေါင်းဆောင်တစ်ဦးပေါ်မှာ မှီခိုပြီး လုပ်ကိုင်ရတဲ့ ပါတီမျိုးမဟုတ်တဲ့အပြင် ထောက်ခံသူအမာခံ ပရိသတ်ရှိပြီးသား ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့လိုလည်း မဟုတ်ဘူးလို့ ဒေါ်သက်သက်ခိုင်က ပြောပါတယ်။

NLD နဲ့ တခြား ပါတီတွေမှာ လုပ်ကိုင်နေသူတွေ စိတ်ဝင်စားတယ်ဆိုရင် ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်လိုတယ်လို့ သူက ပြောပါတယ်။

လတ်တလောမှာတော့ ပါတီငယ်လေးတွေနဲ့ လက်တွဲလုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအတွက် ဝင်ပြိုင်ဖို့ မဲဆန္ဒနယ်မြေအချို့လည်း ရွေးချယ်ပြီးသားရှိတယ်လို့ ဒေါ်သက်သက်ခိုင်က ဆက်ပြောပါတယ်။

ပညာတတ် လုပ်ငန်းရှင်တစ်ဦးလည်းဖြစ်တဲ့ ဒေါ်သက်သက်ခိုင်ဟာ NLD ပါတီထဲမှာ ခေါင်းဆောင်ပိုင်းနဲ့ သဟဇာတမဖြစ်ခဲ့ပါဘူး။ လွှတ်တော်တွင်း ဆွေးနွေးချက်တချို့နဲ့ ပတ်သက်ပြီး ပါတီက သူ့ကို သတိပေးခဲ့ဖူးပါတယ်။ လုပ်ပိုင်ခွင့် အကြီးအကျယ် ကန့်သတ်ခံခဲ့ရတယ်လို့ သူက သတင်းဌာနတွေကို ပြောပါတယ်။

အသက် ၅၂ နှစ်အရွယ်၊ မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ်ဇာတိ ဒေါ်သက်သက်ခိုင်ဟာ ဆေးပညာဘွဲ့ရရှိခဲ့ပေမယ့် ဆရာဝန်ဘဝကို မရွေးချယ်ခဲ့ဘဲ စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာပါတယ်။ ၂၀၁၅ မှာတော့ နိုင်ငံရေးနယ်ပယ်ထဲ ရောက်လာပါတယ်။ နာမည်ကျော် အဆိုတော်၊ သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်ရဲ့ အစ်မ တော်စပ်သူလည်း ဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese
ပါတီေထာင္ခြင့္ရသြားတဲ့ ေဒၚသက္သက္ခုိင္ NLD ကေန ႏုတ္ထြက္ ပါတီေထာင္ခြင့္ရသြားတဲ့ ေဒၚသက္သက္ခုိင္ NLD ကေန ႏုတ္ထြက္ Reviewed by THITHTOOLWIN on 20:33 Rating: 5
Powered by Blogger.